လခြမ်းတန်းလန်းနဲ့ကြယ်ကြိုးသီတဲ့ည
ပြီးပြီဆိုရင်လည်း ပြတ်ပါရစေတော့
ကန့်လန့်ကာနောက်ကနေ ပုန်းရှိုးကွယ်ရှိုး
တိုးတိုးညှိုးညှိုး အမျိုးမျိုး တိုက်စစ်မဆင်နေနဲ့
ဖြစ်အင်မှာ ပုံပျက်ခဲ့ပြီးပြီမို့
ပြီးပြီဆိုရင်လည်း
ပြတ်တဲ့အထိပြီးပါရစေတော့။
အမျှင်တန်းလန်းနဲ့
သံယောစဉ်မပြတ်နိုင်သူလို
တကြည့်ကြည့် တငွေ့ငွေ့
လွမ်းသ၍တွေ တာရှည်နေတာ
နင်နဲ့ငါဟာ လမ်းတဖက်တည်းက မျက်နှာချင်းဆိုင်နှစ်ဦး……
မုန်းလို့ခွဲတာမဟုတ်သလို ခွဲလို့လည်းမမုန်းခဲ့နိုင်ဘူး
ဒါပေမယ့်လေ
ပြီးပြီလို့ကြေငြာပြီးရင်
ပြတ်ပါရစေတော့။
နှောင်တငင်ငင်နဲ့ ကြိုးတန်းလန်းအသက်ငင်နေတာထက်စာရင်
အသက်ဝင်သွားတာက ပိုကျေနပ်စရာကောင်းသေးတယ်
ငါတို့ဆုတောင်းမှန်ခဲ့လေသလား
စဉ်းစားမိတိုင်းမှာ ဘဝတွေကခေါက်ရိုးကျိုးခဲ့သလို
ရင်နာတာကလွဲလို့ ဘယ်တော့မှပြန်မပြန့်နိုင်တဲ့
ချစ်ခြင်းတွေအစီအရီ။
မေ့ပစ်ခြင်းနဲ့လက်စားချေရအောင်လည်း
ငါတို့ဟာ အစကတည်းက နှလုံးသားတွေနဲ့ ဖြစ်တည်ခဲ့ပြီးသား
အဲ့ဒီ့ညမှာပဲ
တစစ တထင့်ထင့်
ပျောက်ဆုံး
နောက်ဆုံးတော့
ပြီးပြီဆိုမှတော့
ဘာမှမကျန်အောင်
တကယ်ပြတ်ခဲ့လေသတည်းပေါ့။
စုမွန်သွယ်
MSU 057
Photo - Google.com
heading လေးက Ro ဆန်တယ်ဗျာ
ဘာတွေပြတ်နေတာတုန်း
ဝထ္ထူတိုတွေပဲဖတ်ချင်တာဗျို့😁
ကဗျာအရေးလေး မိုက်တယ်
အလွမ်းကဗျာ😭
ထိတယ်ဗျာ