⬆️ စတီးမစ်အသုံးပြုသူများ စိတ်အား မလျော့ကြစေဖို့ Steem platform ရဲ့ update များအကြောင်း တစေ့တစောင်း ⬆️

in #myanmar6 years ago

ခုတလော စတင်းဈေးတွေ ကျဆင်းနေလို့ ရေးကြတဲ့သူတွေ အားလျော့နေကြလို့ ထင်ပါရဲ့။ စတီးမစ်တည်ထောင်တဲ့ developer အဖွဲ့တွေကလည်း သူတို့ရဲ့ platform ကို အဖက်ဖက်မှ သုံးစွဲရ အဆင်ပြေလာအောင် ကြိုးစားမြှင့်တင်နေကြတာကို အားရအောင်တွေ့နေရပါတယ်။ အစ်ကို ကချင်ဟင်နရီ ပြောတဲ့ linkထဲမှာ သွားဖတ်ကြည့်နိုင်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကမှ Release လုပ်လိုက်တဲ့ ဗားရှင်းအသစ်မှာ ဘာတွေ ထူးခြားလာလဲဆိုတာကို မယ်ဂျစ် စိတ်ဝင်စားတဲ့ အပိုင်း ၃ ခုလောက်ကို ပြန်ပြီး Sharing လုပ်ပေးချင်ပါတယ်။ နည်းပညာ အသုံးအနှုန်းတွေ အတော်များများ ပါတဲ့အတွက်လည်း မရှင်းလင်းသည်များရှိခဲ့ရင် မယ်ဂျစ်ရဲ့ လိုအပ်ချက်သာ ဖြစ်ပါတယ်။

ပထမ အချက် Appbase service ကိုသုံးလာတယ်။

Appbase service ဆိုတာကို မယ်ဂျစ် နားလည်သလောက် ပြောပြရရင်... google တို့ yahoo တို့ထက် ပိုပြီး scale ဖြစ်တဲ့ search engine တစ်မျိုးပေါ့။ တစ်နည်းအားဖြင့်တော့ Database ဖိုင် တစ်မျိုးဖြစ်တဲ့ .json file ပေါင်း မြောက်မြားစွာကို အချိန်တိုအတွင်းမှာ လုံခြုံစိတ်ချစွာ transactions လုပ်ပေးတဲ့ ဆားဗစ် ပေါ့နော်..။ json ဖိုင် ကိုယ်တိုင်ကိုက database ဖိုင်သေးသေး လေးတွေ စုစည်းထားတဲ့ file တစ်မျိုးဖြစ်တာမို့ ဒေတာဆိုဒ် အတော်ကြီးကြီးကို တွက်ချက် သယ်ဆောင်နိုင်တဲ့ နည်းပညာလို့ ပြောလို့ရပါတယ်။ ဒီ Appbase နည်းပညာကို E-Commerce stores တွေလိုမျိုး နဲ့ ဒေတာစစ်တမ်းကောက်တဲ့ ဆိုဒ်တွေမှာ အသုံးများတာ တွေ့ရပါတယ်။ အဓိကအားဖြင့် ဒေတာ လုံခြုံစိတ်ချရဖို့ လိုအပ်တဲ့ ငွေရေးကြေးရေး ဖလှယ်တဲ့ transactions တွေမှာ အသုံးပြုကြတာပါ။ ဒါကြောင့် စတီးမစ် platform ကလည်း ဒီ ဆားဗစ်ကို အသုံးပြုလာတာဖြစ်မယ်ထင်ပါတယ်။

နောက်တစ်ခု ထည့်သွင်းထားတဲ့ update တစ်ခုကတော့ RocksDB ပါ ။

သူသည်လည်း ဒေတာဘေ့်စ် အင်ဂျင် တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဒေတာ အ၀င်အထွက် အကူးအပြောင်း အလွန်အင်မတန် များပြား မြန်ဆန်လှတဲ့ လူမှုကွန်ယက် တစ်ခုဖြစ်တဲ့ Facebook အတွက် ၂၀၁၂ ခုနှစ် အေပရယ် လမှာ တီထွင်ဖန်တီးခဲ့တဲ့ နည်းပညာလည်း ဖြစ်ပါတယ်။ ဒီ RocksDB ဟာ ခါတိုင်း မယ်ဂျစ်တို့ သိနေကြတဲ့ SQL, MySQL တို့နဲ့ မတူ ကွဲပြားပါတယ်။ SQL command တွေကို RocksDB မှာ အသုံးပြုလို့ မရပါဘူး ။ သူသည် ဒေတာပမဏ အတော်များများကို မြန်ဆန်အောင် တွက်ထုတ် ကူးလူး ပေးနိုင်တဲ့ Database engine ဖြစ်တာကြောင့် သူ့ကို အခြား ဒေတာဘေ့စ်တွေက save engine အနေနဲ့လည်း သုံးကြတယ်လို့ သိရပါတယ်။ သူ့ကို ရေးသားထားတဲ့ Programming ဘာသာရပ်တွေကတော့ C ++ နဲ့ Java ကို အဓိက အသုံးပြုထားပြီး အခြားသော နာမည်ကျော် programming ပေါင်းစုံဖြစ်တဲ့ python, Perl, Ruby , C# , PHP အစရှိတဲ့ third party programming langauge ပေါင်းမျာစွာနဲ့လည်း binding လုပ်ထားပါသေးတယ်။

ဒီတော့ မယ်ဂျစ်တို့ရဲ့ စတီးမစ် platform ကို RocksDB ကို အသုံးပြုလိုက်ခြင်းအားဖြင့် ဘာတွေ အားသာလာမလဲ ???

live stream တွေ ပိုကောင်းလာမယ်...
speed တွေလည်း ပိုမြန်လာမယ်။
User ပမာဏ အတော်များများကိုလည်း အေးအေးဆေးဆေး Handle လုပ်လာနိုင်မှာပါ။
နောက်ပိုင်း Bandwidth တွေလည်း ပိုရလာကြမယ်လို့ ယူဆပါတယ်။
နောက်ပြီး ဒီ RocksDB က account history မှတ်ပေးတဲ့ plugin လည်း ပါလာမယ်လို့ သိရပါတယ် ။ အဲ့ဒါကို မယ်ဂျစ်နားလည်ထားတဲ့သဘောက user များတဲ့ စတီးမစ်ရဲ့ Node operators တွေသည် Performance ပိုကောင်းအောင် လုပ်ပေးမယ့် ဆားဗစ်တွေလည်း ပါလာမယ် လို့ နားလည်ထားပါတယ်။ ဒီနေရာမှာ မယ်ဂျစ် သိတဲ့ node operators ဆိုတာ exchange တွေကို ဆိုလိုတာလို့ ထင်ပါတယ် ။မှားရင်လည်း မယ်ဂျစ်ရဲ့ လေ့လာမှု အားနည်းတာကြောင့် ဖြစ်မှာပါ။ သိသောသူများလည်း ပြောပြကြစေချင်ပါတယ်။

ကိုယ်ကိုယ်တိုင် exchange node လုပ်ချင်ရင်တော့ ကိုယ့်ဆီမှာ 16GB of RAM နဲ့အနည်းဆုံး 50GB of fast local SSD storage ပမာဏရှိတဲ့ Dedicated server သို့မဟုတ် Virtual server တစ်ခု ပေါ်မှာပဲ အလွယ်တကူ တင်နိုင်ပါတယ်။ ကိုယ်နှစ်သက်ရာ အားသန်ရာ Linux OSတစ်ခုခုမှာ command သုံးလေးကြောင်းနဲ့တင် အလွယ်တကူ လိုက်လုပ်လို့ရပါတယ် ။ လိုချင်တဲ့ documents တွေ အကုန် Github မှာ ရနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ ခု မယ်ဂျစ်တို့ စတီးမစ်မှာ ပို့စ်တင်ပြီး ၇ ရက်ကျော်သွားရင် ပို့စ်ကို edit လုပ်လို့ မရတော့ပါဘူး ။ ခု ဗားရှင်းအသစ်မှာတော့ unlimited edit ပါတဲ့ ။

အချိန်မရွေး ပြန်ပြင်လို့ ရနိုင်နေပြီ ဆိုတာပါပဲ။ အဲ့ဒီ့မှာ အချို့သော rp 60 ကျော် user များက comment တွေ ပေးထားကြတာကလည်း စိတ်ဝင်စားစရာပါပဲ ။ သူတို့က သူတို့အနေနဲ့ ပို့စ်တစ်ခု သို့မဟုတ် ၊ ဗီဒီယို တစ်ခုကို အကုန်အကျခံပြီး ရိုက်ထားကြရပြီး ၇ ရက်အထိပဲ rewards က ရတာဆိုတော့ အဆင်မပြေတဲ့အကြောင်း ကွန်ပလိန့်တက်ထားကြပါတယ်။ rewards ကိုလည်း ရက်အကန့်အသတ်မရှိ ဒါမှမဟုတ် အချိန်တိုးမြှင့်ပြီး ခံစားခွင့် ပေးစေချင်တယ်လို့ ဆိုပါတယ်။ အကယ်၍များသာ ဒီတောင်းဆိုချက်ကို စတီးမစ်အဖွဲ့က လိုက်လျောလိုက်ပြီဆိုရင်တော့ ဘယ်လိုတွေများ ဖြစ်မလဲမသိဘူးနော်..။

အခြားသော update လုပ်ထားတဲ့ အားသာချက်တွေလည်း အများကြီးပါပဲ။ အဲ့ဒီ့အထဲကမှ အထက်ပါ အချက် ၃ ခုကိုပဲ မယ်ဂျစ်highlight လုပ်ပေးခြင်းဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Steemit Platform ဟာ ခေတ်နဲ့လိုက်လျောညီထွေအောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာဖြစ်တာကြောင့် မတိုးတက်ဘဲနဲ့တော့ မနေပါဘူး။ ဒါကြောင့် ကျွန်မတို့ user တွေ writer တွေ အနေနဲ့လည်း quality posts/contents များကို စဉ်ဆက်မပြတ် ရေးသားနေကြစေဖို့ ၊ စိတ်အားမလျော့ကြစေဖို့ ရည်ရွယ်တင်ဆက်လိုက်ပါတယ်။

Reference sites Wiki
Github
Database

Written by @suhtetaung
MSC-264

Sort:  

ကျေးဇူးပါ

ဟုတ်ကဲ့ ဘာသာရပ်နဲ့ဆိုင်တဲ့ စကားလုံးတွေများလို့ field ချင်းမတူတဲ့ စာဖတ်သူတွေအတွက် ရှင်းလင်းအောင်မရေးပြနိုင်လို့ အားနာရပါတယ်ရှင်။

Steemရဲ့ နည်းပညာရပ်တွေကို မိန်းကလေးတစ်ယောက်အနေနဲ့ ရေးပြနိုင်လို့ ဂုဏ်ယူမိပါတယ် ညီမရေ ဗဟုသုတတွေလည်း ရလိုက်ပါတယ် ဆက်လက်အားပေးဖို့လည်း စောင့်မျှော်လျှက်ပါ

ကျေူဇူးပါ မမရေ ကြိုးစားမယ်နော်

လေ့လာအားကောင်းပါတယ်ခင်ဗျာ။မသိသေးတာလေးတွေ သိလိုက်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။အားလုံးအတွက် အသိတိုးစေပါတယ်။လေးစားလျက်

ဟုတ် ကိုသန့်ဇင်ရေ အားပေးတဲ့အတွက် ကျေးဇူးပါ။ လေ့လာအားကောင်းတယ်ရယ်လည်း မဟုတ်ပါဘူး ။ သိချင်တာလေးကို ရှာဖတ်ကြည့်ထားရုံလေးပါပဲ။ ကိုယ့်ရဲ့ field ထဲက ဖြစ်နေတော့ နည်းနည်း ပါးပါး နားလည်တဲ့ သဘောမို့ မိတ်ဆွေတွေကိုလည်း မျှဝေချင်တာ...။ ဒါပေမယ့် ရှင်းရှင်းလင်းလင်း မရေးနိုင်လို့ ကိုယ့်ကိုကိုယ် အားမရနေတာ။

သတင်းကောင်းတွက် ဝမ်းသာရပါတယ်

ဟုတ်မမ :-)

အားရှိသွားပြီ ။ဒီည စာ‌ရေး ဦးမယ်‌။

ဟုတ် ခုလို အားတက်စေလို့ ဝမ်းသာရပါတယ်။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63330.55
ETH 2645.93
USDT 1.00
SBD 2.82