Shamans သို့မဟုတ် သုံးလောက ဆေးဆရာများ

in #myanmar6 years ago

ရှားမင် လို့ဆိုလိုက်တာနဲ့ English movie များကြည့်လေ့ရှိကြသည့် သူတွေအဖို့ ဆန်းကြယ်တဲ့ ခေါင်းဆောင်းအဆင်တန်ဆာ တွေနဲ့ အရောင်စုံပါတဲ့ ၀တ်ရုံကြီးတွေ ၀တ်တတ်တဲ့ red indian လိုလို လူတွေကို ပြေးမြင်မိကြပေလိမ့်မည်..။ ထို့အတူပဲ ရှားမင် ဆိုတာ ဘာလဲ ၊ဘယ်ကလဲ ၊ ဘာလုပ်ကြတာလဲ ဆိုတာကို သိချင်နေမယ့်သူတွေလည်း ရှိပါလိမ့်မည်။ ဒါကြောင့် ဒီနေ့ အဆိုပါ လူထူးဆန်းများအကြောင်းကို ရှာဖွေမွှေနှောက်ပြီး တင်ဆက်လိုက်ပါသည်။

76AE1DB1-FCA2-4196-BFE2-06A9649F6E9E_w1023_s.jpg
src

ရှားမင် ဆိုတာ ဘာကြီးပါလိမ့်...

ရှားမင်ဆိုတာကတော့ ဟိုး လွန်ခဲ့သော နှစ်ပေါင်း ၂ သောင်းလောက်ကတည်းက ပေါ်ပေါက်ခဲ့ကြတဲ့ ဆေးဆရာတွေပါ။ အော် ဆေးဆရာများ အဆန်းလုပ်လို့ ပြောနေရသေးလား လို့မေးရင်တော့ ဟုတ်ကဲ့ ဆန်းလည်းဆန်းကြယ် ပါတယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ သူတို့ယုံကြည်မှုအရ ကမ္ဘာသုံးခုမှာရှိတဲ့ ၀ိညာဉ်တွေကို ဆက်သွယ်နိုင်တဲ့ လူတွေဖြစ်တယ်လို့ ယုံကြည်ကြလို့ပါပဲ။ ရှားမင် တွေရဲ့ အသိုင်းအ၀ိုင်းမှာ မြင့်မြတ်တဲ့ အစောင့်အရှောက် ပုဂ္ဂိုလ်တွေ နေတဲ့ အထက်ကမ္ဘာရယ် ၊ လူသားတွေနေထိုင်ရာ ကမ္ဘာနဲ့ မကောင်းဆိုးဝါး နတ်ဆိုးတွေ နေထိုင်တဲ့ အောက်ကမ္ဘာဆိုတာ ရှိတယ်လို့ ဆိုပါတယ်။

ရှားမင် ဆေးဆရာတွေ ၊ ရှားမင်နစ်စင် ၀ါဒတွေကို အချို့သော နိုင်ငံများမှာ တားဆီးပိတ်ပင်ထားခဲ့ကြတာမို့ ကမ္ဘာပေါ်မှာ ရှားမင် ဓလေ့ဟာ သိပ်များများစားစား မကျန်တော့ပါဘူး။ သို့သော်လည်းပဲ အာဖရိကတိုက် ၊ တောင်အမေရိကတိုက်နဲ့ ၊ အာရှမှာဆိုရင် ရုရှားနိုင်ငံ ဆိုက်ဗေးရီးယား နဲ့ မွန်ဂိုလီယား နိုင်ငံတို့မှာတော့ ရှာမင်းတွေကို တွေ့ရပါသေးတယ်။သူတို့ ဘယ်လို လုပ်ဆောင်ကြသလဲ ဆိုတာကို မပြောခင် သူတို့ရဲ့ ၀တ်စားဆင်ယင်ပုံ အဆောင်အယောင်တွေအကြောင်းလေး ပြောပြချင်ပါတယ်။

ရှားမင်ဆိုတာ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ရှားမင်ဖြစ်ပြီဆိုတာနဲ့ ထိုသူသည် သတ်မှတ်တဲ့ ၀တ်ရုံကိုသာ အမြဲ ၀တ်ဆင်ရမယ်။ သတ်မှတ်တဲ့ တိရိစ္ဆာန်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများနဲ့ ပြုလုပ်ထားတဲ့ ခေါင်းဆောင်း ကိုသာ ၀တ်ဆင်ရမယ်။ အဲ့ဒီ့ခေါင်းဆောင်းမှာလည်း တိရိစ္ဆာန်ရဲ့အရိုးအရေအတွက်ဟာ သူတို့ရဲ့ အဆင့်သတ်မှတ်ချက်အတိုင်း အတိအကျ ရှိကြတယ်လို့ ဆိုပါတယ်။

2bbf2ad95324c48f455e323ce17edb0b.jpg
src

နောက်ထပ် ရှားမင်တွေရဲ့ အရေးကြီးတဲ့ အဆောင်အယောင်တစ်ခုကတော့ ဗုံ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့က ရှားမင်တွေတိုင်းမှာ အခြား အဆောင်အယောင်တွေသာ နည်းနည်း စီ ကွဲပြားကြပေမယ့် ဗုံ ကတော့ အားလုံးတူညီစွာ ဆောင်ကြရတဲ့ အဆောင်အယောင်ဖြစ်ပါတယ်။ ဒါကတော့ သူတို့ရဲ့ သွင်ပြင် ၀ိသေသ လေးပါပဲ။

4697244008_60c7ec58d1_b.jpg
src

နောက်ပြီး ရှားမင်တွေက လူတွေကို ဘယ်လို ကုသကြသလဲ။

inside-initiation.jpg
src

သူတို့ဟာ အထက်ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်တဲ့အခါမှာ နိမိတ်ပုံတွေ ၊ အိပ်မက်တွေ ၊ အမြင်အာရုံတွေကို အသုံးပြုပြီး ဆက်သွယ်ကြတယ်လို့ ဆိုပါတယ်။ မကျန်းမမာဖြစ်နေတဲ့ လူနာကို ဘာကြောင့် မကျန်းမမာဖြစ်ရတယ်ဆိုတဲ့ သတင်းအချက်အလက်ကို အဲ့ဒီ့လို အာရုံခံပြီး ဆက်သွယ်မေးမြန်းတယ် ။ နောက်ပြီး စောင့်ရှောင့်သူတွေပေးတဲ့ နည်းလမ်းတွေအတိုင်း လူနာကို ကုသပေးကြတာဖြစ်ပါတယ်။ နောက်ပြီး သီးနှံတွေ အထွက်တိုးဖို့နဲ့ ဖျက်ပိုးတွေကြတဲ့အခါမှာလည်း ရှားမင်တွေကပဲ စောင့်ရှောက်သူတွေနဲ့ ဆက်သွယ်ပေးပြီး နည်းလမ်းပေး ဖြေရှင်းပေးလေ့ ရှိပါသတဲ့။ဒီလိုဆိုတော့ ရှားမင်တွေနဲ့ မြန်မာအယူအရ နတ်ဝင်သည်တွေဆိုတာ သဘောတရားခြင်း ဆင်တာတွေ့ရတယ်နော်..။ အော် နောက်ပြီး ရှားမင်တွေက စောင့်ရှောက်သူတွေဆီက သတင်းစကားကို သူတို့ ကိုယ်နဲ့မကွာ ဆောင်ထားရှိတဲ့ ဗုံ သံနဲ့ပုံဖော်ပါသတဲ့။

mongolian-shamaness-or-buu-beats-her-drum-while-taking-part-with-in-picture-id986015782-hero-large-cba12ade-c56c-4d40-a3f1-257b7fb86b7d.jpg
src

နောက်ပြီး လူတွေမှာ ကပ်ညိနေတဲ့ ရောဂါဆိုးတွေ ၊ စိတ်ဝိညာဉ်ဆိုးတွေ၊ နတ်ဆိုးတွေ ၊ မကောင်းဆိုးဝါးတွေကိုလည်း ပူဇော်ပွဲတွေကျင်းပပြီး ဗုံသံနဲ့ နှင်ထုတ်လေ့ရှိပါတယ်။ ရှားမင်းတွေဟာ မကောင်းဆိုးဝါးကို နှင်ထုတ်နေချိန်မှာ သူတို့စိတ်ဝိညာဉ်ဟာ သူတို့ခန္ဓာကိုယ်ပြင်ပကိုလွှင့်နေပြီး စောင့်ရှောင့်သူရဲ့ ၀ိညာဉ်က ပူးကပ်နေတယ်လို့ ယုံကြည်ကြပါတယ်။

Spiritual-Links_10-798x418.jpg
src

နောက် အခန်းကဏ္ဍက အပြစ်ကင်းစင်စေခြင်းပဲဖြစ်ပါတယ်။ ဒီကဏ္ဍမှာတော့ ရှားမင်တွေဟာ ဘုန်းတော်ကြီးတွေလို မဏ္ဍန်တွေကို အဆက်မပြတ် ရွတ်ဖတ် သရဇာယ်နေတဲ့အချိန်မှာ အပြစ်ဆေးကြောချင်တဲ့သူက မီးပုံ ၂ ခုကြားကနေ မဏ္ဍန်တွေကို အာရုံပြုပီး ဖြတ်လျှောက်ရတာပဲဖြစ်ပါတယ်။

11.jpg
src

ဒီ ဓလေ့တွေဟာ ယုံကြည်သူအသိုင်းအ၀ိုင်းမှာတော့ ပြင်းပြင်းပြပြ ယုံကြည်ကြ လိုက်နာကြတာကို ယနေ့အချိန်ထိ အဆိုပါ နေရာတွေမှာ မြင်နိုင်ပါသေးတယ်။ ရှားမင်တွေကို မြန်မာလို ခိုင်းနှိုင်းပြရမယ်ဆိုရင်တော့ ဗိန္နောဆရာ ၊ ပရောဂဆရာ ၊ နတ်ဆရာ သုံးမျိုးပေါင်းထားတဲ့ လူလို့ ပဲ ဆိုရမယ်ထင်ပါရဲ့နော်..။ ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည်ရာတွေ မတူညီကြတော့ ကိုယ်လက်လှမ်းမမီတဲ့ ပညာရပ်တွေလည်း ရှိနေနိုင်တာပါပဲ။ မြန်မာပြည်မှာလည်း ယနေ့ အချိန်ထိ ကြက်ရိုးဗေဒင် တို့ ကြက်သွေးဗေဒင်တို့ ဆိုတာတွေ ရှိကြတယ်လို့ ကြားဖူးတယ်။

Untitled.png
src

အင်္ဂလိပ်ကားတွေထဲမှာတော့ ရှားမင်တွေက ၀ိညာဉ်လွှင့်ပြီဆိုရင် မျက်စိတစ်ခုလုံးက အဖြူရောင်ဖြစ်သွားပြီး သိမ်းငှက် ၊ သို့မဟုတ် ကျီးကန်း သို့မဟုတ် ဇီးကွက် တစ်ကောင်ကောင်က အမြင့်ကြီးပျံသန်းသွားပြီး အလိုရှိရာအရပ်ကို အဲ့ဒီ့ ငှက်ရဲ့ မျက်စိကနေ မြင်နိုင်တာတို့ ဘာတို့အဓိ အစွမ်းထက်လှပါတယ်။ တယ်လီပသီတို့ ဘာတို့လို ပညာရပ်မျိုးနဲ့လည်း ဆိုင်မယ်ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာ တစ်ခုအနေနဲ့ ရှားမင်တွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

ပျော်စရာ တနင်္လာနေ့လေးဖြစ်ပါစေ..။

ချစ်တဲ့
signature.png

MSC-264
⏰ - 5:11pm

Sort:  

‌လောကီပညာရပ်‌‌တွေ‌ပေါ့‌နော်‌။

ဟုတ်တယ်ကိုမဟော် ဒီနေ့ ညီမတို့ လီဒါကြီး ကိုဟင် တင်ထားတဲ့ ပို့စ်ထဲကလို အဆောင်ပစ္စည်းတွေ အင်းအိုင် လက်ဖွဲ့တွေလိုပဲ ဒါက ရှေးကျတဲ့ လောကီပညာရပ်တွေထဲက တစ်ခုပေါ့။

ဆန်းပေစွတကား...

ဟုတ်ပါ့ ဆို...။ ဆေးမကုချင်ဘူးလား သူတို့နဲ့ ။ 😉😉

အဝတ်​ အစားကြီး​တွေ က​လေး မယ်​ ထင်​တယ်

လေးလည်းလေး နွေးလည်းနွေးပေါ့ကွယ်... မွန်ဂိုလီယားတို့ ဆိုက်ဗေးရီးယားဆိုတော့ ရာသီဥတုက ကြမ်းတယ်လေ...။

အမရေးတဲ့ ရှားမင်အကြောင်းတစ်ကယ်ဗဟုသုတရတယ် ကျွန်တော်တို့ Group 2မှာတော့
အစွမ်းထက်စာပေတွေရေးသားတဲ့ ရှားကိုး ဆိုတာတော့ရှိတယ်
ရှား နဲ့ စတဲ့သူတွေက တစ်ကယ်ထူးဆန်းကြလို့ ပါ

ဟုတ်ပါ့ ရှားကိုးက ကိုမဟော် မဟုတ်လား..။

ခုမှသိတဲ့အတွက် ဗဟုသုတရစေပါတယ်

ဟုတ်ကဲ့ အပျင်းလည်းပြေရအောင်လို့ပါ။

အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ် ညီမရေ ရှားမင်တွေရဲ့ ဗုံသံကို ဇာတ်လမ်းတွေထဲမှာ ကြားရတာတောင် ကြက်သီးထမိတယ်

ဟုတ်တယ် မရေ... ညီမလည်း အဲ့လို ထူးခြားဆန်းပြားတို့ လျှို့ဝှက်သည်းဖို တို့ဆို အရမ်းစိတ်ဝင်စားတာ..။

တကယ့်​စိတ်​၀င်​စားဖို့​ကောင်းပါတယ်​....ကိုယ်​မသိတဲ့လူမျိုးစု​တွေရဲ့အ​ကြောင်းအရာ၊သူတို့ရဲ့ဓ​လေ့၊ဒါဟာလည်းဗဟုသုတရပါတယ်​..​နောက်​လည်းဒီလိုအသိတိုးပြီးထူခြားတဲ့ပိုစ့်​များဖတ်​ချင်​ပါ​သေးတယ်​....👍

အိုခေ ပါရှင်...။ ကျေးဇူးတင်ပါတယ်။ ပို့စ်အသစ်တင်ဖို့ စာဖတ်ရတိုင်း ကိုယ့်အတွက်လည်း အသိတွေ တိုးရတာမို့ ၂ ဦး ၂ ဖက် အကျိုးရှိတယ်လေ နော့။ 🙂🙂

ဗဟုသုတ အများကြီးရတယ်​ဗျာ 😊😊

စိတ်ဝင်စားပေးလို့ ကျေးဇူးပါ ရှင်..။

ကိုယ်ပဲသတိမထားမိလို့လားမသိ
ခုမှပဲသိတယ်
ဪ...အဲ့လိုမျိုးတွေလဲ ရှိသေးတာကိုနော်

ဟုတ်တယ်... ထူးခြားတဲ့ ယုံကြည်မှု ဓလေ့ပေါ့ နော်..။

ရှားမင်လူမျိုးဆိုတာ အခုမှသိတာပါ။သူတို့ရဲ့ ယုံကြည်မှုတွေကိုလည်း ရေးသားပြထားတာ ဗဟုသုတဖြစ်စေပါတယ်ခင်ဗျာ။ထူးခြားတဲ့ post လေးတစ်ခုပဲ ဖြစ်ပါတယ်ခင်ဗျာ။

ဟုတ်ကဲ့ ကိုယ့်ဘလော့လေးကို စာလာဖတ်ရတာ ငြီးငွေ့နေမှာလည်း စိုးတယ်လေ.. အဲ့ဒါကြောင့် တစ်ခါနဲ့တစ်ခါ မထပ်အောင် ရေးကြည့်တာ။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64455.55
ETH 3147.84
USDT 1.00
SBD 3.94