ကမ္ဘာမြေကြီးဖြစ်ပေါ်လာပုံကို အပိုင်း(၂)

in #myanmar6 years ago

ကမ္ဘာမြေကြီးဖြစ်ပေါ်လာပုံကို အပိုင်း(၁)တွင်ဖတ်ရှုနိုင်ပါတယ်။
အပိုင်း-၁

ခုအပိုင်းမှာတော့ ကမ္ဘာ့ မြေထု ဘယ်လို ဖွဲ့စည်းဖြစ်ပေါ်လာသလဲ ဆိုတာကို လေ့လာကြရအောင်ပါ။

1.jpg
Crd-img-src

လူသားတွေရဲ့ စဉ်ဆက်မပြတ် လေ့လာမှုနဲ့ စမ်းသပ်ရှာဖွေတွေ့ရှိချက်တွေကြောင့် စာရေးသူတို့ နေထိုင်ရာ ကမ္ဘာမြေကြီးဟာ အလွှာ ၄ လွှာနဲ့ ဖြစ်တည်နေတယ်ဆိုတာကို သိရှိရပါတယ်။ ဒီတော့ ကမ္ဘာ့အရွယ်အစား အထိရောက်လာအောင် သံကျောက်တွေ ဖုန်မှုန့်တွေ mineral တွေနဲ့ ဖြစ်သလို ပေါင်းစည်း ထားတယ်လဲ ဆိုသေးတယ် ဘယ်လိုဖြစ်လို့ ဒီလို အလွှာ ၄ ခုနဲ့ ဖြစ်သွားရသလဲ ဆိုတဲ့ အမေးဖြစ်ပေါ်လာမှာပါပဲ။ ဒီမေးခွန်းအတွက် အဖြေကလည်း အကြောင်းအကျိုးညီလှပါတယ်။ ဆက်ကြည့်ကြရအောင်ပါ။
ဒီနေရာမှာ တစ်ခုပြန်သုံးသပ်ရမယ့် အချက်ကတော့ ကျွန်ပ်တို့ရဲ့ ကမ္ဘာကြီးဟာ နေပတ်လမ်းထဲမှာ ရှိနေတာဖြစ်ပြီး ထို့နည်းတူ အခြားသော ဂြိုလ်ကြီးတွေ ၊ ဂြိုလ်သိမ် ဂြိုလ်မွှားတွေနဲ့ အခြားသော ကျောက်တုံးအပိုင်းအစတွေ မြောက်မြားစွာကလည်း အတူရှိနေကြတာဖြစ်ပါတယ်။ အတူရှိနေတယ်ဆိုပေမယ့် အရာအားလုံးဟာ ငြိမ်သက်နေကြတာမဟုတ်ပါဘူး သူ့အရှိန်နဲ့သူ ရွေ့လျားနေကြတာဖြစ်ပါတယ်။ ဒါကြောင့် မကြာခဏလည်း သူတို့အချင်းချင်း ၀င်တိုက်မိတတ်ကြပြီး တိုက်မိတဲ့အရှိန် အပြင်းအပျော့ကတော့ သူတို့တွေရဲ့ ဆွဲငင်အားတွေပေါ်မှာ မူတည်ပါတယ်။
dn13757-1_600.jpg
Crd-img-Src

ကမ္ဘာဖြစ်ဖို့ တာဆူနေတဲ့ ဒီဒြပ်ထု အစုအဝေးကြီးဟာလည်း ဥက္ကာပျံလို့ ကျွန်ုပ်တို့ သိထားတဲ့ ဧရာမ ကျောက်တုံးကြီးတွေနဲ့လည်း နှစ်သန်းလေးထောင်အတွင်းမှာ မကြာခဏဆိုသလို ပြင်းထန်စွာတိုက်မိမှာ မလွဲပါဘူး ။ ဒီလိုတိုက်မိခဲ့ရင်းနဲ့ တစ်ချိန်မှာတော့ ကမ္ဘာဖြစ်ပေါ်မယ့် ဒြပ်ထုကြီးတစ်ခုလုံး မီးဟုန်းဟုန်းတောက်သွားနိုင်လောက်အောင် အရှိန်ပြင်းလှတဲ့ တိုက်မိမှု collition ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ မြင်သာအောင်ပြောရရင်တော့ ကျောက်တုံး၂ခု ပွတ်ခတ်မိပြီး မီးတောက်အောင်လုပ်လိုက်သလိုဖြစ်ခဲ့တာလို့ ပြောလို့ရမယ်ထင်ပါတယ်။

ဒီအကြောင်းအရင်းကြောင့်ပဲ ဒြပ်ထုအစိုင်အခဲများ လောင်ကျွမ်းကုန်ပြီး အချို့သော ဒြပ်စင်တွေသာ အခဲအဖြစ်နဲ့ကျန်ခဲ့ပါတယ် ။ သိခဲ့ကြပြီးတဲ့အတိုင်း ကမ္ဘာမဖြစ်ခင်ကတည်းက ဆွဲငင်အားရှိတာဖြစ်တဲ့ အတွက် အလေးလံဆုံး အသိပ်သည်းဆုံး ဖြစ်တဲ့ iron နဲ့ nicle ခဲတွေဟာ အတွင်းဆုံးအပိုင်းကို ရောက်ရှိသွားပြီး Inner Core ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီအတွင်းဆုံးအပိုင်းဟာ ကမ္ဘာ့အပူဆုံးအပိုင်းပါပဲ ။ သူ့ရဲ့ အပူချိန်ဟာ 5,500 Degree Celcius ရှိပါတယ်။

5086541.jpg
Crd-img-Src

inner core ရဲ့ အပြင်ဘက်ကတော့ သူ့ထက် သိပ်သည်းဆ အနည်းငယ်လျော့တဲ့ iron နဲ့ nicle တွေ ပါဝင်ပေါင်းစပ်နေတဲ့ အပူလွန် ပျော်ရည်တွေဖြစ်ပါတယ် ။ ဒီသတ္တုပျော်ရည်တွေသည်လည်း အပူချိန် ၅၀၀၀ ကျော်ပါတယ်။ အဲ့ဒီ့ အလွှာကိုတော့ Outer Core လို့ခေါ်ပါတယ်။

နောက်ထပ် တတိယအလွှာဖြစ်တဲ့ Mantle ဆိုတဲ့အလွှာကတော့ ဧရိယာ ထုထည်အကြီးဆုံး အလွှာလည်းဖြစ်ပါတယ်။ သူ့ကိုတော့ semi-molten rock တွေနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ Semi-molten rock ဆိုတာကတော့ အဲ့ဒီ့ကျောက်ခဲတွေဟာ အပြင်ပိုင်းမှာ အမာထည်ဖြစ်ပြီး အတွင်းပိုင်းကတော့ အရည်ပျော်နေတဲ့ ကျောက်ခဲတွေကို ခေါ်တာဖြစ်ပါတယ်။ ဒီအလွှာ အထူဆုံးအလွှာဖြစ်တာမို့ သူ့ရဲ့ thickness ဟာ 2900 ကီလိုမီတာတောင် ရှိပါတယ်။ မိုင် ၂ ထောင် နီးပါးလောက်ကို ထူထဲတာဖြစ်ပါတယ်။ ဒီအလွှာမှာက ကာဗွန်တွေ များတာကြောင့် အဖိုးတန်ရတနာ စိန်တွေရဲ့ မွေးဖွားရာ အလွှာလည်းဖြစ်ပါတယ်။

နောက်ထပ် လေးလွှာမြောက်လည်းဖြစ်သလို အပါးလွှာဆုံးလည်းဖြစ်တဲ့ ကျွန်ုပ်တို့ နေထိုင်ရာ အလွှာကိုတော့ Earth crust ကမ္ဘာ့အခွံလို့ ခေါ်ပါတယ်။ သူ့ကိုတော့ ကျောက်ဆိုင်ကျောက်ခဲတွေနဲ့ဖွဲ့စည်းထားပြီး သူ့ရဲ့အထူကတော့ 0km to 60km လောက်ပဲ ရှိပါတယ်။ သမုဒ္ဒရာကြမ်းပြင်အောက်မှာတော့ ဒီအလွှာဟာ 0 ကီလိုမီတာလောက်နည်းပါး ပါးတယ်လို့ ဆိုပါတယ်။

ဒီလောက်ဆိုရင် ကျွန်ုပ်တို့ကမ္ဘာကြီးရဲ့ ယခုလက်ရှိဖွဲ့စည်းပုံကို အကြမ်းဖျင်း သိရှိသွားကြရပြီဖြစ်ပါတယ်။ သို့သော်လည်း ဒီအလွှာ ၄ လွှာဟာ တစ်ရက် ၊ တစ်မနက် ၊ တစ်လ ၊ တစ်နှစ်တည်း နဲ့ ဖြစ်ပေါ်လာခဲ့ခြင်းတော့ မဟုတ်ပါဘူး ။ စဖြစ်တည်လာတဲ့အချိန်ကစလို့ နှစ်သန်းပေါင်း ၃၀လောက်အတွင်းမှာပဲ တစ်ခုလုံးအရည်ပျော်နေတဲ့ လုံးဝိုင်းနေတဲ့ ဒြပ်ထုအစိုင်အခဲကြီးဟာ နေကို လည်ပတ်တဲ့ ဂြိုလ်တစ်ခုအဖြစ်နဲ့ သာ ဖြစ်နေပါသေးတယ်။ ဒီခောတ်လို သမုဒ္ဒရာမရှိ မြေမရှိ ရေမရှိသေးဘဲ ချော်ရည်ပူတွေချည်းပဲရှိတဲ့ အလုံးကြီးတစ်လုံးသာဖြစ်တယ် ။

Large meteorite impacts drove plate-tectonic processes on the early Earth.jpg
Crd-img-Src

အဲ့လို အခြေအနေကနေ ယခုကျွန်ုပ်တို့ နေထိုင်ရာ ကုန်းမြေကြီးဘယ်လိုဖြစ်ပေါ်လာတာလဲဆိုရင် ကမ္ဘာလုံးကြီးရဲ့အပြင်ပိုင်း နေကိုလှည့်ပတ်နေတဲ့ ပတ်လမ်းဟာ ပထမပိုင်းကပြောခဲ့သလို အပူချိန်အားဖြင့် အနှုတ်400 ဒီဂရီ ရှိတဲ့ အလွန်အေးမြတဲ့ အမှုန်လေးတွေရွှေ့လျားနေတာမို့ ကမ္ဘာကြီးကို အအေးခံပေးသလိုဖြစ်ပြီး အပူလွန်နေတဲ့ အခြေအနေမှာ အကြာကြီးမရှိနိုင်တော့ဘဲ တဖြည်းဖြည်း အေးလာပါတယ်။ တကယ့်ကို တဖြည်းဖြည်းပါပဲ နှစ်သန်းနဲ့ချီပြီး အချိန်ယူခဲ့ရပါတယ်။ နှစ်သန်းပေါင်း အနည်းငယ်ကြာလာတဲ့အခါမှာ ကမ္ဘာကြီးဟာ အပေါ်ယံအခွံပါးလေး အေးသွားတဲ့ မီးဘောလုံးကြီး တစ်ခုဖြစ်လာတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာ့နေရာ အနှံ့အပြားမှာတော့ မီးတောင်ကြီးတွေ ဆက်လက်ဖြစ်တည်နေပြီး သူတို့ဟာ ဓါတ်ငွေ့တွေနဲ့ ချော်ရည်တွေ မှုတ်ထုတ်နေဆဲ အခြေအနေမျိုး ရှိခဲ့ပါတယ်တဲ့။

maxresdefault.jpg
Crd-img-Src

ဆက်ပါဦးမည်။

Ref: site
Ref-video

Written by @suhtetaung
MSC -264

Sort:  

စောင့်​​နေမယ်​ အဆက်​ကို

ကျေးဇူးပါ ညီမလေးရေ :)

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62907.89
ETH 3379.73
USDT 1.00
SBD 2.50