ဒဏ်

in #myanmar6 years ago (edited)

အနွေးဓါတ်လေးများရမလားလို့
ဇွတ်တိုးလိုက်ခါမှ
ကိုယ့်ကို သဂြိုလ်ပေးမယ့် မီးပုံဖြစ်နေတယ်
ရှိပါစေတော့လေ ကိုယ်ကအတောင်ကျိုးပီးသား။

အသိမှတ်ပြုခံရမလားလို့
ကြိုးစားနေရင်းက
တဖြည်းဖြည်းချင်း မှေးမှိန်လာတဲ့ ကိုယ့်ကိုကိုယ် အလန့်တကြားပြန်ကြည့်မိတယ်။
ွှရှိပါစေတော့လေ ငါဟာပျောက်ဆုံးပြီးသား။

23-25-11-Psychological-Abuse-ain.jpg
src
ကိုယ့်ရဲ့ပျော်ရွှင်မှု နာကြင်မှု ဝမ်းနည်းမှုဆိုတဲ့ စိတ္တဇနာမ်တ်ုင်းကို ကိုယ်မပိုင်တော့တဲ့နေ့
အဲဒီ့နေ့က ငါထောင်ပြောင်းတဲ့နေ့ပေါ့
အိမ်ထောင် ကနေ
စိတ်ထောင်ကိုလေ။

ကမ္ဘာပေါ်မှာရှိသမျှ Psychological abuse victims များအတွက် ခံစားရေးဖွဲ့သည်။

MSC-264
Su Htet Aung

Sort:  

မျက်ဝန်းထဲက ရှင်သန်လိုမှုကိုတော့ မမှိန်လိုက်ပါ့ကွယ်

ခုတလော တွေ့သမျှ ဖတ်သမျှ အကြောင်းတွေက depressionist art တွေ ၊ psycho art တွေချည်းဖြစ်နေလို့ ခံစားမှုတွေ ကူးစက်ကုန်ရော..။

ခံစား​ရေးဖွဲ့ထားတာပီပြင်​လွန်းလို့....စာ​ကြောင်းနည်း​ပေမဲ့တကယ့်​ထိမိပါတယ်​....👍👍

ကျေးဇူးတင်ပါတယ်... ခုတလော on the blue mood ဖြစ်နေလို့ အကုန်လိုက်ခံစားနေတာလေ.. 🙂🙂

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64777.26
ETH 3101.53
USDT 1.00
SBD 3.84