ဇွန် ( ၁)

in #myanmar6 years ago

ဒီကနေ့ဟာ ဇွန်လ (၁)ရက်နေ့ ဖြစ်တာကြောင့် စ သင်နှစ်တစ်နှစ်ရဲ့ ပထမဆုံး ကျောင်းတက်ရက်လေးဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသားများဟာ အတန်းအသစ် ဝတ်စုံအသစ် စာအုပ်အသစ် ခဲတံဘောပင်အသစ် ဖိနပ်အသစ်လေးတွေနဲ့ သစ်လွင်တောက်ပစွာ ကျောင်းသွားဖို့အတွက် မနက်အစောထဲက ပြင်ဆင်နေကျပါပြီ။ ကျောင်းသား ဟောင်းတွေ အနေနဲ့လည်း စိတ်ကြည်လင် လန်းဆန်းစွာနဲ့ ကျောင်းတော်မှာ သူငယ်ချင်းတွေနဲ့တွေ့ဆုံဖို့ စိတ်စောနေကျသလို ကျောင်းသားသစ်လေးတွေ အနေနဲ့လည်း ပတ်ဝန်းကျင်အသစ် အတန်းသစ်ကို တက်ဖို့အတွက် ရင်ခုန်လှုပ်ရှားစွာ ရှိနေကျပါတယ်။

image
credit image source

image
credit image source

ကျမတို့ငယ်ငယ်က ဒီလိုရက်မျိုးမှာ မနက်အစောထပြီး စာရေးခုံ နေရာဦးဖို့ ကျောင်းကို အစောသွားတက်ကျပါတယ်။ ကိုယ်အခင်မင်ဆုံး သူငယ်ချင်းနဲ့ အတူထိုင်ရဖို့နဲ့ နေရာ အရှေ့နားလေးရဖို့ အတွက် ကျောင်းကို အစောသွားပြီး ခုံဦးတက်ပါတယ်။ ကျောင်းခန်းသော့ဖွင့်ပြီဆိုတာနဲ့ အတန်းထဲကို လုယက်ဝင်ကျပြီး ခုံဦးပါတေ့ယ်။ ကျမက အတန်းရဲ့ အလယ်လိုင်း ဒုတိယခုံကို အနှစ်သက်ဆုံးပါ။ ကျောက်သင်ပုန်းကို ကြည့်ရတာ အင်မတန် အဆင်ပြေတဲ့နေရာဖြစ်ပါတယ်။ နှစ်တိုင်း အတန်းတိုင်း အဲ့ဒီနေရာရအောင် ဦးတက်ပါတယ်။ ခုံဦးပြီးရင်တော့ အတန်းဝင်လာမဲ့ ဆရာမတွေနဲ့ မိမိအတန်းပိုင် ဘယ်ဆရာမကျမလည်းဆိုတာ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ပါတယ်။ ဒါဟာ ကျမရဲ့ ငယ်ဘဝ ပထမဆုံး ကျောင်းတက်ရက် ခံစားချက်လေးဖြစ်ပါတယ်။

သတိထားမိတာတစ်ခုက ဒီရက်ဆိုရင် မိုး အမြဲ ရွာတက်ပါတယ်။ ဒီနေ့လည်း မိုးတွေရွာနေပါတယ်။ ကောင်းကင်တစ်ပြင်လုံး အုံ့မှိုင်းပြီး သဲကြီးမဲကြီးကို ရွာနေပါတယ်။ ကျောင်းချိန်နီးလာရင်တော့ မိုးစဲသွားပါစေ ဆုတောင်းမိပါတယ်။ ဒါမှ ကျောင်းသူကျောင်းသားလေးတွေရဲ့ လွယ်အိပ်နဲ့ ကျောင်းဝတ်စုံလေးတွေ ရေမစိုဘဲ ကျောင်းတက်နိုင်မှာပါ။ မိုးမင်းကြီးရေ ကျောင်းချိန်ရောက်ရင်တော့ သစ်လွင်တောက်ပနေတဲ့ ကလေးလေးတွေအတွက် ခဏလောက်တော့ တိတ်ပေးပါလို့ ဆုတောင်းရင်းနဲ့ ဇွန် ၁ ခံစားချက်လေးကို ရောက်တက်ရာရာ ရေးသားလိုက်ရပါတယ်။

@suhlaing
msc 175

Sort:  

အဖြူအစိမ်းလေးတွေနဲ့ဖြူစင်ခဲ့တဲ့အရွယ်ကိုသတိရတယ်။ပြန်လိုချင်မိတယ်။ခုတော့ဘ၀ရဲ့ဒဏ်ရာဒဏ်ချက်တွေကြောင့်လူရောစိတ်ရောမဖြူစင်ခဲ့တာကြာပေါ့လေ။

အလဲ့ ဒဿ နတွေထွက်လာပေါ့ ခိုဇာ

က​လေးဘဝတုန်းကဒီရက်​​တွေစိတ်​အရမ်းလှူပ်​ရှားခဲ့တာ။

ဟုတ်တယ် ညီမရေ

ငယ်ငယ်က ကျောင်းတက်ရမှာ
သိပ်ကြောက်တာဗျ
အဟီး စာညံ့လို့ လေ

ကျောင်းနေပျော်ပေမဲ့ စာမတော်တဲ့ ကလေးတွေလည်း ရှိပါ့ရှင်

ကလေးဘဝရဲ့ အပျော်ဆုံးနေ့တစ်နေ့မှာ အဲဒီနေ့လည်းပါတယ်နော်
သမီး

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64550.89
ETH 3156.32
USDT 1.00
SBD 4.30