ရွာနောက်ပိုင်းသူ မယ်စုနှင့် ရပ်ကွက် ၄မှ စကားသံများ (၁)

in #myanmar6 years ago (edited)

မယ်စု ဒီည အိပ်မပျော်။ ဟိုဘက်လှည့် ဒီဘက်လှည့်နှင့် နံနက် ၁နာရီပင်ကျော်ချေပြီ။ အတွေးစတစ်ခုအား ဆွဲထုတ်ထားမိပြီတကား။ ထိုအတွေးစနောက်ကိုလိုက်ရင်း ထပ်တွေးရင်း တွေးရင်းလိုက်ရင်းနှင့် အိပ်မပျော်ခြင်းအဖြစ်သို့ ရောက်ရချေပြီ။ အဘယ်ကြောင့် အိပ်မပျော်ပါသနည်း။ ဖတ်ရှု့ကျလေကုန်။

မယ်စု အကြောင်းအရင် ရေးပြပါမည်။ မယ်စုသည် မြန်မာစတီးမစ်တိုင်းဒေသကြီးထဲရှိ mscရွာကလေးတွင် အခြေကျနေထိုင်ခဲ့သည်မှာ ၃လကျော်ခန့်ရှိခဲ့ပေပြီ။ ရွာ ဥက္ကဌ ဘကြီးတင်နှင့်တကွ ရွာလူကြီးများဖြစ်ကျသော ကွီးရွှေ ကွီးသက် ကြီးစိုး ကြီးဒြန္ ကြီးမိုး မယ်ပြည့်တို့၏ ခွင့်ပြုချက်ဖြင့် msc 175ဟူသော အိမ်နံပါတ်ကလေးတွင် စိမ်းလန်းစိုပြေသော အသီးအနှံပင်လေးများ ပန်းပင်လေးများစိုက်ကာ ရလာသောဝင်ငွေဖြင့် အေးချမ်းစွာ ဘဝကို ရပ်တည်လျှက်ရှိပါသည်။
image
msc ရွာကလေးတွင် အပိုင်း၎ ပိုင်းခွဲထားပြီးလျှင် ရွာဦးတွင် ဘုန်းတော်ကြီးကျောင်းတည်ရှိရာ ကျောင်းထိုင်ဘုန်းကြီး ဦး@gunapeyaသည် စာပေရေးရာ အင်မတန်ထူးချွန်ထက်မြတ်ရကား မကြာခင်ကမှ တိုင်းမင်းကြီး၏ စာချွန်တော်ဆုကို ဆွတ်ခူးရရှိထားသူ ဖြစ်ပါသည်။ ဘုန်းတော်ကြီးကျောင်းသည် ရွာဦးတွင်တည် ရှိသော်လည်း ကျောင်းတိုင်ကိုယ်တော်သည် မယ်စုတို့ ရပ်ကွက် ၄၏ ငယ်မွေးခြံပေါက် ဖြစ်၏။ ထို့ကြောင့် မယ်စုတို့ ရပ်ကွက်သား တစ်ယောက်ထူးချွန်ထက်မြတ်မှုကို တရပ်ကွက်လုံးက ဂုဏ်ယူကျ၏။

mscရွာတွင် အရှေ့ပိုင်းရပ်ကွက် အနောက်ပိုင်းရပ်ကွက် တောင်ပိုင်းရပ်ကွက် မြောက်ပိုင်းရပ်ကွက်ဟူ၍ အပိုင်းလိုက်ခွဲထားရာ မယ်စုတို့ ရပ်ကွက်သည် ရပ်ကွက် ၄ ခေါ် ရွာနောက်ပိုင်းတွင် တည်ရှိပါသည်။ ၁၀အိမ်ခေါင်းမှာ မယ်နှင်းဖြစ်ပြီး ရွာကလေး၏
အုပ်ချုပ်ရေးကော်မတီတွင်ပါဝင်သော ကွီးရွှေလည်း မကြာသေးမီကမှ ရွာရှေ့ပိုင်းမှ ပြောင်းရွှေ့နေထိုင်လျှက်ရှိပါသည်။ ရွာနောက်ပိုင်းသည် စမ်းချောင်း တောအုပ်များနှင့် ပိုနီးရကာ လေကောင်းလေသန့်ရရန် ပြောင်းရွှေ့လာခြင်းဖြစ်ဟန်တူပါသည်။
image
ရွာအရှေ့ပိုင်းရပ်ကွက်တွင် mscရွာလေးကို တိုင်းမင်းကြီးခွင့်ပြုချက်ဖြင့်စတင်တည်ထောင်စဉ်ကတည်းက ပြောင်းရွှေ့နေထိုင်လာကျသော လူဟောင်းများနေထိုင်ကျပါသည်။ ထိုရပ်ကွက်တွင် သူကြီး ဘကြီးတင်၏ ၂ဆောင်မြိုင်အိမ်ကြီးမှာ ခန်းနားထည်ဝါစွာတည်ရှိသည့် အပြင် ရွာ၏ တစ်စီးထဲသော ဘော့ဝပ်ဂွမ်ကားလေးကိုလည်း ပိုင်ဆိုင်ထားရကား လွန်စွာခန်းနားလှသော သူကြီးပေတကား။(ဇာတ်လမ်းသဘောအရလိုရာမရောက်မည်စိုး၍ မည်သည့် အပိုင်းတွင် မည်သူတွေနေသနည်းဆိုသည်ကိုမူ နောက်အပိုင်းများတွင် ဆက်လက်ဖော်ပြပါမည်)

ဒီည မယ်စု အိပ်မရခြင်းမှာ ၁၀အိမ်ခေါင်း မယ်နှင်းကြောင့်ဖြစ်ပါသည်။ မယ်နှင်းသည် ၁၀အိမ်ခေါင်းဖြစ်သည်နှင့်အညီ အင်မတန်စပ်စုတက်သော ဝါသနာထုံ၏။ မနက်လင်းသည်နှင့် တစ်အိမ်ကတက်တစ်အိမ်ဆင်း မောင်းကြေးနင်းခတ်ကာ သာရေးနာရေးများ လှည့်လည်ပြောလေ့ရှိ၏ မယ်နှင်းကာ အိမ်ပေါက်စေ့ရောက်သည့်အားလျှော်စွာ သတင်းလည်းစုံ၏ သယ်ယူပို့ဆောင်ရေးလည်း လုပ်၏ လွန်ခဲ့သော ၃ရက်ခန့်က မယ်စုသည် အသီးအနှံဈေးများထိုးကျရကာ ဝင်ငွေ မကောင်းလှသဖြင့် msc အလှူ တွင် ဝတ်လတံ့ဟု ရည်မှန်းထားသော တစ်ကွင်းတည်းသော ဘန်ကောက်လုံခြည်လေးအား ရွာ မြောက်ပိုင်းမှ မယ်ကြည်ထံ ပေါင်နှံရန် ကြံမိ၏ မိမိအကြံအတိုင်း မယ်ကြည့်ထံသွားရန် ပြင်နေစဉ်မှာပင် သီးနှံဝယ်ယူသူဖောက်သည်များ ရောက်လာသဖြင့် အားတက်မည်ကြံကာရှိသေး ၁၀ရက်ခန့်ဆိုင်းပေးပါရန်တောင်းပန်သောကြောင့် ဖောက်သည် အပျက်မခံချင်ရကား ပေးရလေ၏ ထိုအချိန်တွင် မယ်နှင်းရောက်လာကာ ရွာမြောက်ပိုင်းသို့သွားမည် ဖြစ်သဖြင့် မှာစရာရှိက မှာကြားပါရန် ပြောဆို၏ မယ်စုလည်း အကြံပေါက်ရကား ဟင်းရွက်များစည်းနှောင်ရမည့် အလုပ်လည်းရှိပါသဖြင့် မယ်နှင်းနှင့် အကြုံပါးရန် ကြံမိလေ၏ ထို့ကြောင့် မယ်ကြည့်ထံတွင် sbd 10ဖြင့် ပေါင်နှံပေးပါရန်နှင့် မည်သူတစ်ဦးကိုမျှ မိမိထဘီပေါင်စားကြောင်း မပြောမိစေရန် အထပ်ထပ်မှာကြားလိုက်လေ၏။ မယ်နှင်းလည်း မပြောပါဟု ကတိပေးပြီး တင်ပါးလေးနောက်ပစ်ကာ ကော့တော့ ကော့တော့နှင့် ရွာမြောက်ပိုင်းဆီသို့ ထွက်ခွာသွားလေ၏။
image
လမ်းတွင် ရွာဇော်မ မမဇာနှင့်တွေ့ကာ
"မယ်နှင်းရေ ဘယ်တုန်းအေ့ လက်ထဲလည်း အထုပ်နဲ့ပါလား"
မယ်နှင်းလည်း ဆံပင်လေးနောက်ကို သပ်တင်ရင်း'' ပြောကို မပြောချင်ပါဘူးမမဇာရယ် မယ်စုပေါ့ ပြောကို မပြောချင်ဘူး+×÷ +×÷+_×÷…

ဆက်၍ လျှောက်လှမ်းလာရာ လယ်တောမှ ပြန်လာသော အောင်ကြီး ၁၀၀နှင့် လမ်းတွင် ဆုံ၏ အောင်ကြီး ၁၀၀မှ
"ဗျို့ မယ်နှင်း ဘယ်တုန်းဗျ အထုပ်ကြီး ပိုက်လို့ ကွီးကျော်နောက် လိုက်တော့မယ်ထင်ပါ့"
" အထင်ကြီးလို့ အောင်ကြီးရယ် မဟုတ်ရပါဘူးအေ ဒီအထုပ်အကြောင်းတော့ ပြောကို မပြောချင်တာ မယ်စုပေါ့+×÷+×÷+_×÷...

သို့နှင့် မယ်နှင်းသည် ရွာ မြောက်ပိုင်းရောက်ရန် ရွာအရှေ့ပိုင်းမှသည် မြောက်ပိုင်းဆီသို့ ချီတက်လျှက် မပြောချင်ပါဘူး အစချီလျှက် မယ်စု ထဘီပေါင်စားသော ကိစ္စသည် mscရွာကလေးတွ ခွေးကအစ သိရှိသွားလေတော့သည်။ ထိုကိစ္စကြောင့် မယ်စုတစ်ယောက် မယ်နှင်းအပေါ် အခဲမကျေရကာ
တွေ့ကျသေးတာပေါ့ မယ်နှင်းရယ်။ ညီးနဲ့ ကွီးကျော်တို့ရဲ့ တိတ်တိတ်ပုန်းဇာတ်လမ်းမှာ ငါ အောင်သွယ်ခဲ့တာ ညီး မေ့နေရော့သလား''ဟု အသံထွက်အောင်ပင် ပြောလိုက်မိပါသည်။ထိုအချိန်မှာပင် ရွာဦးကျောင်းမှ အုန်းမောင်းခေါက်သံကြားလိုက်ရတကား ဆွမ်းထချက်ရန် မယ်စုတစ်ယောက် အိပ်ရာမှ ပျာပျာသလဲထလိုက်ပါတော့သည်။

(စာရေးသူ၏ စိတ်ကူးဖန်တီးမှုသက်သက်သာ ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါ။အမှားပါလျှင် ခွင့်လွှတ်၍ ဖတ်ရှု့ကျကုန်)
@suhlaing
msc 175
credit google image

Sort:  

အမယ်မင်း စတင်းရွာ မှာ ရေးကွက်တေ ပေါလှပါဘိကွယ်။ သို့နှယ် ဤနှယ် ဒသို့နှယ်ဖြင့် ငတို့ မှာ စတင်းရွာအကြောင်းရေးဖော်ရေးဖက် တစ်ယောက်တိုးလာသပလို့ ခံစားရသကွယ်။ ရှေ့ဆက်ကာ မောင်းထုပါအုန်းကွယ့် အကြောင်းစုံလို့ ရှုထောင့်အဖုံဖုံကို ရှုစားနေသကွယ့်။ မယ်စုရေ ဖိုက်တင်းကြပါစို့လား---

ဖိုက်တင်း ကွီးရွှေရေ တရပ်ထဲသားခြင်း စည်းလုံးကာ သွားကျပါစို့လေး ရှု့ထောင့်အဖုံဖုံကနေလည်း ဆက်လက်ရေးသားသွားပါ့မယ်လို့

ငှယ်အချော်တကောက်တွေဖြစ်ကုန်တယ်။ဟေဟေး။ဘွပြောင်းပီမယ်နှင်းရယ်။ရက်စက်ပါ့မယ်စုရယ်။ညကျရင်အားပေးပါအုံးမယ်ဇာ့ဟာလဲ။ဟီလောလောဆယ်တော့ဇာတ်လမ်းဆင်နေတုန်း။

လူရင်းတွေ နာနာထောင်းထားတာ မမဇာ

အိုက်စ်..စုရေ လန်းတာချည်း ဒါနက် စကားမစပ် ထမီ အတိုးက တလ 1sbd နဲ့ ၃လအတွင်း မရွေး အဆုံးမှတ်အေ ပီး ညိ လုံချည်လေး ဝတ်ချင်နေတာ ဒီကကြွေနေပီရယ်😉

မကြာပါဘူး မယ်ကြည်ရယ် ဈေးတက်လာတာနဲ့ ပြန်ရွေးမှာပါအေ့ အတိုးလေးတော့လျော့ပေး

နှင်း ကအဲ့လိုဘဲ နဲနဲ ဖွာ တယ် ခွှင့်လွှတ်လိုက်ပါ မစုရယ် :D

ကျန်း ရှေ့နေလိုက်နေဒါ နောက်တပိုင်းကျ ဇာတ်နာအောင် ရေးပြိုက်မယ် ကွီးကျော်

ငမ်းးးးးးးး လန့်နာ

တော်​​တော်​ဆိုးတဲ့ မယ်​နှင်း ပဲ

မနိုင်စိန်လေ

ကောင်းလှချည့်လား မမစုရယ် .မယ်နှင်းနဲ့ဘယ်ခါတွေ့မတုနိး

နောက်အပိုင်းတွေ တွေ့မယ်လေ အလွတ်မပေးဘူး ဒင်းကို

အိမ်း အဓိကဇာတ်​​ကောင်​က​တော့ မယ်​နှင်းဖြစ်​ပါတယ်​ 👏👏

သူ့ အရင်တွယ်ချင်တာကိုအေ့

တွေးတတ်ရင်မြင်တယ်၊မြင်တော့ခံစားတတ်ပြီး၊ ခံစားချက်များလာရင်ရေးလို့ရရော။

ရေးစရာတွေ တန်းစီနေတယ် ဆရာရေ စာမှိုင်းမိပြီဆိုမလားဘဲ ရေးပြီးရင်းရေးချင်

စိတ်ကူးလေး ကောင်းချက် အစ်မရေ

တွေးမိတွေးရာလေးပါ

ပြည့်စုံးလွန်းလှတဲ့ အရေးသားနည်းတွေ ရှိလွန်းတဲ့အ
တွက် လေးစားပါတယ် မစုရေအားပေးနေပါတယ်ဗျ

ကျေးဇူးတင်ပါတယ်လိုစ့်

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.031
BTC 68960.63
ETH 3748.07
USDT 1.00
SBD 3.68