နှင်းဆီ သွေးစက် ( ဇာတ်သိမ်း)
သစ်ပင်အုံ့အုံ့လေးတွေနှင့် သည် အိမ်မည်းမည်းကြီးသည် တစ်ချိန်က သရဲခြောက်သည်ဟု နာမည်ကြီးသော်လည်း ယခုတော့ဖြင့် မကြားရသည်မှာ ကြာပြီ ဖြစ်ပါသည်။ နာနာဘာဝများကို အယုံအကြည်မရှိသော ကိုဝင်းနိုင်သည် ပါးစပ် ရာဇဝင်များကိုလည်း ယုံရခက်သည့် ပုံပြင်များအဖြစ်သာ မှတ်ယူသူဖြစ်ပါသည်။ စက်ဘီးလေးသည် ထိုအိမ်ကြီးရှေ့မှ တရွှေ့ရွှေ့နှင့် ဖြတ်လာခိုက်တွင်ခြံတံခါး အလွန်လောက်ရောက်တော့ အနောက်ဖက်စီမှ ခေါ်သံကြောင့် ကိုဝင်းနိုင်သည် စက်ဘီးကို ရပ်တံ့လိုက်ကာ နောက်သို့ လှည့်ကြည့်လိုက်ပါသည်။ အဖြူရောင် ဂါဝန်လေးနှင့် မိန်းမပျိုလေးတစ်ယောက်သည် သူ့ထံ လျှောက်လှမ်းလာပြီး '' နှင်းဆီပန်း ဝယ်မလို့''ဟု ပြောပါသည်။ ကိုဝင်းနိုင်လည်း ဇဝေဇဝါဖြစ်သွားကာ လရောင်ဖြင့်သေချာစွာကြည့်နေမိပါသည်။ အလွန်လှပချောမောသော မိန်းမပျိုလေးဖြစ်ကာ အသားအရောင်မှာ ဖြူ ဆွတ်လွန်းလှပါသည်။
ဒီ အိမ်ကြီးကို လူအသစ်တွေ နေကျပြီ ထင်တယ်ဟု ခပ်ပေါ့ပေါ့ တွေးကာ '' အပိုတော့ အများကြီး မပါဘူး အမ ဘယ်နှစ်စည်းယူမလဲ ကျနော်က ဖောက်သည်ပေးဖို့ဘဲ ယူလာလို့ အမ လိုချင်ရင် မျှပေးလိုက်မယ် များများတော့ မရဘူး'' ကိုဝင်းနိုင်သည် ပြောလည်းပြော စက်ဘီးပေါ်မှလည်းဆင်းကာ ပန်းစီးချည်ထားသော ကြိုးကို ဖြုတ်လိုက်လေသည်။ မိန်းမပျိုမှ
'' အရောင်စုံလေးတွေ လိုချင်တယ် ရမလား ၂စည်းလောက်''
'' ဟုတ် ရတယ် အမ ဘုရားအိုးထိုးဖို့ဆို ၃စီး ယူလိုက်ပါ''
ကိုဝင်းနိုင်မှ ပန်းစည်းများကို ဖြုတ်ကာ မိန်းမပျိုထံ ကမ်းပေးလိုက်လေသည်။ ထိုအချိန်တွင် ထူးဆန်းသော ခံစားမှုတစ်ခုကို ခံစားလိုက်ရလေသည်။ အအေးလိုင်းတစ်ခုသည် မိမိနားမှ ဖြတ်သွားသည့်နှယ် အေးစိမ့်စိမ့်ကြီး ခံစားလိုက်ရလေသည်။ ထိုနောက် မိန်းမပျိုမှ ပန်းစည်းဖိုးအဖြစ် ရှေးခေတ်သုံး ဒင်္ဂါးပြားကို ထုတ်ပေးလေသည်။ ကိုဝင်းနိုင်မှာ ထွေထွေထူးထူး ပြောမနေတော့ဘဲ ပေးသလောက်သာယူ၍ စက်ဘီးလေးကို စီးကာ ထွက်ခဲ့ပါတော့သည်။ စိတ်ထဲတွင်တော့ သုံးလို့ ရလည်း သုံးတာပေါ့ မရလည်း ကုသိုလ်ပေါ့လေဟု တွေးနေလေသည်။ ပန်းစည်းများဖောက်သည်ပေးကာ အပြန်တွင် ထိုအိမ်ရှေ့ အရောက်၌ မိန်းမပျိုလေးကို သတိရမိသေးသည်။ တစ်နေ့နေ့တော့ ထပ်တွေ့ရကောင်းပါ၏ဟုလည်း တွေးမိလေသည်။ သို့နှင့် ထိုခြံကြီးရှေ့က ဖြတ်တိုင်း ကြည့်မိလေသည်။ သို့သော် မိန်းမပျို၏ အရိပ်အယောင်မျှပင် မြင်ခွင့်မရတော့ပေ။
လအနည်းငယ် ကြာပြီးနောက် တစ်နေ့သော နံနက်ခင်းတွင်
ထုံးစံအတိုင်း ကိုဝင်းနိုင်သည် ပန်းပို့ပြီး ပြန်လာစဉ် ခြံရှေ့တွင် ကုလား အဖိုးအို တစ်ဦးကို တွေ့ရလေသည်။ ထို ကုလား အဘိုးအိုသည် ခြံဝန်းသံပန်းတံခါးတွင် တွယ်တက်နေသော မြတ်ပင်အနွယ်များကို ရှင်းလင်းနေလေသည်။ ကိုဝင်းနိုင်လည်း သိလိုစိတ်ကြောင့် အနားတိုးကပ်သွားကာ
'' အဘ အဘက ဒီခြံကလားဗျ'' အဘိုးအိုမှ ကိုဝင်းနိုင်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ
'' ဆိုပါတော့ လူကလေး ဘာကိစ္စရှိလို့လည်း''
ကိုဝင်းနိုင်မှ မိမိကြုံခဲ့ရသည့် အဖြစ်အပျက်များကို အဖိုးအိုအား အသေးစိတ် ပြန်လည်ပြောပြလိုက်လေသည်။ အဖိုးအိုသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်ပြီးနောက် မိမိသည် တစ်ချိန်က ဒီခြံတွင် စောင့်သော တံခါးစောင့် ဖြစ်ကြောင်းနှင့် အိမ်ရှင် ရဲမင်းကြီးတို့ ဇာတ်လမ်းအား ပြန်ပြောင်းပြောပြလေသည်။
'' အခုတော့ အဘက မြို့လယ်မှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားပါတယ် ဦးမွတ်တား ဆိုင်ဆိုရင် လူလေးသိမှာပေါ့ နောက်ကြုံရင် ဝင်ခဲ့ပေါ့ကွယ် လက်ဖက်ရည်နဲ့ ဧည့်ခံရင်း လူကလေး မသိသေးတဲ့ ဇာတ်ကြောင်းလေးတွေ ပြန်ပြောင်းပြောပြချင်ပါသေးတယ်''
'' ဟုတ်ကဲ့ အဘ ကျွန်တော် သိပါတယ် နောက် လမ်းကြုံရင် ဝင်လာပါ့မယ်ခင်ဗျ''
'' အေး..လူလေး ရေစက်ရှိလို့ လူလေးနဲ့ ဆုံရတယ်မှတ်ပါကွယ်
အဘလည်း လမ်းလျှောက်ထွက်လာရင်း ဒီနားရောက်လာတော့ သခင်ကြီးတို့ မိသားစု အကြောင်းတွေးနေရင်း အမြင်မတော်တာလေးတွေ ရှင်းပေးနေတာ''
'' ဟုတ်ကဲ့ ခင်ဗျ ကဲ အဘရေ ကျွန်တော်လည်း ပြန်ချီအုံးမယ်ဗျ နောက်ရက်များကျမှ ဆုံကျရင်း ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ကြားချင်ပါသေးတယ် ခင်ဗျ''
'' ပြောပြရသေးတာပေါ့ မောင်ရယ် ကဲ သွားပေးအုံးတော့'' ဟုဆိုကာ လမ်းခွဲကျလေသည်။ ကိုဝင်းနိုင်လည်း မိမိ၏ ထူးဆန်းသော မိမိ အဖြစ်ကို တွေးမိရင်း အိတ်ထောင်အတွင်း အမြဲဆောင်လာလေ့ရှိသော ရှေ့ခေတ်သုံး ငွေဒင်္ဂါလေးကို ထုတ်ကာ အပြန်ပြန်အလှန်လှန် ကြည့်နေမိတော့သည်။ ထို ဒင်္ဂါးပေါ်တွင်ကား ဂျော့ဘုရင်၏ ပုံနှင့် ၁၉၄၀ဟု ရိုက်နှိပ်ထားလေတော့ သတည်း။
ပြီးပါပြီ။
အားလုံးကို ကျေးဇူးတင်လျှက်...
@suhlaing
msc 175
အဆက်ကြီးနဲ့ထားခဲ့တယ်ကွယ် ☺
ဇာတ်သိမ်းပါပြီရှင့်
ရေစက်ရှိလို့ ဆုံရတာလေး အဆက်ရေးတင်ရင် ....
ဆက်ရန်တော့ နောက်များကြုံမှပေါ့လေ
ကောင်းပါတယ် ရေးသားဟန်တွေက စာရေးဆရာတွေမှမဟုပ်တာ
အားလုံးကိုယ်ပိုင်ဟန်အစစ်တွေမို့ ဘယ်လိုဖြစ်ဖြစ် ဖတ်လို့ကောင်းတယ်
ဒီလိုနဲ့ တရွှေ့ရွှေ့ကြိုးစားသွားရမှာပါဘဲ
ဖတ်လို့တောင်ဝသေးဘူး ဇာတ်ကသိမ်းသွားပြန်ပီ
ရေးကွက် ရှိသေးပေမဲ့ ဖျက်ချထားလိုက်ပြီအေ နောက်တစ်ပုဒ်ရေးတော့မယ်
ချိတက်လာအားပေးနာ ခိခိ
အဲ့ ငမူးတောင် နေနိုင်တော့ဘူး အလည်လာသွားတယ်
ဇာတ်သိမ်းရောက်သွားပြီ...ဖတ်ချင်သေးတယ်...ဒီလိုဇာတ်လမ်းမျိုးကိုသဘောကျတယ်....
နောက်ဇာတ်လမ်းလေးတွေလည်း အားပေးပါအုံးနော်
စတစ်ကာ သူဌေး
ကျွန်တော်လဲ နှင်းဆီပန်းတွေ အများကြီးဝယ်ပြီး အဲ့ဒီအိမ်ရှေ့ သွားပို့ချင်မိပါသေးသည် ။အဲ့ အခါကျ မတ်မတ်စု လိုက်ကူပါနော် ။
လိုက်တော့ပို့ပေးမယ် အိမ်ရှေ့ရောက်ရင်တော့ ပြေးပြီလေ ဒိုမီ
လိုက်ပို့လိုက်ပါ မစုရယ်။ အရင်ဆုံး ဒိုမီ နှင်းဆီ ဝယ်ပါစေဦး
😂😂😂
အဲ့အိမ်သွားမယ်ဆိုရင် အဆင်သင့်ကို ဝယ်ပေးလိုက်အုံးမယ် ကိုဒွန်ရေ
Congratulations @suhlaing! You have completed the following achievement on Steemit and have been rewarded with new badge(s) :
You published a post every day of the week
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
thanks
မတ်စုရေးသွားတာ သရဲဝတ္ထုရေးတဲ့ တာတေတို့ ထက်တောင်သာတယ် ရေးဟန်က တြိစက္ကတို့ လို စာရေးဆရာ ဟန်မျိုး ဆွဲဆောင်မှု အပြည့်ပဲခွယ်
အယ်လယ့် အားပေးကြမ်းတယ် ဦးဇင်း