နှင်းဆီ သွေးစက် ( ၄ )

in #myanmar6 years ago (edited)

https://steemit.com/myanmar/@suhlaing/wngsaundefinedthysk-1

https://steemit.com/myanmar/@suhlaing/wngsai-ethysk-2

https://steemit.com/myanmar/@suhlaing/wngsai-ethysk-3

သချိင်္င်းတစ်ခုလုံးသည် တိတ်ဆိတ်နေကာ သစ်ရွက်ခြောက်တို့ ကြွေကျသံသည်ပင် စိတ်ခြောက်ခြားစရာ ကောင်းလှပေသည်။ မင်းကြီး သမီးအုတ်ဂူလေး နဘေးတွင် ပေါင်းမြတ်များ ထစပြုလာကာ အပြာနုရောင်သုတ်ထားသော ဆေးတို့သည်လည်း ထိုနေရာတွင် ကွာစပြုလာပါသည်။ အုတ်ဂူပတ်ပတ်လည်တွင် စိုက်ပျိုးထားသော နှင်းဆီပင်တို့သည်လည်း ညိုးခြောက်နေပေပြီ။ အုတ်ဂူကို သံတိုင်များဖြင့် ကာရံထားကာ အဝင်အထွက်တံခါးသည် ပွင့်ဟလျှက်။ မင်းကြီးကတော်သည် အုတ်ဂူနှင့် ဂူပတ်ဝန်းကျင်ကို သေချာစွာကြည့်ရှု့ကာ အလိုမကျဟန်ဖြင့် နှုတ်မှလည်း မြည်တွန်နေလေ၏။

'' အသုံးမကျတဲ့ ပန်းရံဆရာတွေ ပိုက်ဆံတော့ အလကားယူကျတယ် တန်ရာတန်းကြေးထက်ပိုပေးထားတာတောင် ကောင်းကောင်းမလုပ်ကျဘူး သမီးလေးဆုံးတာ အခုမှ ၁လဘဲ ရှိသေးတယ် အုတ်ဂူက အလည်ကနေကွဲနေပြီ ဆေးတွေကလည်း ကွာလို့ '' မင်းကြီးကတော်သည် ပြောလည်းပြော ကားဒရိုင်ဘာအား သချိင်္ုင်းစောင့်ကို ခေါ်စေပြီး မြတ်ရှင်းရန်နှင့် နှင်းဆီပန်းများ ထပ်စိုက်ရန် ငွေစများ ပေးကာ ပြန်ခဲ့လေတော့သည်။ မင်းကြီးကတော်သည် အိမ်သို့တန်းမပြန်ဘဲ မင်းကြီး ရုံးစိုက်ရာ ဗိုလ်တဲသို့ လာခဲ့ပြီး အုတ်ဂူအက်ကြောင်းထနေသည်ကို ပြောပြနေလေသည်။ မင်းကြီးလည်း အကောင်းဆုံး ပန်းရံဆရာများကို ထပ်မံစေလွှတ်ကာ အုတ်ဂူ အဟောင်းပေါ်မှ ထပ်၍ငုံကာ ဂူအသစ်ထပ်တည်စေသည်။ သို့သော် မင်းကြီး သမီး အုတ်ဂူသည် အက်ကြောင်းထမြဲထလျှက်ပင်။

e0d5d4f49a7996121b9188b21234d8d3.jpg
credit image source

များမကြာသော အချိန်ကာလတွင် မင်းကြီးသည် ရန်ကုန်သို့ ပြောင်းမိန့်ကျလာကာ ပြန်လည်ပြောင်းရွှေ့သွားတော့သည်။ နောက်ရောက်လာသော မင်းကြီးမိသားစုမှ ဆက်လက်နေထိုင်ကျသော်လည်း နေထိုင်ပြီး ၁ပတ်ခန့် အကြာတွင် ဗိုလ်တဲ အနီး၌ နေအိမ် အသစ်စီစဉ်ပေးရလေတော့သည်။ နောက်တစ်ဆက် လာသော မင်းကြီးသည်လည်း တစ်ကိုယ်ရည်သမားဖြစ်စေကာမူ တစ်ရက်ခန့်သာ နေထိုင်ပြီး ရုံးဝင်းအတွင်း၌ပင် အိမ်ခန်း စီစဉ်ပေးရလေသည်။ ထို့နောက်တွင်တော့ ထိုအိမ်ကြီးကို ဆက်လက်နေထိုင်ခွင့် မပေးတော့ဘဲ ချိတ်ပိတ်လိုက်လေတော့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာသောအခါ ထို အိမ်ကြီးကို တမျိုးတစ်ဖုံ အသူံးပြုရန်စီစဉ်ခဲ့ကျသော်လည်း မအောင်မြင်ခဲ့ပေ။ သို့နှင့် ထို အိမ်ကြီးသည်...

၂၀၀၅ခုနှစ် ဒီဇင်ဘာလ ...

မောင်ဝင်းနိုင်သည် ရိုးသားကြိုးစားသော လူငယ်ကလေးဖြစ်ပြီး မိဘနှစ်ပါးအား ပန်းစိုက်ခြင်း အလုပ်ဖြင့် လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ပါသည်။ သူသည် ဗန်းမော်မြို့နှင့် ၃မိုင် ခန့်ဝေးသော မြို့ပြင်နေရာလေးတွင် နေထိုင်ကာ သူ့ခြံမှ ထွက်သည့် နှင်းဆီပန်းများကိုဗန်းမော်ဈေးတွင် ဖောက်သည်ပေးပါသည်။ နံနက်ခင်း ၆နာရီခန့်တွင် ဈေးသို့ သွားကာ ဖောက်သည်ချသည်။ မနေ့က ပေးထားသော ပန်းဖိုးများကို ကောက်ကာ ဟင်းများဝယ်ခြမ်းကာ ပြန်လာလေ့ရှိပါသည်။ ထိုနေ့က မောင်ဝင်းနိုင်သည် ဖောက်သည် အမျိုးသမီးကြီးမှ ပန်းစောစောမှာထားသဖြင့် မနက်အစော ၄နာရီခန့်တွင် ပန်းစည်းကြီးကို စက်ဘီးအနောက် ကယ်ရီယာတွင်တင်ကာ ထွက်လာခဲ့လေသည်။ နံနက်ခင်းအစော ဖြစ်ပေမဲ့ ပတ်ဝန်းကျင်သည် လင်းကျင်းနေပါသည်။ လဆုတ်ရက် ဖြစ်သောကြောင့် လရောင်သည် နံနက်ခင်းပိုင်းတွင် အလင်းပိုရနေပါသည်။ ယောက်ျားသားဖြစ်သောကြောင့် ကြောက်စိတ်လည်း မရှိရကား စက်ဘီးလေးကို ဖြည်းဖြည်းမှန်မှန်နင်းလာခဲ့လေသည်။

d72faee8cede360750f6b7e30d6adf00.jpg
credit image source

ဇာတ်သိမ်းပိုင်း မျှော်....

@suhlaing
msc 175

Sort:  

အရမ်းကောင်းပါသည်....

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်

ကောင်းပါသည်မျှော်နေပါသည်

ဟုတ်ကဲ့ ဇာတ်သိမ်းတော့မယ် အမ

မောင်ဝင်းနိုင် နှင်းဆီပန်းစည်းကြီးနဲ့ စိတ်ဝင်စားလာပြီးနော်

အခုမှ စိတ်ဝင်စားသလား ဦးထွေးရေ ဇာတ်တောင်သိမ်းတော့မယ်

ဩ ဖြစ်ရပ်ကို စိတ်ကူးရေးဖွဲ့ထားသကိုး တော်ပါပေ့ကွယ်

ဖြစ်ရပ်မှန်ကို အခြေခံပါတယ်ရှင်

ရင်ခုန်စိတ်လုပ်ရှားဖို့တော့ ကောင်းနေပြီဗျ ....

ဟုတ်ကဲ့ အခုဆိုရင် ကျနော်တို့ မြန်မာအသင်းဟာ ခြေပဂိုးရရှိရေးအတွက် အကြိတ်အနယ် ထိုးစစ်ဆင်နေတာဟာဖြင့် ရင်ခုန်စိတ်လှုပ်ရှား အယ်လေ ဘောပွဲနဲ့ မှားသွားတယ်

အော် ဖတ်ကောင်းနေမှ မျော်ဆိုပါလား

လာတော့မှာပါအေ 3day agoဖြစ်သွားမစိုးလို့ စောင့်နေတာ တင်မှာ

ဖတ်​​ကောင်းလိုက်​တာမမစုရယ်​။တကယ့်​pro စာ​ရေးဆရာပဲ။

proလေး အားကိုးရတာ မအိရေ

အပေါ်က သုံးခုကြောက်လို့  မဖတ်ရသေးဘူး ဂရုထဲမှာ စကားစကတည်းက ကြက်သီးထမိနေတာ ခုလလည်းပုံကြည့်ပြီး ဖတ်ရဲသေးဘူး ဘွီးက သရဲကြေညက်တတ်တယ်

ဘုန်းကြီးကျောင်းတွေမှာ သရဲခြောက်တယ်ဆိုလား ဦးဇင်း

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

စိတ်​ကူးယဉ်​သာဆိုတယ်​...တကယ့်​ဖြစ်​ရပ်​မှန်​ဖတ်​ရသလို...

ဖြစ်ရပ်မှန်က ဇာတ်ကွက်နည်းနည်းပါတယ် ညီမ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63071.06
ETH 3121.31
USDT 1.00
SBD 3.84