နှင်း၏ စေညွှန်ရာ ( ၆ )
ဆရာပိုင်သည်ပြောပြောဆိုဆို ထိုင်ရာမှထကာ ကျွန်တော်နှင့် သားစိုးကို လိုက်ခဲ့ရန် အချက်ပြလေသည်။ ဆရာရန်က
'' သတိတော့ထားသွားပါ ဆရာပိုင် သိပ်ဝေးဝေးလည်း မသွားပါနဲ့''
'' ကောင်းပါပြီ ဆရာရန် ကဲ သားတို့ လိုမယ်ထင်တာတဲ့ ပစ္စည်းလေးတွေ ယူခဲ့ကျ''
ကျွန်တော် ဆရာပိုင်နှင့် သားစိုးတို့သည် ဂူအပြင်သို့ သတိကြီးစွာဖြင့် ထွက်ခဲ့လေသည်။ ဂူပတ်လည်တွင် ကျောက်ဆောင်ကြီးများနှင့် ထင်းရှုးတောအုပ်ကို မြင်ရသော်လည်း အရာအားလုံးသည် ဖွေးဖွေးဖြူလျှက်သာ။ ဆရာပိုင်သည် အပြန်လမ်းဟု ယူဆရသော နေရာကို မှန်းဆကာ လျှောက်လာလေသည်။ ကျွန်တော်သည်လည်း ဂူပတ်ဝန်းကျင်ကို ကောင်းစွာမှတ်သားကာ အရပ်မျက်နှာများသို့လည်း မျှော်ကြည့်မိလေသည်။ သို့သော် ကျွန်တော်တို့ ဘယ်ဘက်က လာခဲ့မှန်း မခန့်မှန်းတက်အောင် ဖြစ်နေလေသည်။
ဆရာပိုင်နှင့် ကျွန်တော်တို့သည် ကျောက်ဂူ၏ အနောက်ဘက်သို့ပတ်ကာ ထင်းရှုးတော ရှိရာ ကျောက်ကမ်းပါးထိပ်ဆီသို့ ကြိုးစားတက်ခဲ့ကျလေသည်။ ရာသီဥတုကောင်းလျှင် သည်လောက်အမြင့်ပေကို ခဏအတွင်းတက်နိုင်မည် ဖြစ်သော်လည်း နှင်းခဲများကြောင့် တက်ရသည့် ခရီးသည် အဆင်ပြေခြင်းမရှိလှပေ။ တောင်ထိပ်သို့ ရောက်ခါနီးတွင် သားစိုးသည် ခြေလျှော်ကာ ပြုတ်ကျမလိုဖြစ်သေးသော်လည်း ကျွန်တော်တို့ သုံးယောက်သည် တွဲချည်ထားသောကြောင့် အထိအခိုက်မရှိခဲ့ပေ။ ထိပ်သို့ရောက်သည်နှင့် အေးခဲသော လေများ အဆက်မပျက်တိုက်ခတ်လာလေသည်။ ရာသီဥတုသည် ချက်ချင်းပြောင်းလဲလာပြန်ပါပြီ။ ကျွန်တော်တို့ သုံးယောက်သည် တောင်ထိပ်မှ အမြန် ပြန်ဆင်းကာ ဂူအတွင်းသို့ ပြေးဝင်ခဲ့ကျလေသည်။ ငါးမိနစ်ပင် မကြာဘဲ လေပြင်းများပြန်လည် တိုက်ခတ်လာကာ အပြင်လောကကြီးတစ်ခုလုံးသည် နှင်းခဲများမဆက်မပျက်ကျဆင်းလာပြန်လေသည်။
ဆရာရန်သည် စိုးရိမ်တစ်ကြီးလေသံဖြင့်
'' စိတ်ပူလိုက်တာဗျာ တော်သေးတာပေါ့ လက်မတင်ကလေး''
'' ကျွန်တော်တို့ လမ်းပျောက်နေပြီ ဆရာရန်''
ဆက်ရန်...
@suhlaing
msc 175
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
thanks
သဲထိတ်ရင်ဖို တွေ အရမ်းကြိုက် မမစု😄
Posted using Partiko Android
ကျမလည်း ကြိုက်တယ် မိန်းကလေးပေမဲ့
စိတ်လှုပ်ရှားစရာတော့ ကောင်းနေပြီဗျို့
အမှန်ပါဘဲ ဘထွေးရေ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်အားပေးပါအုံးလို့
ချချ မတ်မတ်စု လုံးခြင်းထုပ်ကြမယ်
တွေးနေတာ mscတွေ ပေါင်းပြီး စာအုပ်ထုတ်မလို့
နှင်းမုန်တိုင်းကရုတ်တရက်ရွာချတတ်တာပေါ့နော့....စားစရာလည်းကုန်ခါနီး၊လမ်းလည်းပျောက်နေ၊နှင်းခဲတွေကအဆက်မပြတ်ရွာချ....ဘယ်လိုရှေ့ဆက်ကြမလဲ?...စိတ်ဝင်တစားဖတ်ဖို့မျော်နေပါတယ်....
Posted using Partiko Android
နှင်းမုန်တိုင်းကရုတ်တရက်ရွာချတတ်တာပေါ့နော့....စားစရာလည်းကုန်ခါနီး၊လမ်းလည်းပျောက်နေ၊နှင်းခဲတွေကအဆက်မပြတ်ရွာချ....ဘယ်လိုရှေ့ဆက်ကြမလဲ?...စိတ်ဝင်တစားဖတ်ဖို့မျော်နေပါတယ်....
Posted using Partiko Android