သစ္စာမဲ့သူ ကျမ ဖြစ်စေသား ( ဇာတ်သိမ်း )

in #myanmar6 years ago (edited)

သည်လိုနှင့် ကျောင်းတွေ ပြန်ဖွင့်ချိန်ပြန်ရောက်ခဲ့လေပြီ။ မှတ်မှတ်ရရ ကျောင်းစတက်သောရက်တွင် စံပယ် ကျမကို ကျောင်းလိုက်ပို့ပါသည်။ ကျောင်းရှေ့တွင် မောင်နှင့် ဆုံကျပြီး စံပယ်ပါ ကျမတို့ ကျောင်း ကင်တင်းလို့ လိုက်လာကာ အတူတူထိုင်ဖြစ်ကျသည်။ ထို အချိန်ကတည်းက မောင်နှင့် စံပယ်ကို သေချာစောင့်ကြည့်ခဲ့မိလျှင် ကျမ ဒီလောက်ခံစားရမည် မဟုတ်ပါ။ ကြိုတင်ပြင်ဆင်နိုင်ကောင်း ပြင်ဆင်နိုင်ပါလိမ့်မည်။ နောက်နေ့တွင် စံပယ်သည် ကျမ အိမ်သို့ ရောက်လာကာ ကားပျက်နေသဖြင့် မောင့်ကားနှင့် လိုက်မည် ဖြစ်ကြောင်း ပြောသောအခါ ကျမ အံ့သြသင့်ခဲ့ရသော်လည်း နုံအသော ကျမသည် ချစ်သူနှင့် သူငယ်ချင်းကို အဆင်ပြေစေချင်သည့် ဆန္ဒဖြင့် ပျော်ရွှင်နေခဲ့ပ့သည်။ နောက်ရက်များတွင်လည်း စံပယ်ရယ် ကျမရယ် မောင်ရယ် ကျောင်းအတူသွား အတူပြန်နှင့် နေ့ရက်အချို့ကို ဖြတ်သန်းခဲ့ကျပါသည်။

မောင်က အစပိုင်းတွင် စံပယ့်ကို အရင်ပို့ပြီးမှ ကျမတို့ ၂ယောက်အတူတူကျောင်းသို့ သွားခဲ့ကျသော်လည်း နောက်ပိုင်းတွင် ကိစ္စတစ်ချို့ကို အကြောင်းပြုကာ ကျမကို အရင် ကျောင်းပို့ပြီးနောက် စံပယ်ကို နောက်မှပို့ပါသည်။ မောင်တို့ ၂ယောက်အတူတူထွက်သွားတာ မြင်လျှင် ဝေဒနာအချို့ ကျမရင်ကို ဖြတ်သွားသော်လည်း သံသရတော့ မရှိခဲ့ပါ။ သူငယ်ချင်းများက တိုးတိုးတိတ်တိတ်သတိပေးကျသော်လည်း ကျမကပင် ကာဆီးပြောဆိုခဲ့ပါသည်။ အချစ်ဆုံး သူငယ်ချင်းနှင့် အချစ်ရဆုံး ချစ်သူတို့၏ ကိုယ်ကျင့်တရားကို ကျမ ယုံကြည်သည်လေ။ နောက်ပိုင်းတွင် မောင်သည် အတန်းချိန်များပင် ပျက်လာကာ ကျမ ဖုန်းဆက်လျှင်ပင် ဖုန်းမကိုင်ပါ။ ထို့အတွက် ဆင်ခြေများသည် မောင့်ထံတွင် အဆင်သင့်ရှိနေပါသည်။

FB_IMG_1535504119618.jpg
[credit image source facebook]

တနေ့တွင် ဇွန်ဇွန့်အကိုထံမှ သတင်းတစ်ခု အတိအကျရပါသည်။ ဇွန့် သူငယ်ချင်းကို သတိပေးလိုက်အုံးဟု ပြောကာ ဇွန်ဇွန်က ဖြစ်ကြောင်းကုန်စင် ပြောပြပါသည်။

'' နေနေ ပြောရမှာ စိတ်တော့ မကောင်းဘူးဟာ ကိုလတ်က ပြောလို့ ငါလည်း ကြားကြားခြင်း ယုံတောင်မယုံဘူး ဒါပေမဲ့သေချာအောင်တော့ နင် စုံစမ်းကြည့်သင့်တယ်ဟာ''

'' ပြောမှာသာ ပြောပါ ဇွန်ရယ် ယုံသင့်မယုံသင့် ငါ ဆုံးဖြတ်ပါမယ်''
ဇွန်ဇွန်က တွေးဆဟန်လေးဖြင့်

'' ဟိုနေ့က ကိုလတ်တို့ RC 2ဘက် ရောက်တယ် အဲ့မှာ စံပယ်နဲ့ မောင်မောင် လက်တွဲပြီး မျက်နှာချင်းဆိုင် တွဲလာကျတာ မြင်တယ် ကိုလတ်ကို တွေ့တော့ မောင်မောင်က မျက်နှာလွှဲသွားတယ်ဆိုဘဲဟ''

'' ငါ မယုံနိုင်ဘူး ဇွန်ဇွန်''

'' ယုံတာ မယုံတာထက် သေချာအောင် နင် စုံစမ်းသင့်ပြီ နေနေ
ဒီကျောင်းမှာလည်း နင်နဲ့ မောင်မောင်ကို ယူတော့မယ်တောင် ပြောနေကျတာ နင့် သိက္ခာအတွက် တစ်ခုခုတော့ လုပ်ရမယ်လို့ ငါတော့ ထင်တယ်ဟာ''

နှင်းနှင်းကလည်း နေနေ့ မျက်နှာ ခပ်နွမ်းနွမ်းလေးကို ကြည့်ကာ

'' အားမငယ်ပါနဲ့ နေနေရယ် စိတ်မကောင်းလည်း အရမ်းမဖြစ်နဲ့ ငါတို့အားလုံး နင့် ဘက်ကရှိနေတယ်''

ကျမလည်း ဝေ့တက်လာသော မျက်ရည်စကို သိမ်းရင်း

'' အဖြေတစ်ခုတော့ ငါ ရအောင် ရှာမှာပါဟာ ကိုလတ်ကို အခြေအနေ စောင့်ကြည့်ပေးဖို့ အကူအညီတောင်းချင်တယ် ဇွန်ရယ် ငါ့ကို အဲ့ဒါလေးတော့ ကူညီပါ''

သို့နှင့် ကိုလတ်သည် မောင်မောင်နှင့် စံပယ်တို့၏ အခြေအနေကို RC 2မှ သူငယ်ချင်းများ၏ အကူအညီဖြင့် စုံစမ်းပေးခဲ့ရာ ချစ်သူများဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ ထိုနေ့သည် ကျမ နှလုံးသားတစ်ခုလုံး ဆွဲစုတ်ခံလိုက်ရသော နေ့ဖြစ်ပါသည်။ ချစ်သူကို ဆုံးရှုံး၍ ခံစားရခြင်းထက် ယုံကြည်မှုကို ဆုံးရှုံးလိုက်ရသော ခံစားချက်သည် ပိုမိုပြင်းထန်ကာ ကျမ ၏ နှလုံးသားအိမ်သည် ဒဏ်ရာများနှင့် ပြည့်နှက်နေခဲ့ပါသည်။

မောင်နှင့် အပြီးသတ်ရှင်းလင်းရန် ကျမသည် မောင့်ကို အင်းလျားကန်ဘောင်သို့ ချိန်းဆိုလိုက်တော့ မောင် ရောက်လာပါသည်။ ကျမ ချစ်ခဲ့သော မောင်နှင့် ယခု မောင်သည် ဆန့်ကျင်ဘက် လူနှစ်ယောက်လို ကျမ စိတ်ထဲ ခံစားလိုက်ရပါသည်။ ကျလုလုမျက်ရည်စကို မောင် မမြင်စေရန် ဖုံးကွယ်ဖို့ ကြိုးစားရင်း

'' စံပယ်နဲ့ မောင့် ကိစ္စကို လူတွေ ပြောနေကျတာ အမှန်ဘဲလား မောင်''
မောင့် နှုတ်ခမ်းမှ မဟုတ်ဘူးဆိုသည့် အဖြေကို မျှော်လင့်ခဲ့ပေမဲ့

'' ဟုတ်တယ် နေ...မောင် နဲ့ စံပယ် ချစ်သူတွေ ဖြစ်သွားကျပြီ''

မောင့်ရဲ့ အဖြေအဆုံးမှာ ကျမသည် မောင့်ပါးကို ရိုက်ချလိုက်ချင်ပေမဲ့ ဆွံ့အသွားသူ တစ်ယောက်လို ကျမ ရပ်နေမိပါသည်။ မျက်ဝန်းအိမ်မှ စီးကျလာသော ကျမရဲ့ မျက်ရည်စများ မောင်က ခပ်တွေတွေလေး စိုက်ကြည့်နေခဲ့ပါသည်။ ပြီးမှ ကြေကွဲသော အသံဖြင့်

'' မောင့်ကို ခွင့်လွှတ်ပါ နေ..''
ထို စကားကို ပြောပြီး မောင်သည် ကျမ ရှေ့မှ လှည့်ထွက်သွားခဲ့ပါသည်။ မောင့် ကျောပြင်သည် ကျမ မြင်ကွင်းမှ ဝေး၍ ဝေး၍

FB_IMG_1535504131053.jpg
credit image facebook source

ထို့နောက်ပိုင်းတွင် မတော့ ကျမသည် ဆွေမျိးများရှိတာ မန္တလေး တက္ကသိုလ်သို့ ကျောင်းပြောင်းရွှေ့လာခဲ့ပြီး ရင်ထဲက ဝေဒနာများကို အတက်နိုင်ဆုံး မေ့ဖျောက်ပစ်ခဲ့ပါသည်။ မဟာတန်းအောင်မြင်၍ Ph.Dကို ဂျပန်တွင် ယူကာ တက္ကသိုလ် ဆရာမတစ်ယောက် ဖြစ်ခဲ့ပြီး ယခုဆိုလျှင် အသက် ၄၀ကျော်ခဲ့ပေပြီ။ ဆုတောင်းသည့်အတိုင်းပင် ဘဝတွင် ကျမ အမုန်းဆုံး သစ္စာမဲ့သူ ၂ဦးကို ထပ်မမြင်ရတော့ပါ။ ကျမ ဂျပန်က ပြန်လာကာစလောက်ကတော့ သူတို့၂ဦး လက်ထပ်လိုက်ကျသည်ဟု ကြားမိသော်လည်း နောက်ပိုင်းတွင် ကျမသည်လည်း နယ်တကာပြောင်းရွှေ့တာဝန်ထမ်းဆောင်နေရသူဖြစ်သောကြောင့် ရန်ကုန်မြေကို ခြေမချဖြစ်တော့ပါ။ သို့ပေမဲ့ တိုက်ဆိုင်မှု ရှိခဲ့လျှင်တော့ ယခုကဲ့သို့ ရင်ထဲတွင် နာနာကျင်ကျင် ခံစားနေရတုန်းဆိုတာကိုတော့ဖြင့် ကျမ မငြင်းနိုင်ပါ။ သစ္စာမဲ့သူ ၂ယောက်ကတော့ဖြင့် ပျော်ရွှင်စွာပေါင်းသင်းနေထိုင်ကျရပြီး သစ္စာတရားကို တန်ဖိုးထားသူ ကျမကတော့ဖြင့် တသက်လုံး နာနာကျဉ်းကျဉ်း ခံစားနေရသည်မှာ ထိုက်တန်ပါသလားဟု ကျမ အကြိမ်ကြိမ် တွေးတောမိပါသည်။ ထို့ကြောင့် ဆုတစ်ခုတော့ဖြင့် ထပ်တောင်းချင်ပါသေးသည်။ နောင်ဘဝများရှိခဲ့လျှင် သစ္စာမဲ့သူသည် ကျမသာလျှင် ဖြစ်ချင်စမ်းပါဘိဟု...

@ suhlaing
msc 175

Sort:  

man well be man

သစ္စာမဲ့သူ ကျွန်​​တော်​သာဖြစ်​ပါ​စေ​တော့
ခုက သစ္စာဆိုတာ ကတိဆိုတာ အလကားဖြစ်​ကုန်​ပီ မစု​ရေ😔

ဒီအခန်းဆက်​၀တ္ထုဇာတ်​သိမ်း​ပိုင်းမှဖတ်​ရတယ်​...​​ရှေ.အပိုင်း​တွေလာဖတ်​ပါ့မယ်​....

ကျေးဇူးပါ ညီမရေ အားရင် အလယ်လာခဲ့ပါနော်

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

စံပယ်ရယ် သူငယ်ချင်းတွေမို့ ... ဒီလိုသာ တစ်သက်လုံး နေမလို့... ခိုင်မာစွာ ဆုံးဖြတ်ခဲ့ပါသည်...
မခိုင် ရဲ့ သီချင်းလေး ဆိုညည်းမိပါ၏

နောက်ခံကျောရိုးယူထားပါတယ် သေခန်းပျက်ဘဲ သူငယ်ချင်း

အချစ်ဆိုတာ ယိမ်းယိုင်လွယ်တယ် အရာရာနဲ့ အလွယ်တစ်ကူပူးပေါင်းတတ်တယ်

အချစ်စစ်စစ်တို့မည်သည် မည်သို့ပင်တိုက်စားစေကာမူ ခိုင်ခံ့မြဲမြံလှပေသည်

ပါးချတာ နှစ်ခုနာမှာပေါ့ လက်ရော နှလုံးသားရော ကွယ်

တကယ်က အဲ့လိုရိုက်လိုက်ရငါတောင် ဝေတနာတွေသက်သာသွားလောက်တယ် ဘာမှ မလုပ်နိုင်လောက်အောင် ခံစားချက်ပြင်းထန်သွားတာမို့ တသက်လုံး နာကျင်နေရတာ

ဆန်းကြယ်သောအချစ်

အချစ်ဆိုတာ ဆန်းကြယ်ပါတယ်

တစ်​ခါတစ်​​လေကြလည်း ကံတရားက ဆန်းကြယ်​လွန်းတယ်​ သစ္စာရှိတဲ့လူမှ ခံစား နာကြည်းမှု​တွေ​ပေးရက်​တယ်

ဒါကြောင့်ဆုတောင်းဖြစ်တာ နေမယ်

"သစ္စာမဲ့သူ ကျမဖြစ်စေသား" ခေါင်းစဉ်ပေးတာ သိပ်လှတယ်။

ဇာတ်လမ်းကတော့ ကြေကွဲစရာမို့ မလှပဘူး ထင်ပါတယ်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64534.17
ETH 3150.15
USDT 1.00
SBD 4.01