သစ္စာမဲ့သူ ကျမ ဖြစ်စေသား...( ၃ )

in #myanmar6 years ago

မောင်နှင့် ကျမ ချစ်သူတွေ ဖြစ်သွားတော့ ကျမတို့ အဖွဲ့လေး ပို၍ စိုစိုပြေပြေဖြစ်လာသည်။ သွားအတူ စားအတူနှင့် အပျော်ကြီးပျော်ခဲ့ကျပါသည်။ မောင်သည် အင်မတန် ကြင်နာတက်ကာ ချစ်သူအပေါ်အလိုက်သိလွန်းလှသည်။ အရိပ်ကလေးပမာ ကျမ သွားရာ တစ်ကောက်ကောက်ပါနေတက်သည်။ မောင့် ဘက်က လူကြီးတွေ မသိသေးပေမဲ့ ကျမ အိမ်ဘက်တော့ အဝင်အထွက်လုပ်နေပြီ။ ကျမ မိဘများကလည်း သဘောတူကြည်ဖြူ ကျပါသည်။ မောင်သည် ရည်မွန်သော လူငယ်လေး ဖြစ်ကာ ဆောက်လုပ်ရေး အရာရှိကြီးတစ်ဦး၏ သားလည်းဖြစ်သည်။ ထို့ကြောင့် သမီးရှင်ဘက်က ငြင်းစရာမရှိပါ။

မောင့် မိဘများနှင့် တွေ့ဖို့ကျတော့ မောင်က အချိန်ဆွဲထားသည်။ လောလောဆယ်တွင် မောင့် ဖခင်သည် နယ်ဘက်၌ တာဝန်ကနေသဖြင့် မောင့်မေမေပါ လိုက်သွားကြောင်း အဒေါ်တွေ အဖွားတွေသာ အိမ်တွင်ရှိကြောင်း မိဘများ စုံလင်မှသာ မိတ်ဆက်ပေးမည် ဖြစ်ကြောင်း ပြောပြလေသည်။ ကျမ အတွက်တော့ ဒါတွေကလည်း သိပ်တော့ အရေးမကြီးပါ။ မောင့်ကို ချစ်နေရလျှင် နေ့စဉ်နှင့်အမျှ မောင် အနားရှိနေလျှင် ပြည့်စုံပါပြီ။ မောင်နှင့် ဘုရားတွေ ဖူးကျသည်။ မောင်နှင့် ကျောင်းဝင်းအတွင်းရှိ ကံ့ကော်ပင်အောက် စိန်ပန်းပင်အောက်က ထိုင်ခုံပြာ စသည်တို့တွင် ခြေချင်းထပ်ခဲ့ပြီ။ တခါတလေ ကျမ အိမ်တွင် စာတွေ စုကျက်ကျသည်။

IMG_20180815_065837.png
credit image source

ကျမနှင့် မောင် ချစ်သူတွေ ဖြစ်သွားကျသည်ကို မကျေနပ်သော သူကတော့ စံပယ်ဖြစ်ပါသည်။ မောင်ကို အဖြေပေးမည့်ရက်က စံပယ်ကို တိုင်ပင်ဖို့ ကျမ ကြိုးစားခဲ့သေးသည်။ ကျောင်းစာများမှ အပ မည်သည့် အရာမှ စိတ်ဝင်စားဟန်မပြသာ စံပယ်သည် ကျမနှင့် မောင့် အကြောင်းကိုလည်း အေးစက်စက်ဖြင့် နားထောင်နေသည်။ နောက်တော့မှ သူ့ကို ချစ်ရင် နင်ငါ့ကို အချစ်လျော့ပြီပေါ့လို့ တစ်ခွန်းတည်း ပြောပါသည်။ ကျမလည်း ချစ်သူငယ်ချင်းလေးကို ထွေးပွေ့ထားရင်း

'' စံပယ်ရယ် နင်က ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းလေဟာ သူ့ကို ချစ်တာနဲ့ နင့်ကို အချစ်လျော့စရာလား အချစ်ချင်းမှ မတူတာဘဲ စံပယ်ရယ်''

စံပယ်သည် သိပ်တော့မျက်နှာမကောင်းလှပါ။ ဘာမှ ထပ်မပြောတော့ဘဲ တိတ်ဆိတ်သွားခဲ့ပါသည်။ နောက်တော့ စံပယ်နှင့် ကျမ အလှမ်းနည်းနည်းဝေးလာခဲ့သည်။ မောင်သည် ကျမ အိမ်အထိ ကားလေးဖြင့် လာကြိုရာ မောင့်ကားနှင့်ပင် ကျောင်းတက် ကျောင်းဆင်း လုပ်ဖြစ်တော့သည်။ မောင်သည် ကျမ သူငယ်ချင်းများကိုလည်း တစ်ပါတည်း ဝင်ကြိုပေးပြီး မနက်ခင်းစာကို အတူတကွ ကျောင်းကန်တင်းတွင် စားကျသည်။ အတန်းတက်တော့ ကျမ အခန်းရှေ့အထိ လိုက်ပို့သည်။ မောင်နှင့် ကျမက မေဂျာမတူသဖြင့် အခန်းမတူပါ။ ကျမတို့ စုံတွဲလေးသည် သည်လိုနှင့် တက္ကသိုလ် နယ်မြေတွင် လူတိုင်းအားကျစရာ စုံတွဲလေး ဖြစ်လာပါတော့သည်။

IMG_20180815_070336.png
credit image source

ပထမနှစ်ဖြေပြီးကျောင်းတွေ ပိတ်တော့ မောင်နှင့် ခဏခွဲကျရသည်။ မောင်က မောင့်မိဘများရှိရာ နယ်သို့ လိုက်ပါသွားပြီး ကျောင်းဖွင့်ရက် နီးမှသာ ပြန်လာမည် ဖြစ်သည်။ ထို လွမ်းရက်ရှည်များသည် ကျမအတွက်တော့ ငရဲနှင်နှင်ပါ။ မောင့်ကို လွမ်းတိုင်း ဖုန်းဆက်ဖြစ်သည်။အသံလေးကြားတော့ အလွမ်း ပြေရသည်လေ။ ကျောင်း မြန်မြန်ဖွင့်ပါစေကြောင်းသာ ဆုတောင်းရလေသည်။ ကျောင်းပိတ်ရက်အတွင်း စံပယ်သည်လည်း သူ့ကျောင်းမှ သူငယ်ချင်းတစ်ဦးနှင့် နယ်ဘက်သို့ ခရီးထွက်သွားလေသည်။ သည်နှစ် Projectအတွက် ကွင်းဆင်းသည်ဟု သိရသည်။ စံပယ်လည်းမရှိ ချစ်သူလည်းမရှိသဖြင့် လွမ်းစိတ်တွေနှင့် ကျမသည် အထီးကျန်ဆန်သလိုခံစားမိပါသည်။

@suhlaing
msc 175

Sort:  

ဆနးကြယ်သောအချစ်၏ခံစားချက်ပေါ့နော်

တစ်ချို့လူတွေရဲ့ အချစ်က တစ်ဘဝလုံးစာပါ

အချစ်ရှိမှ လောကကြီး က သာယာသာစိုပြေ

အချစ်သည် ကိုးကွယ်ရာ မဟုတ်ပေမဲ့ ဘဝတစိတ်တဒေသအတွက်တော့ အရေးပါပါတယ်

လွန်းထားထားတို့  ငိုလို့ ရပြီ ဟားဟား

အမြှောက်မကြိုက်ဘူးနော် ဦးဇင်း😊😊😊😊

အယ်လဲ့ ဒါလဲ မဂ္ဂဇင်းမှာပါဦးမယ်ထင်ပါတယ်

ဒီဇာတ်လမ်းက ဇာတ်ကွက်သိပ်မရှိဘူးရယ်

စာရေး ဆရာမကြီးကွ

ကဗျာဆရာကြီးကွ

အထီးကျန်ဆန်တဲ့ဘဝကဖြတ်သန်းရတာအခက်ခဲဆုံးပဲသမီး

ဟုတ်တယ် မာမီ စိတ်ကလေးကို ငြိမ်အောင်ထားတက်မှ ဒီအခက်အခဲကနေ ကျော်လွှားနိုင်မှာ

မစုလှိုင်ရဲ့ ဆုတောင်းလေးက အဆန်းမို့ အချစ်ဇာတ်လမ်းအဆန်းလေးကို ဖတ်လိုက်ရတယ်ဗျာ။ ကောင်းတယ်ဗျို့။

သစ္စာအမဲ့ခံရတဲ့ ခံစားချက်က ပြင်းထန်ပြီး ခံစားရ ခက်လွန်းလို့ သူကိုတိုင်ဘဲ သစ္စာမဲ့သူ ဖြစ်လိုက်ချင်ပါသတဲ့ ကွီးရွှေရေ လာရောက်အားပေးတာ ကျေးဇူးပါရှင့်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63101.67
ETH 2588.03
USDT 1.00
SBD 2.74