သစ္စာမဲ့သူ ကျမ ဖြစ်စေသား...( ၂ )

in #myanmar6 years ago

ဒီလိုနဲ့ ကျမတို့ ၁၀တန်းဖြေပြီးလို့ ကျောင်းပိတ်ရက်ရှည်တွေမှာ သူငယ်ချင်း ၂ယောက် စားလိုက် သွားလိုက်နဲ့ အချိန်တွေ ကုန်ဆုံးခဲ့ကျပါတယ်။ အောင်စာရင်းတွေ ထွက်တော့ စံပယ်က အမှတ်များပြီး နည်းပညာတက္ကသိုလ် မီခဲ့ပေမဲ့ ကျမကတော့ ရိုးရိုးဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ ကျောင်းသွားကျောင်းပြန်မတူကျပေမဲ့ စံပယ်က သူ့ရဲ့ကားလေးနဲ့ ကျောင်းလိုက်ပို့တက်ပြီး အပြန်ကိုလည်း အမြဲဝင်ကြိုပါတယ်။ စံပယ်အနားမှာမရှိသော ကျောင်းတက်ရက်များသည် ကျမအတွက် အထီးကျန်ဆန်သလိုခံစားရပါတယ်။ အစပိုင်းတွင် သူငယ်ချင်းမရှိသေးသော ကျမသည် ကန်တင်းသွားရမည်ကိုပင် တစ်ယောက်တည်းမို့ သေမလောက်ကြောက်မိပါသည်။

ဇွန်ပန်းအိမ်တို့ သူငယ်ချင်းတစ်သိုက်နဲ့ ခင်မင်ပြီးနောက် ကျောင်းတက်ရက်များသည် ပျော်စရာအတိ ဖြစ်လာပါသည်။ ဇွန်ပန်းအိမ် မေသဲ နှင်းနှင်းဝေတို့သည် ကျမ၏ သူငယ်ချင်း အသစ်လေးများ ဖြစ်ကာ သွက်သွက်လက်လက်နဲ့ စိတ်ထားကောင်းသူလေးများလည်း ဖြစ်ပါသည်။ တစ်ယောက်တည်း အခန်းထဲတွင်ထိုင်နေသော ကျမအား လာရောက်မိတ်ဆက်စကားပြောကျပြီး ခင်မင်သွားခဲ့ကျပါသည်။ မေသဲနှင့် နှင်းနှင်းဝေက နယ်ဘက်မှ ကျောင်းလာတက်သူများဖြစ်ပြီး ဇွန်ပန်းအိမ်ကတော့ ပါမောက္ခတစ်ဦး၏ သမီး ဖြစ်ပါသည်။

IMG_20180805_075205.png
credit image source

'' နေနေ ဒီတပတ် webမှာ ကျူ တိုရီရယ် ရှိတယ်နော် ငါတို့ အဖွဲ့ စာကြိုးစားရအောင်ဟာ ဒါမှ တက္ကသိုလ်မှာ ဆရာမပြန်လုပ်လို့ ရမှာ'' ဇွန်ပန်းရဲ့ စကားကို နေနေက ထောက်ခံကာ

''ဟုတ်တယ် မိန်းမတွေ ငါတို့ တဖွဲ့လုံး စာကြိုးစားကျမယ် အဆောင်ရောက်တာနဲ့ အိပ်ဖို့ဘဲ ကြံနေနော် နှင်းနှင်း''

နှင်းနှင်းဝေက အနည်းငယ် ဝ ဖြိုးသော သူ့ကိုယ်လေးကို တခ်တွန့်လိုက်ရင်း

'' အဲ့ဒါ အိပ်တာ ဟုတ်ဘူးနော် စာကျက်မလို့ ခေါင်းရှင်းတာ''

နှင်းနှင်း၏ စကားကြောင့် တဖွဲ့လုံး ဝါးကနဲ ထ ရီလိုက်ကျတော့သည်။ ထိုအချိန်တွင် ကန်တင်းထဲ ဝင်လာသူ တစ်ဦးကို ကျမ သတိထားလိုက်မိပါတယ်။ ကျမ တစ်ယောက်တည်း သတိထားမိတာ မဟုတ်ဘဲ ဆိုင်အတွင်းက မိန်းကလေး အတော်များများ သတိထားလိုက်မိပါသည်။ ယောက်ျားဖြစ်ပြီး ဒီလောက် ချောမောခန့်ညားသူကို ကျမ ဒီတစ်ခါသာ မြင်ဖူးပါသည်။ ဝါဖန့်ဖန့် အသားရောင်နှင့် လိုက်ဖက်စွာ ရခိုင်ပုဆိုးအကွက် အနီရောင်လေးကို လည်ကတုံး အကျီ်အဖြူ လေးနှင့် တွဲဝတ်ထားရာ ရှင်းသန့်နေလေသည်။ ကတီပါ ဖိနပ် အနီရဲလေးကိုလည်း တွဲဖက်ဝတ်ဆင်ထားရာ ဝင်းဖန့်သော အသားအရည်နှင့် လွန်စွာလိုက်ဖက်လေသည်။ ဆံပင်ကိုလည်း ခပ်တိုတိုနှင့် သေသပ်ကျနစွာ ဖီးသင်ထားလေသည်။

'' ဟဲ့ ဒါ ဘယ်သူလည်း'' ကျမက ဇွန်ဇွန့်ကို ခပ်တိုးတိုးကပ်မေးတော့''

'' သိချင်ရင် ဒီဝိုင်း နင်ရှင်း ခိခိ''

'' ဟွန်း ပြောချင်ဘူး ရှင်းပါတယ်အေ ရှင်းပါတယ် ကဲ သွားကျမယ် အတန်းချိန်နီးလာပြီ အခန်းထဲရောက်မှ ပြောပြတော့ တကတည်း ဈေးကကိုင်သေး''

ပိုက်ဆံရှင်းပြီးနောက် ကန်တန်းမှ ထွက်လာကျစဉ် သူ့ထံ အကြည့်တချက်ရောက်သွားရာ အကြည့်ချင်းဆုံလိုက်ကျသည်။ ရင်ထဲမှာ အမည်မဖော်နိုင်နဲ့ လှိုင်းတစ်ခု ဖြတ်သန်းသွားသည်ဟု ခံစားလိုက်မိပါသည်။ ဒိန်းကနဲ စောင့်တက်သွားသောရင်ခုန်သံကို ထိန်းလို့ မနိုင်ခဲ့ပါ။ စာသင်ခန်းထဲ ရောက်သည်အထိ ခုန်နေသောရင်ကို လက်ကလေးနှင့် ဖိထားလိုက်ရသည်။ စာသင်ချိန် ၁၀မိနစ်ခန့် လိုသေးတာနဲ့ ကျမက သိချင်လှသူဖြစ်ကာ သူ့ အကြောင်းကို ထပ်မေးမိသည်။

IMG_20180805_075457.png
credit image source
@suhlaing
msc 175

Sort:  

အကြည့်တချက်

စွဲလမ်းစေတယ်

အကြည့်မှာ ဒိန်းကနဲ့

ရင်ခုန်သွားပြီ ဦးထွေး

အကြည့်တချက်ကြောင့် …… ခ်ခ်

ကြွေပြီ ခေးရယ် 😍😍😍

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မမစုကစာ​ရေး​တော်​လိုက်​တာ။

မအိလည်း အရေးအသားကောင်းတယ် ချီးကျူးတဲ့ အတွက် ကျေးဇူးပါ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64349.20
ETH 2673.53
USDT 1.00
SBD 2.83