သားစဉ် မြေးဆက်

in #myanmar6 years ago (edited)

မနေ့က ( ၇၃ )ကြိမ်မြောက် တပ်မတော်နေ့ဖြစ်တာကြောင့် ရုံးပိတ်သည်။ တစ်နေကုန် Skynetမှ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်နှင့် စစ်ကားများကို ထိုင်ကြည့်ဖြစ်သည်။ မြန်မာ့သမိုင်းတစ်လျှောက်လုံးတွင် မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးရယူမှု အခမ်းကဏ္ဍာတွင် အရေးကြီးသော အပိုင်းမှ ပါဝင်ခဲ့ ကျပုံကို ပြသသော ရုပ်ရှင်ကားနှင့် ယခင်ရက်များက ထုတ်လွှင့် ပြသသော ကွန်လုံရက် ၄၀ စစ်ကိုမုန်း၍ တိုက်ခဲ့သည် သားစဉ်မြေဆက် စသည့် ဇာတ်ကားများမှာ အထူးကောင်းမွန်လှပါသည်။
image
ကွန်လုံရက် ၄၀သည် အသံပြုလုပ်ချက်များ အထူးကောင်းမွန်လှကြောင်း သတိထားမိသည်။ အကယ်ဒမီနှင့် ထိုက်တန်ပေသည်။ ထို ဇာတ်ကားများထဲမှ သားစဉ်မြေးဆက် ဇာတ်လမ်းကို ပြန်လည် ဝေမျှခြင်ပါသည်။ တိုက်ပွဲတွင် ကျဆုံးသွားသော ဒုတပ်ကြပ်၏ သမီးကျောင်းဆရာမလေးမှ မိမိတို့ ဖခင် တိုက်ပွဲဝင်ခဲ့ပုံနှင့် ကျဆုံးခဲ့ပုံကို တပည့်လေးများအား ဇာတ်ကြောင်းပြန် ပြောဆိုဟန် ရိုက်ကူးထားပါသည်။ ထိုဇာတ်ကားတွင် တပ်တွင်းမိသားစုများအကြောင်းနှင့် တိုက်ပွဲများအကြောင်း ပီပီပြင်ပြင်ရိုက်ကူးထားပေသည်။ ရှေ့တန်း ပြန်ဝင်လာသောအခါ မိသားစုများ ပြန်လည်တွေ့ဆုံရ၍ ပျော်ကျရပုံနှင့် ၁၀ရက်နားပြီး ပြန်လည်ထွက်ခွာကျရသောအခါ ဝမ်းနည်းကျရပုံများကိုတွေ့မြင် ခံစားကျရသည်။

အနှစ်သက်ဆုံးနှင့် ရင်ထဲ ထိမိသော အခန်းမှာ တပ်စု တစ်စုလုံး ရန်သူများ ဝန်းရံထားသောကြောင့် ရေကုန်သဖြင့် မင်းမော်ကွန်းမှ ရေဗူးများယူကာ ချောက်ထဲရှိ စမ်းချောင်းအတွင်း ရေခပ်ဆင်းသော အခန်း ဖြစ်ပါသည်။ ဘေးဘီဝဲရာကို နားစွန့်ထားရင်း သေနတ်ကို လွယ်ကာ ရေဗူးများအတွင်း ရေဖြည့်နေစဉ် စစ်ရေဗူး အဖုံးလေးသည် ရေထဲ မျှောပါနေပုံကို ရိုက်ပြထားသည်။ စမ်းချောင်းအောက်တွင်ရှိသော ရန်သူက ထိုအဖုံးလေးကိုတွေ့ရှိကာ မင်းမော်ကွန်းအားလိုက်လံအစ်ခတ်သဖြင့် ဒဏ်ရာရရှိသော်လည်း တပ်စုစခန်းချရာသို့ မရောက်ရောက်အောင် ပြန်လာခဲ့ပုံမှာ ကြည့်ရသူရင်ထဲ ရင်နင့်စေပါသည်။
image
ထိုနောက် ရန်သူများမှ လူ ၁၅ယောက်လောက်ရှိတဲ့ စခန်းကုန်းကို မသိမ်းနိုင်သေးတာ အထာမကျလှဘူးဟုဆိုက ဝင်ရောက် ပစ်ခတ်ကျစဉ် တိုက်ပွဲအပြင်းအထန်ဖြစ်ပုံနှင့် တစ်ယောက်ပြီးတစ်ယောက်ကျဆုံးသွားကျပုံကို ရိုက်ပြထားသည်မှာ ရင်ထဲ စို့နစ်စေပါသည်။ ဇာတ်သိမ်းပိုင်းတွင် ဖခင်များတိုက်ပွဲမကျခင်အထိ အတူတူ အခန်းချင်းကပ်နေထိုင်ခဲ့ကျပြီး ကြီးပျင်းလာသောအခါ ကတိစကားအတိုင်း ကျောင်းဆရာမလေးနှင့် စစ်ဗိုလ်လေးအား ပျော်ရွှင်စွာ ပေါင်းဖက်ပေးထားပါသည်။ သို့ပါသော်လည်း စာရေးသူ၏ စိတ်အစဉ်သည် ကင်းငိုက်နေသော ရဲဘော်အား သေဆုံးသွားသော ရဲဘော်၏ ဝိညာဉ်မှ လာရောက်သတိပေးသော အခန်းနှင့် ရေဗူးအဖုံး ရေထဲမျောပါသွားသော ဇာတ်ကွက်ထဲတွင်သာ တဝဲလည်လည်နှင့် ကျန်ရစ်ခဲ့လေသတည်း။

@suhlaing
msc 175
credit google image

Sort:  

စစ်ကားတွေကြည့်တိုင်းစစ်သားတွေဆို အရမ်းသနားတာပဲ 😭

နိုင်ငံအတွက် အသက်စတေးခဲ့ရတဲ့ ရဲဘော်တွေ သနားဖို့ သိပ်ကောင်းတယ်

ကွန်​လုံရက်​၄၀ အာ့ကားတကယ်​ကြည့်​​ကောင်းတယ်​အမ

ဟုတ်တယ် မြန်မာကားအားလုံးက ပေါကားမဟုတ်ဘူးဆိုတာ ဒီစစ်ကားတွေက သက်သေဘဲ

ဒီကားတွေအရမ်းကောင်းပါတယ်ဗျာ စစ်သားတွေဘဝက တကယ်ကို ကြမ်းတမ်းခက်ခဲလွန်းလှပါတယ် လေးစားစရာကောင်းလှပါတယ်ဗျာ

စစ်ကို မုန်း၍ တိုက်ခဲ့သည်မှာ တကယ့် တိုက်ပွဲဝင်ရဲမေတွေနဲ့ ရိုက်ထားတာကြောင့် ပိုပြီး အသက်ပါလှတယ်

စစ်​သား ဟီုးအရင်​ကတည်း​က
ဘဝ​တွေကဆင်းရဲကြရှာတာ

စစ်သားတွေဘဝ သနားစရာပါဘဲ ဦးထွေး

စစ်သားတွေကကြမ်းတမ်းတယ်လေဘွတေက။စစ်ဗိုလ်တေပဲချောမွေ့တာ။လာမဖမ်းနဲ့နော်။မမရေးလို့ပြောတာ။

စစ်ဗိုလ်တွေလည်း ရှေ့တန်းထွက်တော့ အတူတူ လမ်းလျှောက်ရတာပါဘဲအေ

ချစ်ကိုမုန်း၍ တိုက်ခဲ့သည် ဇာတ်ကား ထက် ကြည့်ကောင်းတယ်။

စစ်ကိုမုန်း၍ တိုက်ခဲ့သည် ဟုတ်ဘူးလား

မကြည့်​ဖူး​သေးဘူးအမ​ရေ

တကယ်ကောင်းတဲ့ ဇာတ်ကားတွေပါ ကြည့်သင့်ကြည့်ထိုက်ပါတယ်

တကယ်​ရင်​ထဲထိ​သော ဇာတ်​ကားများပါပဲ အစ်​မ​ရေ .. အနုပညာစွမ်းအား​ပြည့်​ဝတယ်​ဗျာ ..

ပရိတ်သက်ကို ရသစွမ်းအား အပြည့်အဝပေးနိုင်ပါတယ်

အင်အားအပြည့်နဲ့ သရုပ်ဆောင်ထားတဲ့ မြန်မာစစ်ကားတွေအတော်များတယ် မစု

အရင်က ကျော်ဟိန်းရဲ့ စစ်ကားတွေလည်း အရမ်းကောင်းတယ်

ကောင်မလေး birthdayနဲ့တိုက်နေလို့ ကိုယ်ျတွတောင်တပ်မတော်နေမှန်း သိတာ..

တပ်မတော်နေ့က မမေ့အပ်တဲ့ နေ့ထူးနေ့မြတ်ပါ ကိုရှိန်းရေ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 57971.70
ETH 2448.51
USDT 1.00
SBD 2.34