ကျမ ချစ်တဲ့ Steem

in #myanmar6 years ago (edited)

မနေ့ကစလို့ ကျမတို့ ချစ်တဲ့ Steemက ပိုလ့်တင်လို့လည်း မရခဲ့ဘူး မန့် ဘုတ်တစ်ခုကိုမှ မရတော့တဲ့ အနေအထားပါ။ စိတ်ပျက်လက်ပျက်နဲ့ ဖုန်းလေးဖွင့်လိုက် Fbလေးဖွင့်လိုက် Steemလေးပြန်ကြည့်လိုက်။ စာအနီတန်းပေါ်နေတာ မြင်တော့ စိတ်ဓာတ်ကျလိုက်နဲ့ နေရတာ အတော်ကို မအီမသာကြီး ဖြစ်လို့နေပါတယ်။ စာရေးချင်စိတ်တွေလည်း ကုန်ခမ်းပြီး ဖြစ်လာမဲ့ Steemရဲ့ အနာဂတ်ကို သိချင်လှတဲ့ ဆန္ဒတွေ အရှိန်အဟုန်မြင့်လို့နေပါတယ်။ FB သတင်းတွေ ဖတ်နေရပေမဲ့ စိတ်ထဲ အလိုမကျလှဘဲ အချိန်တန်ရင် Steemထဲကို ပြန်ပြန်ရောက်သွားတော့တာပါဘဲ။ myanmar tagလေးမှာ msc မိသားစုတွေရဲ ပိုလ့်လေးတွေ စိုစိုပြေပြေဖြစ်လာရာကနေ အခုတော့ ခြောက်ကပ်နေပါလားလို့ စိတ်ထဲတော်တော်ကို ခံစားနေရပါတယ်။ ဘာကို စိတ်အလိုမကျရမယ် မသိဘဲ စိတ်ထဲ မကြည်မလင်နဲ့ အားတိုင်း Steem pageလေးကို ကြည့်နေမိပါတယ်။ ပြန်လာပါတော့ Steemရယ်လို့ ဆုတောင်းနေရင်းနဲ့ပေါ့လေ။

IMG_20180926_224907.png
source

ဒါနဲ့ ဒီနေ့ည ၁၀နာရီကျော်လောက်မှာတော့ ဦးယုရဲ့Steemပြန်ရပြီဆိုတော့ မက်ဆေ့လေးကြောင့် ထခုန်မိမတက်ပျော်သွားခဲ့တာပေါ့။ မတ်မတ်စုလည်း အပျော်လေးတွေနဲ့ စာတွေထရေးတော့တယ်။ စိတ်ပျက်လက်ပျက်နဲ့ ဘာလုပ်ရမလဲ မသိဖြစ်နေတဲ့အချိန် ပြန်ရလာပြီဆိုတော့ တော်တော်လေးပျော်သွားခဲ့တာ။ စိတ်တွေလည်း ရွှင်လန်းတက်ကြွသွားလိုက်တာ။ ဘာရေးရမယ်ဆိုတာကို ချက်ချင်းတွေးပြီး ကောက်ရေးပစ်တော့တာ။ Steemကို ဒီလောက်စွဲလမ်းနေမှန်း အခုမှဘဲ သိတော့တယ်ကွယ်။ ကိုယ့်လိုဘဲ steemကို ချစ်တဲ့သူတွေ ဘယ်လောက်ရှိမလဲပေါ့နော်။ သေချာတာက Steemကို စွဲလမ်းနေကျသူတွေထဲမှာ ကိုယ်တစ်ယောက်ကတော့ အသေအချာပါနေပြီဆိုတာပါဘဲ။

Steemလေးက အလုံးစုံမကောင်းသေးပေမဲ့ ပိုလ့်တင်လို့ရပြီ။ မန့်ရပြီ။ voteကတော့ 0.0ကနေ မတက်သေးတဲ့ အခြေအနေ။ အနီရောင်စာတန်းလည်း မပျောက်သေး။ ဒါပေမဲ့ ဒါဟာ အလားအလာကောင်းနေပြီဆိုတာ သိသာတာမို့ ပျော်ရွှင်သွားမိပါတယ်။ Steemမှာ စာရေးခဲ့တာ နေ့စဉ်အလုပ်တစ်ခုလိုဖြစ်နေတော့ ဒါကို မလုပ်ဘဲ နေလိုက်ရတဲ့အတွက် အစားထိုး ဘာလုပ်ရမလဲဆိုတာတောင် မတွေးတက်တော့ပါဘူး။ ပိုက်ဆံရချင်း မရချင်းထက် စာရေးမယ်။ ရေးလိုက်တဲ့စာလေးကို မိသားစုတွေက လာအားပေးတယ်။ ဆွေးနွေးကျတယ်။ ဒါလေးဟာ နေ့စဉ်ဆိုတော့ ရုတ်တရက်ရပ်တန့်သွားတဲ့ အခါ နေမထိထိုင်မသာနဲ့ ခံစားရခက်လှပါတယ်။ အခုတော့ ပိုလ့်တင်ခွင့်ရပြီမို့ ပျော်ပျော်ကြီး တင်လိုက်ပါပြီလို့ မိသားစုကြီးရေ ဖိုက်တင်း။

IMG_20180926_225304.png
source

Posted using Partiko Android

@suhlaing
msc 175

Sort:  

ပျော်ပလေ

ဟုတ်တယ် ဆရာ

ဟုတ်​တယ်
ဟာတာတာကြီးကိုဖြစ်​လို့...
ဘာလုပ်​လို့လုပ်​ရမှန်းမသိ...
steemitမရှိရင်​မဖြစ်​​တော့ဘူး...ခု​တော့သိပြီ😊😊

Posted using Partiko Android

ခုတော့ ကျမ သိပြီ

Posted using Partiko Android

သူမရှိရင်​မဖြစ်​​တော့ပါ...steemit😊😁

Posted using Partiko Android

စာမျိုးစုံပြန်ဖတ်ရတော့ပျော်ပြီလေ

ဦးဇင်းကတော့ စာမေးပွဲကြောင့် ခဏနားထားတယ်

ကဗျာ​တွေကို ကျွန်​​တော်​ချစ်​တယ်

Posted using Partiko Android

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 62799.08
ETH 3027.63
USDT 1.00
SBD 3.95