အလုပ် steem နှင့် ကျမ

in #myanmar6 years ago (edited)

အခုတလော စာရေးရတာလည်း တက်သုတ်ရိုက်နေရသလိုပါဘဲ။ သင်တန်းက တစ်ဖက် အလုပ်က တစ်ဖက် မိသားစု ကိစ္စကတစ်ဖက်နဲ့ ကြိုသာမရေးထားရင် proလေးတောင် တင်နိုင်မယ် မထင်ဘူး။ တော်သေးတာက စနေ တနင်္ဂနွေလို အားလပ်ရက် ဈာန်ဝင်တဲ့ အချိန်လေးမှာ အပြီးသတ်ထားလို့သာ ခိုလှုံရာ ရိပ်မြုံလည်း ဇာတ်သိမ်းတဲ့ ဘဝရောက်ရတာ။ ကြားရက်တွေမှာ ရေးမယ်ဆိုရင် ဘယ်လိုမှကို ပြီးမှာမဟုတ်။ မနက် ၅နာရီကျော်လောက်ထဲက ချက်ပြုတ် ချော်ဖွယ် နဲ့ အိမ်မှုကိစ္စတွေအပြင် အလုပ်ပြီးပြန်တော့ သင်တန်းချိန်မီအောင်ပြေးရ။ သင်တန်းရောက်တော့တယ် ပို့ချချက်တွေကို အလျင်မီအောင် လိုက်မှတ်ရ။ ပရယ်ရီကယ်မှာလည်း သူများထကိသာချင်တော့ ကိုယ်စွမ်းရှိသမျှ အားကုန်ထုတ်သုံးတော့တာ။ အိမ်လည်း ပြန်ရောက်လို့ ထမင်းစားသောက်ပြီး အိပ်ယာဝင်ချိန်ဆိုရင် အရုပ်ကြိုးပျက်သလိုဘဲ။ ဆင်အော်လို့ကို မနိုးဆိုတဲ့အထဲကပေါ့။

IMG_20181010_234945.png
source

သင်တန်း သင်တန်းနဲ့ ထည့်ရေးနေတော့ ဘာသင်တန်းလည်းလို့စိတ်ဝင်တစားရှိကျပါလိမ့်မယ်။ ဟုတ်ကဲ့။ ဒီဇိုင်နာ သင်တန်းတက်နေတာပါ။ လခစား အလုပ်နဲ့တော့ မသက်ဆိုင်ဘူးပေါ့လေ။ ဒါပေမဲ့ ဒါလေးက ကိုယ့်ဝါသနာဆိုတော့ ပင်ပန်းလို့ ပင်ပန်းမှန်းတောင် မသိသာပါဘူး။ pattenတွေ ဆွဲလိုက် cretting ချလိုက် Desingတွေ ဖန်တီးလိုက်နဲ့ တစ်ရက်မှာ ၂၄နာရီက အကုန်မြန်တယ်လို့ကို ထင်နေတာ။ စက်ချုပ်တဲ့အလုပ်ကလည်း လုက်နေရင်သာ ပင်ပန်းမှန်းမသိသာတာ။ နားပြီဟေ့ဆိုတာနဲ့ ညောင်းကိုက်နေတော့တာဘဲ။ ဝါသနာသာမရှိရင် ခဏနဲ့ စိတ်ကုန်ပစ်ပြေးမဲ့အလုပ်ပါ။ အသက်က ကြီးတော့ မှတ်ဥာဏ်ကလည်း သိပ်မကောင်းချင်။ အတူတူတက်ကျရတာက ဆယ်ကျော်သက်လေးတွေနဲ့။ ကလေးတွေက ဘရိုက်ဖြစ်ကျတဲ့အထဲ ကိုယ်တွေက အရမ်း လိုက်မှတ်နေရတယ်။ တော်သေးတယ် ဆရာက စိတ်ရှည်လို့။ လက်ချာရိုက်ပြီးသာ သင်ရင် ဘာမှတောင် တက်မှာ မဟုတ်ဘူး။

IMG_20181010_235200.png
source

ဒါတွေကြောင့် ခုရက်ပိုင်း မန့်တွေ ဘုတ်တွေ နောက်ကျနေရင် သည်းခံပေးကျပါလို့။ proကလည်းတင်ချင်။ ရတဲ့ အခွင့်အရေးလေးကိုလည်း လက်မလွှတ်နိုင်နဲ့ လောဘတွေကြီးပြီးတစ်ယောက်တည်း နှစ်ကိုယ်ခွဲရမဲ့ ကိန်းဆိုက်နေပါတယ်။ proတစ်ရက်လောက်နစ်နာမှာကို စိုးလှတဲ့အတွက် မရှိရှိတဲ့ အချိန်လေးကိုဖဲ့ပြီး စာရေးနေရပါတယ်။ steemဆိုတာကလည်း ကိုယ်ယုံကြည်လို့ လျှောက်ခဲ့တဲ့လမ်းဆိုတော့ ကျဉ်းမြောင်းသည် ဖြစ်ဖြစ် ခက်ခဲသည် ဖြစ်ဖြစ် မတ်စောက်သည်ဖြစ်ဖြစ် ချောက်ကမ်းဘဲ ဖြစ်ဖြစ် လျှောက်လို့ ရနေသရွှေ့လေးတော့ လျှောက်နေချင်ပါသေးတယ်လို့ မိသားစု အားလုံးကို အသိပေးရင်း...

အားလုံးကို ချစ်ခင်လေးစားလျှက်...

@suhlaing
msc 175

Posted using Partiko Android

Sort:  

အစ်မရေ ဝါသနာပါတာလေးတွေ လုပ်နေရတာဆိုတော့ ပင်ပန်းတယ်ဆိုပေမယ့် အများကြီးကံကောင်းတာပေါ့။အနေကြတ်မှ အသေချောင်တာပါအစ်မ။ဒီလိုကြိုးစားပြီးတင်နေတာကို လေးစားအာကျနေပါတယ်အစ်မ။

ဝါသနာအရင်းခံတဲ့ အလုပ်လေးဆိုတော့ အရမ်းလည်း စိတ်ဝင်စားပြီး ပင်ပန်းလည်း သက်သာတယ်

Posted using Partiko Android

ဝါသနာပါတာလုပ်​ရ​တော့ပင်​ပန်း​ပေမဲ့၊​ကျေနပ်​​နေမှာပါ...​ကောင်း​ပါတယ်​👍👍

Posted using Partiko Android

ဘယ်အလုပ်မဆို ဝါသနာနဲ့ ရင်းမှ ပင်ပန်းခံနိုင်တာ အားပေတာ ကျေးဇူးပါ ညီမရေ

Posted using Partiko Android

ကိုယ်တော့ ကိုယ်အားကြီးမို့ ပို့စ် တင်နိုင်တာပါကွယ်
အလုပ်မရှိလို့ steem အဖတ်လုပ်နေရတာ😁😁😁

Posted using Partiko Android

အားနေတော့ ကိုယ်ဝါသနာပါတာ လုပ်နိုင်တာပေါ့

Posted using Partiko Android

မအားတဲ့ကြားက postတင်‌‌ပေးတာ ‌ကျေးဇူးပါ ဗျာ။နားလည်‌ပါတယ်‌ညီမ။

ဒါကိုဘဲ ခနဲ့တဲ့တဲ့ပြောတဲ့သူကရှိသေး ဒေါသအချောင်းလိုက်ထွက်တယ်

Posted using Partiko Android

ဝါသနာရင်းခံနဲ့လုပ်ရင်တတ်လွယ်ပြီးလွယ်ပါတယ်ဖိုက်တင်းအားပေးနေတယ်နော်

အားပေးလို့ အရမ်းအားရှိသွားပြီ ညီမရေ ဖိုက်တင်းပါ

Posted using Partiko Android

အချိန်စီမံခန့်ခွဲမှုနဲ့သွားပါလို့အကြံပြုပါတယ်။ အလုပ်များတာကောင်းတဲ့ကိစ္စပါ။ သူများတွေအလုပ်မရှိလို့ထိုင်နေကြတဲ့ခေတ်မှာ အလုပ်များနေတာကိုဂုဏ်ယူစရာပါ

လိုနေသေးတာက စာဖတ်ချိန် အရမ်းနည်းနေသေးတာ ဦးမင်း

Posted using Partiko Android

ထူးဘူး ညီမ​ရေ ခုဆိုရင်​အလုပ်​က တအားညပ်​​နေပြီ
ဝါသနာပါ​တော့အရအမိတင်​​နေတာ
တခါတ​လေ ​လေး ငါး Sbd ဖိုးရမဲ့အလုပ်​​တွေပြစ်​ထားပြီး
စတီးမစ်​မှာဘဲ ​ရောက်​​ရောက်​​နေတာ

အပြင်က အလုပ်တွေအရမ်းပိလာရင် လိုင်းပေါ်က အလုပ်ကို အားနည်းလာတာဘဲ ဦးယုရေ

Posted using Partiko Android

နောက်ကျတယ်ဆိုတာ ဘာမှမလုပ်ပဲနေလိုက်တော့မှ တကယ်နောက်ကျတာပါ အားပေးတယ်ချချ ၀ါသနာပါရာကို ဆက်လေ့လာသင့်တာပေါ့

အားရှိသွားပြီ ကိုစိုးရေ ကျေးဇူးပါ

Posted using Partiko Android

ရသ ကိုရေးရင် ဈာန်ဝင်ဖို့လိုတယ်၊ ပညာရပ်ပိုင်းကိုရေးတော့ အရှိန်ကိုတောင် မနည်ထိန်းထားရတယ်။

ဟုတ်ကဲ့ ဆရာ

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64303.16
ETH 3137.29
USDT 1.00
SBD 3.97