စိတ်ကူးကောင်းလေး တစ်ချက်
ဒီနေ့တော့ မတ်မတ်စုတစ်ယောက် ဝင်ငွေမရှိလို့ စိတ်လက်မအီမသာဖြစ်နေပါတယ်။ နေ့စဉ် ငွေစလေး ဝင်လာတာမြင်မှ ထိုနေ့အတွက် လုပ်ငန်းဆောင်တာများကို စိတ်လက်ချမ်းသာစွာ လုပ်နိုင်သူဖြစ်လေသည်။ နေ့စဉ်ဝင်ငွေဆိုသည့် အရာကို အနည်းငယ်ရှင်းပြရလျှင် သမာအာဇီဝကျကျ ဝင်သည့် ငွေကို ဆိုလိုပါသည်။ မည်၍ မည်မျှ နည်းများမဟူ မိမိ လုပ်အားခလေးမှ ဝင်လာသော ငွေစလေးများကို မက်မောခြင်းလည်း ဖြစ်ပါသည်။ မတ်မတ်စုသည် ချမ်းသာစွာ ထမင်းစားသူ ချမ်းသာစွာ နေထိုင်သူဟူ၍ အမြဲတစေကိုယ့်ကိုကိုယ် ဂုဏ်ယူလေ့ရှိပါသည်။ ပစ္စည်းဥစ္စာ ပြည့်စုံ၍ စိတ်ဆင်းရဲရသော လမ်းနှင့် ဆင်းရဲသော်လည်း စိတ်ချမ်းသာမည့်လမ်းကို ရွေးပါဆိုလျှင် ဒုတိယလမ်းကိုသာ ရွေးချယ်ပါမည်။ သို့သော် ကိုယ်ရောက်နေသော နေရာတွင်တော့ ဆင်းရဲလှချီရဲ့ဟု စိတ်ဓာတ်ကျမနေဘဲ တိုးတက်တာ တိုးတက်ကြောင်း ကြီးပွားရာကြီးပွားကြောင်းကို အခွင့်အလမ်း သေးသေးလေးပင် ဖြစ်စေကာမူ လက်မလွှတ်တမ်း ဖမ်းဆုတ်လေ့ ရှိပါသည်။
သမာအာဇီဝဖြင့် ငွေစလေးများ ရနိုင်မည့် နည်းလမ်းကို အမြဲတွေးတော နေသူဖြစ်သည့်အတိုင်း ငွေစမရရှိသော နေ့တွင် စိတ်လက်မကြည်မလင် ဖြစ်ရပါသည်။ ဒီနေ့လည်း မနက်စောစောပိုလ့်တင်ရန် ဖုန်းဖွင့်ပြီး ၁၅မိနစ်ခန့် proပိုလ့်များကို ဖတ်ရှု့ပြီး သကာလ MPT ရဲ့ဘေကုန်တဲ့စာသားမက်ဆေ့လေးက ဝင်လာပါတယ်။ ဒါနဲ့ ငွေဖြည့်ကတ်သွားမဝယ်သေးဘဲ *800#ကိုနှိပ်ပြီး ယူထား အစီအစဉ်လေးကို အားပေးလိုက်ပါတယ်။ ဒါနဲ့ Data package ဝယ်။ အင်တာနက်လေးပြန်ဖွင့် steemထဲ ပြန်ဝင် ပိုလ့်တွေ ပြန်ဖတ် V & M ပြန်ပေးနေရင်း ဦးမဟော်ကြီးရဲ့ ဈေးရောင်းခြင်း အတက်ပညာပိုလ့်လေးကို ဝင်ဖတ်လိုက်ပါတယ်။ ဒီပိုလ့်လေးက မနေ့က အဆက်ဖြစ်ပြီး ဈေးရောင်းကောင်းအောင် ဘယ်လိုရောင်းရမယ်ဆိုတာ စနစ်တကျ ရေးသားထားတဲ့ ပိုလ့်ဖြစ်ပါတယ်။ ဒါနဲ့ မတ်မတ်စုလည်း စိတ်ကူးထဲ ပေါ်လာတဲ့အတိုင်း အထည်စမ်းရောင်းမယ်လို့ မန့်ပေးလိုက်ပါတယ်။ မန့်ပေးပြီးတော့ အတွေးစတစ်ခုက ကျန်ခဲ့ပါပြီ။ ဒီနေ့အတွက် ဝင်ငွေ ဘယ်လိုရှာမလဲပေါ့။
အထည်ရောင်းမယ်လို့ စိတ်ကူးပေါက်ပြီး မန့်လိုက်တဲ့အတိုင်း အထည်ရောင်းကြည့်ဖို့ စိတ်ကူးပေါ်လာပါတယ်။ စိတ်ကူးထဲက အတိုင်း အပြင်မှာ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ စနစ်တကျ တွေးရပြီ။ အဲ့လိုတွေးတဲ့ အခါမှာ မတ်မတ်စုက ဒီလို စဉ်းစားတယ်
( ၁ ) ဘယ်လို အထည်မျိုးကို ရောင်းမှာလည်း
( ၂ ) ဘယ်ကနေ ယူရောင်းမှာလည်း
( ၃ ) ဘယ်နေရာတွေမှာ ရောင်းမှာလည်း
( ၄ ) ကိုယ်ဘယ်လောက်ရင်းနိုင်လည်း
( ၅ ) ကိုယ်ရောင်းရမဲ့လူတန်းစားရဲ့ အများဝယ်နိုင်မဲ့ အထည်ရဲ့
တန်ဖိုး
ဒီ ( ၅ )ချက်ကို အခြေခံပြီးတွေးလိုက်ပါတယ်။ ဒါနဲ့ သားသားကျောင်းပို့ပြီး အပြန် ရာသီပေါ်ဈေးတန်းလေး( steem စ ရေးစတင် ရာသီပေါ်ဈေးတန်းလေးအကြောင်း ပိုလ့်ရေးဖူးပါသည်။ စိတ်ဝင်စားသူများ ဖတ်ကျလေကုန်) ဘေးကနေ ဖြတ်သွားတော့ ရာသီပေါ်ဈေးတန်းလေးမှာ ဒီနေ့တော့ ထူးထူးဆန်းဆန်း အထည်ရောင်းတဲ့ ဈေးသည် ၂သည်တွေ့လိုက်ရပါသည်။ ဒါနဲ့ မတ်မတ်စုလည်း မဝယ်သော်လည်း ငေးမည်ဟူသော အကြံဖြင့် ပထမအထည်သည်ဆီ ဝင်လိုက်ပြီး ကလေးအကျီင်္များနှင့် အမျိုးသမီး စပန့်သားဂါဝန်များကို ဈေးမေးလိုက်ပါတယ်။ ၁၀ထည်ဈေးပါ တစ်ခါတည်း မေးလိုက်ပါတယ်။ မတ်မတ်စု တချက်စဉ်းစားသည်မှာ မတ်မတ်စု၏ ဈေးကွက် ပစ္စည်း ဖြုန်းတီးမည့် နေရာဖြစ်ပါတယ်။ ထိုနေရာသည် အများစုမှာ ရုံးများဖြစ်ရာ ရုံးစာရေးမများသည် အဝတ်အစား မက်သည့် အားလျှော်စွာ ပေါ်ပင်များကို သပ်ရပ်စွာဝတ်ဆင်တက်ကျပါသည်။ ထို့ကြောင့် ကလေးဝတ်နှင့် အိမ်နေရင်း ဂါဝန်များသည် ရောင်းအား သိပ်မသွက်လှဟု သုံးသပ်မိပြီး ဒုတိယ အထည်သည်ဆီ ဝင်လိုက်ပါတယ်။
ဒုတိယ အထည်သည် ရောင်းသည် ပိတ်စများ ထဘီ တကွင်းခြင်း ချုပ်ပြီးသားများကို ရောင်းပါသည်။ မတ်မတ်စုလည်း တန်းများပေါ်တွင် လွှားထားသော အဆင်စုံ ဒီဇိုင်းစုံ ဝမ်းဆက်စများကို မျက်စိကျမိပါသည်။ ထိုအခါ ဆိုင်ရှင်မှ ထို အဆင်များသည် မအေးသောင်း ဂျင်းပျော့စများဖြစ်ကြောင်း အစစ်မဟုတ်သော်လည်း ဆေးလုံးဝမကျွတ်ကြောင်း ဆေးကျွတ်ပါက ပြန်လာလဲနိုင်ကြောင်းနှင့် ရေလျှော်လိုက်ပါက ပျော့အိသွားကာ အင်မတန်ဝတ်ကောင်းကြောင်း ပြောပြပါတော့သည်။ ၃ကိုက်ပါသော ထို အစ၏ ဈေးမှာလည်း ၃၅၀၀သာဖြစ်၍ ဖောက်သည်ဈေးအဖြစ် ၂၈၀၀နှင့် ပေးမည်ဟုဆိုလေသည်။ တစ်ထည်ချင်း လက်လီဈေးမှာ ၃၅၀၀မလျော့ဟု ဆိုပါသည်။ မတ်မတ်စုလည်း တွက်ချက်ကြည့်သောအခါ ၃၅၀၀နှင့်ပင်ရောင်းအုံးတော့ တထည်လျှင် ၇၀၀ မြတ်ပါသည်။ အထည် ၅၀လျှင် ၃သောင်း၅ထောင် မြတ်ပါမည်။ ထို့ကြောင့် အထည် ၅၀အတွက် ငွေ ၁သိန်း လေးသောင်း ရင်းရန် ဆုံးဖြတ်လိုက်ပြီး အနည်းငယ်စွန့်စားလိုက်ပါသည်။
သို့နှင့် အထည်ထုတ်ကြီး ပိုက်ကာ တစ်ခန်းဝင် တစ်ခန်းထွက် တစ်ရုံးဝင် တစ်ရုံးထွက် လိုက်ရောင်းရာ ညနေ ရုံးဆင်းချိန်တွင် ဝမ်ဆက် ၄စုံသာ ကျန်ပါတော့သည်။ ထို ကျန်သော အထည်သည် အမြတ်ပင်ဖြစ်ကာ မကုန်လျှင်လည်း လှလှလေး ချုပ်ဝတ်မည်ဟု ကြွေးကြော်မိလေသည်။ ဌာနမှူး၏ မျက်စောင်းထိုးခြင်းကို ခံရသော်လည်း ညနေ ရုံးဆင်းချိန်တွင် အပျော်ကြီးပျော်နေမိပါသည်။ ထိုင်းမှိုင်းသည့် စိတ်များပျောက်ကာ လကုန်လျှင် ရလာမည့် အရင်းနှင့် အမြတ်ငွေလေးများကို တွေးကာ ရေတွက်မိနေပါတော့သည်။ ဒီနေ့ အဖို့တော့ ငွေအဝင်ကြမ်းကာ အခွင့်အရေးကို လမ်းမလွှတ်တမ်း ဖမ်းဆုတ်လိုက်ရသည့်အတွက် အပျော်ကြီးပျော်နေကာ အိမ်မက်လှလှ မက်မည်မှာ မလွှဲဧကန် ဖြစ်ပေတော့သတည်း။
photo by me
@suhlaing
msc 175
စိတ်ကူးကောင်းတစ်ချက်ကိုလက်တွေ့အကောင်အထည်ဖော်ပြီး အမြတ်ထွက်အောင် လုပ်နိုင်တဲ့ မမစု။
စိတ်မြန်လက်မြန် မတ်မတ်စု
စိတ်ကူးကောင်းပါ့။အဲဒီအစတွေဆေးမကျွတ်ဘူးပေါ့နော်မမစု။
ဆေးမကျွတ်သလို လျှော်လိုက်ရင်လည်း ပျော့ပျော့လေးနဲ့ ဝတ်ကောင်းတယ် မအိ
ဟုပ်လာတော့မသိဘူး ဈေးရောင်းရင်အမြတ်ရဘို့ထက် လူမူရေးစိတ်နဲ့ ကိုယ်နေတဲ့အရပ်ကလူတွေဘာတွေလိုအပ်သလဲ စဉ်းစာပြီးကူညီချင်တဲ့စိတ်နဲ့ သူတို့လိုအပ်မယ်ထင်တဲ့အရာကိုရောင်းရတယ်တဲ့
ဈေးကွက်ရဲ့ လိုအပ်ချက်ကို သိဖို့လို့ ကျမတော့ ထင်ပါတယ်
မတ်စုနဲ့ ဒီလောက်ပရိုတွေနေ့စဉ်တင်နေတာကို
ဟုတယ် ဦးထွေးရေ နောက်ဆုံး ဘာဝင်ငွေမှ မရှိရင် ပိုလ့်လေးတော့ ကောက်တင်လိုက်တာဘဲ တပြားနှစ်ပြားဝင်ရင်လည်း ဝင်တာဘဲလေ
ရောင်းပါ လူတွေပြောနေရတာပဲ ဘာလိုမရောင်းကြတာလဲလို့
ရောင်းပြီအေ ကသက်
အဟ်လဲ့ တော်လိုက်တဲ့မတ်မတ်စုပါလား
အမြတ်ကလေး ရတာကော ကိုယ်တွေးပြီး အကောင်အထည်ဖော်လိုက်တဲ့ဟာလေး အထမြောက်သွားလို့ ပျော်တာကောပေါ့အေ
ကိုမဟော်ကြီး ဥာဏ်ပူဇော်ခရတော့မယ်ဗျို့ လာတောင်းထား ☺☺☺
ပေးရမယ် ဦးမဟော်ကြီးကို သူ့ပိုလ့်ဖတ်လိုက်လို့ အကြံရသွားတာ
တော်ပါပေတယ်ဗျာ။ချက်ချင်းအကောင်အထည်ဖော်တော့ ချက်ချင်းအကျိုး ရစေတာပေါ့။နည်းစနစ်လေးနဲ့ဆိုတော့ ပိုအောင်မြင်တာပေါ့ဗျာ။ကျွန်တော့်ဈေးဆိုင်လည်း ဝန်ထမ်းတွေကို လပေးရောင်းတာ။
ဝန်ထမ်းတွေကို လပေးရောင်းတာက သေချာတယ်လေ လကုန်တာနဲ့ လက်ခက်လှ တစ်ယောက် ၂ယောက်ပေါ့ အပေးမှန်ကျတယ်
ထိုင်တွေးမနေပဲ လက်တွေ့အကောင်အထည်ဖော်ရဲတဲ့ မတ်စု စိတ်ဓာတ်ကို သဘောကျလယ်
စီဘောကျလား ဦးဇင်း
ဒီမနက်မှ မတ်မတ်စု Profile ပုံကို သေချာကြည့်မိတယ်
နန်းခင်ဇေယျာနှင့် တူသလားလို့😁😁😁
အယ်လယ့် မုန့်ဝယ်ကျွေးမယ်အေ