စိတ္တဇ ဒဏ်ရာ...( ၉ )

in #myanmar6 years ago

အိပ်ရေး မဝသည့် ဒဏ်ကြောင့် ခေါင်းကမူးနောက်နောက်ဖြစ်နေသည်။ အိပ်ယာထက်မှ လူးလဲထရင်း ရေချိုးဖို့ ပြင်လိုက်သည်။ ရေချိုးလိုက်လျှင်အနည်းငယ်တော့ လန်းလန်းဆန်းဆန်းဖြစ်သွားမည်လေ။ ရေချိုးပြီး အပြင်သွားရန် ပြင်ဆင်လိုက်သည်။ ဗိုက်က ဆာလာသဖြင့် တစ်ခုခုစားရန် ထမင်းစားခန်းသို့ ထွက်လာခဲ့သည်။ အိမ်ဖော်အမျိုးသမီးကြီး ပြင်ဆင်ပေးသော နံနက်စာကို အစာပြေစားရင်း ဒယ်ဒီ့ကို လွမ်းဆွတ်မိသည်။ ဝဲတက်လာသော မျက်ရည်များသည် ထိန်းချုပ်မှုကင်းမဲ့စွာ ကျလာခဲ့သည်။ ထို အချိန်တွင် အန်တီလေးသည် ထမင်းစားခန်းထဲ ဝင်လာကာ ကျမကို နှုတ်ဆက်သည်။

image
source

ဒယ်ဒီ မရှိတော့သည့် နောက်ပိုင်း ကျမကို အုပ်ထိန်းသူ အဖြစ် ဒယ်ဒီ့ ညီမ လင်မယားသည် အိမ်ပေါ်ရောက်လာခဲ့သည်။ ကျမ အနေနဲ့ သိပ်မနှစ်မြို့သော်လည်း တစ်ဦးတည်းသော ဆွေမျိုးရင်းချာဖြစ်သဖြင့် လက်ခံထားရသည်။ ၁၈နှစ် မပြည့်သေးသော ကျမသည် ဒယ်ဒီ၏ ပိုင်ဆိုင်မှုများကို အသက်ပြည့်မှ တရားဝင် လွှဲပြောင်း ဆက်ခံရမည် ဖြစ်သည်။ ဒီကြားထဲ ဒယ်ဒီ့အလုပ်များကို လုပ်ဆောင်နေသူမှာ အန်တီလေးနှင့် သူ့ခင်ပွန်း ဖြစ်လေသည်။

'' ဟိုင်း သမီးလေး နိုးပြီလား ညက ကောင်းကောင်းကော အိပ်ရရဲ့လား ''

ကျမသည် ကော်ဖီကို တစ်ငုံ ငုံ့သောက်ရင်း

'' ဟုတ် အန်တီလေး အိပ်ရပါတယ်''

'' ဒါနဲ့ ဒေါ်ဥ ပြင်ပေးတဲ့ နံနက်စာက အဆင်ပြေရဲ့လား သမီး သမီးလေး ကြိုက်တာ ရှိရင်လည်းပြောလေ အန်တီလေးကိုယ်တိုင် ပြင်ပေးမယ်''

'' နေပါစေ အန်တီလေး ရပါတယ် ဒယ်ဒီ့ လက်ထပ်ကတည်းက ဒေါ်ဥ လက်ရာ စားနေကျပါ အမြဲတမ်းအဆင်ပြေပါတယ် ကဲ စားကျအုံးနော် သမီး အပြင် သွားလိုက်အုံးမယ်''

'' ဘယ်ကားယူသွားမလဲ သမီး အန်တီလေးလည်း ခဏနေ ကုမ္ပဏီသွားတော့မှာ တခါတည်း သွားကျမလား အန်တီလေး ဒါရိုင်ဘာကို သမီးသွားချင်တဲ့နေရာ ပို့ခိုင်းလိုက်မယ်လေ''

'' သီရိ အသက် ၁၄နှစ်ထဲက ကားမောင်းလာတာ အန်တီလေး''

အန်တီလေးသည် လှပသော နှုတ်ခမ်းအစုံကို ကွေးညွတ်သွားရင်း

'' အဲ့လို သဘောမဟုတ်ပါဘူး သမီးရယ် အတူတူသွားတော့ ဆီကုန်သက်သာလို့ပါ''

ကျမလည်း ထိုင်ရာမှ ဝုန်းကနဲထရပ်ရင်း

'' ဒီမှာ အန်တီလေး သီရိ ဒယ်ဒီ ရှာထားတဲ့ ပိုက်ဆံ သီရိ သုံးလို့ တစ်ပြားမှ မကျန်လည်း ပြဿ နာမရှိဘူး အုပ်ထိန်းသူအဖြစ် အန်တီလေးတို့ မရှိလည်း ဖြစ်တယ်။ သီရိကိုယ် သီရိ ထိန်းနိုင်တယ်

'' ကောင်းပါပြီ သမီးလေး မကြိုက်ရင်လည်း နောက် မပြောတော့ပါဘူး''

ကျမလည်း ခြေဆောင့်ကာ ထွက်လာခဲ့ပြီး ကျမရဲ့ ပြိုင်ကားလေးကို ဝူးကနဲ မောင်းထွက် လာခဲ့ပါတော့သည်။ ကောင်းဇေရဲ့ တိုက်ခန်းက ၅လွှာမှာဖြစ်သည်။ အခန်းရှေ့ရောက်တော့ လူခေါ်ဘဲလ်ကိုနှိပ်လိုက်ရင်း ခဏ ရပ်စောင့်နေလိုက်သည်။ တံခါး မဖွင့်သဖြင့် နောက်တစ်ကြိမ် ထပ်နှိပ်လိုက်သည်။ သို့သော် တံခါးသည် ပွင့်မလာ။ စိတ်မရှည်စွာဖြင့် တံခါးကို ထုလိုက်ရင်း ကျမသည် ကောင်းဇေကို အော်ခေါ်လိုက်သည်။

image
source

ဆက်ရန်...

@suhlaing
msc 175

Sort:  

ငယ်မာန်လေး တတ်

Posted using Partiko Android

လူငယ်တွေဆိုတော့

ဇာတ်လမ်းက ကောင်းနေပြီဗျာ

Posted using Partiko Android

ဟုတ် ကိုစော နောက်အပိုင်းတွေ ဆက်လက်အားပေးပါအုံး

ကောင်းဇေ ပြဿနာ ဖြစ်တော့မယ်ထင်တယ်နော်။

နောက်တစ်ပိုဒ်မှာ ကောင်းဇေ ဘာဖြစ်လည်း ဖော်ထားပါပြီ

Posted using Partiko Android

အ​ရေးအသားကတအား​ကောင်းတယ်​​နော်​ ကျွန်​​တော်​တို့လိုက်​မမှီဘူး

ချီးကျူးပေးတဲ့အတွက် ကျေးဇူးပါ ဦးယုရေ ဆက်လက်ကြိုးစားပါ့မယ်

Posted using Partiko Android

ဘာတေ ဖြစ်ကုန်ပီလဲကွယ်😔

Posted using Partiko Android

သိရတော့မှာပါ မယ်ကြည်

Posted using Partiko Android

တတ္တုတွေ ရေးရတာ ဇျာန်မဝင်ရင်ရှေ့ဆက်လို့ကိုမရဘူး……အခုလို အခန်းဆက်နဲ့ ရေးနိုင်တာ တော်ပါတယ်ဗျာ

ကျေးဇူးပါ ကိုမြင့်ရေ

Posted using Partiko Android

ဘာလို့တွန်းခွအော်နေတာလဲ အိမ်သာထဲရောက်နေလို့ဘာလေ ☺

ဟုတ်လိမ့်မယ် ဘစိုးရေ

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63177.41
ETH 2439.37
USDT 1.00
SBD 2.58