ဆန့်ကျင့်ဘက် အတွေး

in #myanmar8 years ago (edited)

ဘဝဆိုတာ အချစ်နဲ့ မစပေမဲ့
အချစ်ကြောင့် ဘဝဆုံးသူတွေ ရှိတယ်။

အချစ်ဆိုတာ ခဏတာ ရင်ခုန်မှုပါဆိုပြီး
ဘဝအတွက် ရွေးချယ်ခဲ့သူတွေလည်း ရှိတယ်။

ဘဝခါးခါးထဲမှာ အချစ်ချိချိုလေးပေါင်းထည့်ပေမဲ့
အမဲကွက်ထဲ အဖြူ တစ်စက်ရော ထည့်သလိုပါဘဲ
အချစ်ဟာလည်း ရောယောင်ပြီး မဲညစ်သွားခဲ့တာလို့
ဆိုချင်ဆိုကျတယ်။

အချစ်ရှိရင် ဘဝဟာ ပြည့်စုံပါတယ်
ဘဝအမောတွေကိုလည်း ရင်ဆိုင်နိုင်တယ်
တွဲလက်တွေသာ ခိုင်မြဲပါစေ ခရီး လမ်းဆုံးအထိ
အတူလျှောက်ချင်တယ်လို့ ဆိုချင်တဲ့သူတွေ ဆိုကျတယ်။

ဘဝနဲ့ အချစ် ဆန့်ကျင်ဘက်မျဉ်း နှစ်ကြောင်းကြားမှာ
တစ်ချို့တွေက အချစ်ကိုရွေးချယ်
တစ်ချို့တွေက ဘဝကိုရွေးချယ်
ဘယ်သူမှားလို့ ဘယ်သူမှန်လည်း
ဝေဖန်ခွင့်မှ မရှိတာ။
image

@suhlaing
msc 175
credit google image

Sort:  

ခါးရင်တော့ ရေရောပြီး ပေါ့ရင်တော့ ဆားလေးထည့်မှပဲ အဆင်ပြေမယ်နော့် မဆု 😁

ပြောတက်တာ ကစိုင်း သိလာပါလိမ့်မယ် မကြာခင်

ဘ၀နဲ့အချစ်
ကိုယ့်အတွက်ဘယ်အရာကပိုအရေးကြီးလဲဆိုတာသေချာရွေးချယ်သင့်ပါတယ်..

သေချာရွေးထား မောင်လေး နောက်မှ အဆင်မပြေရင် ခက်တယ်လေ

ချစ်သူရော ညားသူရော ထပ်တူကျ ok ၏ ခ်ခ်

ဒါကြောင့် ကြည်က ဝ ဝ လှ လှလေး ဖြစ်နေတာ

Coin Marketplace

STEEM 0.13
TRX 0.34
JST 0.034
BTC 111473.39
ETH 4424.48
SBD 0.84