မတ်မတ်စုနှင့် အောင်ကြီး ၁၀၀

in #myanmar6 years ago (edited)

အငြိုးနဲ့ ရွာနေတဲ့မိုးက ညနေပိုင်းလောက်မှာ တိတ်သွားပြီး နေရောင်လေး မြင်လာပါတယ်။ ဒါနဲ့ဘဲ မတ်မတ်စုတစ်ယောက် ရွာထဲ လမ်းသလားဖို့ စိတ်ကူးရလိုက်ပါတယ်။ အလည်မသွားဖြစ်တာလည်း ကြာပြီမို့ နေလေးသာတုန်း ရွာထဲဘက် ထွက်ခဲ့ပါတော့တယ်။ နေဝင်ချိန်လေးမှာ လက်ဆက်တဲ့ မိုးရနံ့နဲ့အတူ msc ရွာလေးဟာလည်း သာယာလှပလျှက် ရှိပါတယ်။ အိမ်ရှေ့ အဝင်လမ်းလေးတွေမှာ အိမ်တိုင်းလိုလို ပန်းရုံလေးများကို စိုက်ပျိုးထားပါတယ်။ မိုးရနံ့ပါတဲ့ လေနုအေးလေးက ပန်းရနံ့များကို သယ်ဆောင်ပြီး ရွာလယ်လမ်းအတိုင်း တိုက်ခတ်သွားတာကြောင့် တလမ်းလုံး သင်းကြိုင်နေပါတော့တယ်။

'' မတ်မတ်စု ဗျို့ မတ်မတ်စု'' မတ်မတ်စုတစ်ယောက် အနောက်ဘက်ဆီမှ ခေါ်သံကြောင့် နောက်လှမ်းကြည့်လိုက်တော့ အောင်ကြီး ၁၀၀ဖြစ်နေပါတယ်။ အောင်ကြီး ၁၀၀၏ ပုံသဏ္ဍန်မှာ ပုဆိုးကို စလွယ်သိုင်းခြုံထားပြီး စွတ်ကျယ် အဖြူ ရောင်ကို ဝတ်ဆင်ထားကာ အားကစား ဘောင်းဘီ အတိုနှင့် ကွမ်းဝါးထားသောသွားများမှာ ချိုးကပ်နေလေသည်။ ၄င်း၏ အနက်ရောင် အသားအရေနှင့် အဖြူ ရောင် စွတ်ကျယ်မှာ သဟဇာတ ဖြစ်လွန်းလှစွာ အဝေးမှ ကြည့်လျှင် စွတ်ကျယ် အဖြူ လေး လေပေါ်ဝဲနေသကဲ့သို့ မြင်သူတိုင်းကို အထင်မှားစေပါသည်။ ၄င်း၏ နာမည်အရင်းမှာ အောင်ကြီး သာလျှင် ဖြစ်ပြီး အနောက်က ၁၀၀က mscရွာသားများ ဝိုင်းဝန်း ချီးမြှင့် ထားခြင်းဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် လူမြင်တိုင်း ဆေးလိပ်ဖိုး ၁၀၀တောင်းတက်လွန်း၍ ဖြစ်ပါသည်။

image
credit image source
ယခုလည်း မြင်သည်နှင့် တောင်းပေတော့မည်။ steemဈေးက ကျရသည့် အထဲ ဝင်ငွေမကောင်းလှသဖြင့် ခုတလော ချွေတာစားသောက်နေသည့် အထဲ ဒင်းနဲ့တော့လေ။ ကွမ်းချိုးတက်နေသော သွား ၃၂ချောင်းကိုဖြဲရင်း အစွမ်းကုန် ငါးခူပြုံးလေးနှင့် ချဉ်းကပ်လာသော အောင်ကြီး ၁၀၀အား မတ်မတ်စုက
'' ဘာတုန်းအေ့ လူမြင်တာနဲ့ ဆေးလိပ်ဖိုး ၁၀၀ တောင်းတော့မယ် မဟုတ်လား အောင်ကြီး ၁၀၀ ခုတလော ဈေးက အရောင်းပါးတာနဲ့ ဝင်လာတဲ့ ၀င်ငွေလေးနဲ့ လောက်ငအောင်စားနေရတဲ့ အပြင် ဆန်ဈေးတွေကလည်းတက်လာတော့ လောက်ငတယ်ကို မရှိပါဘူး အောင်ကြီးရယ်။ ဒါအပြင် ကလေးကျောင်းစရိတ်ကတစ်ဖက်နဲ့ ဈေးရောင်းကလည်းပါး။ အတိုးတွေကလည်းတောင်းမရ စိတ်ဓာတ်ကို ကျရော။ ပြောပြရအုံးမယ် အောင်ကြီး ၁၀၀ရေ..''
'' တော်ပါပြီ မတ်မတ်စုရယ် ၁၀၀လည်း မတောင်းတော့ပါဘူး မတ်မတ်စု ငြီးချင်းကြီး ရပ်ပါတော့ဗျ'' ဟုဆိုကာ တစ်ချိုးတည်း ပြေးလေတော့သည်။ မတ်မတ်စုလည်း ကျေနပ်ပြုံးလေးပြုံးရင်း ဒီတစ်ခေါက် အောင်ကြီးနဲ့ တွေ့ရတာ ၁၀၀သက်သာလေပြီဟု အကျေနပ်ကြီးကျေနပ်ကာ ရွာလည်လမ်းအတိုင်း သုဓမ္မသိဂီင်္၏ အိမ်သို့ အလည်သွားရန် လိမ်ဖယ်လိမ်ဖယ်နှင့် ချီတက်လာလေတော့သတည်း။

image
credit image source

@suhlaing
msc 175

Sort:  

ဟားးးအောင်ကြီးတစ်ရာဆိုတာဆေးလိပ်ဖိုးကြောင့်ဖြစ်တာလား..ခုမှသိတယ်..မိုက်တယ်မက်မက်စုရေ သိသွားတာပေါ့သူ့အကြောင်းလေး။

တိတ်တိတ်လေးနဲ့ တရွာလုံးသိ ခိုဇာရေ လာမယ်နော် ခိုဇာ့ အကြောင်းလေး

ကွီးအောင်ကြီးအကြောင်းကိုး......:-)

ဖတ်လို့ကောင်းတယ် သမီး
ပြုံးမိတယ်

ဟုတ်ကဲ့ မာမီ ကျေးဇူးပါရှင့်

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဆေးလိပ်ဖိုး ၁၀၀ တောင်းလို့ 
အောကြီး တစ်ရာ တဲ့လား

ဟုတ်တယ် ဦးထွေး အဲ့ဂလို ဇာတ်လမ်းက

အောင်ဂျီး၁၀၀ ကိုမျက်လုံးထဲ မြက်ယောင်ကြည့်မိ

မဟူရာ အောင်ကြီးလား မမမြန်မာ

ကွီးအောင်က နာမည်ကြီးဘဲ
၃ပုဒ်တွေ့တယ်ဖတ်ရတာ ကွီးအောင်ပါနေတယ်

G4က ဇာတ်လိုက်ကျော်တွေ

အောင်ကြီးမဲတာ ကျုပ်မမှီပါဘူးဗျာ ခိခိ

အမဲတောင် ပြိုင်နေသေး ကွီးကာ

တော်​​သေးတယ်​ ကို​တွေအ​ပြေးမြန်​လို့😂😂
ဒီမို့ဆို ​ဆေးလိပ်​ဖိုးရတဲ့အပြင်​ သူများစီက​တောင်းလာတဲ့​ဆေးလိပ်​ဖိုး​လေး​တွေ မတ်​မတ်​စုကို ပြန်​​ပေး​နေရမယ်​😂😂😂

အကြံပိုင်ပေဘူးလား အောင်ကြီးရေ ခိခိ

ဆေးလိပ်ဖိုးတစ်ရာမတောင်းသင့်ပါ

အကြံပေးလိုက်ပေါ့အေ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63818.94
ETH 2624.28
USDT 1.00
SBD 2.78