မိုးခိုခြင်း ၁၅မိနစ်
ဒီမနက် ဗန်းမော်မှာ မုန်တိုင်းအငယ်စားလေး ဝင်မွှေသွားပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းတဲ့အပြင် လေတွေကလည်း တိုက်နေတာမို့ အင်မတန် ကြောက်စရာကောင်းလှပါတယ်။ ကိုယ်တွေ အိမ်ထဲနေတော့ မိုးရွာတဲ့ အချိန် မသိသာလှပေမဲ့ ကလေး ကျောင်းပို့ပြီး အပြန် ရွာချလိုက်တာမို့ လမ်းတဝက်တပျက်မှာဘဲ ဆိုင်ကယ်ခိုစရာလေးရှာပြီး နားခဲ့ရပါတယ်။ ဆိုင်ကယ်ဆိုတာ မောင်းနေရင်းနဲ့ နောက်ပြန်ဆွဲသလိုခံစားရပြီး လေနဲ့ လွင့်သွားမလား ထင်မှတ်မှားရပါတယ်။ ပိုဆိုးတာက လမ်းအနိမ့်ပိုင်းတွေထဲရောက်တဲ့ အခါ ကားလမ်းပေါ် ဖြတ်စီးနေတဲ့ ရေနီနီတွေဟာ ရေစီးသန်လှပါတယ်။ ကိုယ်တွေ ဖြတ်စီးလာတော့ ဆိုင်ကယ်ကျော်နိုင်ပါ့မလားလို့တောင် စိတ်ထဲ တွေးမိပါတယ်။ ဒါပေမဲ့လည်း ကြောက်ကြောက်နဲ့ဘဲ ဂီယာ အသေးနဲ့ ဖြတ်ရပါတော့တယ်။
ဆောင်းထားတဲ့ ထီးဆိုတာ အရွက်တောင် ဘယ်နား ကျန်ခဲ့လည်း မသိရလောက်အောင် ကြည့်မိတော့မှ စတီးရိုးတံကျဲကျဲလေးကိုင်ထားတဲ့ ကိုယ့် အဖြစ်ကို သတိထားမိပါတယ်။ ကလေးလည်း စိတ်ပူရ ကိုယ့် အတွက်လည်း လုံခြုံမဲ့နေရာရှာရင်း လမ်းတဝက်လောက်က စိုက်ပျိုးရေးဆိုင်ကြီးရဲ့ အမိုးအောက်ကို ပြေးဝင်လိုက်ရပါတယ်။ ကိုယ်လည်း ဝင်လိုက်ရော အထဲမှာလူစည်ကားနေပါတယ်။ ကျောင်းသူ ကျောင်းသားတွေလည်း လေဒဏ် မိုးဒဏ်ကို ဝင်ရောက် ခိုလှုံနေခြင်းပါ။ ထူးခြားတာက လေတွေ အရမ်းတိုက်မိုးတွေ ဒီလောက်ရွာနေတာတောင် မီးမပျက်ခြင်းပါဘဲ။ ကျောင်းသားလေးတစ်ယောက်က ဂျပန်ကို အဆင့်မီတယ်လို့ ထပြောတော့ ဒုက္ခတွေကြားက ရယ်မောလိုက်ရပါသေးတယ်။ လေတောမိုးတောထဲ ဆိုင်ကယ်စီးနေသူတွေ ရှိပေမဲ့ တံတားနဲ့ နမ့်ဖားအင်းအကြားက ကားလမ်းပေါ်ကျော်ပြီး စီးထွက်လာတဲ့ ရေစီးကြောင်းနားရောက်တော့ မဖြတ်ရဲဘဲ ရပ်စောင့်နေကျရပါတယ်။
ကိုယ်တွေရဲ့ ဘေးကို ဝေ့ကြည့်လိုက်တော့ မိုးရေတွေက ရွှဲရွှဲစိုနေပြီး စာအုပ်တွေပါ မိုးရေတွေစိုနေတဲ့ ကျောင်းသူ ကျောင်းသားလေးတွေကိုတွေ့ရတာ စိတ်မကောင်းဖြစ်ရပါတယ်။ ဆိုင်ထဲက ခုံလေးမှာ ထိုင်နေတဲ့ စုံတွဲလေးကတော့ ကောင်လေးက ကောင်မလေးကို ကြင်ကြင်နာနာနဲ့အပေါ်ထပ် အကျီင်္လေးနဲ့ ခေါင်းကရေတွေကို သုတ်ပေးနေပါတယ်။ မြင်ကွင်းလေးက ကြည်နှုးစရာပါ။ ကိုယ်တွေဘေးက ကပ်ရပ် ကောင်မလေး ၂ယောက်ကတော့ ဒုက္ခရောက်နေတယ်လို့ အသိစိတ်တချက်တောင် ဝင်ပုံမရဘဲ ပေါ့ပေါ့ပါးပါးနဲ့ ဆိုင်ထဲဝင်လာသူတွေနဲ့ လမ်းမှာ ဖြတ်သွားသူတွေရဲ့ ထီးလန် ပုဆိုးလန် ထဘီလန်တဲ့ မြင်ကွင်းတွေကို ကြည့်ရင်း ပါးစပ်မစိဘဲ ရယ်မောနေကျပါတယ်။ ပြောလိုက်ရီလိုက်နဲ့ ကိုယ်တွေလည်း ရောယောင် ရယ်မောမိပါတယ်။
ဆယ့်ငါးမိနစ်လောက်နေတော့ လေအနည်းငယ် ငြိမ်သွားတာနဲ့ ဆိုင်ကယ်လေးကို ထိန်းမောင်းရင်း ပြန်လာခဲ့ပါတယ်။ လမ်းက သွားနေကျမို့ ရေတွေပြည့်နေပေမဲ့လည်း ဘယ်နားက ချိုင့် ဘယ်နားက ကုန်းတက် ဘယ်နားက အကွေ့ဆိုတာတွေ မှတ်မိနေပါတယ်။ အိမ်ရောက်တဲ့ အထိ မိုးက သည်းနေစဲပါ။ လေကတော့ ငြိမ်သွားပြီမဆိုသာပေမဲ့ သွားလို့လာလို့ ရတဲ့ အနေအထားရှိသွားပါပြီ။ ကိုယ်တွေတော့ ခဏတာ အမိုးလေးအောက်မှာ ခိုလိုက်စဉ် အခက်အခဲနဲ့ ကြုံရတဲ့ အခြေအနေမှာ လူတွေဟာ တုံ့ပြန်ပုံခြင်းမတူဘူးဆိုတာ လက်တွေ့သိလိုက်ရပါတယ်။ တချို့သော လူတွေက ဒုက္ခနဲ့ ကြုံတဲ့အခါ စိတ်ပျက်အားနည်းသွားတက်ကျပါတယ်။ တစ်ချို့တွေကျတာ့ ဒုက္ခကို ရယ်မောစရာအဖြစ် ပြောင်းလဲတက်ကျပါတယ်။ တစ်ချို့လူတွေကတော့ အောင်မြင်စွာကျော်လွှားနိုင်ပြီး တစ်ချို့လူတွေကတော့ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ နောက်ဆုတ်သွားတက်ကျပါတယ်။ ခဏတာလေးဆိုပေမဲ့ ကိုယ်တွေ စိတ်ထဲ အတွေးများစွာကို ပေးနိုင်စွမ်းခဲ့တဲ့ မိုးခိုခြင်း ၁၅မိနစ်လေးမှာ ဒုက္ခနဲ့ရင်ဆိုင်ရတဲ့ အချိန် ဘယ်လိုကျော်လွှားမလဲဆိုတဲ့ စိတ်ဓာတ်လေး ကိန်းအောင်းဖြစ်တည်လာရပါတော့တယ်။
@suhlaing
msc 175
မိုးကြားလေကြားက စာတစ်ပုဒ်
ဟုတ်တယ် ကိုစော
မိုးမရွာတော့လဲမိုးကိုမျှော်ရွာပြန်တော့လဲ
မိုးလေးရွာတော့လည်း အေးအေးလေးနဲ့ နေသာထိုင်သာရှိတယ်
မန်းလေးကနေ ပြင်ဦးလွင် အတတ် ပြင်စာမှာ မိုးခိုရင်း Tea ဆွဲနေတုန်း မတ်မတ်စုရဲ့ မိုးခိုခြင်း ၁၅ မိနစ် ကိုဖတ် 😁😁😁
အမှတ်တရလေး ဖြစ်ဝါးတယ်ပေါ့
မိုးရွာတော့ရေ.ကြီး၊ရေကြီးတော့ကယ်ဆယ်ရေးသွားရအုန်းမယ်
အရေးကြုံတော့ သက်လုံကောင်းရပြီပေါ့ ကထက်
Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
thanks
မိုးကတော့ တနိုင်ငံလုံးကောင်းနေတယ်
ဒီနှစ်မိုးများတယ်
၁၅မိနစ်အတွင်းမြင်ရတာကနေတွေးရင်းခုလိုပိုစ့်ဖတ်ရလို့ကျေးဇူးပါ...
တွေးမိတာလေး ရေးမိလိုက်တာပါ
ဒီမှာလဲ မိုးသဲနေတယ် ဗျို့
ရွာလွန်းရင်လည်း မကောင်းဘူး ဦးယုရေ ရေဘေးစိုးရိမ်ရတယ်
This post has received a 3.5 % upvote from @boomerang.
အဲလိုအချိန်တွေအ ပြင်ရောက်မိနေရင်အရမ်းစိတ်ညစ်တာသိလား။
ဟုတ်တယ် မအိရေ အလုပ်သွားချိန် ကျောင်းသွားချိန်တွေ