လူနေမှုအဆင့်အတန်းမြင့်မားလာခြင်းနှင့် စာရိတ္တ အန္တရယ်
ဒီနေ့တော့ လူတန်းစားအကြောင်းလေး နည်းနည်းပြောကျရအောင်လား။ ဟိုဘက် ရာစုနဲ့ ဒီဘက်ရာစု လူတန်းစားကွာဟမှုနဲ့ စာရိတ္တ အနိမ့် အမြင့်အကြောင်းကို တွေးမိလို့ပါ။ သိပ်မဝေးကွာလှသေးတဲ့ ၁၉၉၃ခုနှစ်လောက်က စပြီး ပြောကြည့်ချင်ပါတယ်။ အဲ့အချိန်လောက်က ဆင်းရဲသားလူတန်းစားနဲ့ သူဌေးလူတန်းစားဟာ အင်မတန်ကွာခြားမှုရှိပါသေးတယ်။ မတ်မတ်စုတို့မြို့မှာ Super cupဆိုင်ကယ်စီးနိုင်တာဆိုလို့ မြို့လယ်က တရုတ်သူဌေးတွေ အိမ်လောက်သာရှိပါတယ်။ တစ်မြို့လုံးပေါင်းမှ ဆိုငိကယ်လေး ၃စီးသာရှိပါတယ်။ ဖီးဆန့် စက်ဘီးလေးစီးနိုင်ရင်ကို အတော်ဟုတ်လှပါပြီ။ တရုတ်စက်ဘီးလေး စီးနိုင်တဲ့သူတွေကတော့ ဆင်းရဲသားပေါ့။ ဖုန်းဆိုတာ ဝေလာဝေး။ သူဌေးတွေတောင် မကိုင်နိုင်တဲ့ခေတ်။ တစ်မြို့လုံးမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဖွင့်ထားတဲ့ PCOလေး ၂လုံးဘဲ ရှိတယ်။
ဆွေမျိုးတွေကို ဖုန်းဆက်ချင်ရင် ဖုန်းကြိုချိန်းထားရတာ။ ဘယ်နေ့ ဘယ်အချိန်ဟစောင့်နေပါစသဖြင့်ပေါ့။ကုန်သည်လူတန်းစားတွေတောင်မှ PCOမှာ တိုးပြီး ကုန်ပစ္စည်းမှာရတဲ့ ခေတ်။ ကျောင်းဈေးတန်းတွေကြည့်မယ်ဆိုရင်လည်း ကြာဇံကြော် ခေါက်ဆွဲကြော် အချဉ်သီး ပဲသုတ် ရှောက်ပန်းသီး ကန်စွန်းဥ အာတာလွတ်ဥ ဝ မြေဥ သင်္ဘောသီးသုတ် မုန့်တီသုတ်စသည့် သရေစာများကို ဌက်ပြောဖက်လေးနဲ့ ထုတ်ပြီး ၅၀ဖိုး ၁၀၀ဖိုး ရောင်းပါတယ်။ မုန့်ဖိုး ၂၀၀ ပါတဲ့သူကတော့ သူဌေးပေါ့။ အဝတ်အစားဆိုရင်လည်း ပန်းဖွားသိုးမွှေးလွယ်အိပ်လေးဟာ အကောင်းဆုံးပါဘဲ။ ဒီ လွယ်အိပ်လေးကို ကလေးတိုင်း မလွယ်နိုင်ပါဘူး။ အဝတ်အစားဆိုလည်း ပေါများစွာမရှိကျဘဲ မိဘဆင်သမျှလောက်သာ ထိုက်သင့်သလောက် ဝတ်ကျရပါတယ်။
ဒီဘက် ရာစုမှာတော့ မြို့လယ်က တရုတ်သူဌေးတွေက ကားစီးနေကျပါပြီ။ ဗန်းမော်မှာ အခွန်လွတ်ကားတွေလည်း စီးကျတော့ အခွန်လွတ်ကော အခွန်ဆောင်ကော တစ်အိမ်ကို ကား ၃စီးလောက်ရှိကျပါတယ်။ လူလတ်တန်းစားတွေကတော့ ဆိုင်ကယ်စီးတဲ့ ခေတ်ပါ။ တစ်အိမ်တစ်အိမ်ကို အရွယ်ရောက်ပြီးသူတိုင်း ဆိုင်ကယ်တစ်စီးနှုန်းလောက်ရှိပါတယ်။ စက်ဘီးဆိုတာကတော့ ရှားပါးဖြစ်နေပြီး ကုလား အဘိုးအိုကြီး တစ်ယောက်သာ စီးနေတာ မြင်ရပါတယ်။ အဝတ်အထည်ဆိုလည်း သူဌေးဆင်းရဲသားမရွေး ကိုယ့်စိတ်ကြိုက် ပေါပေါများများ ဝတ်နိုင်လာကျပါတယ်။ အဆင်မျိးစုံ ဒီဇိုင်းမျိုးစုံ အရောင်အသွေးမျိုးစုံ ဝတ်နိုင်ကျပါသည်။ သူဌေး သားသမီး ဆင်းရဲသား သားသမီးရယ်လို့ ခွဲခြားရခက်တဲ့ကာလပါ။
credit image facebook source
လူတန်းစား တူညီလာတာ ကောင်းတဲ့ ပြောင်းလဲခြင်းလို့ ဆိုနိုင်ပေမဲ့ စာရိတ္တ္တတွေ နိမ့်ပါးလာတဲ့ ပြောင်းလဲခြင်းဟာလည်း အချိုးကျစွာနဲ့ ကပ်ပါလာပါတယ်။ ဟိုဘက်ရာစုက မတ်မတ်စုတို့ မြို့ဟာ ခြံတံခါးဖွင့်ပြီး ရွာရိုးကိုးပေါက် လျှောက်လည်နေရင်တောင် အပ်တို တစ်ချောင်း မပျောက်တဲ့ မြို့ပါ။ အခုတော့မြို့လယ်မှာတောင် ပိုက်ဆံအိပ်လုတဲ့ခေတ် ရောက်နေပါပြီ။ ဒါကြောင့် အချုပ်အားဖြင့် ပြောချင်တာက လူနေမှုအဆင့်အတန်းမြင့်လာသလို စိတ်ဓာတ်အဆင့်အတန်းလည်း မြင့်လာဖို့လိုပါတယ်။ စိတ်ဓာတ်အဆင့်အတန်းပါ မြင့်မားလာမှသာလျှင် တရားဥပဒေစိုးမိုးမှုတည်ငြိမ်လာပြီး အေးချမ်းသာယာပြီး နေချင့်စဖွယ် မြို့ရွာများ ဖြစ်ပါသည်။ မြို့ရွာများ သာယာလှပပါမှ တိုင်းပြည်တခွင်လုံး သာယာလှပပြီး ကမ္ဘာကြီးတစ်ခုလုံးပါ ငြိမ်းချမ်းမည်ဖြစ်ပါကြောင်း ရေးသားအပ်ပါသည်။
အကျင့်စာရိတ္တတွေတဖြည်းဖြည်းယိုယွင်းလာတာ နေရာဒေသအနှံ့ပါဘဲ။ဓမ္မစကူး ကျောင်းတွေ ၊ယဉ်ကျေးမှုသင်တန်းတွေပေါ်ထွန်းလာတာတွေဟာ ထို ပြဿနာတွေကို တဖြည်းဖြည်းဖြေရှင်းလာနိုင်မယ်လို့မျှော်လင့်မိပါတယ်။
ဘာသာရေးနဲ့ အသိလေးတွေ ပြောင်းဖို့ လိုလာပြီ
ဒါနဲ့ စကားမစပ် မတ်စုကော ကားဘယ်နှစ်စီး ဝယ်ထားလဲလို့  မေးလည်းမေးချင်တယ် မေးလည်းမေးရဲဘူး ဟားဟား
အကြာခင် Steemဈေးတွေတက်တော့မှာပါ ဦးဇင်း
ရာစုခေတ်အလိုက် နိုင်းယှဉ်ပြီးပြောပြသွားတာ ကောင်းလှပါတယ်ခင်ဗျာ။ရည်ရွယ်ချက်ကောင်းမွန်သော post လေးပါ။
ပေးထားတဲ့ မက်ဆေ့ကို မြင်အောင်ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
သမီးစု..လူငယ်တစ်ယောက်အနေနဲ့ခေတ်ရဲ့အခြေအနေ
အဖြစ်အပျက်ကို..သုံးသပ်ထားတဲ့စာစုကို..ဝမ်းမြောက်စွာ
ကြိုဆိုပါတယ်..ဆက်ပီးတော့..ထဲထဲဝင်ဝင်..ဘာကြောင့်ဖြစ်ရတာလဲ...ဆိုတဲ့ဇစ်မြစ်ကြီးကိုရှာဖွေသုံးသပ်စေချင်တယ်
ကုထုံးအနေနဲ့..ဘယ်လိုလုပ်ကြရင်..ဆိုတဲ့..အကြောင်းလေးတွေ...ဆက်ပီးကြိုးစားပါ..မျှော်နေမယ်
ဟုတ်ကဲ့ အန်တီဆွေ ဆက်ပြီး လေ့လာသုံးသပ်ကြည့်ဖို့ ကြိုးစားပါ့မယ် အားပေးတဲ့အတွက် ကျေးဇူးပါရှင့်
အန်တီက.ပွင့်လင်းစွာပြောရရင်..အဲလိုမျိုးအတွေးလက်ကို
ကြိုဆိုချင်တာ...သုံးသပ်ခြင်းဆိုတဲ့အလေ့အထရှိမှ..အမှန်တရားကိုမြင်နိုင်တာ..သမီး
အမှန်ပါဘဲ အန်တီဆွေ အကျိုးနဲ့ အကြောင်းက ဆက်စပ်လျှက်ပါ
လူနေမှုအဆင့်အတန်းမြင့်လာသလို၊စိတ်ဓာတ်အဆင့်အတန်းပါမြင့်လာရင်ဘယ်လောက်ကောင်းလိုက်မလဲ....ကောင်းသောပိုစ့်ပါ...
စိတ်ဓာတ်= လူနေမှု့အဆင့်အတန်း ညီမျှစေချင်ပါသည်
ခေတ်ကြီးက ဘလိုပြောရမလဲကိုမသိတော့ဘာဘူးဗျာ
ဟုတ်ပ မောင်တိုးတက်ရေ
အိုးဟိုး စာဖတ်ရတာတော့ ဗန်းမော်မြို့က သူဋ္ဌေးမြို့ပေတကား
လူတန်းစား အလွှာ ကွာခြားချက် ကတော့ ဒီဘက်ခေတ်က ပို မြင့်သဗျ
ဗန်းမော်က နယ်စပ်ဆိုတော့ စီးပွားရေး ဖြစ်ထွန်းကျပါတယ် အရမ်းဆင်းရဲတဲ့ ဆင်းရဲသားတော့ ဗန်းမော်မှာ မတွေ့ဖူးတာ အမှန်ပါ
ကိုယ်တွေတော့ တရုတ်စက်ဘီးတောင် စီးနိုင်ပါဘူးကွယ်ရို
ပူနက် ဦးထွေး steemရှိတယ်
၁၉၉၃ဆိုတော့ ကိုယ်တွေက ငယ်ငယ်လေးဘဲရှိသေးတယ်မစု
မစုလည်း ငယ်သေးတာပေါ့ အဲ့အချိန်
မှန်သောစကားများပါ
လာဖတ်ပေးတာ ကျေးဇူးပါ အမ