ဆောင်းဒဏ်ရာ

in #myanmar6 years ago (edited)

မြူ နှင်းလွှာခြုံအုပ်ထားတဲ့
ဆောင်းငွေ့သက်တွေက
တစ်ကျော့ပြန်လာတဲ့ ဒီနေ့

ရှိခဲ့ဘူးတဲ့အတိတ် နှုတ်ဆိတ်နေခဲ့တယ်
နွေလယ်ညတွေထက်က
နေ့ရက်တစ်ချို့ထဲမှာ

အချိန်တန်တော့ ရင်ဘတ်ထဲက နှင်း
ရာသီစက်ဝန်းလည်နေတဲ့အထဲ
ဘယ်လွန်ဆန်နိုင်ပါ့မလဲ

တမ်းတခြင်းနှလုံးသားနဲ့
ရေးခြစ်ခဲ့တဲ့ ဆောင်းပန်းချီ
ဇွတ်မေ့ရင်းနဲ့ဘဲ အပြင်ကိုငေးနေတုန်း

နှင်းသက်ငွေ့ဝတ်ရုံနဲ့
အိမ်ရှေ့က မနှင်းဆီတောင်
အပျိုဖော်ဝင်ခဲ့ပြီဘဲ

IMG_20180929_070651.png

photo by me

@suhlaing
msc 175

Posted using Partiko Android

Sort:  

Ok တယ်​ အရင်​လိုမန့်​လို့ရပြီ

Posted using Partiko Android

မန့်လို့ရတော့ ပျော်ပြီလေ

အရင်​လိုမန့်​လို့ရပီ

Posted using Partiko Android

အင်း..ဘယ်လိုတောင်ပြောရပါ့...:-)

ဘိုမှ ပြောနက်တော့

တကယ့်ကို ထိမိတဲ့ ကဗျာလေးပါပဲ မစုရေ

အားပေးလို့ ကျေးဇူးပါ မောင်လေးရေ

အို မနှင်းဆီ မနှင်းဆီရယ်

အသံကောင်းတာကွယ်

တမ်းတခြင်းနဲ့နှလုံးသား. Woo😍😍😍😋😋

Posted using Partiko Android

လာဖတ်ပေးတာ ကျေးဇူးပါ ညီမငယ်

လှနေရော နှင်းဆီလေး😊

ကိုယ်တိုင်စိုက်ထားတာ မယ်ကြည်ရေ ဒီနေ့မှ စ ပွင့်တာ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63182.56
ETH 3083.10
USDT 1.00
SBD 3.83