ကျမနှင့် အိပ်ယာဝင် ပုံပြင်များ

in #myanmar6 years ago

ညက အိမ်ကသားတော်မောင်က ဘာစိတ်ကူးပေါက်သည်မသိ အိမ်ယာဝင်ချိန် ပုံပြင်ပြောပြဖို့ ပူဆာတော့သည်။ ဒါနဲ့ဘဲ ငယ်ရွယ်စဉ်ကထဲက မှတ်မိနေသေတဲ့ မနှင်းဖြူ ခေါ် စနှိုးဝိုက်ပုံပြင်နဲ့ ဆင်ဒရဲလား ပုံပြင် ၂ပုဒ်ကို ပြောပြလိုက်ပါတယ်။ ပုံပြင်လည်းနားထောင်ပြီကော သားသားက နောက်ထပ်ပြောပါအုံးတဲ့ ပြီးတော့ ညတိုင်းပြောပြရမယ်တဲ့လေ။ အရင်ကတော့ အိမ်ယာဝင်ပုံပြင်လေးတွေကို ကျမ ပြောနေကျပါ။ အခုတော့ နေ့ဘက်မှာ လူမှုရေးကိစ္စ အလုပ်ကိစ္စတွေ အိမ်မှုကိစ္စတွေနဲ့ ပင်ပန်းခဲ့တာကြောင့် မပြောပြဖြစ်ခဲ့တာ ကြာပါပြီ။ ဒါနဲ့ နောက်ထပ်ပုံပြင်လေးတစ်ပုဒ်ကို ထပ်ပြောပြမှ သားသားဟာ အိပ်ပျော်ခြင်းသို့ ရောက်ပါတယ်။

IMG_20180920_062803.png
source

Steemit မိသားစုဝင်များလည်း မိမိတို့ရဲ့ ရင်သွေးငယ်များကို အိပ်ယာဝင်ပုံပြင်လေးတွေ ပြောပြဖူးကျပါသလား။ တကယ်တော့ ကလေးတွေ အတွက် ပုံပြင်လေးတွေဟာ စိတ်အာဟာရဖြစ်စေပါတယ်။ မိဘတွေ အနေနဲ့လည်း ကိုယ်ဆုံးမချင်တဲ့ အကြောင်းအရာကို ပုံပြင်တွေကနေတဆင့် messageပေးနိုင်ပါတယ်။ ဒီတိုင်းကြီး ပြောဆို ဆုံးမရင် ကလေးတွေဟာ နားမဝင်တက်ကျပါဘူး။ ပုံတိုပတ်စ သာဓကလေးတွေနဲ့ ခိုင်းနှိုင်းပြောပြမှသာလျှင် နားဝင်ပြီးမှတ်မိလွယ်တဲ့သဘောရှိပါတယ်။ ဒါကြောင့် လူကြီးသူမတွေဟာ ၅၅၀ဇာတ်နိပါတ်တွေကို ပုံပြင်သဘောဆောင်တဲ့ အရေးအသားတွေနဲ့ ထားရှိခဲ့ဟန်တူပါတယ်။ နောက်တစ်ချက်က မလုပ်စေချင်တဲ့ အန္တရာယ်ဖြစ်စေမဲ့ အကြောင်းအရာတွေကို ခြောက်လန့်ခြင်းနဲ့ ပြောဆို ဆုံးမခဲ့ကျပါတယ်။

ဥပမာပြောရရင် ညဘက် သစ်ပင်တွေကို မခူးရဘူး။ သရဲတစ္ဆေတွေက သစ်ပင်တွေမှာ ညဆိုရင်ရှိနေတက်ပြီး ကိုယ်ခူးလိုက်တဲ့ ကိုင်းကနေ ပါလာတက်တယ် စသည်ဖြင့် ခြောက်လန့်ခဲ့ကျပါတယ်။ အမှန်က ညဘက်တွေဆိုရင် သစ်ပင်တွေမှာ မြွေကဲ့သို့ အဆိပ်ရှိပြီး အန္တရာယ်ဖြစ်စေတဲ့ သတ္တဝါတွေ ခိုကပ်နေတက်တာကြောင့် မခူးစေချင်လို့ တမင်ခြောက်လန့်ခဲ့ခြင်းဖြစ်ဟန်တူပါတယ်။ နောက်တစ်ခုက ကတ်ကြေးကို ဘာမှ မညှပ်ဘဲ ညှပ်သယောင်စောင့်ရင် ရန်ဖြစ်တက်တယ်လို့ ခြောက်လန့်ခဲ့ပါတယ်။ တကယ်က မတော်တဆ ကတ်ကြေးညှပ်ရင် အနာတရဖြစ်မှာ စိုးတာကြောင့် ပြောဆိုခဲ့ကျဟန်တူပါတယ်။

IMG_20180920_062956.png
source

ပုံစံတူ ဆုံးမမှုမျိုးတွေ ကျမတို့ ယဉ်ကျေးမှုနယ်ပယ်မှာ ထွန်းကားခဲ့ပါတယ်။ ထို့အတူ ပုံပြင်တွေမှာလည်း ပေးချင်တဲ့ messageကို ပုံပြောသူ ဘိုးဘွားဘီဘင်တွေက ထည့်သွင်းခဲ့ကျပါတယ်။ ဒါကြောင့် ပုံပြင်ကြိုက်သူ ကလေးငယ်တွေကို တစ်ချက်ခုတ် နှစ်ချက်ပျက်စေတဲ့ ပုံပြော၍ မိမိလိုရာကို ဆိုဆုံးမတက်အောင် မိဘများအနေနဲ့ပုံပြင်တွေ ဖတ်မှတ်သင့်ပါတယ်။ ကျမလည်း တစ်နေ့ကို ပုံပြင်တစ်ပုဒ်တော့ အနည်းဆုံးဖတ်မှတ်ရမှာဖြစ်ပြီး ကျမ ဖတ်မိတဲ့ ပုံပြင်တွေနဲ့ messageတွေကို ပြန်လည်မျှဝေသွားပါ့မယ်။ စောင့်မျှော်အားပေးကျပါကုန်...

@suhlaing
msc 175

Sort:  

ညကြီး ခြေသဲ မညှပ်ရဘူးတို့။ စလောင်းဖုံး ၂ ချပ်ကို မတီးရဘူးတို့နဲ့ ဂဃဏဃ မပြောပြပဲ ခြောက်လှန့် ခဲ့ကြသလို ပေါ့ဗျာ။
အိမ်ထောင်ကျပြီး ကလေးတွေ ဘာတွေ ရှိလာရင်တော့ ပြောပြ ဖြစ်မှာပါ လေ
😂

ဟုတ်တယ် သေချာပြောပြရင် ဘယ်ကြောက်တော့မလဲ ဒါကြောင့် မလုပ်ကောင်းဘူး ငရဲကြီးတက်တယ်တို့ဘာတို့နဲ့ ခြောက်ကျတာ

ဟုတ်ပ။ကျော်ညီတော်မောင်တွေဆို အမြဲပြောခိုင်းတတ်တယ်မစုရေ

ကလေးတွေက ပုံပြင်အရမ်းကြိုက်ကျတယ်ဆို

စောင့်မျှော်နေပါ့မယ် မစုရေ

ပုံပြင်လေးတွေ ရေးတင်မယ်နော် အားပေးပါအုံး ကလေးအေဖတွေပါရင် အလွယ်တကူဖတ်နိုင်တာပေါ့

ပုံ ပြင်‌နား‌ထောင်‌ရမှာကို‌တော့ကြိုက်‌တယ်‌။‌စောင့်‌‌နေပါမယ်‌ဗျာ။

ပုံပြင်လေးတွေ ရေးတင်ပါ့မယ်

ပုံ ပြင်​မကြိုက်​တဲ့က​လေးဆိုတာ မရှိဘာဘူးညီမ​ရေ့  က​လေး​တွေအကြိုက်​ပါ၊

ပုံပြောပြနေတဲ့အချိန် သူတို့ မျက်လုံးလေးတွေကို အကဲခတ်ကြည့် အရောင်လေးတွေကို တောက်နေတာဘဲ

သမီးကို ချော့ဖို့အလွယ်တကူဖုန်းလေးပေးပြီးဖုန်းထဲကဂိမ်းတွေ၊ ဗီဒီယိုတွေကြည့်ခိုင်းတာထက် ကိုယ်တိုင်ပုံပြောပြတာကအကောင်းဆုံးပဲ၊ကျွန်တော်ဆို အမေပြောပြတဲ့ ပညာရွှေအိုးလူမခိုးဆိုတဲ့ပုံပြင်လေးကို ခုထိမှတ်မိနေသေးတယ်

ဒီခေတ်မိဘတွေကလည်း စားဝတ်နေရေးအတွက် လင်ကော မယားကော ၂ယောက်စလုံးရှာကျရတာဆိုတော့ အချိန်ကတော်တော်ဆင်းရဲပါတယ်

ညီမလည်း ကလေးဘဝတုန်းက ပုံပြင်တွေကြိုက်လို့ ပုံပြင်စာအုပ်တွေ တော်တော်ဖတ်ဖြစ်တယ်။

အမတို့ငယ်ငယ်ကလည်း အဲ့လိုဘဲ အမေဈေးသွားပြီဆို ပုံပြင်စာအုပ်မှာတာ

ပုံ ပြောပြပါ မတ်မတ်စု😊

ဟိုးး ရှေးရှေးတုန်းကပေါ့ကွယ်

ညဘက်ဆို သစ်ပင်ချိုးတော့ဘူး တရဲကြောက်တယ်

ကလေးတွေကို ခြောက်တာပါအေ

ငယ်​ငယ်​က​တော့ မိဘ​တွေပုံ​ပြောပြတာနား​ထောင်​ဖူးတယ်​အမ

ဒါဆို ငယ်ဘဝလေးက ပျော်ရွှင်ခဲ့မှာပေါ့

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63277.26
ETH 2570.12
USDT 1.00
SBD 2.82