အဖြစ်များသော သွေးလွန်တုတ်ကွေး

in #myanmar6 years ago

ရာသီဥတုက အခုတလော အင်မတန်ကြမ်းလှပါတယ်။ နေ့ဘက်နှင့် ညဦးပိုင်းတွင် အပူရှိန်မြင့်တက်ကာ မနက်အစော ၁နာရီကျော်လောက်တွင်မှ အအေးဓာတ်ဝင်လာသောကြောင့် ပူလိုက် အေးလိုက်ရာသီဥတု ဖြစ်သည့်အပြင် သွေးလွန်တုတ်ကွေးရာသီကလည်းဖြစ်ပြန်ဆိုတော့ ၁၀နှစ်အောက် ကလေးလေးတွေ အင်မတန်ဖျားကျပါတယ်။ ဆေးရုံများတွင်လည်း ကလေးကုသဆောင်တွင် သွေးလွန်တုတ်ကွေးရောဂါ ခံစားနေရသည့် ကလေးများနှင့် ပြည့်နှက်နေပါသည်။

မတ်မတ်စု သားလေးလည်း ဖျားပါတယ်။ ဆေးခန်းသွားပြကာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် သောက်ဆေးများသောက်နေသော်လည်း အဖျားသည် ဆေးအရှိန်ရှိတုန်း နာရီပိုင်းမျှကျကာ ပြန်တက်လာပါသည်။ ၃ရက်ထက်ကျော်သည့်တိုင် အဖျားမပျက်သောအခါ သွေးလွန်တုတ်ကွေး သံသယ ဖြစ်လာပါတော့သည်။ ထို့ကြောင့် ဆရာဝန်နှင့်တိုင်ပင်ကာ ချက်ချင်းသွေးစစ်ချက် ယူရပါတော့သည်။ ဆေးစစ်ချက်အဖြေက Negativeဆိုမှ စိတ်အေးနိုင်တော့သည်။

ထိုအခါမှ ကျန်ရှိသော စားဆေးများဆက်သောက်ကာ ၄ရက်မြောက်သောနေ့မှ အဖျားပြန်မတက်လာတော့ဘဲ တောက်လျှောက်ကျသွားတော့သည်။ ကိုယ်ခံအားကမူ မကောင်းလှသေးပါ။ အာဟာရရှိသော အစားအစာများကို ဂရုတစိုက်ကျွေးရပါအုံးမယ်။ ယခုလနှင့် သြဂုတ်လအကုန်လောက်အထိ သွေးလွန်တုတ်ကွေး ရာသီဖြစ်သဖြင့် ကလေးငယ်များ ခြင်မကိုက်အောင် အထူးဂရုစိုက်ကျရန်လိုအပ်လှပါသည်။ သွေးလွန်တုတ်ကွေး ဖြစ်စေသောခြင်သည် ရေကြည်ရေသန့်တွင်ပေါက်ဖွားပြီး နေ့ဘက်တွင် ကိုက်တက်သည်ဟု မှတ်သားရပါသည်။

image
credit image source

သွေးလွန်တုတ်ကွေး လက္ခဏာများမှာ ကလေးသည် ဖျားပင်ဖျားသော်လည်း အဖျားကျသည်နှင့် ထဆော့တက်ပါသည်။ ထိုသို့ မဆော့ဘဲ မှိန်နေလျှင်သော်လည်းကောင်း အန်သောအခါ အညိုရောင် ကော်ဖီရောင်ဖျော့ဖျော့များ အန်လျှင်သော်လည်းကောင်း ခန္ဓာကိုယ်မှ အနီစက်များထွက်လျှင်သော်လည်းကောင်း ထိုအခြေအနေမျိုးကြုံရလျှင် ဆေးရုံဆေးခန်းသို့ အမြန်ဆုံးတက်ရောက် ဆေးကုသမူခံယူသင့်ပါသည်။ ထို့ကြောင့် Steemitမှ မိခင် ဖခင်များလည်း မိမိရင်သွေးများ မဖျားအောင် အထူးဂရုစိုက်ကျပါရန်နှင့် ဖျားနာလာလျှင် ဆေးရုံဆေးခန်းသို့ အမြန်ဆုံး ပြကျပါရန် တိုက်တွန်းရေးသားအပ်ပါသည်။

image
credit image source
@suhlaing
msc 175

Sort:  

ဟုတ်တယ်မမရေ အိမ်က သားသားကိုလည်း odomos တွေ လိမ်းလိမ်းပေးထားရတာ odomos ရဲ့ side effect တွေထက် သွေးလွန်တုပ်ကွေးကို ပိုကြောက်လို့ မျက်စိမှိတ်ပီးလူးပေးနေရတယ်။

effectတွေတော့ရှိတယ် ညီမ ဒါပေမဲ့မတက်နိုင်ဘူး

Hi friend of your post is great bole I join you. by @ adit123

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

တုတ်ကွေးရာသီ အထူးဂရုစိုက်ရမည်

ဟုတ်တယ် ညီမရေ

ကိုယ်တွေတောင် ဟပ်ချီးဖြစ်လို့
ဆေးသောက်ရသေးတယ်

အဆုတ်အအေးမိတယ် လူကြီးတွေလည်း

ဟုတ်ပါ့ ခြင်ကောင်သေးသေးလေးပေမဲ့ အပ်နဲ့ထိုးသလိုပဲ ပြီးရင် ယားတာလွန်ရော

ဒီရာသီ ခြင်အကိုက်မခံရတာ အကောင်းဆုံးပါ ဘုရား

လူကြီးတွေကခံနိုင်ရည်ရှိပေမယ့် ကလေးတွေအတွက်အရမ်းအန္တရာယ်များတယ်နော်မတ်မတ်စုရေ။

ဟုတ်တယ် ခိုဇာရေ

ခြင်​​တွေ မုန်းတာ အမ😊

ခြင်ကျားတွေ ပိုမုန်း

အလုပ်တွေထက် ကလေးကိုပိုပြီးဂရုစိုက်ပါ သမီးရေ

ဟုတ် မာမီ အလုပ်တွေရှုပ်ပေမဲ့လည်း ဂရုစိုက်ပါတယ်ရှင့်

ဒီရာသီကတော့ ကလေးရော လူကြီးပါ သတိထားသင့်ပါတယ်

ရာသီဥတုက ပူလိုက်အေးလိုက်နဲ့ အရမ်းဖျားကျတယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63490.29
ETH 2598.32
USDT 1.00
SBD 2.78