အပျော်တမ်းဝါသနာလေးများ
လူတိုင်းမှာ လေးနက်တဲ့ ဝါသနာနဲ့ အပျော်တမ်းဝါသနာဆိုပြီး ဝါသနာလေးတွေ ခွဲခွဲခြားခြားရှိကျမယ် ထင်ပါတယ်။ တစ်ခါတလေလည်း ဝါသနာဆိုတာ မျိုးရိုးဗီဇနဲ့ဆိုင်သလို ပတ်ဝန်းကျင်နဲ့လည်း သက်ဆိုင်တယ်လို့ ထင်မိပါတယ်။ တကယ့်ဝါသနာကတော့ ဘဝနဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီး ရည်မှန်းချက်ပြည့်မြေမာက်အောင် ကြိုးစားရတာဖြစ်ပြီး အပျော်တမ်း ဝါသနာတွေကတော့ အားလပ်တဲ့ကိုယ်ပိုင်အချိန်လေးတွေမှာ စိတ်ပြေပျောက်မှုတစ်ရပ်အနေနဲ့ မိမိနှစ်သက်ရာ လုပ်ဆောင်ကျတာပါ။ ကျမမှာလည်း အဲ့လိုဝါသနာမျိုးလေးတွေ ရှိပါတယ်။ ကျမရဲ့ အပျော်တမ်း ဝါသနာလေးတွေကတော့ တံဆိပ်ခေါင်း သိမ်းတယ် ဓာတ်ပုံရိုက်တယ် ငွေအကြွေစေ့လေးတွေသိမ်းတယ် ဓာတ်ပုံ အဟောင်းလေးတွေ သိမ်းတယ်စသည်ဖြင့် အပျော်တမ်းဝါသနာလေးတွေ တော်တော်များများရှိပါတယ်။
ကျမရဲ့ အပျော်တမ်းဝါသနာတွေထဲက တံဆိပ်ခေါင်း သိမ်းတဲ့ အကြောင်းလေးကို အရင်ဆုံး ပြောပြချင်ပါတယ်။ ကျမရဲ့ တံဆိပ်ခေါင်း အဟောင်းထဲက အချို့ကို ဥပမာပြပါ့မယ်။
ဒီ တံဆိပ်ခေါင်းဟာဆိုရင်ဖြင့် ၁၉၉၅ခုနှစ်မှာ ကျရောက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ စိန်ရတု အထိမ်းအမှတ် တံဆိပ်ခေါင်းဖြစ်ပါတယ်။
ဒီတံဆိပ်ခေါင်းများကတော့ လွတ်လပ်ရေးနေ့နဲ့ အမျိုးသားနေ့ အထိမ်းအမှတ်တံဆိပ်ခေါင်းများဘဲ ဖြစ်ပါတယ်။
ဒီ တံဆိပ်ခေါင်းကတော့ ၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံတံဆိပ်ခေါင်းဖြစ်ပါတယ်။
တံဆိပ်ခေါင်းများဟာ စာများပေးပို့ရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ထုတ်လုပ်ထားခြင်းထက် နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကြောင်းကို ကိုယ်စားပြု နေတယ်လို့ ကျမ မြင်မိပါတယ်။ အထူးသဖြင့် တံဆိပ်ခေါင်းတစ်ခုရဲ့ နောက်ကွယ်မှာ ထိုနိုင်ငံရဲ့သမိုင်းကြောင်းဟာ ပါလာတက်စမြဲပါ။ နိုင်ငံတစ်နိုင်ငံနှင့် ပတ်သက်သော မမေ့အပ်သည့် နေ့ထူးနေ့မြတ်ကြီးများကို အမှတ်တရဖြစ်စေရန် ရည်ရွယ်ထုတ်လုပ်ခဲ့ကျခြင်းဖြစ်ဟန်တူပါတယ်။ တံဆိပ်ခေါင်းထုတ်ဝေတဲ့ အကြိမ်မြောက်ကို ကြည့်ခြင်းအားဖြင့်လည်း ဘယ်နှစ်ကြိမ်မြောက် လွတ်လပ်ရေးနေ့စသည်ဖြင့် ဒီနိုင်ငံဟာ လွတ်လပ်ရေးရခဲ့တာ ဘယ်နှစ်ကြာပြီ။ သူ့ကျွန်ဘဝကနေ လွတ်မြောက်ခဲ့တာ ဘယ်၍ရှိပြီ စသည်ဖြင့် သိရှိနိုင်သလို စိတ်ပါဝင်စားပါက ထိုနိုင်ငံသူ့ကျွန်ဘဝကျရောက်ချိန်မှစ၍ ယနေ့ မျက်မှောက်ခေတ်အထိ လေ့လာနိုင်ပါသေးတယ်။ ကျမတို့ မြန်မာနိုင်ငံ အနေနဲ့ လွတ်လပ်ရေးနေ့ အမျိုးသားနေ့ တောင်သူလယ်သမားနေ့ အာဇာနည်နေ့ စသည့်နေ့ထူးနေ့မြတ်များ အပါအဝင် အထိမ်းအမှတ် နေ့များမှာလည်း တံဆိပ်ခေါင်းများ ထုတ်လုပ်ထားတာ တွေ့မြင်ရပါတယ်။
ဒါကြောင့်လည်း အမိမြန်မာပြည်မှ ထုတ်လုပ်သော တံဆိပ်ခေါင်းများကို လက်လှမ်းမိသလောက် စုဆောင်းထားခဲ့ပါတယ်။ မိမိတန်ဖိုးထားရာသည် အဖိုးအဖြတ်နိုင်သကဲ့သို့ ကျမ၏ တံဆိပ်ခေါင်း အဟောင်းလေးများသည်လည်း ကျမအတွက် အဖိုးမဖြတ်နိုင်ပါကြောင်းနဲ့ နောင်အလျှင်းသင့်လျှင် ကျမ၏ အပျော်တမ်း ဝါသနာအကြောင်းများကို ဆက်လက်ရှု့စားကျပါရန် လေးစားစွာ ရေးသားအပ်ပါသည်။
သတ္တဝါအားလုံး ကျန်းမာ ချမ်းသာကျပါစေ....
@suhlaing
msc 175
credit google image
စာအုပ်ထဲဘဲ ဖတ်ဖူးတာ အပြင်မှာအဲလိုစုတဲ့သူ ခုတော့တွေ့ပြီ
လူထူးလူဆန်း
အရင်တုန်းက ပိုက်ဆံ လား။ တခါမှမတွေ့ဘူးပါ။ကျေးဇူးတင်ပါတယ်။
နောက်လည်းဗဟုသုတ ရမယ့် ဟာလေးတင်ပေးပါဦး
ပိုက်ဆံ မဟုတ်ပါဘူး မောင်လေးရေ တံဆိပ်ခေါင်းပါ
ဝါသနာကတော့ တစ်ယောက်တမျိုးစီဘဲနော်အမ
ဟုတ်တယ် အောင်ကြီးရေ အဲ့ဒီလို ဝါသနာသေးသေးလေးတွေက တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ဘူး
မြင်ဖူးသွားပီ
ဟုတ်ကဲ့ပါ
ကောင်းသောအကျင့်တစ်ခုပါ အစ်မ
ကျေးဇူးပါရှင့်
ဂျော့ဘုရင်တံဆိပ်ခေါင်းမြင်ဖူးချင်တယ် မရှိဖူးလား မစု
နိုင်ငံခြားတံဆိပ်ခေါင်းတွေတော့ စုထားဘူး ဦးဇင်း
ဝတ္ထု တွေထဲမှာတော့ ဖတ်ဖူးတယ်။ တချို့သူတွေ တံဆိပ်ခေါင်းဆုတာ ၀ါသနာပါတယ်ဆိုတာ။ အခုမှ တံဆိပ်ခေါင်းဆုတဲ့သူကို ကိုယ်တွေ့မြင်ဖူးတော့တယ်😁။ မစု ကျေးဇူးကြောင့် တံဆိပ်ခေါင်းလေးတွေ မြင်ဖူးသွားပြီ 😃
ဟုတ်လား ညီမလေး အမလည်း အဲ့လိုဆုတာ ဝါသနာပါတာ ငွေအကြွေစေ့လေးတွေနဲ့ အရင်က မြန်မာငွေ စက္ကူ တစ်ချို့လည်းစုထားတာရှိသေးတယ်
မမြင်ဖူးဘူးအစ်မရေ
ခုမှမြင်ဖူးတာ
ကျေးဇူးပါဗျ
ဟုတ်ကဲ့ပါရှင့်
ခု မှမြင်ဘူးတယ်
ဟုတ်လား ညီမလေး
အကြွေစေ့တွေတော့ရှိတယ်...
25ပြားစေ့ရှိလား