အဆင်ပြေပါတယ် အမေ (ဇာတ်သိမ်း)

in #myanmar6 years ago

ပါးပြင်ပေါ်စီးကျလာသော မျက်ရည်ပူတစ်ချို့ကို ဖိသုတ်ရင်း မလွန်း အားတင်းလိုက်ပါတယ်။ ခန္ဓာကိုယ်နာကျင်မှုထက် ရင်ထဲက နာကျင်မှုက ပိုလို့ဆိုးပါတယ်။ ပူပြင်းသောနေရောင်အောက်တွင် ခုတ်လက်စ နာနတ်သီး များကို သယ်လာရင်း သစ်ပင်ရိပ်တွင် ခဏနားမည်ဟုတွေးနေမိတုန်းမှာဘဲ ယောက်ခမ ဖြစ်သူ၏ မာန်မဲသံကို အရင်ကြားလိုက်ရတာကြောင့် နားမနေတော့ဘဲ ခြင်းအလွတ်တလုံးကို ယူကာ ခြံထဲပြန်ဆင်းလာခဲ့ပါတယ်။ နာနတ်သီးဆူးများကြောင့် သွေးစို့နေသော အနာများကို ဂရုမစိုက်အားဘဲ စိုက်ခင်းထဲသို့ တိုးဝင်ခဲ့ရပါတော့သည်။

တကယ်တော့ ဒီ ဒုက္ခတွေက ဘယ်သူမပြု မိမိမှုပါဘဲလေ။ မကြာသေးမီက အတိတ်ရဲ့ အရိပ်အချို့ မလွန်း မျက်ဝန်းအိမ်ထဲ မြင်ယောင်လာမိပါသည်။ ထိုသူနှင့် မလွန်း သိကျွမ်းရင်းနှီးပြီးနောက် ချစ်ကြိုးသွယ်ခဲ့ကျပါတယ်။ ချစ်သူဖြစ်ကျပြီး မကြာခင်မှာဘဲ မလွန်းတို့ လက်ထပ်ဖြစ်ခဲ့ကျပါတယ်။ မလွန်း မိဘများ ကျေနပ်သည် အထိ တောင်းရမ်းလက်ထပ်ပြီး မင်္ဂလာဆောင်ပေးခဲ့ရာ မလွန်းမှာ မိမိအပေါ်တန်ဖိုးထားလေခြင်းဟု အပျော်လွန်ခဲ့ရသည်။ မိဘများမှာလည်း သမီးကလေး လင်ကောင်းသားကောင်းရလေပြီဟု စိတ်အေးခဲ့ရသည်။ မိဘများအားလည်း လစဉ်ထောက်ပံ့ပေးမည်ဟု ထိုသူမှ ကတိပေးထားခဲ့သည်။ ထို့နောက် မလွန်းကို ခေါ်ကာ ထိုသူ၏ မိဘများ အိမ်သို့ မလွန်း ချွေးမတက်လိုက်ခဲ့ရလေသည်။

IMG_20180724_220457.png
credit image source

ထိုသူ၏ အိမ်သည် ခြံလုပ်ငန်းများလုပ်ကိုင်သည့်အပြင် ဝက်များကိုလည်း စီးပွားဖြစ် မွေးမြူ ထားသောကြောင့် မလွန်းသည် တနေကုန်နားရသည်ကို မရှိ။ ထိုသူ၏ မိဘများမှာလည်း ချွေးမကို တန်ရာတန်ကြေး ပေးဝယ်ထားသော ငွေဝယ်ကျွန်သဖွယ် အနားမပေးပေ။ မနက်အစောထကာ တစ်အိမ်လုံးအတွက် စားသောက်ရန် ပြင်ဆင်ပေးရသည်။ ပြီးလျှင် ဝက်စာကြို အရက်ချက်ရသည်။ နေ့လယ်စာစားပြီးသည်နှင့် ခြံထဲဆင်းရသည်။ ညနေ စောင်း ရေချိုး ထမင်းစားပြီးသည်နှင့် ညအချိန်တွင် အရက်ဖောက်သည်များကို ချိန်တွယ်ရောင်းချရသည်။ ညနက်မှပင် မလွန်း နားရတော့သည်။ ကြာလာတော့ မလွန်း ခံနိုင်ရည်နည်းပါးလာသည်။ အမေ့အိမ်ကို သတိရ၍ အမေ့ရင်ခွင် ခေါင်းတင်ပြီး အိပ်ချင်လှသော်လည်း ယောက်ခမ နှင့် ယောက်ျားလုပ်သူက အိမ်မပြန်စေလို။

အမေ့ထံသတိရလွန်းလှသဖြင့် ဒီညတော့ မလွန်း ဖုန်းဆက်ဖြစ်သည်။ မိသားစုသုံးစွဲရန် ငွေပို့ပေးမည်ဖြစ်ကြောင်း မလွန်းပြောတော့ အမေက ငိုရှာသည်။ သမီး အဆင်ပြေရဲ့လားတဲ့။ တုန်ရီတဲ့အသံလေးနဲ့ အမေ မေးတော့ မလွန်း ဖြေလိုက်ချင်သည်။ အဆင်မပြေဘူး အမေ။ သမီးနေရတာ ကျွန်သာသာပါ။ ယောက်ခမတွေကိုလည်း ကြောက်ရသလို ယောက်ျားကလည်း တစ်ခွန်းတပါဒမှ ပြန်ပြောတာ မကြိုက်ဘူး အမေ။ သူ့မိဘ အရမ်းခိုင်းလို့ တစ်ခါ ပြန်တိုင်မိပါတယ် သမီးကို ထရိုက်တယ် အမေ။ ညညဆို ပင်ပန်းလွန်းလို့ ညောင်းကိုက်နေတာဘဲ အမေ။ အမေ့ရင်ခွင်မှာမှီပြီး တရေးလောက် မှေးစက်ချင်တယ် အမေ။ သမီး အိမ်ကို ပြန်လာချင်တယ် အမေ။ အမေတို့နဲ့ ဘဝထက်ဆုံး အတူနေချင်တယ် အမေ။ အမေ့ကို ပြောလိုက်ချင်သော်လည်း မလွန်း နှုတ်မှ မထွက်ခဲ့ပါ။ အမေ့ရဲ့ ပြောစကားကြောင့် မလွန်း ဆွံ့အသွားခဲ့ရပါပြီလေ။ ''သမီး ဒီတခါ ပိုက်ဆံပို့ရင် အမေ့ သားအိမ်က အလုံးကြီး ခွဲထုတ်လိုက်တော့မယ်နော်တဲ့'' မလွန်းပြန်သွားရင် အမေ ခွဲစိတ်ဖို့ တစ်မိသားစုလုံး စားဝတ်နေရေး ဘယ်သူထောက်ပံ့မလဲ။ တွေးရင်း မလွန်း မျက်လုံးတွေ ပြာဝေလာတော့သည်။ နောက်ဆုံးတော့လည်း အားတင်းရင်း အမေ့ အမေးကို ပြန်ဖြေလိုက်မိပါသည်။
'' ဟုတ်ကဲ့ သမီး အဆင်ပြေပါတယ် အမေ'' ဟူ၍သာ...

IMG_20180724_221316.png
credit image source
ပြီးပါပြီ
အားပေးဖတ်ရှု့ခဲ့ကျသော Steemitမိသားစုများအားလုံးကို ကျေးဇူးတင်ပါတယ်

@suhlaing
msc 175

Sort:  

မလွန်းရယ်​ စိတ်​မ​ကောင်းဖြစ်​မိတယ်

အိုကံတော့ ကောင်းပါတယ် ကိုအောင်ကြီးရေ

ဖတ်ပြီး စိတ်မကောင်းဖြစိရတယ်

သူ့ ဘဝက သနားစရာပါ

အဲ့ဒီလိုအမျိုးသမီးတွေရဲ့ ဘဝတွေ ပိုမိုကောင်းမွန်လာဖို့ လိုတယ်ဗျာ😷

ထွက်ပေါက်လိုပါတယ်

သနားလိုက်တာ ဆိုးလိုက်တဲ့ကံကြမ္မာရယ်

စိတ်ထားလေးကောင်းပေမဲ့လည်း ကံမကောင်းရှာဘူး တကယ့် အပြင်က ဇာတ်လမ်းက ဒီထက် ရင်နာစရာကောင်းတယ် ဆက်မရေးချင်တော့တာနဲ့ မာမီ

သြော်…အိမ်ထောင်သည် ဘဝ ရောက်သွားပီပေါ့
ဒါကြောင့်လည်း ရှေးလူကြီးများက ပြောခဲ့ကြတာပါ
အိမ်ထောက်ပြု ဘုရားတည် ဆေးမှင်ရေ စုပ်ထိုး ဤ သုံးမျိုး နောင် ပြင်ရန်
ခက်လှသည်ဟု…

ရွေးချယ်မှု မှားယွင်းအောင် အခြေအနေတွေကလည်း တွန်းချခဲ့တယ် ဆိုမလားဘဲ

မလွန်းရဲ့ယောက္ခအိမ်မှာ ကြုံတွေရတဲ့ အခက်အခဲ လေးတွေကို ဂရုဏာသက်အောင် ထပ်ရေးပါဦးလား မတ်စုရဲ့ ဖတ်ချင်သေးတယ်

တကယ်က မလွန်းမှာ အဲ့ယောက်ျားနဲ့ ကလေး ၂ယောက်ရတယ် ဦးဇင်း သူတို့နိုင်ငံဥပဒေအရ ကလေးတစ်ယောက်ဘဲ ခွင့်ပြုတော့ တစ်ယောက်က အခွန်ပေးရမှာကို မပေးချင်တော့ မွေးပြီးဖွက်ထားရတယ် အဲ့ကလေးအငယ်က မလွန်း ဇွတ်မွေးခဲ့တာ သူ့ယောက်ခမတွေက ဖျက်ချခိုင်းတာ မဖျက်ဘူးလေ နောက်တော့ မလွန်း ဒီဘက်ကို ခိုးပြီး ပြန်လာနိုင်တယ် နယ်စပ်ဂိတ်ကနေတဆင့် သူ့ အိမ်ကို ပြန်လာနိုင်ခဲ့တယ် အခု နောက်အိမ်ထောင်နဲ့ လူမျိုးတူ ဘာသာတူဘဲ အိမ်ထောင်ထပ်ပြုထားတယ် လက်ရှိမှာ အသက် ၅၀ကျော်အရွယ် အမျိုးသမီးကြီး ဖြစ်နေပါပြီ အခုတော့ သူ့ဘဝ နေဝင်ချိန်ကို အေးအေးချမ်းချမ်းဖြတ်သန်းနေပါတယ်

အဲ့လိုဆိုတော့လဲ မဆိုး တော်သေးတာပေါ့ ပြန်နိုင်လို့ ။

ဟုတ်ပ ဒိုဒိုရေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

vote ခဲ့ပီ မမစုရေ

ကျေးဇူးပါ နပြည့်ရေ

ဝမ်းနည်းတယ် မလွန်း

ဟုတ် ဦးထွေး

ဝမ်းနည်းမိပါတယ် but အပြင်မှာ တစ်ကယ် အများကြီး အဲ့ဂလိုဒေ ။

အပြင်လောကမှာ ကြုံနေရတဲ့ အဖြစ်အပျက်တွေကနေ စာတပုဒ်ဖြစ်လာရတာပါဘဲ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63162.99
ETH 2567.19
USDT 1.00
SBD 2.82