အဆင်ပြေပါတယ် အမေ ( ၁၃ )

in #myanmar6 years ago (edited)

အားလပ်သော နေ့လယ်ချိန်များတွင် မလွန်းတို့ သီချင်း တိုက်ရပါသည်။ တပတ်အတွက် သီဆိုမည့် သီချင်းများကို သေချာလေ့ကျင့်ထားရသည်။ ဒီတပတ်တော့ မလွန်း သီချင်းအသစ်သီဆိုမည်ဟု တေးထားသည်။ ဒီတပတ် ကီးဘုတ်တီးခတ်သူမှာလည်း အသစ် ဖြစ်မည်။ အသစ်ဝင်လိုက် အဟောင်းတွေ ပျောက်သွားလိုက်နှင့် မကြာမကြာလူလဲလေ့ရှိသောကြောင့် အထူးအဆန်းတော့ မဟုတ်ပါ။ ထူးဆန်းသည်က ထိုသူသည် မလွန်း ဘဝထဲသို့ ဒုတိယ အကြိမ် ရောက်ရှိလာမည့်သူ ဖြစ်မည်ဆိုသည်ကို မလွန်း ကိုယ်တိုင်လည်း မသိရှိခဲ့ပါ။

ထိုသူသည် ချောသည်ဆိုခြင်းထက် ဆွဲဆောင်မှုရှိသည်ဟုဆိုလျှင် ပိုမှန်မည်။ ယောက်ျားဆန်သော မျက်နှာပေါက်နှင့် ပါးသိုင်းမွှေးရေးရေးတို့က မိန်းကလေးတွေအတွက် ရင်ခုန်စေသည်။ မြင့်မားလှသည် မဟုတ်သော်လည်း ၅ ပေ ၇ဆိုသော အရပ်သည် နိမ့်သည့် အထဲတော့မပါ။ အသားရောင်သည် အညိုဘက်ပြေးနေကာ မီးရောင်အောက်တွင် အတော်ပင်ကြည့်ကောင်းလှသည်။ ဝတ်ထားသည်က ဂျင်းဘောင်းဘီနှင့် ရှပ်အကျီင်္ကို အမြဲ အပေါ်ကျယ်သီး ဖြုတ်ထားတက်သည်။ ခပ်တည်တည်နှင့် အရယ်အပြုံးနဲသော ထိုသူသည် ဆိုင်မှ မိန်းကလေးများကို အတော်ဆွဲဆောင်နိုင်လွန်းသည်။

IMG_20180721_080825.png
credit image source
အသံအနေအထား သီချင်း အနိမ့်အမြင့်များကို သေချာသင်ပေးနေသော ထိုသူကို မလွန်း စိုက်ကြည့်နေမိသည်။ တိကျပိရိသော သူ့ နှုတ်ခမ်းထက်က ထွက်ပေါ်သော စကားသံတိုင်းသည် ကြည်လင်အေးမြနေသည်။ သင်ကြားသည်ကို အာရုံမထားသော မလွန်းအား စိတ်တိုဟန်ဖြင့် မျက်မှောင်ကြုံကြည့်တော့ မလွန်း ပြုံးမိသည်။ ထို ဆရာသည် စိတ်ရှည်ဟန်လည်း မတူပါ။ တစ်ကျော့ နှစ်ကျော့ ပြန်တိုက်ပြီးသည်နှင့် မလွန်း အလှည့်ပြီးသွားကာ ထမင်းစားနားကျသည်။ ထိုသူသည် ဘယ်က လာသလဲ ဘာလူမျိုးလည်း မလွန်း စိတ်ဝင်စားမိသည်။ ကျန်သည့် အဆိုတော် အမျိုးသမီးများအားလည်း မလွန်း မမေးရဲ။ ဒါနဲ့ သူငယ်ချင်း ဖြစ်သူ မနော်ထူးရှိရာ အရက်ဘားသို့ ထွက်လာခဲ့သည်။

မနော်ထူးမှာ ကျူတီချိန်ဖြစ်သောကြောင့် ဘားတွင် အဆင်သင့်တွေ့ရသည်။ စာရင်းအင်းများကို ငုံ့ရေးနေသော မနော်ထူးထံသို့ မလွန်းရောက်သွားတော့ အထူးသော မလွန်းကို အထူးတဆန်း ကြည့်နေလေသည်။ မလွန်းလည်း ထိုသူ့ အကြောင်း သိသလားဟု မေးမြန်းရာ သူမသိကြောင်းနှင့် စိတ်ဝင်စားလျှင် စုံစမ်းပေးပါမည်ဟု ပြောလေသည်။ မလွန်းကိုလည်း အနေအထိုင် အဝတ်အစား ဆင်ခြင်ရန်လည်း သတိပေးလေသည်။ မလွန်းမှလည်း မိမိအား စိတ်ချပါရန်နှင့် မနော်ထူးသာ ဂရုစိုက်ပါဟု ပြောဆိုကာ ပြန်ခဲ့လေသည်။

IMG_20180721_081055.png
credit image source

@suhlaing
msc 175

Sort:  

ရင်ခုန်သံအပြောင်းအလဲပေါ့

ငယ်ရွယ်သူရဲ့ အချစ်ဆိုတော့လည်း ဦးထွေး

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

စိတ်ဝင်စားသွား ပြန်တာလားကွယ်

ငယ်ရွယ်သူဆိုတော့ စိတ်ကစားတယ် ထင်ပါ့ မမမြန်မာရေ

မလွန်း ၏ ဒုတိယ အကြိမ် ရင်ခုန်ခြင်း

ဟုတ်ပ မာမီ အချစ်အတွက် တစ်ဖန်မွေးဖွားခြင်း

အချစ်အတွက် တစ်ဖန်မွေးဖွားခဲ့ပြီ ပျော်ရွှင်ခြင်းတွေရင်မှာ ပြန်ရှင်သန်လာ . . .ဘာမှမမန့် တော့ပါဘူး စိုင်းထီးစိုင်းသီးချင်းလာဆိုပြတာဘာ

အဆိုကောင်းတယ် ဘုရား ဘုရားပွဲကျရင် တက်ဆိုပါ

မလွန်း နောက်တ်ယောက်တွေ့ပီပေါ့😂

ဟုတ်တယ် ညယ်မရေ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 62928.79
ETH 2465.26
USDT 1.00
SBD 2.55