အပူ ကူးယူခြင်း

in #myanmar6 years ago

မခင်နှင်းတစ်ယောက် ထိုင်ရမလို ထရမလိုနှင့် ကျိတ်မနိုင်ခဲမရ ဟင်းမချနိုင် ဖြစ်နေပါတယ်။ အကြောင်းကတော့ သူများ အပူ ကိုယ်ယူမိခြင်းပါဘဲ။ ဇာတ်လမ်းက ဒီလိုပါ။ တစ်ရပ်ကွက်ထဲနေ ဒေါ်မြရင်တစ်ယောက် လွန်ခဲ့တဲ့ ၃လခန့်က မခင်နှင်းထံ ပိုက်ဆံလာချေးပါတယ်။ မိမိ သားတစ်ယောက်ဆိုင်ကယ်တိုက်မှုဖြစ်ကာ လျှော်ကြေးပေးရမည်ဖြစ်သဖြင့် ငွေလိုနေသောကြောင့် ချေးဌားပေးပါရန်နှင့် မခင်နှင်း အဆင်ပြေသလို အတိုးယူပါရန် ငိုယိုတောင်းပန်သောကြောင့်သော သနားတက်သော မခင်နှင်း ခမျာ လက်ထဲငွေမရှိကြောင်း ပြောရမည်ကို အားနာတာရော ဒေါ်မြရင်ကို သနားတာရော ပေါင်းကာ ပြောမထွက်ခဲ့ပေ။ ထို့ကြောင့် မိမိတွင် မရှ်သော်လည်း ငယ်ပေါင်းကြီးဖော် သူငယ်ချင်း မချိုထံ ကြားမှအာမခံပေးကာ ငွေကျပ် သိန်း ၃၀ကို ချေးဌားပေးလိုက်လေသည်။

မချိုမှလည်း မခင်နှင်း အာမခံလျှင် ပြီးတာဘဲလေဟု လွယ်လွယ်ပင် ထုတ်ပေးလိုက်လေသည်။ ငွေရတုန်းကတော့ တကယ့် ကယ်တင်ရှင်ကြီးပမာ ထိုင်ရှိခိုးမတက်ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောကာ ငွေယူသွားလေသည်။ အတိုးကိုလည်း ၈ကျပ်တိုးသာ မခင်နှင်းက ထားပေးလေသည်။ သူငယ်ချင်း မချိုကိုတော့ ၅ကျပ်တိုးဖြင့် ပြန်ပေးရကာ မိမိအတွက် ၃ကျပ် ကျန်လေသည်။ ၃ကျပ်ကို သိန်း ၃၀ဆိုတော့ တလလျှင် ၉သောင်းဆိုတော့ လူလည်း မပင်မပန်းနှင့် ဆီဆန်ဖိုး ရလေသည်ဟု မခင်နှင်း တွက်လေသည်။

image
credit image source

ယခုတော့ အထင်နှင့် အမြင်လွဲချက်က ကန်းကုန်သည်။ ပထမဆုံး ၁လစာသာ အတိုးလာသက်ပြီး နောက်လများတွင် ပေါ်မလာတော့ချေ။ သွားတောင်းသော်လည်း ဟိုနေ့လာပေးမည် ဒီနေ့လာပေးမည်ဟုဆိုကာ ပေါ်မလာတော့။ ဟိုရက်ကို ဆက်ဆက်လာပေးပါ့မယ် မခင်နှင်း မျက်နှာမပျက်စေရပါဟု ပြောသော်လည်း အရင်း ၃လဘဲ သူံးမည် ပြောထားသော ဒေါ်မြရင်သည် အရင်းမပြောနှင့် အတိုးပင် မသတ်နိုင် ဖြစ်ရလေပြီ။ မိမိမှာတော့ သူငယ်ချင်းအပေါ် မျက်နှာ အပျက်မခံနိုင်သောကြောင့် မိမိရသမျှလေးနှင့် အတိုးထထိုးဆပ်ရလေသည်။ မစားရသည့်အပြင် မိမိလုပ်ခများပင် သူများ အကြွေးအတွက် အတိုးဆပ်နေရသော ဘဝရောက်ရလေတော့သည်။

ကြွေးယူ ပြုံးပြုံးတောင်းလျှင်မုန်းဆိုသည့် အတိုင်းပင် မိမိသွားတောင်းသည်ကိုပင် ရန်တွေ့လွှတ်သော အဖြစ်သို့ ရောက်ရလေသည်။ အတိုးပေးစားသော ချစ်တီးမဟု ခေါင်းစဉ်တပ်ကာ ဆဲရေးတိုင်းထွာပြီး တိုင်ချင်ရာတိုင် မဆပ်တော့ ဘာဖြစ်သလည်းဟု ဒေါ်မြရင်သည် နှုတ်ကြမ်းလျှာကြမ်းဖြင့် ပြောဆိုလေသည်။ သူငယ်ချင်း ဖြစ်သူ မချိုမှာလည်း အရင်း ပြန်ဆပ်မည့်လ ရောက်ပြီဖြစ်သဖြင့် အတိုးအရင်း ပြန်သွင်းရန် ပြောလာပေပြီ။ မိမိနာမည် ထိခိုက်မည်စိုးသဖြင့် မခင်နှင်းတစ်ယောက် သူငယ်ချင်းအားစိုက်လျှော်ရန် အိမ် ဂရံလေးကို ကိုင်ကာ အပေါင်ခံမည့်သူအားစောင့်မျှော်လျှက် အာမခံကောင်းသော အားနာတက်သော သနားတက်သော မိမိ၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ ရက်စက်ကျလေခြင်းဟု တွေးကာ နာနာကျဉ်းကျဉ်းတောက်ခေါက်လိုက်မိပါတော့သည်။ steeem မိသားစု ဝင်များအားလုံးလည်း သူတစ်ပါး အပူကို မိမိအပူ ဖြစ်အောင် ကူးပြောင်းမယူကျပါရန် ငွေတိုး ချေးခြင်းနှင့် ပတ်သက်၍ သင်ခန်းစာယူနိုင်ရန် ရေးသားလိုက်ရပါသည်။

image
credit image source
@suhlaing
msc 175

Sort:  

လောဘတွေကြီးလိုက်ကြတာနော်မတ်မတ်စုရေ။

ငွေတိုးနဲ့ဘဲ ချေးပေးချေးပေး ကိုယ့်ကိုယုံလို့ ပေးတာလေ ကျေးဇူး မကန်းသင့်ပါဘူး ခိုဇာရေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မစုရေးပြသွားတာ တကယ်မျက်စိထဲပေါ်တယ် တစ်ချို့သူတွေက ကိုယ့်မှာမရှိတာတောင် အားနာတဲ့စိတ်ကြီးနဲ့ သူများဆီကနေ ခေါင်းခံပေးတတ်ကြတယ် ဒါကြောင့် အားနာတာ ကုသိုလ်မရဘူး အကုသိုလ်ပဲဖြစ်ရတယ်ဆိုပြီး ပြောစမှတ်တွင်ကြတာထင်တယ်

ကြားက အာမခံလုပ်တဲ့ အလုပ်ကို ငွေကြေးကိစ္စမှာ မလုပ်တာ အကောင်းဆုံးပါဘဲ ဦးဇင်းရေ ပြဿ နာတက်တော့ စားရတာက မဖြစ်စလောက်နဲ့

လူပေါ်တင်တာပါ ခြုံပေါ်တင်တာမဟုတ်ပါဘူး
တနေ့ကျမှ အတိုးရော အရင်းပါ ပြန်ဆပ်ရလိမ့်မယ်
နောက်ဘဝမှာပေါ့

ဝဋ်ဆိုတာ ကြောက်ဖို့ကောင်းပါတယ် ညီမရေ ပြန်ပေးဆပ်ရမဲ့အချိန်မှာ အတိုးနဲ့အရင်းပေါင်းရင် လူတောင်ဖြစ်မယ်မထင်ဘူး

အာ့လိုယူ​ပေးတာ​တွေ အန္တရယ်​များတယ်​ဗျ

အမှန်ဘဲ အောင်ကြီးရေ ကိုယ့်ငွေနဲ့ကိုယ်က ကိုယ့်ဥစ္စာဆုံးတာဘဲရှိမယ်

ကြုံခဲ့ပြီးပြါ ပီ ။
သင်ခန်းစာတွေလည်းရလိုက်ပါတယ်။😢😢

အယ်မကောဘဲ ညီမရေ ကြွေးတောင်းတော်လို့တော်သေးတယ်
😊😊😊😊😊

လူတွေ မတော်လောဘတွေနဲ့ အကျင့်ပျက်ပြားနေကြပ

သနားတယ်ဆိုပြီး ငွေကြေး ကူညီလို့ကို မရတော့ဘူး ခုခေတ်က

ပိုက်ဆံနည်းနည်းချေးပါ 😁

အယ်မ ဆီတော့ ရှိဘူးအေ အာမခံပေးမယ် လိုသလောက်ပြောပါ
😊😊😊

You got a 3.19% upvote from @upme thanks to @suhlaing! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

အတိုးဟုတ်ပါဘုးအေ မတ်မတ်ကြည် ညီမဝမ်းကွဲ ကူညီလိုက်တာ ခုထိ ပြန်မရ😫😫

ယုံကြည်ပေးလို့ မရတာနော် အမျိုးချင်းတွေတောင်

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62989.29
ETH 3048.32
USDT 1.00
SBD 3.99