အလင်းမုန်းသူ
တံခါးရွက်ကိုတိုးဝှေ့ တိုးတိုးလေး ဖြတ်တိုက်သွားပုံက
ကဝေပျို ရဲ့ ခြေသံအလား...
နှင်းစက်ကျသံတဖြောက်ဖြောက်က ကီးမငြိမ်တဲ့ စန္ဒရားသံကြားရသလို
နားဝမှာ မသက်သာလှဘူး...
ဟိုရက်တွေက ဒီဇင်ဘာမိုးကို ပြန်တမ်းတနေတယ်ဆိုရင်
သိုးမည်းလို့ ဝိုင်းအော်ကျမလားဘဲ..
တက်နိုင်ဘူးလေ ဆိတ်ငြိမ်မဲမှောင်တာကို နှစ်သက်မိတော့လည်း
တိုးတိတ်ငြိမ်သက်စွာဆက်လျှောက်ရင်း
အော်...ငါ အလင်းနဲ့ ဝေးနေခဲ့တာ ကြာခဲ့ပြီဘဲ...
credit google image
MSC 175
HFS-36
အားပေးတယ် so good...
အားပေးတဲ့အတွက် ကျေးဇူးပါ
လာချင်စိတ်သာရှိခဲ့ရင်
နီးနီးလေးပါနော်
လှမ်းလို့လာခဲ့ပါကွယ်
mscပရိုမိုးရှင်းကိုကွယ်(သိနေပြီ)@thura
ဟုဟု
ကြိုးစားပါsis။Fighting
ကျေးဇူးပါ
အလင်းကို ကြိုက်လိုက်ပါ မမုန်းလိုက်ပါနဲ့
ကိုယ်ကျင်လည်ရာလောကမှာ တချို့လူတွေက အကောင်းထက်အဆိုးဘက်ကိုသာ ဦးတည်နေကျတာ များတာမို့ ခံစားပြီး ရေးတာပါ
ဖတ်ရတာအရမ်းကောင်းလို့....good poem
I like it
အားပေးတဲ့အတွက် ကျေးဇူးပါ
အခု အမှောင်ထဲမှာလား sis
တခါတလေအလင်း တခါတလေအမှောင် ပုထုဇဉ်ဆိုတော့လေ
ကဗျာလေးကဖတ်လို့ကောင်းပါတယ်
တခါတလေ အလင်းထဲနေရပေမဲ့ အမှောင်မာပဲနေချင်တယ်sis
အလင်းအမှောင်ဆိုတာ တခါတလေ ပတ်ဝန်းကျင်ရဲ့ ရိုက်ခက်မှုနဲ့လည်းဆိုင်တယ်
ကဗျာရေးနည်းသင်ပေးပါ
အတွေးတချက် လှစ်ကနဲ ဝင်လာတဲ့အခါ
good
ကျေးဇူးပါရှင့်