အမေ့ လက်ရာ

in #myanmar6 years ago (edited)

ကျမတို့ အိမ်မှာ မိသားစု ၆ယောက်ရှိပါတယ်။ အဖေရယ် အမေရယ် အမ ၂ယောက်ရယ် ကျမရယ် မောင်လေးတစ်ယောက်ရယ်။ ဒါပေမဲ့ တစ်နေ့တာလုံး သူ့အလုပ်ကိုယ့်အလုပ်နဲ့ မိသားစု စုံတဲ့ အချိန်ဟာ ညနေစာ ထမင်းဝိုင်းဘဲ ဖြစ်ပါတယ်။ ဒါကြောင့် အမေဟာ ညနေစာ ထမင်းဝိုင်းကို ဟင်း အမယ်စုံစွာနဲ့ စားမြိန်အောင် ချက်လေ့ရှိပါတယ်။ စနေ တနင်္ဂနွေလို အလုပ်ပိတ်ရက် ကျောင်းပိတ်ရက်တွေဆိုရင် မိသားစု ထမင်းဝိုင်းလေးဟာ ပိုပြီးစည်ကားစုံလင်နေတက်ပါတယ်။ အမေသည် ချက်ထားသမျှကို အဝအလင် ခေါင်းမဖော်တန်း စားနေကျတဲ့ မိသားစုကိုကြည့်ပြီး ပင်ပန်းတယ်လို့တောင် မထင်ဘဲ ပြုံးပြုံးလေးနဲ့ ကြည့်နေတက်ပါတယ်။

အမေ ချက်ပေးသမျှ ထဲမှာ စားလို့ အမြိန်ဆုံးနဲ့ တစ်မိသားစုလုံး အကြိုက်တူတဲ့ ဟင်းလျာကတော့ ငပိရည်ကျိုနဲ့ တို့စရာပါဘဲ။ ငပိရည်ကို အမေက ၂ကြိမ်လောက် ကျနေအောင် ကြိုတက်ပြီးတော့ ငါးခူမီးအုံးလေးကို ထည့်ပါတယ်။ ငရုတ်သီးစိမ်းကို ထောင်းပြီး နံနံပင်လေးအုပ်ထားတဲ့ ငပိရည်ကျိုလေးဟာ အနံ့မွှေးမွှေးလေးနဲ့ ခံတွင်း မြိန်စေပါတယ်။ အတို့ အမြှပ်အနေနဲ့ ဒညင်းသီးစားရည်စိမ် သခွားသီး ရှောက်ရွက်နု ဥသျှစ်ရွက် ခရမ်းကျွတ်သီး တမာရွက်ပြုတ် ဖရုံညွှန့် စတာတွေကို လင်ပန်းလေးနဲ့ထည့်ပြီး သူ့ အပုံလိုက်ပုံကာ စားချင်စဖွယ်ပြင်ဆင်ပေးပါတယ်။ ဒီလိုနေ့မျိုးဆိုရင် အသားဟင်းတောင် မလိုတော့ပါဘူး။ ချက်ထားတဲ့ ထမင်းလည်း တက်တက်စင်အောင် ပြောင်တော့တာပါဘဲ။ ငပိရည်ကို ရွှဲရွှဲစမ်းပြီး ထမင်းလုပ်အလယ်မှာ အတို့အမြှပ်ထည့်ကာ တလုပ်ပြီးတလုပ်အားရပါးရစားသောက်ကျပါတယ်။

IMG_20180819_222420.png
credit image source

အမေ့လက်ရာဟာ ကျမ စားဖူးသမျှထဲမှာ အကောင်းဆုံးပါဘဲ။ ယုတ်စွအဆုံး ကြက်ဥကြော်သည်ကပင် အမေ ကြော်သည့် ကြက်ဥသည် သူများနှင့် အတူဟု ထင်မိပါသည်။ အမေသည် ကြက်ဥကို သေချာကြေညက်အောင် ဇွန်းဖြင့် ခေါက်ပါသည်။ မွသွားသော ကြက်ဥထဲသို့ ဆား ဟင်းခက်မှုန့် သင့်ရုံထည့်ပါသည်။ ထို့နောက် ကြက်သွန်နီကို ပါးပါးလှီးထည့်ကာ ပြန်ခေါက်ပါသည်။ ဆီကို ကျက်အောင် ချက်ကာ ဆီ ကျက်ပြီဆိုမှ ကြက်ဥထည့်ပါသည်။ ထို့နောက် မမွှေဘဲ ဘေးအနားလေးများမှ တက်လာသောဆီကို ကြက်ဥကြော် အလည်သို့ ခပ်၍ လောင်းပါသည်။ ကြက်ဥအနားလေးများ နီပြီး ကျွတ်လာပြီဆိုမှ အထက်အောက်လှန်ကာ အနီရောင်သန်းလာမှသာ ပန်းကန်ထဲသို့ ထည့်ပါသည်။ ထိုကြောင့် အမေ့ကြက်ဥကြော်လေးသည် မွှေး၍ ကျွတ်ရွနေကာ စား၍ အင်မတန်ကောင်းပါသည်။ ဘေးသား မာကျွတ်ကျွတ်လေးများသည် ကျမ အကြိုက်ဆုံး ဖြစ်ပါသည်။

IMG_20180819_222819.png
credit image source

အမေသည် ဟင်းချက်ရာတွင် အဖြစ် ချက်သည်ဟူ၍ မရှိပါ။ မိသားစု စားကောင်းအောင် ချက်ပြုတ်တက်ပါသည်။ စေတနာ မေတ္တာဖြင့် ချက်ပြုတ်သော အမေ့ဟင်းများသည် မည့်သည့် စားဖိုမှုးလက်ရာများနှင့်မှ နှိုင်းယှဉ်၍ မရပါ။ အမေ့လက်ရာ ဟင်းလျာထမင်းဝိုင်းများမှ ကျမ အသိတရားတစ်ခုရခဲ့ပါသည်။ ထိုအရာကာ မည့်သည့် ကိစ္စမဆို စေတနာထားလုပ်ဆောင်တက်စေရန်ဖြစ်သည်။ ကျမတို့သည် အရွယ်ရောက်လာသော အခါ လုပ်ငန်းခွင် ဝင်ကျရသည်။ ထိုအခါ မိမိလုပ်ကိုင်သော အလုပ်အပေါ်စေတနာထားတက်ရန် လိုအပ်လှပေသည်။ တာဝန်တွင် စေတနာပေါင်းထည့် လုပ်ကိုင်ခြင်းဖြင့် အလုပ်ကိစ္စများ ကောင်းစွာပြီးမြောက်သလို စေတနာ၏ အကျိုးကိုလည်း ပြန်ခံစားရပေမည်။ ထို့ကြောင့် အမေ့လက်ရာ ဟင်းတခွက်နှင့် နှိုင်းယှဉ်ကာ လုပ်ငန်းဆောင်တာများကို စေတနာလေးပေါင်းကာထည့်လို့ လုပ်ဆောင်ကျရင်ဖြင့် အရသာ ပြည့်စုံကောင်းမွန်လှသည့် ဘဝများကို လက်ဝယ်ပိုင်ပိုင်ရရှိကျမည်မှာ မလွဲဧကန်ဖြစ်ပေသည်ဟု ရေးသားတင်ပြအပ်ပါသည်။

IMG_20180819_223550.png
credit image source
@suhlaing
msc 175

Sort:  

ကြက်ဥ မွှေကြော်ကြိုက်တယ်။ စားချင်လာပီ

ကြက်ဥ မွှေကြော်လေးက ဆီဆမ်းလေးနဲ့လည်း လိုက်တယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အမေ့ရဲ့ မေတ္တာတရားတွေကြောင့် ထမင်းဝိုင်းလေး
အာဟာရသိဒ္ဓိ လွန်ကဲပါ၏

အမေ့ မေတ္တာကြောင့် ပိုပြီး စားကောင်းစေတာပါ

မြန်မာတိုင်းလိုလိုကတော့ ငပိရည်နဲ့တို့စရာပါရင် ထမင်းမြိန်တတ်ကြတယ် ကြိုက်လည်း အလွန်ကြိုက်ကြပါတယ် ပြောရင်း သွားရည်တောင်ကျလာပြီ ☺☺☺

ကျမလည်း ငပိရည် ပါရင်ကို ရပြီ ဒါပေမဲ့ အခုတော့ သိပ်မစားနိုင်တော့ဘူး အသက်ကလေးရလာတော့ သွေးတိုးတယ်

အစ်‌မ‌ပြောတာနဲ့တင်‌ စားချင်‌လာပြီ။

ညနေစာ ငပိရည်လေးကျိစားအေ

အမေ့လက်ရာဆိုတာ ငယ်ငယ်ထဲကစားလာတော့စွဲနေကြတတ်တာပါ၊ ခရီးသွားတဲ့အခါ ဘယ်လောက်ကောင်းတဲ့ဟင်းတွေစားရစားရ အမေ့ဟင်းလိုမကောင်းဘူး၊ထင်ကြတာသဘာဝပါ

အမေ ချက်တဲ့ ဟင်းက မိသားစုကို စားကောင်းစေချင်တဲ့ မေတ္တာစေတနာနဲ့ ချက်တာမို့ ပိုပြီးစားကောင်းစေတာပါ

ဗိုက်​ဆာလာ ပြီ။

စားပါရှင့်

ငပိရည်ထဲကို ငါးကင်လေးထည့် ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းလေးထောင်းထည့် ရှယ်ပဲဗိုက်တောင်ဆာလာပီ

ကောင်းမှကောင်း

ဒီမနက်ပဲ ပြောနေတာ ငပိရည်လေးနဲ့ ဆွမ်းဘုန်းချင်လိုက်တာလို့  မတ်စုလည်း မမမြန်မာလိုပဲ လူကိုနှိပ်စက်တယ်

ကွယ်လွန်သွားတဲ့ အမေ့ကို သတိရပြီး ငပိရည်နဲ့ ထမင်းစားပစ်တာ ၃ပန်းကန်လောက် အသာလေးကုန်တယ် ဦးဇင်း 😊

သရေယိုစရာ

ဟုတ်ကဲ့ အရမ်းစားကောင်းပါတယ်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60003.48
ETH 2309.22
USDT 1.00
SBD 2.49