" စုပေါင်းစွမ်းရည် အောင်မြင်မှုဆီ "

in #myanmar6 years ago (edited)

လူပုဂ္ဂိုလ် သတ္တဝါ ဝေနေယျတို့သည် တစ်ဦးတစ်ယောက်တည်း သီးခြားခွဲနေခြင်းဖြင့် အရေးအကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဖြေရှင်းနိုင်ရန် မလွယ်ကူကြပါပေ။ ပုဂ္ဂိုလ် သတ္တဝါတို့ကို အသာထား သက်မဲ့ ဖြစ်သော သစ်ပင်ဝါးပင်များပင်လျှင် လေပြင်းမုန်တိုင်း တိုက်ခတ်သောအခါ လွင်တီးခေါင်တွင် တစ်ပင်တည်း သီးခြား ပေါက်သောအပင်နှင့် တောအရပ်တွင် စုပေါင်းပေါက်ကြသော အပင်များမတူကြပေ။ တစ်ပင်တည်းပေါက်နေသော သစ်ပင် ဝါးပင်များသည် လေပြင်းတိုက်ခတ်သောအခါ ပြိုလဲသွားနိုင်သော်လည်း တစ်ပင်နှင့်တစ်ပင်နီးကပ်စွာပေါက်ရောက်ကြသော သစ်ပင်ဝါးပင်များသည် လေးပြင်းတိုက်ခတ်သော်အခါ တစ်ပင်နဲ့တစ်ပင် အမှီပြု၍ လေပြင်းတိုက်ခတ်သော ဒဏ်ကို တွန်းလှန်နိုင်ပုံကို ကျွန်တော်တို့ငယ်စဉ်က ကျောင်းသင်ခန်းစာများတွင် သင်ခဲ့ကြရပေသည်။ စည်းလုံးခြင်းဖြင့် ရင်ဆိုင်တွန်းလှန်နိုင်ပုံကို အသိရှိစေသော သင်ခန်းစာကောင်း တစ်ပုဒ်ပါပေ။
lesson-button-hi.png
စည်းလုံးညီညွတ်ကြခြင်းဖြင့် အင်အားကြီးမားသောအရာ မဖြစ်နိုင်ဘူးထင်ရသောအရာကိုပင် အောင်မြင်နိုင်ပုံကို ဥပမာပြချင်သေးသည်။
maxresdefault.jpg
ရှေးအခါက ဘုရင်ကြီးတစ်ပါးဟာ မိဖုရား မောင်းမမိဿံ ကိုယ်လုပ်တော်များ ခြံရံလျက် တောအုပ်ငယ်တစ်ခုအတွင်း အပန်းဖြေခြင်းအလို့ငှာ တောကစားထွက်တော်မူတယ်တဲ့။ ဘုရင်ဆိုတာ မိန်းမပေါတဲ့အမျိုးဆိုတော့ ရှိသမျှ မိန်းမတွေပါ တောကစားထွက်တဲ့ဆီ ခေါ်သွားဟန်တူပါရဲ့။

အဲဒီတောထဲမှာလည်း နွားလားဥဿဖ တစ်ကောင်က နွားမများစွာ ခြံရံလျက် နေထိုင်တယ်ဆိုပဲ။ ဘုရင်ကြီး တောအုပ်ငယ်အတွင်းရောက်သွားတဲ့ အချိန်မှာပဲ နွားလားဥဿဖကြီး တစ်ကောင်နဲ့ တစ်ခြားနွားတွေက ရုန်းရင်းဆန်ခတ် ဖြစ်နေကြတယ်ဆိုပဲ။ အဲဒီလို နွားတွေအချင်းများနေတာကို ဘုရင်ကြီးတွေ့သွားတယ်။ နွားတွေ ဘာလို့အချင်းများနေကြလဲဆိုတော့ အကြောင်းရင်းက ဒီလိုတဲ့ခင်ဗျ။

နွားလားဥဿဖ ဆိုတာလည်း နွားအုပ်စုထဲမှာတော့ အင်အားအကြီးမားဆုံးဆိုတော့ တစ်ခြားနွားတွေအပေါ်မှာ ဗိုလ်ကျစိုးမိုးတယ်ဆိုပါတော့။ နွားမလေးတွေ အရွယ်ရောက်လာရင် သူကပဲ တော်ကောက်တော်မူပြီး ဘယ်နွားမ ဖြစ်ဖြစ် သူ့မိန်းမ လုပ်ထားတယ်တဲ့။ တစ်ခြားနွားထီးလေးတွေကို မျှမပေးပဲ သူချည်းအကုန် ယူတာလို့ ဆိုသကို။ ဟိုနွားမလည်း ငါ့မိန်းမ ဒီနွားမလည်း ငါ့မိန်းမနဲ့ နွားလားဥဿဖကြီးက အကုန်သိမ်းပိုက်ထားတယ်ဆိုပဲ။

ကျန်တဲ့ နွားထီးတွေက ဒီကိစ္စကို လုံးဝမကျေနပ်ကြဘူးတဲ့။ ဒါပေမဲ့ မကျေနပ်လည်း မတတ်နိုင်ကြဘူးဖြစ်နေကြတယ် နွားလားဥဿဖကြီးရဲ့ အင်အားကို သူတို့မယှဉ်နိုင်ကြဘူးလေ။ အဲဒီတော့ နွားထီးတွေက အစည်းအဝေးလုပ်ကြတယ်။ ဒီအတိုင်းနေကြရင်ဖြင့် ငါတို့နွားတွေ ခက်ရချည်ရဲ့ တွေ့သမျှနွားမ တွေကို ဒင်းမိန်းမကြီးပဲ လုပ်နေတာ ငါတို့မိန်းမရဖို့တော့ မမြင်ဘူး ဘာညာပေါ့ဗျာ။ နွားထီးတွေ အစည်းအဝေးလုပ်နေကြတာနော်။ နွားထီးတွေ အစည်းအဝေးပြီးတော့ စည်းဝေးပွဲကနေ သူတို့လုပ်ရမဲ့ အဖြေတစ်ခုကို ရလာခဲ့တယ်။
62725402.jpg
အဖြေက ဘာလဲဆိုတော့ သူတို့တွေ နွားမတွေနဲ့ ပျော်ပါးခွင့်မရခြင်းဟာ ဒီနွားလားဥဿဖကြီးကြောင့်။ သူကို့ တစ်ကောင်ခြင်းယှဉ်ဖိုက်ကြဖို့ကလည်း အင်အားခြင်းက မမျှလေတော့ သူတို့နွားထီးတွေ အကုန်စုပေါင်းပြီး ဒီနွားကြီးကို ဖိုက်တင်ပလေးကြဖို့ အစည်းဝေးရလာဒ် ထွက်ပေါ်လာပြီး သကာလ နွားလားဥဿဖကြီးကို စုပေါင်းတိုက်ခိုက်ကြပါလေရောတဲ့။ နွားလားဥဿဖကြီးဟာ တစ်ကောင်ခြင်းမှာ သူ့ကို ယှဉ်နိုင်သူမရှိပေမဲ့ အခုလိုစုပေါင်းတိုက်ခိုက်ခြင်းခံရချိန်မှာတော့ ဒီအင်အားစုကို ဘယ်လိုမှမယှဉ်နိုင်တော့ပဲ ဟိုနွားက ဝင်ခွေ့ ဒီနွားက ဝင်ခတ်နဲ့ နောက်ဆုံးမှာ ဗိုက်တွေပေါက် အူတွေထွက်ကျ ပြုတ်ကျပြီး သေပွဲဝင်ရရှာရောတဲ့။

ဒီအချင်းရာကို မြင်တွေ့သွားတဲ့ဘုရင်ကြီးဟာ စုပေါင်းစွမ်းအားဟာ အင်အားကြီးသောအရာကိုပင် တွန်းလှန်နိုင်ပုံနှင့် နွားလားဥဿဖကြီးလိုပဲ မိဖုရားပေါများလှတဲ့ သူ့အဖြစ်ကို နှိုင်းယှဉ် သံဝေဂတရားတွေရပြီး မမြဲခြင်းတရားတွေဆိုတာ သဘောပေါက်ကာ ထီးနန်းစည်းစိမ်ကို စွန့်ကာ တောထွက်သွားတယ်ဆိုပဲ။

ကျွန်တော်တို့ စုပေါင်းစပ်ပေါင်းတည်ဆောက်ထားတဲ့ ဘုံအကောင့်ပိုင်ရှင်များသည်လည်း သံဝေဂတရားတွေ ရလို့ တောထွက်ချင်လည်း ထွက်ကြပေါ့လေ။ တောမထွက်ချင်ကြသေးရင်လည်း နောက်ထပ်ဖြစ်ပေါ်လာမဲ့ ကောင်း ဆိုးနှစ်တန်ကို စုပေါင်းစွမ်းအားနဲ့ ရင်ဆိုင်ကျော်ဖြတ်ပြီး အောင်မြင်မှုဆီသို့ တက်လှမ်းကြပါစို့လို့ နှိုးဆော် တိုက်တွန်းလိုက်ရပါကြောင်း ။

Photos Credit >>>Google

No-1

@steempowergroup1

Sort:  

ကောင်းပါ့ဗျာ စည်းလုံးမှုအင်အားကို ပေါ်လွင်အောင်ပြနိုင်သလို အင်အားကြီးတယ်ဆိုပီး နေရာတိုင်းမှာ စိုးမိုးလို့ မရဘူးဆိုတာ သတိပေးခြင်းလဲ ပေါ်လွင်ပါတယ်။ တင်ပြပုံအနေနဲ့ ရှေးကပုံပြင်ကို ယခု ခေတ်နဲ့ လျော်ညီစွာ ရေးသားတင်ပြနိုင်တယ်။ အကုန်ကောင်းတယ် နောက်ဆုံးနိဂုံးပိုင်းကို ဒိထက်ပိုပြီး စကားလုံးကျစ်တာလေးတွေ သုံးပြရင် ပိုပြီး ကောင်းတဲ့ စာတစ်ပုဒ်ဖြစ်သည့်အကြောင်း ဝေဖန်ထောက်ရှုကာ အားပေးခဲ့ပါတယ်ဗျား။

ဟုတ်ကဲ့ ဦးညီ အခုလိုလာရောက် အားပေးတာကျေးဇူးတင်ပါတယ်ဗျ။ဘယ်နေရာမှာ မဆို စည်းလုံးရင် ဘယ်လောက်အင်အားကြီးတဲ့ အခက်ခဲဖြစ်ပါစေ ကျော်လွန်နိုင်မှာပါဗျ။နောင်လည်း ကျွန်တော်တို့ ဒိထပ်မက ကြိုးစားနေမှာပါဗျ။

အခုလို ကြွရောက် အားပေးဝေဖန်စကားလေး ပြောပေးတာ ကျေးဇူး အများကြီးတင်ပါတယ် ကွီးရွှေ။

ဘယ်အရာကိုပဲလုပ်လုပ်၊ တစ်ဦးနဲ့တစ်ဦးယုံကြည်မှုကိုတည်ဆောက်ပါ။
တစ်ပတ်တစ်ကြိမ် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပါ။
သံသယကို အမြစ်မှမကျန်အောင်ခြေမှုန်းပစ်ပါ။
သံသယသည်မီးပွားတစ်ခုဆိုတာ အမြဲသတိပြုပါ။
အားလုံးပွင့်လင်းမြင်သာဖြစ်ပါစေ။

ဟုတ် ဖတ်ရှုအားပေး အကြံဥာဏ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ်ဆရာ။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိကြပါတယ်။
အစည်းအဝေးကတော့ တစ်လပြည့်ပြီးမှ ထပ်လုပ်မှာဆရာရေ။

တောတော့ထွက်ဘူး
SteemPowerတွေပဲရအောင်စုမယ်😁😁😁

ဟုတ် စုပါဗျာ
မနှောင်းလေးကိုတော့သတိရမိပါရဲ့ဗျာ

တော​တော့မထွက်​ပါရ​စေနဲ့အုံး​​ဗျာ 😄

😂😂
မိဖုရားလေးငါးယောက်လောက်တစ်ပြိုင်တည်းယူပြီးရင်တော့ သံဝေဂရမယ်ထင်ပါတယ်
အဲ့ဒီအချိန်ကျရင်တော့ တောထွက်ပေါ့😁

😆 Nice Post!!!success with pocachip in steemit 😆

စုပေါင်းပဲနေမယ်
တစ်ယောက်တည်းတော့နေဝူး
ခွေ့ခံရဦးမယ် 😀😀

အဲ့ဒါကောင်းတယ် စုပေါင်းအားနဲ့လိုက်ခွေ့ကြမယ် အဲကြိုးစားကြမယ်😁

ဟုဟုဘဒို ခွေ့စရာရှာထားရဦးမလား 😀😀

ပြောသလိုဆို steemit account တွေထားခဲ့ပြီး တောထွက်ရမလိုဖြစ်နေပြီ ဥပမာပေးတဲ့ အောင်နိုင်မှုကြီးကလဲဗျာ hee hee

hehe
ဥပမာကတော့ကောင်းပါတယ်
အခုpostက ဘာမှကျန်မနေခဲ့ဘူး
ကျန်နေတာက
တောထွက်ဖို့ပဲကျန်တော့တာ😁😁

မမြဲခြင်းဆိုတဲ့တရားသဘောရော စုပေါင်းစည်းလုံးခြင်းဖြင့် အရာရာကို တွန်းလှန်ပုံကိုရော တင်ပြထားတာ ကောင်းပါတယ် bro။

ဟုတ် ကောင်းမွန်ပါတယ်ဗျာ ရေးသားပြီး ပြန်လည်ဖတ်ရှုပေးတဲ့အတွက်ရေးသားတဲ့ဖတ်ရှုသူအား ရေးသားထားတာကိုဖတ်ရှုသူမှ ဖတ်ရှုပေးတဲ့စာလွှာအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ😁😁

😂😂😂😂😁

ကောင်းတယ်။ဖတ်ရတာအဆင်ပြေတယ်။ဝါကျတခုထဲမှာ
စကားလုံးကို၊မလိုအပ်ရင်..မထပ်စေနဲ့။တက်လှမ်းကြပါစို့..
ဆို့..မဟုတ်ဘူး။စစခြင်း..ပုဂ္ဂိုလ်ရှေ့က၊လူ..ထည့်လိုက်ရင်
ပိုပီးကောင်းတယ်။လူပုဂ္ဂိုလ်၊သတ္တဝါဝေနေယျ....။
တပုဒ်နဲ့တပုဒ်..လက်တက်လာတယ်။

ဟုတ်ကဲ့ ကျေးဇူးပါ အန်တီ ပြင်လိုက်ပါပြီခင်ဗျ။

စုပေါင်းညီညာစွာ တိုက်ပွဲ ဝင်ကြတော့ ဘယ်လောက်ကြီး
တဲ့ အင်အားဖြစ်နေပါစေဗျာ အားလုံး ညီညွတ်စွာ
ဝိုင်းပြီး တက်ညီလက်ညီ ကြိုးစားကြတော့ သူတို့လိုချင်တဲ့
ပန်းတိုင်ကိုရောက်ရှိသွားကြတယ်လို့ ဆိုရမှာပေါ့
ကိုထွေးရေ ဟုတ်ဘူးလား

စုပေါင်းမှု ညီညာခဲ့ရင် အောင်မြင်ရမယ်လို့ ယုံကြည်ပါတယ်ဗျာ။
ကျန်တာငတော့ ကံတရားနဲ့ပဲဆိုင်တော့မှာပေါ့
ကျေးဇူးတင်ပါတယ် ကိုဇော်ဇော်ထွေးရေ
အခုလိုဖတ်ရှုအားပေးကြလို့ ဝမ်းသာပါတယ်ဗျာ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54396.77
ETH 2275.61
USDT 1.00
SBD 2.31