SPG1 Supporting Plan - Contest #15

in #myanmar6 years ago

...မင်္ဂလာပါ...
image
ကျွန်တော်တို့ Spg1 ၏ Contest #14 ပြိုင်ပွဲတွင်
ပြိုင်ပွဲဝင် link နှစ်ဦးသာ ရှိခဲ့ပါတယ်။

@moewaikamawet ၏ post သည် မိန်းမသားတို့၏
ဘဝ အနေအထားကို အခြေခံကာ သာယာသော အိမ်ထောင်
တစ်ခု တည်မြဲဖို့နှင့် မိန်းမသားတို့၏ အိမ်ထောင်ရေးသုခ
ရရှိဖို့ လင်ယောကျင်္ား အပေါ် ပိုင်စိုးရမှုနှင့် သစ္စာတရား လိုအပ်
ကြောင်းကို ရေးသားထားပါသည်။ အိမ်ထောင်တစ်ခု သာယာ
စိုပြည် တည်မြဲရေးမှာ တစ်ဦးအပေါ်တစ်ဦး သဘောထားကြီးစွာ
နားလည်ပေးခြင်းသည်သာ အဓိကကျမည်ဟု ထပ်ဖြည့် ပြော
လိုပါသည်။

@thithisann ၏ post သည် အနာဂတ်ကလေးသူငယ်
ပြုစုပျိုးထောင်ရာတွင် လူကြီးမိဘတို့၏ ဖြစ်စေချင်မှုကို
ရှေ့တန်းမတင်ဘဲ ကလေးသူငယ်တို့၏ အတွေးလွတ်လပ်ခွင့်
နှင့် ဝါသနာကို အလေးပေးဖို့ အတွေးအမြင်ကို ရေးပြထားပါသည်။
မှန်ကန်သင့်လျာ်သော အတွေးအမြင် ဖြစ်လို့ လူကြီးမိဘတို့
လိုက်နာသင့်သော အကြံပေးစာ ဖြစ်ပါသည်။

ကလောင်သွေးနေကြသော မြန်မာတို့ အနေဖြင့် ကျွန်တော်တို့
@steempowergroup1 ၏ Upvote Promotion
ဆုနှင့် ထိုက်တန်သည်ဟု ယူဆကာ နှစ်ဦးစလုံးအား
Winner အဖြစ် သတ်မှတ်လိုက်ပါသည်။

spg1 #contest 15 အတွက် ပြိုင်ပွဲဝင် post များကို
ယခု post အောက်တွင် ည (၉)နာရီ မတိုင်ခင် မန့်ပေးရပါမည်။

ယှဉ်ပြိုင်သူများအထဲမှ ( ၃ ) ဦးကို winner အဖြစ် ရွေးချယ်ပြီး result ကို (၂၃. ၀၆ . ၂၀၁၈) ရက်တွင်ထုတ်ပြန်ပေးသွားပါမည်။
image
ပါဝင်ယှဉ်ပြိုင်သူများနှင့် အားဖြည့်ပေးကြသူများကို
ကျေးဇူးဥပကာရ တင်ရှိပါသည်။
@steempowergroup1

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63608.16
ETH 2621.61
USDT 1.00
SBD 2.77