poem

in #myanmar8 years ago (edited)

သိပ်လွမ်းတယ်ဆိုတာမမြင်ရပေမယ့်
အနေခက်တဲ့ပုစ္ဆာပါ
ပြောပြမှရမယ်ဆိုရင်လည်း
ဒီဘဝနှုတ်ဆိတ်လို့နေမိမယ်
သေချာသောဘဝကိုမပိုင်ဆိုင်သရွှေ့
မင်းရှေ့ကို ငါမလာသင့်ဘူး
ဝေခွဲခြင်းမရတဲ့မသိစိတ်မှာ
မင်းအိပ်မက်ထဲဝင်ခွင့်ပြုပါချစ်သူ
ပျော်ရာမှာမနေ တော်ရာမှာနေရပေမယ့်
စိတ်အစဉ်ကမင်းအပါးကမခွါ
အားလုံးထက် သက်သေပြဖို့
ပြည့်စုံတဲ့ စကားလုံးငါရှာလို့လည်းမတွေ့နိုင်
လွမ်းပါရစေချစ်သူ
အိပ်စက်ခြင်းနဲ့အလွမ်း
ငါခွဲခြားလို့မရနိုင်သေးပါ
သိပ်လွမ်းတယ်ဆိုတာမမြင်ရပေမယ့်
အနေခက်တဲ့ပုစ္ဆာပါ
ပြောပြမှရမယ်ဆိုရင်လည်း
ဒီဘဝနှုတ်ဆိတ်လို့နေမိမယ်
သေချာသောဘဝကိုမပိုင်ဆိုင်သရွှေ့
မင်းရှေ့ကို ငါမလာသင့်ဘူး
ဝေခွဲခြင်းမရတဲ့မသိစိတ်မှာ
မင်းအိပ်မက်ထဲဝင်ခွင့်ပြုပါချစ်သူ
ပျော်ရာမှာမနေ တော်ရာမှာနေရပေမယ့်
စိတ်အစဉ်ကမင်းအပါးကမခွါ
အားလုံးထက် သက်သေပြဖို့
ပြည့်စုံတဲ့ စကားလုံးငါရှာလို့လည်းမတွေ့နိုင်
လွမ်းပါရစေချစ်သူ
အိပ်စက်ခြင်းနဲ့အလွမ်း
ငါခွဲခြားလို့မရနိုင်သေးပါ

author @steemngazun2

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.099
BTC 64144.58
ETH 1798.79
USDT 1.00
SBD 0.38