တီကောင်တွေ၏ သက်ရှိဘ၀နှင့် နေထိုင်မှု့အကြောင်း ဇာတ်သိမ်း ( life and Habitat of Earthworms { The End } )

in #myanmar7 years ago

တီကောင်တွေ၏ သက်ရှိဘ၀နှင့် နေထိုင်မှု့အကြောင်း ဇာတ်သိမ်း ( life and Habitat of Earthworms { The End } )

နောက်ဆုံးဇာတ်သိမ်းပိုင်းမှာတော့ တီကောင် (Earthworms) တွေ၏ ဂေဟစနစ် နှင့် မျိုးပွားတဲ့အကြောင်းအရာတွေကို လေ့လာကြည့်ရအောင်တီကောင်အကြောင်းပေရှည်နေရင် စာဖတ်ပရိတ်သတ်ကြီးလဲ စာဖတ်ရတာ အီသွားမှာစိုးရိမ်တာရယ် နောက်ပြီး ထမင်းမစားနိုင် မသောက်နိုင် ဖြစ်မှာစိုးလို့ မြန်မြန်လေး ဇာတ်သိမ်းလိုက်ရပါတယ်.. ခိခိ

ew.jpg

တီကောင်တွေ ပြုလုပ်ထားသော တီ တွင်းများသည် သဘာသ၀တွင် အချိန်တိုင်း အကျိုးသက်ရောက်မှု့ကို ဖြစ်ထွန်းစေ ပါသည်။၎င်းတို့ ပြုလုပ်ထားသော တီတွင်းများသည် မြေကြီးထဲသို့ လေများ စိမ့်ဝင်စေနိုင်ပါတယ်။နောက်ပြီး ရေစိမ့်ဝင် နိုင်မှုကလည်း ပိုပြီး အားကောင်း လာစေနိုင်ပြီးတော့ သစ်ပင်တွေ၏ အမြစ်များ မြေကြီးထဲသို့ အလွယ် တကူ ထိုးဖောက်ဝင်ရောက်စေနိုင်ပါတယ်။

တီကောင် တွေကို Ecophysiology Categories အရ အဓိက အချက်သုံးချက်ရှိပါတယ်။

e.jpg

(၁) leaf litter (သို့မဟုတ်) compost-dwelling worms ဟုခေါ်ဆိုသော ၀မ်းကောင်များသည် တွင်းများကြား ထဲတွင် နေထိုင်လေ့ မရှိပါ။ ၄င်းတို့သည် ကမ္ဘာမြေ၏ အက်ကြောင်းများ အကြားတွင် နေထိုင်လေ့ရှိ ပြီးတော့ ပုပ်သိုးဆွေးမြေ့နေသော အစားအစာ များကိုသာလျှင် စားသုံးပါတယ်တယ်။ ၄င်းသတ္တ၀ါတွေကို ဟု ခေါ်ဆိုပြီးတော့ ဥပမာအားဖြင့် Eisenia fetida များဖြစ်ကြပါတယ်။

ee.jpg

(၂) topsoil- or subsoil-dwelling worms ဟုခေါ်ဆိုသော ၀မ်းကောင်များသည် တွင်းများ အကြားတွင်သာ နေထိုင်လေ့ ရှိပြီးတော့ မြေကြီးကိုသာလျှင် စာသုံးပါတယ်။ ၄င်းတို့ နေထိုင်ရန် မြေကြီးတွင် တည်ဆောက်ထားသည် တွင်းများသည် ရေပြင်ညီ မျဉ်းအရ 10 cm ကနေမှ 30 cm အထက် ကျော်လွန်နိုင်ပါတယ်။ ၄င်းတို့ကို Endogeics ဟု ခေါ်ဆိုပါသည်။

ea.jpg

(၃) တီကောင်တွေသည် ၄င်းတို့၏ တွင်းများကို ဒေါင်လိုက်အနေအထားဖြင့် နက်ရှိုင်းစွာ အခိုင်အမာ တည်ဆောက်ကြသည်။၎င်းတို့၏ အစာအတွက် ကမ္ဘာမြေပြင်ပေါ်ရောက်ရှိလာတက်ပြီး
အပင်တွေကနေမှ ၄င်းတို့အတွက် အစာအဟာရ (ဥပမာ - သစ်ရွက်) ကို ရယူတတ်ကြသည်။ ၄င်းတို့ကို Anecic ( အဓိပ္ပါယ်ကတော့ အထက်သို့တက်သော တီကောင် ) ဟုခေါ်ဆိုပါသည်။ ဥပမာ စာရေးသူ အပိုင်း (၁) မှာ ဖော်ပြထားသော Lumbricus terrestris များ
ဖြစ်ကြပါတယ်။

e4.jpg

တီကောင်တွေမှာ ဝှေးစေ့ တစ်စုံ (သို့မဟုတ်) နှစ်စုံ သည် အိတ်လေး အတွင်းမှာပင် ရှိနေတတ်ပါသည်။ seminal vesicles သည် နှစ်စုံ (သို့မဟုတ်) လေးစုံ ပါရှိနေပြီး သုတ်ကောင်များကို သိုလှောင်ပြီးတော့ အဖို လိင်အင်္ဂါ ပေါက်ဆီသို့ ထုတ်လွှတ်ပေးပါတယ်။ အမ မျိုးဥအိမ်နှင့် မျိုးဥပြွန်သည် အဆစ်နံပတ် ၁၃ မှာ ရှိနေပြီးတော့ အမ မျိုးဥတွေကို အဆစ်နံပတ် ၁၄ သို့ ရောက်ရှိလာစဉ်မှာ အဆစ်နံပတ် ၁၅ က လည်း သုတ်ကောင်များကို ထုတ်လွှတ်နေပြီဖြစ်ပါတယ်။ ( သြော်...မေ့တော့မလို့ တီကောင်တွေက ဒွိလိင်စနစ်ရှိတယ်နော် ) တီကောင်တစ်ကောင်မှာ အဖို လိင်အင်္ဂါကော အမလိင်အင်္ဂါ အဆစ်နံပတ် ၉ နှင့် ၁၅ မှာ ရှိနေတက်ပါတယ်။အချို့သော မျိုးစိတ်ဖြစ်တဲ့ တီကောင်များသည် သုတ်ကောင်များကို ပြင်ပတွင်သာ ကူးပြောင်းမှု့ ပြုကြသည်။

e2.jpg

တီကောင်ဥများဖြစ်ပါတယ်

e5.jpg

တီကောင်တွေကို ကမ္ဘာအနှံအပြားတွင် တီကောင် အရွယ်အစား မျိုးစုံကို ဈေးကွက်တင်ပြီး ရောင်းချနေကြပါပြီ။ Doug Collicut ရဲ့ မှတ်တမ်းအရ ၁၉၇၈ ခုနှစ်ခုမှာ တီကောင်ပေါင်း 370 millions ကို Canada ကနေမှ Canadian သို့ တင်ပို့သော ဈေးနှုန်းမှာ $ 13 million ဖြစ်ပြီးတော့ အမေရိကန်ရဲ့ လက်လီဈေးနှုန်းကတော့ $ 54 million ဖြစ်ပါတယ်။

e1.jpg

တီကောင်တွေကို အချို့သော နိုင်ငံတွေက လူတွေက စာသုံးနေကြပါပြီ။ Noke ဆိုတဲ့ ( တီကောင် ) ဟင်းလျာကို New Zealand နိုင်ငံမှ Māori လူမျိုးများက အမည်ပေးထားပြီတော့ ၄င်းတို့၏ ဟင်းလျားအတွက် ညွန်းဆိုထားပါတယ်။ ဘယ်လိုညွန်းဆိုထားလဲဆိုတော့ တီကောင်တွေဟာ ဒိန်ခဲလေးတစ်ခု စားရသလို အရသာ ရှိစေတဲ့ အတွက်ကြောင့် စာသုံးရန်အတွက် စဉ်းစားသင့်တယ်တဲ့.................. ကဲ့ ...စာဖတ် ပရိတ်သတ်ကြီးရေ........... တီကောင်စားချင်နေပြီလားး စာရေးသူတော့ သက်သက်လွတ်စားနေတာဗျ ....ဟဲဟဲ

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ
ကျနော်တင်သော အကြောင်းအရာသည် တစ်စုံတစ်ရာ အမှားပါရှိလာပါက ကျနော်၏ လေ့လာမှု အားနည်းခြင်းကြောင့်သာဖြစ်သောကြောင့် နားလည်ခွင့်လွတ်ပေးစေလိုပါသည်။

Original Writer By @steemloverr
Credit Image >>> Google Image

Sort:  

ပုံ မကျိရဲဘူး vote လိုက်ပီ

ကြက်ဥ ထဲ ထည့်ကြော်သင့်တယ် ဟ

ဟုတ်တယ်ဟ ကြက်ဥထဲမှာအကောင်လိုက်ရှည်ရှည်လေးထည့်ထားရင် လှလဲလှ စားလို့လဲကောင်း

@mamamyanmar ရေ ကြက်ဥထဲ တီကောင်ထည့်ဖို့ အဆင်သင့်ပြင်ထား

ဟုဒေ ကြက်ဥနဲ့လိုက်လောက်ဒေ

ပြောချင်တာ အာ့ဒါ

ကျေးဇူး ကို အတာဦး နာမည်မှန်ဒယ်နော်

ဇတ်သိမ်းပီဆိုလို့ ၀မ်းသာမိတယ် ၊ အကိုကြီးပိုစ်ဖတ်ပီး အော့နေတာ အမင်းတောင်မစားနိုင်ဘူး ။ဟီးးး

ဟီးးး အာ့လိုဖြစ်မှာုးလို့ ဇာတ်သိမ်းလိုက်ရတာ အနော်က ဆက်ရေးချင်သေးတာ တီကောင်အကြောင်းးးး

ဒီတစ်ခါ အော့အန်စရာ အကောင်ကြောင်းမတင်ဘူးးးး

thanks for sharing

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 64928.52
ETH 3525.30
USDT 1.00
SBD 2.36