About The Behaviour Of Butterflies ( Part 3 )

in #myanmar7 years ago

လိပ်ပြာကလေးများ၏ သက်ရှိဘ၀နှင့် နေထိုင်မှု့အကြောင်းများ အပိုင်း ( ၃ )

b.jpg

လိပ်ပြာကလေး၏ ဘ၀သည် သားလောင်း အဆင့်မှ ပိုးတုံးလုံး ( ပိုးရုပ်ဖုံး ) ဘ၀သို့ ကူးပြောင်းပြီး ၄င်းမှတဆင့် လိပ်ပြာငယ်လေးအဖြစ်သို့ ရောက်ရှိကြသည်။

ထိုကဲ့သို့ သားလောင်းအဆင့်မှ ပိုးရုပ်ဖုံး အဆင့်သို့ ကူးပြောင်းနေစဉ်အတွင်း ၄င်းတို့တွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော အတောင်ပံငယ်လေးများ စတင်ပေါ်ပေါက်လာခြင်းကို တွေ့မြင်နိုင်ပါသည်။

ထို့နောက် ပိုးရုပ်ဖုံးဘ၀မှ လိပ်ပြာငယ်လေးဘ၀သို့ ကူးပြောင်းနေစဉ်အတွင်းမှာတော့ အတောင်ပံများလည်း တဖြည်းဖြည်း ကြီးထွားလာစေပါသည်။

chrysalys.jpg

လိပ်ပြာကလေးများသည် ပိုးရုပ်ဖုံးအဆင့်မှ ထွက်ပေါ်လာပြီးနောက်ပိုင်းများတွင် ၄င်းတို့သည် ပျံသန်းခြင်းကို စတင်ခြင်း မပြုနိုင်ကြပေ။

အကြောင်းမှာ ပျံသန်းနိုင်ရန်အတွက် ၄င်းတို့၏ အတောင်ပံများကို မခတ်နိုင်သေးသောကြောင့်ဖြစ်သည်။

ပိုးရုပ်ဖုံးအဆင့်မှ ထွက်ပေါ်လာသော လိပ်ပြာ အကောင်ငယ်လေးသည် ၄င်းတို့ အသက်ရှင်သန်နိုင်ရန်အတွက် ၄င်းတို့၏ အတောင်ပံများပေါ်ရှိ သွေးများ ( အရည်တစ်မျိုး ) ခြောက်သွေ့သွားစေရန် အချိန်အနည်းငယ်မျှ စောင့်ဆိုင်းရသည်။

ထိုသို့ စောင့်ဆိုင်းနေစဉ် အချိန်အတောအတွင်း အခြားသော သတ္တ၀ါများသည် လိပ်ပြာကလေးများအပေါ် ထိခိုက်စေမှု့များကို စတင်လေ့ရှိကြသည်။

လိပ်ပြာကလေးများ၏ အတောင်ပံများသည် အမျိုးမျိုးသော လှပသော အရောင်များဖြင့် ပုံစံကွက် ဖော်ထားသကဲ့သို့ အလွန်ပင်လှပကြသည်။

ထိုကဲ့သို့ လှပမှု့မျိုးသည် လူသားများ၏ စိတ်ကို အလွန်ပင် ဆွဲဆောင်မှု့ ဖြစ်ပေါ်စေသည်။

img122.jpg

လူသားများသည် လိပ်ပြာကလေးများ၏ အတောင်ပံများကို ထိတွေ့မိလျှင် လိပ်ပြာကလေးများ၏ အတောင်ပံပေါ်တွင်ရှိသော နူးညံသည့် ပေါင်ဒါ အမှုန့်ကလေးများနှင့် တူသော ၄င်းတို့၏ အတောင်ပံ အပေါ်ယံလွှာများ ပျက်စီးဆုံးရှုံးမှု့ကို ဖြစ်ပေါ်စေတတ်ပါသည်။

၎င်းအပေါ်ယံလွှာ အမှုန့်ကလေးများ ပျက်စီးမှု့များလာပါက လိပ်ပြာကလေးများ၏ ပျံသန်းနိုင်မှု့ကို လျော့ကျစေပါသည်။

လိပ်ပြာများသည် ၄င်းတို့၏ အပေါ်ယံလွှာ အမှုန့်ကလေးများပေါ်တွင် ခရမ်းရောင်ကလေးများ ပါရှိပါသည်။

လူသားများသည် ၄င်းအရောင်ကို မမြင်နိုင်သော်လည်း လိပ်ပြာကလေးများကတော့ မြင်ရပါသည်။

mma.jpg

လိပ်ပြာကလေးများသည် အချိန်တိုင်း ၄င်းတို့၏ အတောင်ပံပေါ်တွင် ထပ်မံပေါင်းစပ်ထားသည့် အရောင်များကို ကြည့်ခြင်းဖြင့် ၄င်းတို့၏ လိင်အင်္ဂါများကို ခွဲခြားနိုင်ပါသည်။

လူတွေသည် လေ့လာရန်အတွက် စုဆောင်းသော လိပ်ပြာကလေးများကို Lepidopterists လိပ်ပြာများ ဟုခေါ်ပါသည်။

ဆင်လိပ်ပြာ ( Moth )

moth.jpg

လိပ်ပြာများသည် Moth ( မြန်မာအခေါ်အဝေါ် ဆင်လိပ်ပြာ ) ဟုခေါ်သော် လိပ်ပြာများနှင့် မတူညီသည့် အချက်များရှိပါသည်။

၎င်းမတူညီသည့် အချက်များမှာ အရောင်များ ၊ အလေ့အကျင့်များ နှင့် သားလောင်းအဆင့် ဖြစ်ပေါ်ခြင်းတို့ဖြစ်သည်။

လိပ်ပြာကလေးများ၏ အတောင်ပံပေါ်တွင် များစွာသော အပေါ်ယံလွှာ အမှုန့်ကလေးများရှိနေခြင်းသည် ဆင်လိပ်ပြာများနှင့် မတူညီပါ။

လိပ်ပြာကလေးများ၏ ရှေ့နှင့်နောက် အတောင်ပံများသည်လည်း ဆင်လိပ်ပြာများသကဲ့သို့ အတောင်ပံတစ်ခုနှင့် တစ်ခု ချိတ်တွယိထားခြင်းမရှိပါ။

လိပ်ပြာ ( Butterfly ) နှင့် ဆင်လိပ်ပြာ ( Moth ) ကိုခွဲခြားရန် အလွယ်ကူဆုံး နည်းလမ်းမှာ လိပ်ပြာများသည် ၄င်းတို့၏ အတောင်ပံများကို ဖြန့်ကားရာတွင် အတောင်တစ်ခုနှင့် တစ်ခုသည် ကျယ်ပြန့်စွာ ပြန့်ကားနေပြီး ဆင်လိပ်ပြာများသည် ၄င်းတို့၏ အတောင်ပံများကို ဖြန့်ကားရာတွင် အတောင် တစ်ခုနှင့်တစ်ခုသည် ကျယ်ပြန့်စွာ ပြန့်ကားခြင်းမရှိဘဲ တစ်ခုနှင့် တစ်ခု အလွန်ပင် နီးကပ်ပါသည်။

အပိုင်း (၁) About The Behaviour Of Butterflies Part 1

https://steemit.com/myanmar/@steemloverr/about-the-behaviour-of-butterflies-part-1-201798t15237448z

အပိုင်း (၂) About The Behaviour Of Butterflies Part 2

https://steemit.com/myanmar/@steemloverr/about-the-behaviour-of-butterflies-part-2-2017912t171146373z

စတုတ္ထပိုင်းမျှော်

ကျွန်တော် တင်ပြသော အကြောင်းအရာသည် အမှားတစ်စုံတစ်ရာ ပါရှိခဲ့ပါက ကျွန်တော်၏ လေ့လာမှု အားနည်းခြင်းကြောင့်သာ ဖြစ်သောကြောင့် နားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါတယ် ........

Original Writer @steemloverr
Photo Credit >>> Google Image

Sort:  

ရောင်စုံလိပ်ပြာလေးတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်

ဟုတ် ဆက်ကြိုးစားရေးပါ့မယ် ကျေးဇူးပါ့ခင်ဗျ

လိပ်​ပြာ​လေး လိပ်​ပြာ​လေး​ရေ မင်းပဲအနားမှာ​နေ မင်းပဲအနားမှ​နေ

သီချင်းဆက်ဆိုမလို့ ကိုယ်ကလည်း အဲ့တစ်ကြောင်းပဲရတယ် ဆက်မဆိုတတ်ဘူး 😁😁😁😁

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 65045.20
ETH 3523.22
USDT 1.00
SBD 2.37