မိအိုဖအိုများအပေါ် ထားရမည့်သဘောထား

in #myanmar8 years ago

သားသမီးများ ဘယ်လောက်အထိ အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်ဖြစ်နေပါစေ မိဘတို့အမြင်မှာ ကလေးငယ်လေးသာ ဖြစ်ပါတယ်။
arr 1.jpg
Images Credit - Original Source
အိုမင်ပြီးဖြစ်သော မိဘကို ပြုစုလုပ်ကျွေးခြင်းဖြင့် ကျေးဇူးဆပ်ပါ။ မကြာခဏခဏ နီးနီးကပ်ကပ် နေပါ။ သူတို့တစ်တွေလည်း လွတ်လပ်ချင်ကြသူတွေဖြစ်လို့ သည်းခံနားလည်ဖို့ လိုပါတယ်။ သင့်မိဘတွေရဲ့ သားသမီးဖြစ်ခဲ့ရတာကို အပြည့်အ၀ ဂုဏ်ယူပါ။ အောင်မြင်ပေါက်မြောက်မှုတိုင်း၊ ငွေကြေးလာဘ်လာဘရတဲ့အခါတိုင်း မိဘများနှင့် အတူတကွ ပျော်ရွှင်စွာ အောင်ပွဲခံပါ။ လိုအပ်ချက်များရှိရင်လည်း ဖြည့်ဆည်းပေးပါ/ မိမိလိုအင်ဆန္ဒတွေကို ဖုန်းကွယ်ထားပါ။ အမြဲတမ်း နွဲ့ဆိုး ဆိုးရတော့မယ့်အချိန် မဟုတ်တော့ပါဘူး။ ချစ်သောမြေးတို့နဲ့ သူတို့တစ်တွေ ပျော်ရွှင်ပါစေ။
arr 2.jpg
Images Credit - Original Source
မိဘအပေါ် ကာယကံ ၀စီကံ မနောကံတို့ဖြင့် အမှားတို့ရှိရင် ၀န်ချ/ကန်တော့ တောင်းပန်ပါ။ မိဘနဲ့ပတ်သက်တဲ့အခါ ဖြစ်သင့်တာကို ဦးစားမပေးဘဲ သူတို့ဖြစ်ချင်တာကို ဦးစားပေးလိုက်ပါ။ မိဘများ မကျန်းမာတဲ့အခါ မျက်နှာမလွှဲပါနဲ့။ စိတ်ဆိုးဒေါသထွက်ခဲ့မိရင်တောင် ဘယ်တော့မှ ပါးစပ်က မပြောမိပါစေနဲ့။ အိုခြင်းဒုက္ခတွေအတွက် တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါ။ သူတို့တစ်တွေ ယုံကြည်မှု မပျောက်ဆုံးပါစေနဲ့။ ဘဏ္ဍာရေးအရ ပြည့်စုံနေပါစေ။ (လှူချင်တာ/စားချင်တာ လုပ်ချင်တာတွေအတွက်)။
မိဘစကားကို ရင်းရင်းနီးနီး နာယူပါ/နားထောင်ပါ။ တတ်နိုင်ရင် မိဘတို့ကို ပျော်ရွှင်ဖွယ်ခရီးစဉ်တွေ ဖန်တီးပေးပါ။ အပြင်မှာ တကူးတက သွားပြီး စားသောက်တာမျိုးတွေ လုပ်ပေးပါ။ မိဘကို လက်ဆောင်မကြာခဏ ပေးပါ။ စိတ်အေးလက်အေး နေပါစေ။ မိဘများ စိတ်နှလုံးချမ်းမြေ့ဖို့အတွက် တာဝန်ယူလိုက်ပါ။ မိဘတို့၏ကျေးဇူးတရားကို အောင့်မေ့ဝမ်းသာပါ။ သားလိမ္မာ/သမီးလိမ္မာ ဖြစ်ရတာကို အခြားအရာတွေထက် ဂုဏ်ယူပါ။ မိဘတွေအတွက် နောင်တကို မခံစားရပါစေနဲ့။
arr 3.JPG
Images Credit - Original Source

မိသားစုတိုင်း နှစ်ကူးမှာပျော်ရွှင်ကြပါစေ
@steemitarrman

Sort:  

အရမ်းကောင်းတဲ့ စာသားတွေပဲ
ကျေးဇူးပါပဲ

ဖတ်ပေးတာကျေးဇူးတင်ပါတယ်

You got a 25% upvote from @aungzawhtwe courtesy of @steemitarrman ! its cool fee free .

Congratulations! This post has been upvoted from the communal account, @minnowsupport, by arrman from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.099
BTC 64679.36
ETH 1865.92
USDT 1.00
SBD 0.38