in #myanmar6 years ago

840a34b794ce3b338738cdc45c069b47.jpg
သိပ်နုနယ်တဲ့ နှလုံးသားဟာ လုပ်ကြံခံလိုက်ရသတဲ့လား မရယ် ..
ပေးဆပ်ဖို့ အသည်းတွေနဲ့ မ ကို စွဲလန်းခဲ့တဲ့ မောင်လေးရဲ့ သံယောဇဉ်ထုထည်အတွက်ရော မ စဉ်းစားပေးဖူးလား မ ..
အသည်းနင့်အောင် ချစ်တယ်ဆိုတဲ့ စကားကို ကြိမ်ဖန်များစွာ မ ရဲ့ ရွှေနားတော်ထံ ဆက်သခဲ့တာတွေလဲ ပြန်သတိရပေးပါလားဟင် ...
မ နဲ့အတူ မရှိခဲ့တဲ့ အချိန်တွေမှာ လွမ်းစိတ်တွေနဲ့ ဖြတ်ကျော်ခဲ့တယ် ... မ နဲ့အတူရှိနေရင်း ပြောခဲ့တဲ့ စကားတွေထဲမှာ မ ကို မောင်သိပ်ချစ်တယ်ဆိုတဲ့ စကားကို အများဆုံး ပြောဖြစ်ခဲ့တယ်လေ ...
ရင်ဘတ်နဲ့ရင်းပြီး ဆိုခဲ့တဲ့ သစ္စာတရားတွေက ဘာလို့များ ကျိန်စာအဖြစ် ပြောင်းလဲသွားရတာလဲဗျာ ...
ပြောင်းလဲသွားတဲ့ အရာမှန်သမျှဟာ မ မတောင့်တတော့တဲ့ အဟောင်းတွေ ဖြစ်သွားတာ မောင် လက်ခံပါတယ်လေ .. ဒါပေမဲ့ ပြောင်းလဲတဲ့ စာရင်းတွေထဲမှာ မပါတဲ့ မ ကို သိပ်ချစ်တဲ့ မောင့် ရဲ့ နှလုံးသား .... ပြီးတော့ မြတ်နိုးစွာနဲ့ ညှိတွယ်နေတဲ့ မောင့်ရဲ့ သံယောဇဉ် .. မ နဲ့အတူ ဘဝခရီးကို ရင်ဆိုင်ကျော်ဖြတ်မဲ့ မောင့်ရဲ့ အိပ်မက် ..ဒါတွေကို အဟောင်းစာရင်းထဲ မထည့်ပါနဲ့ မ... လို့ ဒုတိယမ္ပိ မောင်တောင်းဆိုလိုက်ပါတယ်နော် ... ပထမရှိခဲ့လို ဒုတိယ ဆိုတာ ပေါ်လာတာပါ .. ဘာလို့လဲဆိုတော့ မောင့် ကို ချစ်ပါ မရယ် ဆိုတဲ့ တောင်းဆိုမှုကို ပထမဆုံး အကြိမ်အဖြစ် မောင် တောင်းဆိုခဲ့တာလေ ..
မ ချေနေသ၍ သေမတတ် ဝေဒနာတွေ မောင် ခံစားနေရဦးမှာပေါ့ .. ကျေနပ်ပါတယ် မရယ် ... ဘာကြောင့်လဲလို့ မေးဦးမလား .. အဲ့ဒီမေးခွန်းအတွက် မဆိုင်းမတွ မောင် ဖြေလိုက်ပါတယ်မ .... မ ကို ပျော်ရွှင်စေမဲ့ ချစ်ချင်းတွေနဲ့ ရင်နင့်အောင် ချစ်ခဲ့တာလေ ...
လွမ်းတယ် မရယ် .... ဟူးးး
zuxe7ekvopwaxb0nnzld.jpg

@steemitarrman

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58659.71
ETH 3164.52
USDT 1.00
SBD 2.43