ကဲ့ရဲ့ခုနစ်ရက် ချီးမွမ်းခုနစ်ရက်

in #myanmar6 years ago

ချီးးမွမ်းခြင်း ကဲ့ရဲ့ခြင်း ကင်းလွတ်သောသူ မရှိသလောက်နည်းပါး ရှားပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်အပါအ၀င် လူအချို့ ကိုယ့်ထမင်းကိုယ်စားပြီး သူတစ်ပါးကို ကဲ့ရဲ့ကြတယ်၊ ချီးမွမ်းကြတယ်။
ist2_477673-chatting-icons.jpg
Images Credit - Original Source

အဲဒီနှစ်မျိုးထဲကမှ သူတစ်ပါး ကျရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ လိုက်ပြီး ကဲ့ရဲ့နေသူတွေကတော့ အတော်ကို စိတ်ပျက်ဖို့ကောင်းလှပါတယ်။ မြှောက်ပြောသလိုနှင့် ကဲ့ရဲ့ခြင်း၊ အကြောင်းမရှိ အကြောင်းရှာပြီး ကဲ့ရဲ့ခြင်း စသည်ဖြင့် နည်းအမျိုးမျိုးနဲ့ပေါ့။

သူတစ်ပါးကို ချီးမွမ်းတဲ့စကား တစ်ခွန်းပြောဖို့ထက် ကဲ့ရဲ့တဲ့စကား ဆယ်ခွန်းပြောဖို့က အမြဲသာနေတတ်တယ်။

ကဲ့ရဲ့ခုနစ်ရက် ချီးမွမ်းခုနစ်ရက်ပါပဲ
လူတွေရဲ့ အထင်အမြင်တွေ၊ မှတ်ချက်တွေဟာ ရေရှည်မခံဘဲ ခဏတာသာ တည်တံ့တတ်တဲ့ သဘောသာ ရှိပါတယ်။
အဲဒါကြောင့် ကိုယ်က အမှားအယွင်း တစ်စုံတစ်ရာ လုပ်မိ၍သော်လည်းကောင်း၊ မလိုလား သူတွေက လုပ်ကြံဖန်တီး ပြောဆိုကြ၍သော်လည်းကောင်း အပြောအဆိုခံရ အပြစ်တင် ခံနေရမယ်ဆိုရင် ရေရှည် ထိခိုက်သိမ်ငယ်နေတာမျိုး ဖြစ်နေစရာ မလိုပါဘူး။ အချိန်တန်ရင် အပြစ်တင်တာတွေ ပြီးသွားမှာဆိုတော့ ကိုယ့်အမှားအတွက် ထိုက်သင့်တဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ ရှေ့ဆက်ရင်း အနာဂတ်မှာ ပိုကောင်းအောင် ဘာတွေ လုပ်မလဲဆိုတာသာ ကြံစည် အားထုတ်ရမှာ ဖြစ်ပါတယ်။ အတိတ်က ပြင်မရတဲ့ အမှားတွေကြောင့် နေရာတကာ သိမ်ငယ် ခံစားမနေသင့်ပါဘူး။ ဘဝက တိုတောင်းလှပါတယ်။
အဲဒီအတိုင်းပဲ လူအများရဲ့ ချီးကျုးမှုမှာ သာယာမိန်းမောနေမိရင်လည်း ကိုယ့်ရဲ့ အရေးကြီးတဲ့ တာဝန်ဝတ္တရားတွေ လစ်ဟင်းသွားနိုင်ပါတယ်။ ချီးမွမ်းစကားတွေ၊ အထင်အမြင်ကြီးမှုတွေဆိုတာလည်း ရေရှည်မမြဲတဲ့အတွက် လက်ရှိအောင်မြင်မှုနဲ့တင် စိတ်ကြီးဝင်မနေဘဲ စဉ်ဆက်မပြတ် ကြိုးစားနေရမှာ ဖြစ်ပါတယ်။
ကိုးကား ။ ။ “လှသမိန်” ပြုစုသည့် “မြန်မာစကားပုံ အဘိဓာန်”
@steemitarrman

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by arrman from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58659.71
ETH 3164.52
USDT 1.00
SBD 2.43