Subtitles ထိုးနည်း Facebook မှာ Subtitle ကြည့်နည်း နှင့် ဘာသာပြန်ထားသော One Piece သီချင်း အပိုင်း(၁)

in #myanmar6 years ago (edited)

စာအများကြီးရေးမိလို့ ပိုစ့် Upload လုပ်ချိန်မှာ Network Error ဖြစ်လွန်းအားကြီးတာရယ်
စာတင်တိုင်းမရတာ ၆ နာရီလောက်ကြာလို့ စာခွဲပြီး တင်လိုက်တယ်ရှင့်

Beautiful Lyrics
9 May at 16:55 ·
ဘာသာပြန် - Sora Krystal

သင်တို့ ရုပ်ရှင်တစ်ကားကိုကြည့်တော့မည် ဆိုလျှင် အများစုမှာ DVD စက် EVD စက်ဖြင့် အခွေထိုးကြည့်ကြသည်။
DVD EVD တို့တွင် ဘာသာပြန် ၁ခုမက ၃ ခု ၄ ခု ပြန်ထားပြီး ကိုယ်ကြည့်လိုသော ဘာသာပြန်ကို ကြည့်ကြသည်ကို သိကြမည်ဖြစ်သည်။

အခုနောက်ပိုင်းတွင် စာတန်းထိုးနည်း Subtitles ထိုးနည်းကို တော်တော်များများ အသုံးချလာသည်ကို တွေ့ရှိရသည်။

Music Video တော်တော်များများတွင် စာတန်းထိုးတာကို ဗီဒီယိုထဲ တပြိုင်နက် ထိုးကြသည်ကို တွေ့နိုင်ပီး စာသားဖျောက်မရပါ။
ဒါကို ရိုးရိုး တန်းပြီး စာတန်းထိုးခြင်းဖြစ်သည်။

ကျွန်မတို့ တွေ့မြင်နေရသည့် တီဗီနှင့် EVD စက်တို့ဖြင့် ကြည့်ရသော စာတန်းထိုးနည်း ကိုမူ SRT File - Notepad ဖြင့် Code အနည်းငယ်ကို ရေးသားထားခြင်းဖြစ်သည်။

SRT ဖိုင်အပြင် တခြား File အမျိုးအစား အများအပြားကိုလည်း သုံးကြသေးသည်။

အဆင်သင့် စာတန်းထိုးနိုင်သည့် ဆောစ့်ဝဲလ် များစွာလည်း ပေါ်ထွက်လာလျှက်ရှိသည်။
ကျွန်မ အခုသုံးထားသော Software မှာ Easy Subtitles ဖြစ်သည်။

ကွန်ပျူတာ အပြင် ဖုန်းဖြင့်လည်း အသုံးပြုနိုင်သည်။
ကျွန်မ အောက်ပါက စာသားကို ဘာသာပြန်ပြီး Subtitled ထိုးထားကြည့်သည်။

heal_2.png

I couldn't say just how long I've wanted to
Tell you everything yet I could not begin to

Now, I'm here beside you and I know
That the glimmer that I see, is my dream revived

Kindly, your smile is all I can see
Happiness is what you've given me
And my heart feels so free

Glory, glory, now I shine
Because you're here with me
Wipe away these tears of mine for they turn to bravery

What I want is to be strong
And to share this fight with you
And someday, I know we'll get there...

heal_2.png

SRT ဖိုင်ဖြင့် စာတန်းကို Easy Subtitles Software နှင့် Notepad Software ကိုအသုံးပြုခြင်း ဖြင့် အောက်ပါ ပုံစံအတိုင်းရေးထိုးထားသည်။

Screenshot_20.png

Screenshot_35.png

1
00:00:00,000 --> 00:00:11,221
Glory - One Piece Ending 7
Translated and Encoded by Sora Krystal

2
00:00:11,222 --> 00:00:18,534
ကိုယ်မင်းကို ပြောချင်နေခဲ့တဲ့ စကားလေးတွေအကုန်လုံး
ဘယ်လောက်ထိ ကြာသွားလဲဆိုတာ ကိုယ်မပြောနိုင်ဘူး

3
00:00:18,535 --> 00:00:22,536
ပြီးတော့ ကိုယ်တိုင်လည်း
စပြီး ဖွင့်ဟ ပြောမထွက်ခဲ့ပါဘူး

4
00:00:22,537 --> 00:00:27,258
ခုတော့ ကိုယ် မင်းဘေးနားမှာ ရောက်နေပြီလေ
ပြီးတော့ ကိုယ်သိလိုက်တယ်

5
00:00:27,259 --> 00:00:32,270
ကိုယ်မြင်လိုက်ရတဲ့ ရောင်ခြည်လေးဟာ ...
ကိုယ့် အိမ်မက်ကို ပြန်လည် ရှင်သန်စေတယ်

6
00:00:32,959 --> 00:00:38,394
နွေးထွေးတဲ့ မင်းအပြုံးလေးကို
မြင်လိုက်ရတဲ့အခိုက်အတန့်မှာလေ

7
00:00:38,395 --> 00:00:42,396
ပျော်ရွှင်မှု ဆိုတာလေးကို
မင်းငါ့ကို ပေးနိုင်ခဲ့လိုက်တာပါ။

8
00:00:42,397 --> 00:00:46,398
ပြီးတော့ ငါ့နှလုံးသားလေးဟာ အရမ်းအရမ်းကို
လွတ်လပ်သွားစေခဲ့တယ်လေ….

9
00:00:46,399 --> 00:00:48,999
အောင်မြင်မှု ဆိုတဲ့ အရာကို
ခုတော့ တောက်ပအောင် ကိုယ် ထွန်းလင်းနိုင်ပြီလေ

10
00:00:49,000 --> 00:00:52,034
ဘာလို့လဲဆိုတော့ မင်းက ကိုယ့်အနားမှာ အတူရှိနေပေးလို့ပါပဲ…

11
00:00:52,035 --> 00:00:54,323
ကိုယ့် မျက်ရည်တွေကို သုတ်ပေးပြီး

12
00:00:54,324 --> 00:00:57,455
သတ္တိ အဖြစ် ပြောင်းလဲမွေးဖွားတတ်အောင်
မင်းကူညီပေးခဲ့လို့ပါဟာ…

13
00:00:57,456 --> 00:00:59,900
ငါအခု ဖြစ်ချင်နေတာက
သန်မာသွက်လက် ထက်မြတ်ချင်တယ်…

14
00:00:59,901 --> 00:01:03,083
ပြီးတော့ မင်းနဲ့ ဒီအခက်အခဲ အားလုံးကို
အတူတူရင်ဆိုင် ဖြေရှင်းချင်တယ်…

15
00:01:03,084 --> 00:01:04,388
ပြီးတော့ တစ်နေ့နေ့မှာ

16
00:01:04,389 --> 00:01:05,543
ကိုယ်သိနေတယ်

17
00:01:05,544 --> 00:01:09,000
ကိုယ်တို့တွေ မျှော်လင့်ထားတဲ့အတိုင်း
ဖြစ်လာလိမ့်မယ်ဆိုတာ

18
00:01:09,050 --> 00:01:13,600
Synchronization by
Easy Subtitles Synchronizer 1.0.0.0

အပိုင်း(၂) ကြည့်ရန် အောက်က ကွန်မန့်မှာ လင့်ထည့်ထားသည်။
https://steemit.com/myanmar/@sorakrystal/srt-paongyapang-subtitles-taonny-one-piece-ending-song-glory-alabasta-arc-thundefinedngko-baathayapn-apong-2

Sort:  

What's up @sorakrystal,
Your post "Subtitles ထိုးနည်း Facebook မှာ Subtitle ကြည့်နည်း နှင့် ဘာသာပြန်ထားသော One Piece သီချင်း အပိုင်း(၁)" hast just been Resteemed !!! 😄😄😄
By following me, you have achived this service.


😄😄😄 If you want's to stop me, Please Unfollow @tow-heed😄😻😄

Loading...

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 63004.21
ETH 2441.89
USDT 1.00
SBD 2.68