General Aung San # February .13 1915 - july. 19.1947

in #myanmar7 years ago

General Aung San

February .13 .1915 and July .19 .1947

Birthday is February 13 for General Aung San .
Daw Aung San Suu Kyi, the General's daughter.Born in Myanmar .
image
image
ယနေ့သည် မြန်မာနိုင်ငံတွင် အထူးထင်ရှားသော အာဇာနည် သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ ဖြစ်သည် ။ ခေတ်စနစ်တို့ရဲ့ အပြောင်းအလဲတိုင်းမှာ သူရဲကောင်းတွေ ထွက်ပေါ်လာစမြဲဖြစ်သည် ။ နိုင်ငံတိုင်းရဲ့ ရာဇဝင် သမိုင်းတိုင်းတွင် မျိုးချစ်သူရဲကောင်းများပေါ်ထွန်းခဲ့ကြသည် ။ ခေတ်ကို ပြောင်းလဲစေခဲ့သော တော်လှန်မှု့များ၏ ခေါင်းဆောင်ကောင်းများပင် ဖြစ်သည် ။ အမေရိကန်တွင် ကျွန်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့သော ကြီးမြတ်သူအဖြစ် မော်ကွန်းတင်ထိုက်သော အမေရိကန်၏ ပထမဆုံးသော သမ္မတ လင်ကွန်းသည် ၎င်း အိန္ဒိယနိုင်ငံ၏ ငြိမ်းချမ်းရေးဖခင်အဖြစ် စံထားခံရသော မဟန္ဒမဂန္နီသည်၎င်း လူမျိုးတိုင်း နိုင်ငံတိုင်းတွင် သမိုင်းဝင်ခဲ့သော အာဇာနည် များ ပေါ်ထွန်း ခဲ့ကြဖူးသည်။
image
မြန်မာနိုင်ငံအားလွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးခဲ့သူမှာ ဗိုလ်ချုပ်အောင်ဆန်းပင်ဖြစ်သည် ။ ဗိုလ်ချုပ်၏မြင့်မြတ်သော စိတ်ဓါတ်မှာ လူတိုင်း လေးစားအတုယူစရာများဖြင့် ပြည့်နှက်လို့နေသည်။ နောင်ခေတ် လူငယ်များအတွက် လေးစားအတုယူစရာ ကောင်းလှသည် ။
ခေါင်းဆောင်ကောင်းတို့တွင် ရှိလေ့ရှိသော အမူအကျင့်ကောင်းများဖြင့် မည်သည့်အရာမဆို မရှက်မကြောက် ဟန်ဆောင်မှု့ကင်းစွာ ဘဝကိုဖြတ်သန်းခဲ့သူပင် ဖြစ်သည် ။ အသက်ရှင်စဉ် ပိုင်ဆိုင်မှု့အနေဖြင့် အဝတ်အထည် သုံးစုံဖြင့် နေထိုင်သွားခဲ့သူ မိမိ၏ အောက်လက်ငယ်သားများအပေါ် ညှာတာတတ်သူ အာဏာရှင်လူတန်းစားကို ရွံ့မုန်းခဲ့သူ မြန်မာပြည်သူပြည်သားများအား ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည် ကိုယ့်ယဉ်ကျေးမှု့ ဖြင့် ကမ္ဘာအလည် ခန်းနားထည်ဝါစွာ နေနိင်ရေးအတွက် ကြိုးစားပေးစွမ်းခဲ့သူ တိုင်းရင်းသားတို့ရဲ့ ရှေ့ရေးအတွက် ငဲ့ညှာစွာဖြင့် မြန်မာနိုင်ငံမြေပုံ ကမ္ဘာတည်သ၍ ဆက်လက်ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့သူ ဗိုလ်ချုပ်၏ စွမ်းရည်သတ္တိမှာ တူမတူအောင် ရှားပါးလှသည် ။ ထိုကဲ့သို့ အဖက်ဖက်က ပြည့်စုံကောင်းမွန်သော်လည်း မနာလိုသူတို့က ရှိစမြဲ ပင် ဖြစ်သည် ။ လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပါရမီတော် ဖြည့်ကျင့်ခဲ့သော ဘုရားမြတ်စွာပင် အကောင်းမမြင်သော သူများ ပေါ်ပေါက်ခြင်းဖြစ်ရာ သာမန် ပုထုဇဉ် ဗိုလ်ချုပ်အတွက် ဆိုဖွယ်ရာ မရှိပေ။ ထိုကဲ့သို့ ထူးချွန်ထက်မြတ်သူ ရှားမှရှားသော ပုဂ္ဂိုလ်မျိုး မွေးဖွားခဲ့သောနေ့သည် ယနေ့ ဖေဖော်ဝါရီ ၁၃ရက်နေ့ပင်ဖြစ်သည် ။ တိုင်းပြည်၏ ခေါင်းဆောင်တစ်ယောက် စားချင်ရှာခဲ့သော ပဲပြုတ်နဲ့ နံပြား ကို ဗိုလ်ချုပ်အား လေးစားဂုဏ်ပြုသော အနေဖြင့် ဗိုလ်ချုပ် မွေးနေ့ ရောက်တိုင်း မြန်မာနိုင်ငံ နေရာ အနှံတွင် အောက်မေ့သတိရစေခြင်းငှာ ကျွေးမွေး ခြင်းတို့ ပြုလုပ်တတ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းအရာများ စွမ်းဆောင်ရည်များ
ဂုဏ်ပုဒ်များ ဝိသေသထူးများ ဖြင့် လူပင်သေဆုံးခဲ့သော်လည်း နာမည်မသေခဲ့သော ပုဂ္ဂိုလ်အဖြစ် ကမ္ဘာတည်သ၍ ရှင်သန်နေပေဦးတော့မည် ဖြစ်ပေသည် ။
image

Soe Ko Oo
Write by @soppyman
Photo by google

Sort:  

Congratulations @soppyman! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @soppyman! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58994.66
ETH 2596.74
USDT 1.00
SBD 2.43