မြန်မာလူငယ်များနှင့်မူးယစ်ဆေးဝါးအန္တရာယ်

in #myanmar6 years ago (edited)

image
အားလုံးပဲမင်္ဂလာအပေါင်းနဲ့ ခညောင်း
ကြပါစေဗျာ
ဒီတပါတ်မှာတော့ကျွန်တော်ရဲ့အပါတ်စဉ်တင်နေတဲ့ကံ့ကော်မြိုင်တန်းမှလွမ်းနေပါ့မယ်အခန်းဆက်ဝတ္ထုရှည်ကိုတင်ဆက်ပေးနိုင်ခြင်းမရှိတဲ့အတွက်နားလည်ပေးပါလို့ဦးစွာမေတ္တာရပ်ခံပါရစေ။
အလုပ်ကိစ္စနဲ့၃ညအိပ်၎ရက်ခွှီးသွားနေရတဲ့မရေးနိုင်ရခြင်းကြောင့်ပါ။

ဒီတပါတ်မှာတော့ march လ best writerအတွက်ဆို
ပြီးဟောပြောပွဲပွဲရခဲ့တဲ့နာရီပိုင်း
အတွေ့အကြုံလေးကို ဆောင်းပါးတစ်ပုဒ်
ပြုစုခဲ့ပေမယ့်အကြောင်းကြောင်း
ကြောင့်မပြိုင်ဖြစ်ခဲ့တဲ့
"မြန်မာလူငယ်များနှင့်မူးယစ်ဆေးဝါးအန္တရာယ် "ဆိုတဲ့ဆောင်းပါးလေးကို ဒီတစ်ပါတ်အတွက်တင်ဆက်လိုက်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။

မြန်မာလူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်

"အောက် ... အီး အီး ... အွတ်"ဟူ၍ အိမ်ခေါင်းရင်းသရက်ပင်မှ ကြက်ဖကြီး၏တွန်သံကြောင့်
ကျွန်တော်အိပ်ရာမှနိုးလာခဲ့သည်။ကုတင်ပေါ်မှထ၍ ခေါင်းရင်းပြတင်းပေါက်ကိုဖွင့်လိုက်သည်။
ယမန်နေ့က မိုးအနည်းငယ်ရွာထားသောကြောင့် ခြံဝင်းအတွင်းရှိသစ်ပင်ပန်းမန်တို့သည် အစိမ်း
ရောင်ကတ္တီပါစတစ်စ ဖြန့်ခင်းထားသည့်နှယ်
ရှိနေလေသည်။တိုက်ကပ်ပန်းနွယ်များမှ လက်ကျန်မိုးရေစက်များက မြေပြင်ပေါ်ရှိစံပါယ်ရုံပေါ်သို့
တစ်စက်ချင်းကျနေကာ ဖြူလွှလွှစံပါယ်ပန်းကလေးများမှာလည်း သူ့ထက်ငါအပြိုင်အဆိုင်ပွင့်နေကြ
လေသည်။လတ်ဆတ်သောလေကို တစ်ဝကြီး
ရှုသွင်းလိုက်ရင်း သာယာစွာမြည်ကျွေးနေသော
ကျေးငှက်သံလေးများကို နားစိုက်ကာထောင်နေ
လိုက်သည်။ထိုအခိုက် ရက်ကွပ်ထဲရှိအသံချဲ့စက်
မှထွက်ပေါ်လာသော သီချင်းသံကိုကြားလိုက်ရ
လေသည်။
" တစ်ဖွာရှုသောက်မိရင် မူးယစ်ဆေး ၊မရှုမနေနိုင်
အောင် စွဲလန်းစေ၊စွဲလန်းမိရင် ခန်းခြောက်အသွေး လူ့အညွန့်တုံးမှာ သိပ်ကြာမဝေး၊ အပြီးရောက်လိမ့်မယ် သေရွာဘေး ရှောင်လေဝေးဝေး မူးယစ်ဆေး " ဟူသည့်အသံနှင့်အတူ ယနေ့ကျွန်တော်တို့
ရပ်ကွက်ထဲတွင် " မြန်မာလူငယ်များနှင့် မူးယစ်
ဆေးဝါးအန္တရာယ် " ဟောပြောပွဲနှင့်
" မူးယစ်ဆေးအကြောင်း သိကောင်းစရာပြပွဲ "
ရှိသည်ကို သတိရသွားမိလေသည်။

ဟောပြောပွဲကျင်းပမည့် နေရာဆီသို့ ကျွန်တော်
ခြေလှမ်းမှန်မှန်ဖြင့်ထွက်လာခဲ့သည်။မကွေးမြို့ ၏ဓလေ့အတိုင်း ကျွန်တော်တို့ ကန်သာရပ်ကွက်ကလေးသည် မနက်ခင်းနှင့်အပြိုင်စည်ကားနေလေသည်။ကန်သာဈေးကိုကျော်၍( ၁၄ )လမ်းထဲသို့ ၀င်ရောက်လိုက်သောအခါ ဟောပြောပွဲကျင်းပရာအိမ်ကို ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရသည်။
ကွက်ကွက်ကွင်းကွင်းဟု ကျွန်တော်သုံးနှုန်းရခြင်းမှာ လူပေါင်းများစွာကြိတ်ကြိတ်တိုးနေ၍ဖြစ်ပါ
သည်။
" မြန်မာလူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် " ဟောပြောပွဲကို အိမ်ဝိုင်းထဲတွင်ကျင်းပမည်ဖြစ်ပြီး အိမ်အတွင်းထဲတွင် " မူးယစ်ဆေးအကြောင်း
သိကောင်းစရာ" ပြပွဲရှိလေသည်။

ဟောပြောပွဲမစသေးသောကြောင့် ကျွန်တော်
အိမ်အတွင်းရှိ ပြခန်းထဲသို့ ဝင်လာခဲ့သည်။ပြခန်းအ၀င်ဝရှိတံခါးနှစ်ဖက်တွင် အတွေးအခေါ်ပညာရှင်
ကြီး ကွန်ဖြူးရှပ်စ်၏ အဆိုအမိန့် များချိတ်ဆွဲထား
လေသည်။ထိုအဆိုအမိန့် များမှာ " A youth is to be regarded with respect ".( လူငယ်တွေကို
လေးစားစွာပျိုးထောင်ပါ) ဟူသည့်အဆို နှင့်
" Young people are without doubt the hopes for a better future " . ( လူငယ်တွေဟာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ့်သူ
တွေဆိုတာ သံသယဖြစ်စရာမရှိပါဘူး ) ဟူသည့်အဆိုတို့ ဖြစ်လေသည်။အတွေးအခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်စ်၏ တန်ဖိုးရှိလှသော အဆိုအမိန့်များကို ကျွန်တော်လေးစားစွာဖတ်ရှုရင်း အတွင်းဘက်သို့ ဝင်လာခဲ့သည်။

အိမ်အတွင်းရှိပြခန်းမှာ အတော်ပင်ကျယ်ဝန်းပြီး ရာပေါင်းများစွာသောလူများက ငေးမောကြည့်ရှုနေ
ကြလေသည်။ဆရာဆရာမများဦးစီးသော အဖြူအစိမ်းဝတ် ကျောင်းသားကျောင်းသူလေးများ ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများနှင့်အတူ လူကြီးလူငယ်အစုံလာရောက်ကြည့်ရှုလျှက်ရှိနေကြသည်။ကျွန်တော်သည် မူးယစ်အန္တရာယ်ကိုပညာပေးထားသော ပန်းချီကားများ၊ပြောင်မြောက်လှသောကာတွန်းလက်ရာများ၊ ဆေးရောင်စုံပိုစတာများ၊ အံ့သြလောက်အောင်ငေးမောဖွယ်ကောင်းသော ကွန်ပျူတာပန်းချီများကို ရင်သပ်ရှုမောစွာ ကြည့်နေမိပါသည်။မူးယစ်ဆေးနှင့် ပတ်သက်သော
ဆောင်ပုဒ်များကိုလည်း တွေ့ရလေသည်။
ထိုဆောင်ပုဒ်များမှာ
" လူသားတို့ကမ္ဘာမပျက်သုဉ်းဖို့ အန္တရာယ်မူးယစ်
ဆန့်ကျင်စို့ " ၊
" မူးယစ်ကင်းစင်ပြည်တစ်ခွင် စည်ပင်ဖွံ့ဖြိုး
စီးပွားတိုး " ၊
" အားကစားဖြင့် မျိုးဂုဏ်မြင့်ဖို့ မူးယစ်ဆေးကို
ဆန့်ကျင်စို့ " ၊
" သက်ရှည်ကျန်းမာ လူသားကမ္ဘာ မူးယစ်ဆေးဝါး
တိုက်ဖျက်ပါ " ၊
" မူးယစ်ဆေးခေါ်သေမင်းစစ် အမြစ်မကျန်
ရှင်းလင်းပစ် " ၊
" မူးယစ်ဆေးစွဲသူဖေးမကူ ရောင်းချသူကိုအရေးယူ
ပြိုင်တူဆောင်ရွက် တိုင်းပြည်အတွက် " တို့ ဖြစ်
လေသည်။တိုတိုနှင့်လိုရင်းကိုထိမိကာ လိုက်နာ
သင့်သောဆောင်ပုဒ်များပင်။

ထိုဆောင်ပုဒ်များကို ဖတ်ရှုပြီးသည့်နောက်တွင်
ကျွန်တော့်မျက်လုံးများက ကာတွန်းနှင့်ပန်းချီ
ပိုစတာများပေါ်သို့ ကျရောက်သွားလေသည်။
ပုံတွင် မူးယစ်ဆေးစွဲနေသည့်ကောင်လေးမှသည်
မကြာလှသောအချိန်မှာပင် အရိုးခြောက်များဖြစ်သွားပုံ ၊ မူးယစ်ဆေးအတွက် မတရားသောနည်း
ဖြင့်ပိုက်ဆံရှာ၍ ထောင်ထဲတွင်နှစ်ကာလများစွာ
နေရပုံ၊လှပသောဘိန်းပွင့်များမှာ အရိုးခေါင်းပုံများ
ပင်ဖြစ်ပုံ၊မူးယစ်ဆေးသုံးစွဲမှုကြောင့် ကြောက်မက်
ဖွယ်ကောင်းစွာ အရိုးပြိုင်းပြိုင်းထ၍သေဆုံးသွားပုံတို့ကို ထိတ်လန့်စဖွယ်တွေ့ မြင်ရလေသည်။
ထိုပုံတို့ကိုကြည့်၍ မူးယစ်ဆေးစွဲနေသူမဆိုထားနှင့် ကျွန်တော်ပင်ထိတ်လန့် ရွံရှာသွားမိလေသည်။
ပြခန်းအတွင်းမှပိုစတာများကို ကျွန်တော်စိတ်ဝင်
တစားကြည့်ရှုနေဆဲမှာပင် အပြင်ဘက်မှဟောပြောပွဲစတော့မည်ဖြစ်ကြောင်း ကြေညာသံထွက်ပေါ်လာသဖြင့် အပြင်သို့ ထွက်လာခဲ့လေသည်။
ဟောပြောစင်မြင့်ရှေ့တွင် လူပေါင်းများစွာငြိမ်ငြိမ်
သက်သက်ထိုင်နေကြပြီး အိမ်ဝိုင်းနှင့်မဆန့် ၍
အိမ်အပြင်ဘက်မှပင် လာရောက်ကြည့်ရှုနေကြ
လေသည်။ကျွန်တော်သည် ဟောပြောစင်မြင့် ၏ညာဘက်ထောင့် နေရာလွတ်တစ်ခုတွင်ထိုင်ကာ မှတ်စုစာအုပ်ကိုထုတ်လိုက်သည်။ဟောပြောမည့်သူများမှာ ကန်သာရက်ကွက်အတွင်းရှိဆေးခန်းမှ ဆရာဝန်၊မကွေးခရိုင်ရဲတပ်ဖွဲ့ မှရဲမှူးနှင့် ကန်သာ
ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ဖြစ်လေသည်။
ပထမဦးစွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဟောပြောပွဲသို့ အားတက်သရောလာရောက်ပူးပေါင်းပေးသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးအုပ်စုကြီး ( ၃ )မျိုးရှိ
ကြောင်း ဟောပြောသွားလေသည်။

ကျွန်တော်မှတ်သားလာခဲ့သော အချက်အလက်များကို Myanmar Steemit Community မှမိတ်
ဆွေများအားချစ်ခင်စွာဖြင့် ပြောပြပေးလိုပါသည်။ထိုအချက်များမှဤသို့ ဖြစ်သည်။မူးယစ်ဆေးဝါးဆိုသည်မှာ ဦးနှောက်နှင့်အာရုံကြောကိုထိခိုက်
ထုံထိုင်းမူးယစ်စေပြီး ခန္ဓာကိုယ်ကိုတစ်နည်းနည်း
ဖြင့် အန္တရာယ်ဖြစ်စေကာ ဆေးဝါးအပေါ်စိတ်ရောကိုယ်ပါစွဲလန်းမှုဖြစ်စေပြီး မသုံးစွဲရလျှင်မနေနိုင်
အောင်ဖြစ်စေသောဆေးဝါးများကိုခေါ်ပါသည်။၁၉၉၃ - ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေတွင် ဘိန်းပင်၊
ကိုကားပင်၊ဆေးခြောက်ပင်နှင့် ကျန်းမာရေးဝန်ကြီးဌာနကအမိန့် ကြော်ငြာစာထုတ်ပြန်၍ မူးယစ်ဆေး ၀ါးဖြစ်သည်ဟု ကြေညာထားသည့်အပင်တစ်မျိုးမျိုး၊ယင်းအပင်မှထုတ်လုပ်ထွက်ရှိသောအရာဝတ္ထုများ၊ဆေးဝါးများဟု ဖေါ်ပြပါရှိပါသည်။မူးယစ်ဆေး ၀ါးကို
( ၁ )သဘာဝအလျောက်ဖြစ်ပေါ်သည့်မူးယစ်ဆေး
ဝါး၊ ဘိန်း ၊ ဆေးခြောက်။
( ၂ )တစ်စိတ်တစ်ပိုင်းဓာတ်ပြုခြင်းမှ ထွက်ပေါ်
လာသည့်ဆေးဝါး၊ဘိန်းဖြူ ။
( ၃ )ဓါတ်ပြုပစ္စည်းများဖြင့် ဓါတ်ပြုခြင်းမှထွက်ပေါ်
လာသောမူးယစ်ဆေးဝါး၊စိတ်ကြွရူးသွပ်ဆေး၊
စိတ်ပြောင်းဆေး ဟူ၍အုပ်စု ( ၃ ) မျိုးခွဲခြားထားလေသည်။

ဆရာဝန်ဖြစ်သူမှ မူးယစ်ဆေးဝါးအမျိုးအစားများ
ဖြစ်သည့် ဘိန်း ( Opium ) ၊ဘိန်းဖြူ ( Heroin )
ဆေးခြောက် ( Cannabis ) ၊ စိတ်ကြွရူးသွပ်ဆေး
ပြား ( Amphetamine Type Stimulant ) ၊
အက်စ်တက်စီ ( Ecstasy ) နှင့် အိုက်စ်တို့ကို
ရှင်းလင်းဟောကြားပြီး ထိုဆေးများသုံးလျှင်ဖြစ်ပွားလာမည့် ရောဂါလက္ခဏာများကို ရှင်းပြကာ လူငယ်များအနေဖြင့် မူးယစ်အန္တရာယ်မှ မိမိကိုယ်ကို
ကာကွယ်သင့်ပုံများကို ရှင်းလင်းပြောကြားသွား
လေသည်။

နောက်ဆုံးအနေဖြင့် ရဲတပ်ဖွဲ့ မှူးမှ မူးယစ်ဆေးသုံးစွဲမှုကြောင့် ခံရမည့်အပြစ်ဒဏ်များကို ရှင်းလင်း
ပြောကြားခဲ့သည်။ဇွန်လ၂၆ရက်နေ့သည် အပြည်
ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရား မ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်ကြောင်း၊မူးယစ်ဆေးဝါးနှင့် ယင်းကြောင့်ဖြစ်လာမည့်ထိခိုက်မှုများကို လျှော့ချရန်မှာ နိုင်ငံတော်နှင့်အစိုးရများ၏ တာဝန်ဖြစ်ကြောင်း၊မူးယစ်ဆေးဝါးပြဿနာဖြေရှင်း ရေးနှင့် မူဝါဒများချမှတ်ရန် ယင်းတို့၏ဆုံးဖြတ်ချက်များသည် တစ်နည်းနည်းဖြင့် နိုင်ငံသားအားလုံး
လွှတ်တော်ရှိ ယင်းတို့ ၏ကိုယ်စားလှယ်များနှင့်
မြို့ပြလူနေမှုအဖွဲ့အစည်းများလှုပ်ရှားသူများ၏
အရေးအရာပင်ဖြစ်ကြောင်း၊လက်ရှိမူးယစ်ဆေးဝါးမူဝါဒများသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကြိုးပမ်းမှုများကို အထောက်အကူပြုမပြု၊နိုင်ငံသားအားလုံးအတွက်ဝန်ဆောင်မှုများရှိစေကာ ကျန်းမာသော
လူ့အဖွဲ့အစည်းဖြစ်အောင်စွမ်းဆောင်နိုင်ခြင်းရှိမရှိ၊ လယ်သမားများ အားထားနိုင်သော အစားထိုးသီးနှံများကို ဆောင်ရွက်မပေးနိုင်ဘဲ သီးနှံစိုက်ပျိုးမှုပိတ်ပင်ခြင်းကို ဆန့်ကျင်မှုကဲ့သို့သော ရေရှည်တည်တံ့မည့်လယ်ယာစိုက်ပျိုးရေးကို ဖော်ဆောင်နိုင်ခြင်းရှိမရှိ ၊ အမျိုးသမီးများနှင့်ကလေးငယ်များအပါအ၀င်အားနွဲ့သူတို့အား အကာအကွယ်ပေးခြင်းရှိမရှိနှင့် တရားဥပဒေစိုးမိုးမှုထိရောက်အောင်ဆောင်ရွက်မှုရှိမရှိတို့ကို နိုင်ငံသားအားလုံးကဆန်းစစ်သင့်ကြောင်း အစရှိသည့်အချက်တို့ အားရှင်းလင်းဟောပြောသွားလေသည်။

ထို့အပြင် လူငယ်များကိုပြုစုပျိုးထောင်ရုံသာမကကာကွယ်မှုများကိုပါလုပ်သင့်ကြောင်းပြောကြားကာ ခိုင်ချစ်အောင်၏ကဗျာလေးတစ်ပုဒ်နှင့်အဆုံးသတ်ထားလေသည်။ထိုကဗျာလေးမှာဤသို့ဖြစ်သည်။

" ရှောင်ဝေးဝေး
နောင်ရေးအခက်ကြုံတတ်သည်။

   စမ်းလို့ ကြည့်

သေထိချိန်ခါစွဲပါသည်။

  မရှိငြား

စွဲသွားငြိကာ ဖြစ်တတ်သည်။

 နစ်သည့်နွံ

မြဲကျွံဒုက္ခဖြစ်တတ်သည်။

 လူညွန့် တုံး

အရှုံးဘ၀ရောက်လေသည်။"ဟူ၍ဖြစ်ပါသည်။

တိုတိုနှင့် လိုရင်းရောက်အောင် ထိထိမိမိရေးထား
သော ကဗျာလေးပင်။

ဟောပြောပို့ ချချက်များသည် အလွန်ပင်အကျိုးရှိ၍တန်ဖိုးထားလိုက်နာသင့်သည်များဖြစ်ပေသည်။ယနေ့ လူငယ်နောင်ဝယ်လူကြီးဟူသည့်ဆိုစကားအတိုင်း တိုင်းပြည်၏အနာဂတ်သည် လူငယ်များ
လက်တွင်ရှိပါသည်။လူငယ်များကိုကြည့်ကာ
ထိုတိုင်းပြည်၏အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်
လေသည်။နိုးကြားတက်ကြွသော၊ကျန်းမာ
သန်စွမ်းသော၊ပညာကိုစိတ်ဝင်စားသော၊ စာဖတ်ဝါသနာပါသော၊အားကစားလိုက်စားသောလူငယ်များ များပြားသည့် တိုင်းပြည်၏အနာဂတ်မှာ ရွှေရောင်
တောက်ပနေကာ ဖွံ့ ဖြိုးတိုးတက်မည်မှာမလွဲပေ။သို့သော်လည်း ပျင်းရိသော ၊လေးလံထိုင်းမှိုင်း
သော ၊ အဆိုးဆုံးကတော့ ရူးကြောင်မူးကြောင်
လူငယ်များပေါများသည့် တိုင်းပြည်တစ်ပြည်၏ အနာဂတ်ကိုမူ မျှော်တွေးဝံ့စရာမရှိပါပေ။

ဟောပြောပွဲပြီးဆုံးသွားပြီမို့  ကျွန်တော်လည်း
အိမ်အပြင်သို့ထွက်လာခဲ့သည်။အသံချဲ့စက်မှ
ရှောင်လေဝေးဝေးမူးယစ်ဆေးသီချင်းသံပျံ့လွင့်
လာပြန်ပါသည်။
" ကိုယ့်စိတ်ကိုယ် ကိုယ်ကိုင်ကာ အသိတရား
လေးနဲ့မေး ၊ ထောင်အတွင်းသို့ကွယ်
ညွတ်မဆင်းမိအောင် ဆင်ခြင်တွေး၊မူးယစ်ဆေး
ကို မစွဲမိဖို့ အရေး အမျိုးသားရေးအဖြစ်
တိုက်ဖျက်ပါမနှေး ကင်းလွတ်လိမ့်မယ် သေရွာ
ဘေး ၊ ရှောင်လေ ဝေးဝေး မူးယစ်ဆေး. ...
ရှောင်လေဝေးဝေး မူးယစ်ဆေး " ဟူသည့်သီချင်းသံကို နားစိုက်နေရင်းမှ ကျွန်တော်၏နှုတ်မှနေ၍
" ရှောင်လေဝေးဝေး မူးယစ်ဆေး ရှောင်လေ
ဝေးဝေး မူးယစ်ဆေး " ဟူ၍တီးတိုးညည်းမိခဲ့
လေသည်။အပြင်ဘက်တွင်နေသာနေကာ ပျားပန်းခတ်မျှသွားလာနေသော လူအုပ်ကြီး၏အလှကသာယာလှပသော မနက်ခင်းလေးကို ပို၍သက်ဝင်လှုပ်ရှားစေလေသည်။ ။
image
MSC-172
Author-Soe Tha Khin

Sort:  

ပြိုင်ပွဲတုန်းက တင်လိုက်ရင် ဆုရနိုင်တယ်။

ဟုတ်တယ်အစ်ကိုရေခွှီးလွန်နေတာနဲ့အချိန်အကန့်သတ်ကြောင့်မပြိုင်ဖြစ်လိုက်တာပါ

မူးယစ်ကင်းစင် မြန်ပြည်တခွင်
သာယာလှပ အေးချမ်းလှ၏။
ဤသို့ ဖြစ်ရင် ကောင်းမှာပဲနော်။

အစ်ကိုဖြစ်စေချင်သလိုဖြစ်ခဲ့ရင်အကောင်းဆုံးပါပဲဗျာ

ဒီလိုအရေးသားမျိုး ပြိုင်ပွဲဝင်သင့်တယ်ဗျာ

ဟုတ်ကဲ့ပါဗျကျေးဇူးပါ နောက်လတွေပြိုင်ပါမယ်ဗျ

ပြိုင်ပွဲဝင်သင့်တဲ့ လက်ရာပါဗျာ

ဟုတ်ကဲ့ပါအစ်ကိုရေကျေးဇူးပါဗျ

လူညွန့်​တုံး​စေတဲ့ မူးယစ်​​ဆေး​တွေကို သွား​တောင်​မစမ်းသင့်​ပါဘူးဗျာ

ဟုတ်ပါတယ်ဗျာ

ရေးထားတာတွေစုံနေတာပဲဗျာ လေ့လာမှတ်သားရအုံးမယ်

ကျွန်တော်လည်းလေ့လာနေဆဲပါဗျာ

ပြိုင်ပွဲဝင်ပိုစ့်တစ်ပုဒ် ဖြစ်သင့်တယ်ဗျာ
အကြောင်းအရာတွေ အားလုံးနဲ့  တိုတိုနဲ့ လိုရင်းကို ထိရောက်လှတဲ့
ကဗျာလေးတွေက ပိုပြီး အသက်ဝင်စေပါတယ်ဗျာ
ပုံလေးလနည်းနည်း ထည့်လိုက်ရင် ပိုပြီး ကောင်းမယ်လို့ ထင်မိတယ်ဗျာ

ပုံတွေက credit ပေးပြီးမသုံးခင်တော့လိုပါဗျ

ရေးသားချက် ကောင်းလှတယ်ဗျာ
ပြိုင်ပွဲ ဝင်မပြိုင်လိုက်ရတာ နာတာပဲ။

ကျေးဇူးပါအစ်ကိုရေနောက်လမှပဲပြိုသ်ရတော့မယ်အစ်ကိုရေ ခုလိုအားပေးတာကျေးဇူးပါဗျ

ကြောက်စရာကောင်းတယ်နော်မူးယစ်ဆေးက😞

ကြောက်စရာကောင်းတာထက်ကိုပိုမယ်ထင်တယ်ဗျ

စပြီးမစမ်းမိဖို့ပါပဲ
စွဲလမ်းတယ်ဆိုတာသိလျက်နဲ့
ကိုယ်လည်းအသွေးအသားနဲ့ပဲ
သွားစမ်းမိရင်တော့မလွယ်ဘူး

ဟုတ်ပါတယ်ဗျာ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63688.35
ETH 3125.30
USDT 1.00
SBD 3.97