နှလုံးသားကိုအလှဆင်မယ်

in #myanmar7 years ago (edited)

image
အောက်အီးအီးအွတ်ခေါင်းရင်းသရက်ပင်ပေါ်မှကြက်ဖကြီးရွှေနီ၏တွန်သံကြောင့်မစံပယ်အိပ်ယာမှနိုးလာခဲ့သည်။
" တုတ်တုတ်တုတ်တုတ် " မရှေးမနှောင်းပင် ရွာဦးကျောင်းမှအုန်းမောင်းခေါက်သံကိုကြားလိုက်ရ၏။"ဆွမ်းတော်ချက်ရန်ထသော်မူပါ့ ဗွန်ဒေါသဒ်ဗုရိဿအပေါင်း သူတော်ကောင်း
တို့"ရွာအသံချဲ့စက်မှဆွမ်းတော်ချက်ရန်နှိုးဆော်သည့်အသံကလည်းမြိုင်မြိုင်ဆိုင်ဆိုင်ပင်ထွက်ပေါ်လာလေသည်။မစံပယ်အိပ်ယာမှတက်တက်ကြွကြွပင်ထလိုက်၏။မီးဖိုထဲတွင်ဆွမ်းချက်နေသောအမေဒေါ်နုယဉ်ကနောက်သို့လှည့်ကြည့်သည်။သမီးရေခြံထဲဆင်းမှာဆိုအနွေးထည်ထပ်ဝတ်သွားအုံး။ဟုတ်မေမေ။မစံပယ် ကပျာကယာပင် တန်းပေါ်တွင်တင်ထားသည့် အနွေးထည်များထဲမှ နီးရာကိုဆွဲယူဝတ်ပြီး ခြံထဲဆင်းလာခဲ့၏။

ညဦးပိုင်းက မိုးတစ်ပြိုက်နှစ်ပြိုက်ရွာထား
သည်မို့ မစံပယ်၏ ဇွန်ပန်းရုံကလေးများ အတော်ပင်ပွင့်နေလောက်ပြီ။ခပ်လှမ်းလှမ်းရှိဇွန်ပန်းရုံများဆီသို့ဓာတ်မီးဖြင့်လှမ်းထိုးလိုက်၏။ဝါး! မီးရောင်အောက်တွင်ဇွန်ပန်းများဖွေးဖွေးလှုပ်နေသည်ပါလား။လက်တွင်ပါလာသောဂုံးဇကာလေးကို ဘေးချကာ မစံပယ် ဇွန်ပန်းများကို စတင်၍ခူးလေသည်။ အရှေ့ဆီမှပျို့အန်လာသော
မနက်ခင်း၏ လင်းရောင်ခြည်နှင့်အတူ မစံပယ်တို့ ခြံထဲတွင်ဇွန်ပန်းနံ့များကသင်း
ကြိုင်နေလေတော့သည်။ဇွန်ပန်းရုံများ
အောက်တွင် တော့ဂါဝန်ဖြူလေး
ဝတ်ကာဆံရစ်ဝိုင်းလေးနှင့်
မစံပယ်မနက်ခင်းနှင့်အပြိုင်ဇွန်ပန်းခူးရင်းမြူးထူးပျော်ပါးနေလေ၏။
image
မစံပယ်၏အသက်က၁၂နှစ်ဖြစ်ကာရွာကျောင်းတွင် ၇တန်းသို့ရောက်ပေပြီ။
မစံပယ်ကနာမည်နှင့်လိုက်အောင်ဖြူဖြူချောချောလေးဖြစ်ပြီး ညာဘက်မေးစေ့ ထောင့်တွင်စံပယ်တင်မှဲ့ကလေးပါလေသည်။ သွားများမှာညီညာဖြူဖွေးနေကြပြီးမစံပယ်ရယ်လိုက်လျှင်သွားအကုန်ပေါ်ကာအတော်လှသည်ဟုလူပြောများကြလေသည်။ထိုအပြုံးကြောင့်ပင်မစံပယ်ကိုအတော်ပင်လူချစ်လူခင်များလှလေ၏။ပြီးတော့မစံပယ်ကအလွန်ပင်စိတ်ထားကောင်းလှလေသည်။မစံပယ်တို့တွင်မိသားစု၃ဦးရှိသည်။အဖေဦးလှမြင့်အမေ ဒေါ်နုယဉ်နှင့် မစံပယ်ပင်။တစ်ဦးတည်းသောသမီးမို့ မွေးကတည်းကအစစအရာရာပြည့်စုံခဲ့သည်။အဖေလုပ်သူဦးလှမြင့်ကအလုပ်ကိုကြိုးကြိုးစားစားလုပ်သည်။မစံပယ်မွေးပြီးကတည်းကစီးပွားရေးမှာတရှိန်ထိုးတိုးတက်လာသောကြောင့်မစံပယ်ကိုလာခြင်းကောင်းသောသမီးလေးအဖြစ်သဲသဲလှုပ်ချစ်ကြလေသည်။ဘာအလုပ်မှမခိုင်း၊မလုပ်စေရဖူးဖူးမှုတ်ထားလေ၏။သို့ရာတွင်ငယ်ငယ်ကတည်းကဇွန်ပန်းကြိုက်သောမစံပယ်ကခြံထဲတွင်ဇွန်ပန်းပင်များစိုက်ခဲ့လေသည်။မစံပယ်၃တန်းကတည်းကစတင်စိုက်ခဲ့သောဇွန်ပင်များမှာယခုမစံပယ်7တန်းတွင်ဇွန်ပန်းရုံကြီးများပင်ဖြစ်နေပေပြီ။မိဘများကတားသော်လည်းမရမစံပယ်၅တန်းမှစ၍မိမိစိုက်ခဲ့သောဇွန်ပန်းများကိုကုံးကာပန်းရောင်းရသောအလုပ်တွင်မွေ့လျော်နေမိ၏။

စီးပွားရေးပြည့်စုံသောမိသားစုဖြစ်၍ မစံပယ်ဇွန်ပန်း ရောင်းသောပိုက်ဆံများကို အဖေနှင့်အမေဖြစ်သူကမယူကြပေ။မစံပယ်ကိုသာသုံးစေ၏။ဖွေးဖြူနေသောဇွန်ပန်းများကိုတစ်ပွင့်ချင်းခူးကာမစံပယ်မျက်နှာတွင်ပြုံးနေလေ၏။ယခုဆိုလျှင်မစံပယ်၏
ဂုံးဇကာထဲတွင်ဇွန်ပန်းများပြည့်နေပေပြီ။ဇကာလေးကိုကောက်ကာအိမ်ဘက်ဆီသို့ခပ်သုတ်သုတ်လျှောက်လာခဲ့လေသည်။ဇွန်ပန်းပွင့်လေးများကိုအပ်ချည်အဖြူရောင်လေးများဖြင့်ခပ်စိတ်စိတ်ကုံးလိုက်သည်။စုစုပေါင်းအကုံး၅၀ခန့် ရလေ၏။
ပန်းကုံးများ၏ထိပ်မှအပ်ချည်အပိုများကိုစုစည်းချည်ပြီးချိန်တွင်မစံပယ်၏ဇွန်ပန်းကုံးသောလုပ်ငန်းပြီးစီးလေပြီ။
image
အောက်ခံသနပ်ခါးကိုထူထူလိမ်းလိုက်ကာအပေါ်တွင်စွယ်တော်ရွက်ပုံစံခွက်ကလေးဖြင့်ပါးခွက်ထူထူလေးခြယ်လိုက်သည်။ဆံပင်နက်နက်ကလေးများကို အရီးလှဆိုင်မှအမေ၀ယ်ပေးသောရွှေအုန်းပင်အုန်းဆီဖြင့်ရွှဲနေအောင်လိမ်းလိုက်၏။ဘီးဖြင့်သပ်သပ်ရပ်ရပ်ဖီးကာ ဘေးနှစ်ဖက်ကိုဆံထုံးပုံ့ ပုံ့ လေးနှစ်ခုထုံးပြီးချိန်တွင်အမေ့အသံပေါ်လာလေ၏။" သမီးရေ စံပယ် ထမင်းစားရအောင် သမီး ဖေဖေလည်းစောင့်နေတယ်။ ဟုတ်မေမေလာပြီ။"ဖေဖေ၀ယ်ပေးသော လိမ္မော်ရောင်အောက်ခံပေါ်တွင်အပြာရောင်ပန်းအတွန့်များပါသည့်လက်တံတောင်ထိရှည်သောဂါဝန်လေးကိုလဲဝတ်လိုက်သည်။ ဒီနေ့ကကျောင်းပိတ်ရက်မို့အဖြူအစိမ်းလဲစရာမလိုပေ။

"သမီးရော့ဒီမှာသမီးကြိုက်တဲ့
ကြက်သည်းကြက်မြစ်"

အဖေလုပ်သူဦးလှမြင့်က မစံပယ်ထဲသို့ အသဲအမြစ်များပုံထည့်ပေးသည်။မစံပယ်က ထိုအသည်းအမြစ်များကို ပြန်ယူကာ ဖေဖေတို့ မေမေတို့လည်းစားလေသမီးတစ်ယောက်တည်းမစားချင်ပါဘူးဟုဆိုပြီးအဖေနှင့်အမေ့ထဲသို့ တစ်ဝက်စီပြန်ထည့်ပေးလိုက်သည်။

" အမလေးကိုလှမြင့် တော့်သမီးကလူလည် အဖေတို့ အမေတို့ ကို ချော့ပြီးစားမယ့်သူ ဟုတ်ပါ့ဟုတ်ပါ့ဟားဟားဟား"

အဖေနှင့်အမေ၏ရယ်မောသံများနှင့်အတူ ထမင်းဝိုင်ကဝေေ၀စည်
စည်နှင့်ပြီးလေ့ရှိလေသည်။
image
ဖေဖေဦးလှမြင့်ယာထဲသို့ထွက်သွားပေပြီ။မစံပယ်လွယ်နေကြလိမ္မော်နုရောင်လွယ်အိတ်ကလေးကိုလွယ်လိုက်ကာပန်းကုံးများကိုဘယ်ဘက်လက်တွင်ကိုင်လိုက်၏။

"မေမေရေသမီးပန်းရောင်းသွားတော့မယ်။အေးအေးသမီးတစ်အားနေမမြင့်ခင်ပြန်လာခဲ့နော်"

ဒေါ်နုယဉ်ဘုရားပန်းကပ်နေရင်းမှလှမ်းပြောလိုက်သည်။

"ဟုတ်ဟုတ်မေမေ။"

မစံပယ်အပြုံးဖြူဖြူစင်စင်လေးပြုံးကာအိမ်ဝသို့ထွက်လာခဲ့လေသည်။

"မစံပယ်ရေ ပန်းယူအုံးမယ်"

ကြီးကြီးငွေရည်က အိမ်ရှေ့ထွက်လာလေသည်။

"တစ်ကုံးကို တစ်ရာပဲမလား စံပယ်လေး။ဟုတ်တယ်ကြီးကြီး အေးအေးငါ ၅ကုံးယူမယ်အေ။"

မစံပယ်က အပိုတစ်ကုံးထပ်ထည့်ပေးလိုက်သည်။

"အမလေးငါ့တူမ သဘောကောင်းလှချည်လား အေးအေးညည်းပေးတဲ့ပန်းကုံးကို ငါဘုရားလှူလိုက်မယ်။"

ကြီးငွေရည်ကတပြုံးပြုံးဖြင့်ပန်းကုံးများကိုင်ကာအိမ်ထဲသို့ဝင်သွားလေသည်။

ဟောဟိုမှာကျောင်းကဆရာမပဲ။ မစံပယ်လက်ထဲမှပန်းကုံးတစ်ကုံးဖြုတ်ယူလိုက်သည်။

" ဆရာမ ဆရာမဖို့ ပန်းပါ။ "

ဆရာမလေးကပြုံးကာပန်းကိုပန်လိုက်လေသည်။မစံပယ်ထပ်ထွက်လာခဲ့သည်။အရှေ့မှဆွမ်းခံကြွလာသောရွာဦးကျောင်းဆရာတော်ကို ဖူးတွေ့လိုက်ရသည်။မစံပယ်လက်ထဲတွင်ပန်းရောင်း၍ရသောငွေများထဲမှ ၅၀၀;ထုတ်လိုက် ၏။ ဆရာတော်ကြွမည့်လမ်းတွင် ပုဆစ်တုတ်ကာထိုင်လိုက်ပြီး ထိခြင်းငါးပါးဖြင့် ဦးငါးကြိမ်ချကာပန်းနှင့်ငွေငါးရာအားကပ်လှူလိုက်သည်။"သာဓုသာဓုသာဓုကြံတိုင်းအောင်ဆောင်တိုင်းမြောက်ပြီးလိုရာဆန္ဒတစ်လုံးတစ်ဝတည်းပြည့်စေ။ပေးတဲ့ဆုနဲ့ ပြည့်ပါစေဘုရား။ " ဆရာတော်က မိန့် မိန့်ကြီးပြုံးကာဆက်လက်၍ကြွသွားလေသည်။

အချိန်ခဏလေးအတွင်းမှာပင် မစံပယ်လက်ထဲမှ
ပန်းကုံးများကုန်သွားလေသည်။မစံပယ်ပိုက်ဆံများကိုရေကြည့်လိုက်တော့ငါးထောင့်ငါးရာကျပ်တိတိ။မစံပယ်ပြုံးလိုက်၏။အိမ်ဆိုင်လေးတစ်ခုအတွင်းသို့ဝင်ကာအမေနှင့်အဖေဖို့ဖိနပ်တစ်ရံဆီဝယ်လိုက်သည်။ ဖိနပ်ဖိုးငွေရှင်းပေးပြီးနောက် မစံပယ်လက်ထဲတွင်ငွေသုံးထောင်သာကျန်တော့လေသည်။မစံပယ်ပြုံးလိုက်ရင်းရွာမြောက်ဖျားသို့ ထွက်လာခဲ့၏။

ဒီနေ့ကအရီးမြိုင်အလှည့်ပင်။မစံပယ်တို့ရွာတွင် သားသမီးလည်းမရှိအသက်အရွယ်လည်းကြီးရင့်ကာအရပ်ကပေးမှစားရသောအဖိုးကြီးအဖွားကြီး၈ယောက်ရှိလေသည်။မစံပယ်ကနေ့စဉ်ပန်းရောင်းရသောပိုက်ဆံဖြင့်ထိုအသက်ကြီးပုဂ္ဂိုလ်များအားအလှည့်ကြသွား၍ကန်တော့လေ့ရှိသည်။မစံပယ်လိုကလေးသာသာလေးတစ်ယောက်အဖို့ထိုကုသိုလ်လောက်သာလုပ်နိုင်လေသည်။ ထိုသို့ ကန်တော့ရခြင်းကိုလည်း မစံပယ်အတိုင်းမသိ ပျော်ရွှင်မိသည်။

" အရီးမြိုင် အရီးမြိုင်" အိမ်ဝမှနာမည်အော်ခေါ်ရင်းမစံပယ်အိမ်ထဲသို့ ဝင်သွားလိုက်သည်။"မစံပယ်လား"အရီးမြိုင်ကမှုံးဝါးနေသော မျက်လုံးကို ပွတ်ကာကြည့်လိုက်သည်။ " မစံပယ်လာကန်တော့တာပါ အရီး။" ငွေလေးသုံးထောင်ကိုချကာမစံပယ်ထိခြင်းငါးပါးဖြင့် ဦးသုံးကြိမ်ချလိုက်သည်။အရီးမြိုင်၏ မျက်လုံးအိမ်မှ မျက်ရည်များရစ်ဝဲလာသည်။

"သာဓုသာဓုသာဓုပါငါ့မြေးရယ်။ အခုလိုမျိုး အသက်ကြီးသူကိုထောက်ပံ့သောအကျိုးကြောင့်ဘ၀လမ်းခရီးတစ်လျှောက်လုံးခလုတ်မထိဆူးမငြိဘဲအောင်မြင်ပေါက်ရောက်နိုင်ပါစေကွယ်။
ပေးတဲ့ဆုနဲ့ ပြည့်ပါစေအရီး။"

ဦးချကာထွက်သွားသော မစံပယ်၏ ကျောပြင်ကိုငေးကာ အရီးမြိုင်တစ်ယောက် မျက်ရည်များကြားမှ ခေါင်းတငြိမ့်ငြိမ့်နှင့် ပြုံးလိုက်လေတော့သည်။

မစံပယ်လွယ်အိတ်ထဲမှဖိနပ်ကလေးနှစ်ရံကိုလက်
နှင့်စမ်းကာ ပြုံးလိုက်သည်။ မစံပယ်ဇွန်ပန်းရောင်းရသည်ကို ပျော်သည်။ ရသည့်ငွေလေးဖြင့်အဖေတို့ အမေတို့ ကိုလက်ဆောင်ဝယ်ပေးရသည်ကိုပျော်သည်။ ငွေကြေးအရနည်းသည်ဆိုသော်လည်း ရသည့်ပိုက်ဆံလေးဖြင့်သက်ကြီးရွယ်အိုများကိုထောက်ပံ့ရသည်ကိုပျော်လေသည်။မစံပယ်ဒီအလုပ်ကိုပျော်ရွှင်စွာပင်ဆက်လက်ဆောင်ရွက်နေအုံးမည်ဖြစ်သည်။မစံပယ်၏မျက်နှာမှာပြုံးနေကာခြေလှမ်းများကအိမ်ဘက်ဆီသို့ခပ်သုတ်သုတ်ပြန်လာခဲ့လေ ၏။မစံပယ်၏ခြံထဲတွင် ဇွန်ပန်းရနံ့ များကလှိုင်နေဆဲ ဖြစ်ကာ မစံပယ်၏ရင်ထဲတွင်တော့မနက်ဖြန်ပွင့်လာမည့်ဇွန်ပန်းများကိုမြင်ယောင်ကာကြည်နူးနေမိ လေသည်။
ပြီးပါပြီ
ချစ်ခင်ရပါသော steemit အဖွဲ့သူအဖွဲ့သားများအားကျေးဇူးတင်လျက်…
Photo credit - google image
Author - Soe Tha Khin
MSC-172

Sort:  

ကောင်းလိုက်တဲ့ရေးကွက်ဗျာ
အားပေးတယ်ဗျာ
စိတ်ထားနှလုံးသားလှပမှုကိုဖော်ပြသွားတာအသက်ဝင်တယ်။

ဟုတ်ကဲ့ပါအစ်ကို
ဆက်လက်အားပေးပါဦးဗျာ

lovely for sure

Yes; That right!

ဖတ်လို့ကောင်တးယ် bro ရေ စကားပြောခန်းလေးတွေကို စာပိုဒ်နဲ့မရောပဲ အပိုဒ်ခွဲ ရေးစေချင်တယ်ဗျ။ အဲဒါဆို ပြည့်စုံသွားလိမ့်မယ်။

ဟုတ်ကဲ့ပါ
ခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ

ကြည်နူးလိုက်
ဝမ်းနည်းလိုက်
ပီတိဖြစ်လိုက်
ရသစုံ နေတာပဲ
vro

ဟုတ်ကဲ့
ရသလိုင်းကို စိတ်အားထက်သန်လို့ပါဗျ

စိတ်ထားလေးကို လေးစားပါတယ်ဗျာ

ဟုတ်ကဲ့ပါဗျာ

ရသစုံလင်​စွာဖတ်​ရလို့ good အစ်​ကို

ဟုတ်ကဲ့ပါဗျာ

very good post bro!

thank you bro

ကျွန်တော့်အတွက် အမှတ်တရတစ်ခုရှိခဲ့ပါတယ်ဘဒို ငယ်ငယ်တုန်းကပေါ့ အောက်အီးအီးအွတ်တဲ့အကောင်ကို အိပ်ရေးပျက်လို့ဆိုပီး အဖေ့ကိုတိုင်လိုက်တာ နေ့လည်ကျတော့ နေ့လည်စာဖြစ်သွားတယ် နောက်နေ့ကျတော့ အောက်အီးအီးအွတ်အသံမကြားရတော့ ဟာတာတာဖြစ်နေပြန်ရောဗျာ

ဟုတ်ကဲ့ပါဗျ
ဖြစ်တတ်ပါတယ်

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63630.78
ETH 3406.29
USDT 1.00
SBD 2.55