ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်

in #myanmar4 years ago

image
ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်

အပိုင်း ( ၂၁ )
အခန်း ( ၄၁ )

ခြံအတွင်းတွင် ကံ့ကော်ပန်းရနံ့များက မွှေးထုံလျှက်ရှိသည်။ဆရာ့ မျက်နှာက ပြုံးရွှင်နေလေသည်။
ကြိုင် ဆရာ့ရှေ့တွင် ခေါင်းငုံ့နေရင်း ရင်ခုန်လာမိ၏။ဆရာက ကံ့ကော်ပန်းတစ်ပွင့်ကို ခူး၍ မိမိကေသာထက်ဝယ် ပန်ဆင်ရန်လက်လှမ်းလိုက်သည်။
ကြိုင် မပန်ပါနဲ့  အဲဒီပန်းကို မပန်ပါနဲ့ နော် ။
ရုတ်တရက် အသံထွက်ပေါ်လာရာဆီသို့  ကြိုင်
လှည့်ကြည့်လိုက်မိသည်။ ညီညီက ခပ်လှမ်းလှမ်းတွင် ဆရာနှင့်ကြိုင့်ကို လှမ်းကြည့်ကာ မျက်နှာညှိုးနေလေသည်။ထို့နောက် အနောက်သို့
ထွက်ပြေးပျောက်ကွယ်သွား၏။ကြိုင် ညီညီနောက်မှ ပြေးလိုက်လာမိသည်။
"ညီညီ ညီညီ နေပါအုံး ။"
"ကြိုင် မသွားနဲ့။"ဆရာ့အသံ အလောတကြီး ထွက်လာပြီး ဆရာက ကြိုင်နောက်မှ ပြေးလိုက်လာလေသည်။ ညီညီ့နောက်ကို လိုက်ရင်း ကြိုင်မောလာ
မိသည်။မျက်ရည်များလည်း တစ်သွင်သွင် စီးကျလာလေသည်။တစ်နေရာ အရောက်တွင်
"အား"
ကြိုင် ရှေ့မှ မည်းနက်သော ချောက်ကြီးအတွင်းသို့  ပြုတ်ကျသွားလေတော့သည်။ထိတ်လန့် တစ်ကြား မိမိနာမည်ကို ခေါ်လိုက်သော ဆရာ့အသံကို ကြားလိုက်ပြီးနောက် ချောက်၏ အောက်ခြေသို့  ဒလိမ့်
ခေါက်ကွေး လဲကျသွားလေတော့သည်။

"သမီး သတိရလာပြီလား ။"
ကြိုင် မျက်ရည်များကြားမှ အမေ့ကိုကြည့်လိုက်
သည်။မိမိအိပ်မက်မက်နေခြင်းပင်။အိပ်မက်ဆို
သော်လည်း မိမိ သတိမေ့နေသော အချိန်တွင်
အိပ်မက်ကမ္ဘာသို့ ရောက်ရှိသွားခြင်းဖြစ်ပြီး
လက်တွေ့ဖြစ်နေသည့်အလား ထင်ရလေသည်။
မိမိလက်တစ်ဖက်ကို ဆုပ်ကိုင်ထားသော အလွမ်း
မျက်ဝန်းတွင်လည်း မျက်ရည်ဥများ တွဲခိုနေကြ
သည်။
"အလွမ်း ညီညီလေ ညီညီ ........."
ကြိုင့်နှုတ်ခမ်းကို အလွမ်းက လက်ဖြင့်ခပ်ဖွဖွပိတ်လိုက်သည်။
"ငါသိပြီးပြီကြိုင်။ငါသတင်းကြားကြားချင်း အပြေး
ပြန်လာခဲ့တာ။သူ့ရဲ့နောက်ဆုံးခရီးကို ငါလိုက်ပို့
လိုက်တယ်ကြိုင်။နင်သတိလစ်နေလို့မပါလာတဲ့အကြောင်းနဲ့  နင်နဲ့ ငါ သူ့ကိုအရမ်းချစ်တယ်ဆိုတဲ့ အကြောင်းလည်း ငါပြောခဲ့တယ်ကြိုင်။နင်စိတ်မ
ကောင်း စရာတွေ မတွေးနဲ့ တော့နော်။"

ကြိုင် ရှိုက်ကြီးတငင်ငိုလိုက်သည်။
"ငါဘယ်လိုလုပ်ပြီး မတွေးလို့ရမလဲအလွမ်းရယ်။
ညီညီက ငါ့ကြောင့်ဖြစ်ရတာ ငါ့ကိုကာကွယ်ရင်း
ဖြစ်ရတာ။"
အလွမ်းသက်က ကြိုင့်လက်ဖ၀ါးလေးကို ထွေးဆုပ်လိုက်သည်။
"ဥပါဉ်ဒါန်ကြောင့် ဥပါဉ်အရောက်မခံပါနဲ
့ကြိုင်ရယ်။ဖြစ်ချိန်တန်လို့ဖြစ်ရတာပါ။
ညီညီဟာ ဒီအချိန်မှာ ဒီလိုဖြစ်ဖို့ ကံပါလာလို့ပါ
ကြိုင်ရယ်နော်။"
"မဟုတ်ဘူး အလွမ်းရယ် မဟုတ်ဘူး။နင်မသိတာ
တွေ အများကြီးရှိသေးတယ်။"
ကြိုင် မျက်ရည်များကို လက်ခုံဖြင့်သိမ်း၍ အမေ့
ဘက်သို့လှည့်လိုက်သည်။
"အမေ သမီးကို ပြောပြပါအမေ ။ညီညီသေရတာ သမီးကြောင့်မဟုတ်လားဟင်။သမီးမှာ ဖြစ်လာရ
မယ့် ကံတရားမှာ ညီညီပါ ဓားစားခံဖြစ်ရတာမျိုးလား။ဟုတ်တယ်မဟုတ်လားအမေ ။"
ဒေါ်ထားဆင့် မျက်ရည်များ ရစ်ဝဲလာမိသည်။
စိတ်ထောင်းကိုယ်ကြေကာ ဇရာကြောင့် နဖူးပြင်
ပင် အနည်းငယ်ရှုံ့နေပေပြီ။သို့သော် ကျက်သရေရှိသော အလှများက ကျန်ရှိနေသေးသည်။
မျက်လုံးထောင့်မှ မျက်ရည်စကို အင်္ကျီလက်ဖြင့်
ပင့်တင်၍ သုတ်လိုက်သည်။

"အမေ မသိဘူးသမီး။အဖြေတစ်ခုကို အသေ
အချာ မပေးနိုင်လို့အမေ့ကို စိတ်မဆိုးပါနဲ့သမီး။
အမေဟာ အစကတည်းက သမီးရဲ့ကံတရားကို
မပိုင်ဆိုင်ခဲ့သူပါကွယ်။"သမီး အလွမ်းနဲ့နေခဲ့အုံး
နော် အမေ ဖြူလေးတို့အိမ်ဘက်လျှောက်လိုက်
အုံးမယ်။သူ့ခမျာ သားကိုဆုံးရှုံးလိုက်ရလို့ဖြေ
မဆည်နိုင် ဖြစ်နေတယ်။အမေနှစ်သိမ့်ပေးဖို့
တာဝန်ရှိတယ်သမီး။"
ဒေါ်ထားဆင့်က ကြိုင့်နဖူးလေးကို ငုံ့နမ်းလိုက်
ကာ အခန်းထဲမှ ထွက်သွားလေသည်။
ကြိုင် အလွမ်းရင်ခွင်ထဲသို့တိုးဝင်လိုက်သည်။
အလွမ်းကလည်း ကြိုင့်ကို ခပ်ဖွဖွဖက်ကာ ကြိုင့်
ကျောပြင်လေးကို ပွတ်သပ်ပေးနေလေသည်။
"နင်အရမ်းပိန်တယ်ကြိုင် ငါနင့်ကျန်းမာရေးကို
စိတ်မချဘူး။ဒေါ်လေးထားဆင့်ကို ငါမေးလိုက်ပြီး
ပြီ။နင်မွေးဖို့လေးရက်သာသာပဲ လိုတော့တယ်တဲ့။မနက်ဖြန် နင်ငါနဲ့ တစ်ခါတည်းလိုက်ခဲ့ကြိုင်။အခုမကွေးဆေးရုံမှာ ငါအလုပ်သင်တာဝန်ကျနေ
တယ်။နင်အဲ့မှာပဲတက်ပြီး မွေးဖွားပြီးမှ အိမ်ပြန်
လွှတ်မယ်။"
"နင်ပြောသလို လုပ်ပါ့မယ် အလွမ်းရယ်။ဒါပေမယ့် ငါညီညီ့ကို တွေ့ချင်သေးတယ်။စကားတွေလည်း
ပြောချင်တယ်။"
"ငါတို့မနက်ဖြန် ညီညီ့ကို နှုတ်ဆက်ပြီးမှ မကွေး
ဘက်သွားကြမယ်ကြိုင်။"
"အခုဆိုရင် နင်ရယ်ငါရယ်ပဲ ကျန်တော့တယ်နော်အလွမ်း ညီညီက ဒို့ကိုထားရစ်ခဲ့ပြီ။"
အလွမ်း ငိုချင်စိတ်ကို မြိုသိပ်ကာ ကြိုင့်ကိုခပ်တင်းတင်းဖက်ထားလိုက်သည်။ထိန်းချုပ်ရခက်သော
အရာများထဲတွင် ရင်မှပေါက်ဖွားလာသော
မျက်ရည်စက်များ ပါသည်ဆိုတာလည်း မိမိ
လက်ခံလိုက်မိပါသည်။
#######################
နံနက်ခင်းနေခြည်နုနု အောက်ဝယ် ရွှေရောင်စပါး
ခင်းများက လေယူရာယိမ်းနွဲ့နေကြသည်။
တောပန်းရနံ့များကလည်း လေအဝေ့တွင်
သင်းပျံ့နေကြလေသည်။စပါးခင်းများ အစွန်ဘက် သစ်ရိပ်အေးမြမြအောက်တွင်တော့ ငြိမ်သက်နေ သော အုတ်ဂူဖြူဖြူလေးက အထီးကျန်နေဟန်ရှိ
သည်။ထိုအုတ်ဂူလေး၏ ရှေ့တွင်တော့ မိန်းမချော
လေးနှစ်ယောက် မတ်တပ်ရပ်နေကြသည်။
ကြိုင်က ယူလာသော ကံ့ကော်ပန်းစည်းလေးကို
အုတ်ဂူပေါ်တွင် တင်လိုက်သည်။အလွမ်းကလည်း ဖြူလွှလွှ စံပယ်ပန်းလေးများကို တင်လိုက်လေ
သည်။
"ငါ အလည်လာတယ် ညီညီ။"
ကြိုင့် နှုတ်ဖျားမှ ခပ်အက်အက် အသံထွက်ပေါ်လာသည်။
"ငါရော အလွမ်းရော နင့်ကိုလွမ်းနေကြတယ်။
ငါတို့ တစ်ဘ၀လုံး နင့်ကို အမြဲအမှတ်ရနေတော့မှာ။ နင်ရင်ခုန်တယ်ဆိုတဲ့ ကလေးလေးလေ
သူ့ကိုမွေးဖို့  ငါဒီနေ့ အလွမ်းနဲ့မြို့ ကိုလိုက်သွား
တော့မယ်။ကလေးလေး နဲ့အတူ ငါနောက်တစ်
ခေါက်နင့်ဆီလာခဲ့အုံးမယ်။အဲဒီအချိန်ထိ ပျော်ပျော်ရွှင်ရွှင်နဲ့စောင့်နေနော်။အဲဒီဘက်ဘ၀မှာ နင်အဆင် ပြေရဲ့လား။နင်အဆင်ပြေပါစေလို့ ငါဆုတောင်းပါ
တယ် ညီညီရယ်။ငါနင့်ကို ဖြူစင်စွာနဲ့ တစ်သက်လုံး ချစ်နေပါ့မယ်။"
ကြိုင် တစ်ချက်ရှိုက်လိုက်ကာ လှည့်ထွက်လာခဲ့
လေသည်။ညီညီ့ဘေးတွင် ဒီထပ်ပိုပြီး ရပ်နေနိုင်
စွမ်း မရှိတော့ချေ။

"ရက်စက်လှသူကြီး တစ်ကိုယ်ကောင်းဆန်လှ
သူကြီး ညီညီရေ နင်ငါနဲ့ကြိုင့်ကိုထားခဲ့ပြီး အဲ့ဘက်ဘ၀မှာ ပျော်နေလား။နင့်ကို လွမ်းဆွတ်ရခြင်းနဲ့ အတူ ကြိုင့်အပေါ်ကို အသက်ပေးပြီး ကာကွယ်တဲ့ နင့်အချစ်ကို ငါကြက်သီးထလောက်အောင်ကို
လေးစားအားကျရပါတယ်ဟာ။နင်မရှိတော့လို့ 
ငါ့အချစ်တွေ နင်နဲ့ အတူသေဆုံးသွားပြီလို့ 
ထင်လား။အဲဒီလို ထင်ရင် နင်မှားသွားမယ် ညီညီ။ကလေးဘ၀ကတည်းက အလွမ်းသက်ဆိုတဲ့
ကောင်မလေးရဲ့အချစ်က ညီစေမင်းဆိုတဲ့ ကောင်
လေးအပေါ် အခုထိ ချစ်နေဆဲပါပဲ။လူတွေသာ
နှုတ်ဆက်လက်ပြပြီး ထားရစ်ထွက်ခွါသွားတတ်
ကြပေမယ့် နှလုံးသားထဲက အချစ်ကတော့
ဘယ်တော့မှ သေဆုံးမသွားတတ်ကြဘူးညီညီ။
ငါ့နှလုံးသားလေးကို နင်နဲ့အတူ မြုပ်နှံလိုက်တယ်။အဲဒီဘက် ဘ၀မှာ ငါ့အချစ်နဲ့  နင့်နှလုံးသားလေး နွေးထွေးပါစေ ညီညီ။ နောက်ဘ၀ကို ငါတောင့်တတယ် ။နောက်ဘ၀ဆိုတာ ရှိခဲ့ရင် နင့်ကို တစ်ဖတ်သက်ချစ်ခွင့်ရတဲ့ မိန်းကလေးတစ်ဦးအဖြစ် ငါပြန်လည်မွေးဖွားလာပါရစေ။ နင်ငါ့ကြိုပန်မချစ်ပါစေ
မျက်နှာလေးငေးရလည်း ကျေနပ်တယ်ညီညီ ။
ငါ့အချစ်က အဲဒီလို။နင့်အတွက် ငါမဟုတ်ခဲ့ပေ
မယ့်ငါကတော့ နင့်အတွက် ထာဝရပါ။
အချစ်ဆိုတာ ကိုယ့်နှလုံးသားနဲ့ ကိုယ်
ကြိုက်သလို ချစ်နေခွင့်ရှိတယ် မဟုတ်လား ။"

နေခြည်နုနုက တစ်ယောက်ကိုတစ်ယောက်
ဖေးမကာ ကန်သင်းဘောင်အတိုင်း တရွေ့ရွေ့
ထွက်ခွါသွားသော မိန်းမချောလေး နှစ်ယောက်
အပေါ်တွင်ဖြာကျနေလေသည်။အုတ်ဂူဖြူဖြူလေးကတော့ အခုထိတိုင် အထီးကျန်နေဆဲ။

အခန်း ( ၄၂ )
အမှတ်မထင် ဆုံသွားသော မျက်ဝန်းနှစ်စင်းသည် အံ့အားသင့်စွာဖြင့် အချိန်ကြာမြင့်စွာ မလွှဲဖယ်မိဘဲ
ဖြစ်နေကြသည်။ဒေစီလွင်၏ မျက်ဝန်းများက နားမလည်နိုင်ခြင်းများစွာ အံ့အားသင့်မှုများစွာ ပျော်ဝင်
နေပြီး ကြိုင့်မျက်ဝန်းများတွင်တော့ ၀မ်းနည်းရိပ်
အနည်းငယ်နှင့် မယုံကြည်နိုင်ခြင်း တစ်ချို့တစ်ဝက် ပျော်ဝင်နေလေသည်။ကြိုင်နှင့်အလွမ်း မကွေး
ဆေးရုံကြီးတွင် ရောက်ရှိနေခဲ့သည်မှာ ၃ရက်ပြည့်
တော့မည် ။သားဖွားမီးယပ်ဆောင်တွင် ကြိုင့်ကိုနေရာချပေးပြီး အလွမ်းက ခဏခဏပြေးလာကာ
ဂရုစိုက်လေသည်။အခုဒီမနက်မှ round လှည့်လာသော ထိုအမျိုးသမီးနှင့် ဆုံခြင်းဖြစ်သည်။
မိမိရင်ထဲမှ အသည်းနှလုံးကို ဆွဲထုတ်သွားသူနှင့်
မှ တိုက်တိုက်ဆိုင်ဆိုင် လာဆုံနေရသည်မို့ ကြိုင်
စိတ်လည်းရှုပ်သွားကာ အတိတ်က ဝေဒနာက
ပြန်နာကျင်လာသည်။ထိုအမျိုးသမီးကလည်း မိမိ
ဗိုက်ကို ဝေ့ကြည့်၍ အံ့သြနေဟန်ပေါ်သည်။
တစ်ခုခုကို တိတိကျကျမတွေးမိပါစေနှင့်ဟု ကြိုင်ကျိတ်၍ ဆုတောင်းလိုက်သည်။ရုတ်တရက် ဗိုက်ထဲမှ လှုပ်လာကာ အဆမတန် နာကျင်လာလေ
သည်။
"အား ......" ကြိုင် ဟန်မဆောင်နိုင်စွာဖြင့် ညည်း
ငြူလိုက်သည်။ ဒေစီလွင် ထိတ်ခနဲ တစ်ချက်ဖြစ်သွားကာ နားကြပ်ထုတ်၍ စမ်းသပ်လိုက်သည်။ "ညီမ အရမ်းနာနေလား ဘယ်နားကလဲ။"
ဒေစီလွင်က ပြောပြောဆိုဆိုဖြင့် ကြိုင်လက်
ထောက်ထားရာ နေရာသို့စမ်းလိုက်သည်။
ထို့နောက် ဘေးနားမှ သူနာပြုမလေးဘက်သို့
လှည့်ပြောလိုက်လေသည်။
"ဆရာမ မွေးခန်းပြင်လိုက်ပါ။အခုမွေးရမယ် ။
ရေမွှာပေါက်တော့မယ်။"
အလွမ်းလည်း ကြိုင့်ဆီသို့ပြေးလာလေသည်။
ဒေစီလွင်ကတော့ ၀တ်စုံလဲရန် ခြေလှမ်းကျဲကြီးများ
ဖြင့် ထွက်ခွါသွားလေပြီ။ ကြိုင် အလွမ်းလက်ကို
ခပ်တင်းတင်းဆုပ်လိုက်သည်။
"အလွမ်း အခုနကဆရာမလေငါသူနဲ့မမွေးချင်ဘူး။" အလွမ်းက ကြိုင့်လက်များကို အားပေးသလို
ပြန်လည်ဆုပ်ကိုင်လိုက်ရင်း နားမလည်နိုင်စွာ
ကြည့်သည်။
"ဘာဖြစ်လို့လဲကြိုင်။"
"သူက ဆရာ့အမျိုးသမီးလေအလွမ်း ။
ဒေါက်တာ ဒေစီလွင်ဆိုတာပေါ့။"
"အို ......."အလွမ်းနှုတ်မှ အာမေဍိတ်သံ ထွက်
ပေါ်လာလေသည်။ဒါပေမယ့်ကြိုင်ရယ် အခုဟာက သူ့ဂျူတီလေ နင့်ကို သူပဲ မွေးလိမ့်မယ်။
နင်စိတ်ချနော် ဘာမှမဖြစ်စေရဘူးလို့ ငါအာမခံ
တယ်။"
မဟုတ်ပါဘူးအလွမ်းရယ် ငါကအဲဒီအရာတွေ
ကြောင့် မဟုတ်ဘူး။ပြောရမယ်ဆိုရင်ဟာ ဘယ်လို
ကြီးမှန်းမသိဘူး။ ဆရာ့အမျိုးသမီး ဖြစ်နေလို့ပိုပြီး ခံစားရတာ။"
အလွမ်းနှင့်ကြိုင်ပြောနေဆဲမှာပင် ကြိုင့်ကို မွေးခန်းထဲရွှေ့ဖို့စီစဉ်ကြလေသည်။အလွမ်းကြိုင့်လက်က
လေးကို ဆုပ်ထားရင်း မျက်လုံးဖြင့် အားပေးနေ
မိသည်။ကြိုင့်ကိုသနားလှပါသည်။ဆိုးရွားလှသော တိုက်ဆိုင်မှုများတွင် မိမိသူငယ်ချင်းမလေးသာ
နှလုံးသည်းကြွေရသည့်အဖြစ်နှင့် တိုးနေလေတော့သည်။

ခက်ခက်ခဲခဲ မွေးပြီးသော ကလေးလေးအား အနှီး
ဖြူလေးဖြင့် ပတ်ကာ ချက်ကြိုးကို ဖြတ်၍ ဘာရယ်မဟုတ် ဒေစီလွင့်မျက်လုံးများက ကလေးမျက်နှာ
ပေါ်သို့ကျရောက်သွားသည်။
"ဟင် ........"အပြင်ဘက်သို့ ထွက်လာသောလေသံက ခပ်တိုးတိုးမျှသာဖြစ်သော်လည်း ဒေစီလွင့်ရင်ထဲတွင်တော့ အကျယ်ကြီး မြည်ဟီးသွားသည်။ကလေးကိုချီထားသော လက်များတဆတ်ဆတ်
တုန်လာလေသည်။ကြည့်ပါအုံး ကြိုင်မြတ်နိုးခဲ့ဖူး
သော မောင့်နှုတ်ခမ်းပါးတွေ မောင့်မျက်လုံးနက်
နက်တွေသည် ဤကလေး၏မျက်နှာထက်ဝယ်
ရှိနေပါသည့်အဖြစ်။ကြိုင်ကမိန်းမောနေကာ သူနာ
ပြုလေးများက အပြီးသတ်လတ်စသတ်နေကြ
သည်။ဒေစီလွင့်အပိုင်းက ပြီးလေပြီ။မပြီးသေး
လျှင်တောင် မိမိဆက်၍ တည်တည်ငြိမ်ငြိမ် လုပ်နိုင်စွမ်းမရှိတော့။
"အူဝဲ အူဝဲ "ဒေစီလွင်စိုက်ကြည့်နေဆဲမှာပင်
ကလေးမျက်လုံးများက ပွင့်လာကာ မိမိကို ပြူး
ကြည့်နေလေသည်။မွေးခန်းထဲမှ လူများအားလုံး အခုမှပင် သက်ပြင်းချနိုင်ကာ ပြုံးလာကြသည်။
"ကလေးက လှလိုက်တာဟယ် အသားလေးက
ဖြူဥနေတာပဲ မိန်းကလေးလေး။"
ဒေစီလွင် စီးကျလာသော ချွေးများကို ကယောင်
ကတမ်းသုတ်လိုက်လျှင် သူနာပြုမလေးက မိမိ
လက်ထဲမှ ကလေးလေးကို အလိုက်တသိယူသွား
လေသည်။သူတို့ကတော့ ထင်လိမ့်မည် ။
မိမိသည် ကလေးတစ်ယောက်ကို ခက်ခက်ခဲခဲ
မွေးပေးလိုက်ရ၍ ပင်ပန်းနေသည်ဟု။
တစ်ကယ်တန်းတော့ ထိုသို့မဟုတ်ပေ။ဒေစီလွင် တစ်ခုခုကို အတွေးလွန်ကာ ကယောင်ချောက်ခြား
ဖြစ်နေခြင်းသာဖြစ်သည်။ကောင်းမွန်စွာပင်
မတ်တပ်ရပ်နိုင်ခြင်းမရှိတော့။မိမိဒီအခန်းထဲက
ထွက်မှဖြစ်မည်။
"ဟယ်ကလေးက ၈ပေါင်တောင်ရှိတယ်တော့။
ထွားလိုက်တာဟယ် ။လှတာကလည်း ရက်စက်
တယ် ။လှဆို သူ့အမေတူတာလေဟယ် ကြည့်ပါလား သူ့အမေကလည်း ချစ်စရာလေး ဖြူဖြူနုနု
လေးရယ်။ငါတော့ သူ့အမေတူတယ်မထင်ဘူး။
သူ့အမေနှုတ်ခမ်းက နှင်းဆီငုံပုံ ဖူးဖူးလေး။
ဒီကလေးနှုတ်ခမ်းက ကကြီးပုံဖြစ်ပြီး ပါးလှပ်လှပ်ကလေးနဲ့ခပ်တင်းတင်းလေးစေ့ထားတာ။ကြီးလာ
ရင်တော့ စိတ်ဓာတ်ပြတ်သားမယ့်ပုံပဲ။
ဒါဆိုကလေးအဖေနဲ့ တူတာပဲဖြစ်မယ်။သူ့ အမျိုးသားလည်း မပါပါလားနော်။ဘယ်နှယ့် ကိုယ့်အမျိုးသမီးတစ်ယောက်လုံး မီးဖွားတာကို ဘယ်အမျိုးသားက နေနိုင်ရက်တာလဲ။"
တစ်ယောက်တစ်ပေါက် ပြောနေကြသော အသံများကို ကျောခိုင်းကာ နားနေခန်းသို့ဒေစီလွင်
အပြေးတစ်ပိုင်း လှမ်းလာခဲ့သည်။
မိမိနှင့်ကြိုင်တွေ့ခဲ့သော လများကို ရေတွက်နေမိ
သည်။၇လ ၇လသာရှိသေးလေသည်။
၇လနှင့် မီးဖွားခြင်းများရှိတတ်သော်လည်း မွေးလာသောကလေးများက ပေါင်မပြည့်တတ်သည်သာများသည်။ဒေစီလွင် ပိုက်ဆံအိတ်ကိုမှောက်ချလိုက်သည်။ပုံလေးတစ်ပုံ ထွက်လာလေသည်။
မိမိနှင့်မောင် ၁နှစ်သားက ရိုက်ထားသော ဓာတ်ပုံ
လေးမှာ ရယ်စရာ အမှတ်တရလေးဖြစ်၍ မိမိသွား
လေရာ ပိုက်ဆံအိတ်ထဲတွင် ထည့်၍ ယူဆောင်သွားလေ့ရှိသည်။ဓာတ်ပုံလေးကို စိတ်လှုပ်ရှားစွာ
ဖြင့် စူးစိုက်ကြည့်မိချိန်တွင် ဒေစီလွင် အရုပ်ကြိုး
ပြတ်ပုံလျက်သား လဲကျသွားလေတော့သည်။

ငါမှားပြီဆိုသည့်အသိနှင့်အတူ ပထမဆုံးအကြိမ်
အဖြစ် ကိုယ့်ကိုကိုယ် ရွံမုန်းစက်ဆုပ်သွားမိသည်။သို့သော် အမှားကိုသိလျှင် အမှန်ပြင်ရမည်သာ
ဖြစ်သည်။ဒေစီလွင် ချက်ချင်းထ၍ ခရီးဆောင်
အိတ်ကို ကောက်လွယ်လိုက်သည်။ထို့နောက်
ကြိုင့်အခန်းဆီသို့ ခပ်သွက်သွက်လျှောက်လာခဲ့
လေသည်။ဒေစီလွင် အခန်းထဲကိုရောက်တော့
ကြိုင်က မျက်လုံးမှိတ်နေဆဲပင်ဖြစ်သည်။ပင်ပန်း၍ အိပ်ပျော်နေခြင်းပင် ဖြစ်မည်။ လူနာအခြေအနေ
ပုံမှန်ပြန်ဖြစ်သွားပြီဟု မိမိကြားခဲ့သည်။ကြိုင့်နဘေးတွင်မျက်မှန်းတန်းမိနေသောအလုပ်သင်မိန်းက
လေးတစ်ယောက်ထိုင်နေသည်။ကြိုင့်မျက်နှာကို
စိုးရိမ်ပူပန်စွာကြည့်နေဟန်က တော်ရုံပတ်သက်မှု ဟုတ်ဟန်မတူပေ။ဒေစီလွင် ကြိုင့်ကုတင်ဘေးသို့ သွားကာ ကြိုင့်မျက်နှာလေးကို ခပ်ငေးငေးလေး
ကြည့်နေမိသည်။ဒီမိန်းကလေး ဘယ်လောက်
တောင် လောကဒဏ်ကို ခံစားခဲ့ရမလဲ။ဒေစီလွင် ကလေးနဖူးလေးကို ငုံ့နမ်းလိုက်သည်။ဘေးနားက မိန်းကလေးက မိမိလုပ်သမျှ အစအဆုံး ကြည့်နေ
သော်လည်း မေးမြန်းခြင်းမရှိ။
"ညီမ အမကိုသိပြီးသားဖြစ်လိမ့်မယ်ထင်တယ်အမကဒေစီလွင်ပါ ။ဒီဆေးရုံရဲ့သားဖွားမီးယပ်ဌာနက။" အလွမ်းမတ်တပ်ထရပ်လိုက်ကာ ပြုံးပြလိုက်သည်။
"ဟုတ်ကဲ့ ဒေါက်တာ အလွမ်းနာမည်က အလွမ်း
သက်ပါ ။အရိုးအကြောဌာနမှာ house ဆင်းနေပါတယ်။ဒီကကြိုင့်ရဲ့ သူငယ်ချင်းပါ။"
"ကြိုင်နိုးလာရင် အမမှာတာလေးတွေ ပြောပေးပါ
နော်ညီမ။အမသူနိုးလာအောင်စောင့်ဖို့ အချိန်မရ
တော့လို့ပါ။ဒေစီလွင်က ကြိုင့်ကို တောင်းပန်ပါ
တယ်လို့။အရာအားလုံးဟာ ခွင့်လွှတ်ပေးနိုင်
လောက်အောင် မသေးငယ်လို့ခွင့်လွှတ်ပေးပါ
လို့မတောင်းဆိုပါဘူးလို့။ဒေစီလွင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့ ။မှားခဲ့တဲ့ အမှားနောင်တကို ရင်မှာ
ပွေ့ ပြီး တစ်ဘ၀စာ သောကနဲ့ ဖြတ်သန်းသွားဖို့  ဆုံးဖြတ်လိုက်ပါပြီလို့။တစ်ကယ်လို့များ အခါအခွင့်သင့်ရင် ကြိုင့်အပေါ်မှားခဲ့တာတွေအတွက်
ပေးဆပ်လို့ရရင် ပေးဆပ်ချင်ပါတယ်ဆိုတာလေး
ပြောပေးပါနော်။"

အလွမ်းသက်၏ခေါင်းအငြိမ့်ကိုရသည်နှင့်ဒေစီလွင် ပြေးထွက်လာမိသည်။ငါနင့်ဆီကို တောင်းပန်ဖို့ လာနေပြီမောင်။နင်ခွင့်မလွှတ်ဘူးဆိုတာ ငါသိပေ
မယ့် ငါမှားခဲ့တာတွေအတွက် တောင်းပန်ရမှဖြစ်
မယ်။မောင် ငါဟာ အချစ်ကြီးသူတစ်ယောက်ဖြစ်ခဲ့လို့ ဆိုးဝါးစွာ အတ္တကြီးခဲ့မိသူဖြစ်ခဲ့ပြီးပြီ။ငါလူယုတ်မာတော့ မဖြစ်ပါရစေနဲ့။ငါ့အပြစ်တွေကြောင့်
ငါနောင်တရနေပါပြီ။ကျေးဇူးပြုပြီး ငါ့အပြစ်တွေကို ဆေးကျောခွင့်ပေးပါဟာ။အပြင်ဘက်တွင် မိုးနေ
က ကျဲကျဲတောက် ပူနေလေသည်။လူတို့ဖန်တီး၍ မရနိုင်သော ကံတရားများတွင် တစ်ချို့သောသူများသည် အလဲလဲ အကွဲကွဲ ကျရှုံးဆဲသာ ဖြစ်နေလေ
တော့သည်။

ဇာတ်သိမ်းပိုင်း ဆက်လက်ဖော်ပြပေးသွားပါမည်
steemit ညီအစ်ကိုများအား အစဉ်လေးစားလျက်။

image
Author-Soe Tha Khin

Sort:  

ဇာတ်လမ်းလေးက ကြေကွဲစရာဗျာ ဘယ်လိုဇာတ်သိမ်းမလဲဗျ ဆရာနဲ့ဘဲပြန်ပေါင်းကြမှာလား

နောက်အပတ်မှာ ဖော်ပြပေးသွားပါ့မယ်ကိုသန့်ရေ

ဆွဲဆောင်မှုကတော့အပြည့်အဝကိုရှိနေဆဲပါပဲဗျာ။
စာဖတ်သူကို အမြဲလိုလိုဆွဲဆောင်နိုင်တယ် goodပါတယ်ဗျာ
ဇာတ်သိမ်းပိုင်းကိုလည်းမျှော်နေပါတယ်ဗျ

ဇာတ်သိမ်းလေး လှပါ့မလား စိုးရိမ်စိတ်တွေနဲ့ မျော်နေပါ့မယ်ဗျာ

လေမုန်တိုင်းတိုက်ပြီးရင် လေပြေတွေ လာတော့မယ်ပေါ့

ဟုတ်မယ်လို့တော့ထင်ရတာပဲကိုစောရေ

Congratulations @soethakhin! You received a personal award!

1 Year on Steemit

Click here to view your Board of Honor

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @soethakhin! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.18
TRX 0.05
JST 0.023
BTC 17313.07
ETH 1296.82
USDT 1.00
SBD 2.17