ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်

in #myanmar5 years ago (edited)

image
ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်

အပိုင်း ( ၁၆ )
အခန်း ( ၃၁ )

လရောင်ဝိုးတ၀ါးက ကံ့ကော်ရွက်များကြားမှ
ကျိုးတို့ ကျဲတဲပင် ဖြာကျနေသည်။ကြိုင် လရောင်ကိုမုန်းပါသည်။မိမိဘ၀၏နာကျည်းဖွယ်အကောင်း ဆုံး မေ့မရနိုင်သည့် အတိတ်ဆိုးတစ်ခုကို ယခုလို လသာသောညမှာပင် ဖြတ်သန်းခဲ့မိသည်မဟုတ်ပါလား။သို့သော် လရောင်ကို မုန်းမိသောကြိုင် ယခု
ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် လရောင်
အောက်ဝယ်ရပ်နေမိသည်။အိမ်ခြံစည်းရိုးမှ တံခါး
ဖွင့်သံတစ်ခုကြောင့် အလွမ်းလာပြီဆိုတာကို
သိလိုက်သည်။

အလွမ်းသက် ခပ်သုတ်သုတ်ပင် ကြိုင်ရှိရာသို့
လျှောက်လှမ်းလာခဲ့သည်။ညနက်ပြီမို့  မင်းဇံရွာ
တစ်ရွာလုံး အိပ်မောကျနေချေပြီ။ကြိုင့်ဆီသို့ 
တိုးကပ်သွားလိုက်ရင်း စကားသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။
"ကြိုင် ညကြီးအချိန်မတော် ငါ့ကိုချိန်းတာ ဘာပြောမလို့လဲ။"
ကြိုင် သက်ပျင်းတစ်ချက်ခိုးရှိုက်လိုက်ရင်း အလွမ်းလက်ကို ဆုပ်ကိုင်ကာ ဖျစ်လိုက်သည်။
"အလွမ်း ငါနင့်ကိုချစ်တယ်။နင့်ကိုချစ်သလို ညီညီ့ကိုလည်း သူငယ်ချင်းလို အရမ်းချစ်တယ် ။
ဒီကမ္ဘာမှာ ငါချစ်ရတဲ့လူနှစ်ဦးက နင်နဲ့ ညီညီပဲ။"
"ငါသိပါတယ် ကြိုင် ငါတို့ဟာ အချစ်ဆုံးသူငယ်ချင်း တွေပဲမဟုတ်လား။"
"အလွမ်း နင် ညီညီ့ကို ချစ်သူတစ်ယောက်လို
အချစ်မျိုးနဲ့  ချစ်နေတယ်မလား။"
ရုတ်တရက် ထွက်ပေါ်လာသော ကြိုင့်အသံကြောင့် အလွမ်းလက်များ ဆတ်ခနဲ တုန်သွားကာ မျက်နှာတစ်ချက်ပျက်သွားသော်လည်း အမှောင်ထဲမှာမို့ကြိုင်မြင်နိုင်လိမ့်မည်မဟုတ်ပါ။
"အာ မဟုတ်ပါဘူး ကြိုင်ရာ ညီညီက ငါ့သူငယ်ချင်းပဲဟာ သူငယ်ချင်းလိုပဲခင်တာပါ။"
"ငါ့ကို မညာပါနဲ့ အလွမ်းရယ် နင်ဟာ ငါချစ်ရတဲ့
သူငယ်ချင်း ပြီးတော့ မိန်းမသားချင်းမလို့  ငါရိပ်မိခဲ့ပါတယ်။ငါညီညီ့ကိုလည်း ချိန်းထားတယ်။
နင်တို့နှစ်ယောက် ဝေးရာကို သွားပါတော့ ။"
"အိုမဟုတ်တာကြိုင်။ငါကသာ ညီညီ့ကို ချစ်ခဲ့ပေ
မယ့် ညီညီဟာ ငါ့ကိုမချစ်ဘူး သူတစ်ကယ်ချစ်ခဲ့တာ နင်ပါကြိုင်။ပြီးတော့ ခုချိန်မှာ နင့်ဗိုက်ထဲက ကလေးအတွက် ညီညီ့ကို လိုအပ်တယ်။"
"အလွမ်းပြောတာ အမှန်ပဲကြိုင်။"
ကံ့ကော်ပင်တန်းနောက်မှ ညီညီထွက်ပေါ်လာကာ သူငယ်ချင်းမလေးနှစ်ဦးဆီသို့ထွက်လာခဲ့သည်။

"နင်ဘယ်တုန်းက ရောက်နေတာလဲ ညီညီ။"
"အလွမ်းအိမ်ထဲကို ၀င်သွားဆို ငါရောက်တာပဲကြိုင် အစကတော့ နင်တို့နားလာမလို့ပဲ။
ဒါပေမယ့် မရည်ရွယ်ပဲ နားထောင်မိသွားတယ်။
ငါတောင်းပန်ပါတယ် အလွမ်း နင်ငါ့အပေါ် စိတ်ရှိခဲ့မှန်း မသိခဲ့ဘူး။နင့်ရှေ့မှာ ကြိုင့်ကို ချစ်ကြောင်းရင်ဖွင့်ခဲ့တယ် ။နင်ဘယ်လောက်တောင် ၀မ်းနည်းခံစားနေခဲ့လိုက်မလဲ။"
ကြိုင်မိမိလက်ထဲမှ အထုပ်ကို ညီညီ့လက်သို့
လွှဲပြောင်းပေးလိုက်သည်။
"နင်တို့နှစ်ယောက် သွားကြတော့ ညီညီ။အမေက ငါ့မှာ ကိုယ်ဝန်ရှိနေတာကို ရိပ်မိသွားပြီ။ ညီညီနဲ့
လို့လည်း ထင်နေပုံရတယ်။"
အလွမ်း ထိတ်လန့်တကြားဖြင့်ပင် ကြိုင့်လက်ကို ဆုပ်ကိုင်လိုက်သည်။
"ဒေါ်လေးထားဆင့်က ဘယ်လို သိသွားတာလ
ဲကြိုင်။"
"မနက်က ငါထမင်းဝိုင်းမှာ မူးလဲခဲ့တယ် ။
ငါသတိပြန်ရလာတော့ အမေက ငါ့ကို ကြည့်ပြီး
ငိုင်နေတယ်။ဘယ်သူနဲ့လဲတဲ့။ဘာဖြစ်နေတယ်ဆိုတာ အမေသိပြီတဲ့။ငါလည်း ငိုပြီးငြင်းပေမယ့်
အမေက မယုံခဲ့ဘူး။ညီညီနဲ့  အမြန်စီစဉ်ဖို့ လူကြီး
ချင်းတိုင်ပင်မယ်ဆိုပြီး ထွက်သွားတယ်။
အဲဒါကြောင့် ငါကြံရာမရဖြစ်ပြီး နင်တို့နှစ်ယောက်လုံးကို ချိန်းလိုက်တာပဲ။ငါ့သူငယ်ချင်းလေး
နှစ်ယောက်ကသာ လိုက်ဖက်တဲ့ စုံတွဲပါ။အဲဒီတော့ ငါ့ကြောင့် ဒုက္ခမရောက်ခင် မြန်မြန်သွားကြတော့။ငါဒီအထုပ်ထဲမှာ လိုအပ်တာအကုန် ထည့်ထား
တယ်။အခုပဲ မြန်မြန် သွားကြတော့။"
ညီညီမိမိလက်ထဲမှ အထုပ်ကို လွှင့်ပစ်လိုက်သည်။
ကြိုင့်ပခုံးနှစ်ဖက်ကိုဆွဲခါလိုက်ရင်း
"နင်ဘယ်လိုတွေ တွေးနေတာလဲကြိုင်။နင်ဘာတွေစဉ်းစားနေတာလဲ။ငါနင့်ကိုပဲ လက်ထပ်မယ်ကြိုင် ။နင့်ကို ဒီလိုဒုက္ခတောထဲမှာ ပစ်မထားခဲ့နိုင်ဘူး။
အခုချိန်မှာ ငါလက်ထပ်သင့်တဲ့ လူက နင်ပဲကြိုင်။"
ကြိုင် ဒေါသတကြီးဖြင့် မိမိပခုံးပေါ်မှ ညီညီလက်ကို ပုတ်ထုတ်ပစ်လိုက်သည်။
"နင်ကသာ ရူးနေတာ ညီစေမင်း။နင်ကသာ မဖြစ်သင့်တာကို တွေးနေတာ ။ငါဟာ မသန့်စင်တော့တဲ့သူ။မသန့်စင်တဲ့ အပြင် ငါ့ဗိုက်ထဲမှာ ဆရာ့ရဲ့
ရင်သွေးလေးလည်းရှိနေတယ်။ကလေးအဖေ
ကိုယ်တိုင်ကတောင် ငါ့ကို စွန့်ခွါသွားရက်သေးတာ နင်က ဘာကိစ္စငါ့ကို ယူရမှာလဲညီညီ။ငါကနင်နဲ့
မတန်ဘူး မတန်တော့ဘူး သိရဲ့လားညီညီရဲ့။"
ပြောနေရင်း ကြိုင်ငိုသည်။ စိတ်မထိန်းနိုင်စွာ မြေပေါ်သို့ ထိုင်ချရင်း ငိုချပစ်မိသည်။ဒီလောက်ဆိုးတဲ့ ဘ၀ရှိပါအုံးမည်လား။ညီညီ ကြိုင့်ဘေးတွင် ခြေပစ်လက်ပျစ်ထိုင်ချပစ်လိုက်သည်။
"အချစ်ဆိုတာကို နင်ဘယ်လောက်နားလည်သလဲ
ကြိုင်။ငါနဲ့ အလွမ်းက နင့်ထက်ပိုပြီး နားလည်မယ်လို့ထင်တယ်။အချစ်ဆိုတာ ကိုယ့်ချစ်နေတဲ့သူ
ပျော်ရွှင် အဆင်ပြေဖို့ အနစ်နာခံခြင်းပဲ။
ချစ်ရတဲ့သူအန္တရာယ်တောထဲရောက်နေချိန်မှာ
ရှေ့ကနေ မားမားမတ်မတ် ကာကွယ်ပေးတာဟာ
လည်း အချစ်ပဲ။အချစ်ကအမျိုးမျိုးရှိတယ်။
အဓိပ္ပါယ်ကျယ်ဝန်းတယ်။ပြီးတော့ လူတစ်ယောက်ရဲ့ ဘ၀မှာ အချစ်ဆိုတာ တစ်ကြိမ်တစ်ခါပဲပေါက်ဖွားတယ်။"
ညီညီ အလွမ်းသက်မျက်နှာကို မော့ကြည့်လိုက်ရင်း "ငါအခုလို ပြောရတာနင့်ကိုတော့ တစ်ကယ်အားနာမိတယ်အလွမ်း။နင်ငါ့ကို ချစ်ကောင်းချစ်ခဲ့လိမ့်မယ်။ဒါပေမယ့် ငါ့ဘ၀အတွက် ပေါက်ဖွားလာတဲ့ အချစ်က ကြိုင်ပဲ။အဲဒီလိုပဲ ကြိုင်နှလုံးသားရဲ့
ပိုင်ရှင်က ဆရာပဲ။အချစ်ဆိုတာ လုပ်ယူဖန်တီးလို့ ရတဲ့ အရာမျိုး မဟုတ်ဘူး။အဲဒီလိုပဲ မချစ်နဲ့လို
့ပိတ်ပင်လို့ရတဲ့ အရာမျိုးလည်း မဟုတ်ဘူး။
အေး ငါ့အချစ်ကတော့ အမျိုးမျိုး ပြောင်းလဲနေ
တယ်။နင်နဲ့ ဆရာ ချစ်နေမှန်း မသိခင်က နင့်ကို
ချစ်လို့  ပိုင်ဆိုင်ချင်တယ်။အခု နင် ဆရာ့ကြောင့်
ဒုက္ခရောက်နေချိန်မှာကျ နင့်ကိုချစ်လို့ ကာကွယ်
ချင်တယ်။အဲဒါငါ့အချစ်ပဲ။အခု ငါတို့ သုံးယောက်လုံးဟာ မပြည့်နိုင်တဲ့ အချစ်တွေကို တောင့်တမိ
ိကြတယ်။အချစ်ထက်ပိုပြီးဘ၀ဟာ အရေးကြီးလာတဲ့ အချိန်ရှိတယ်ကြိုင်။အဲဒါဟာ အခုလိုအချိန်ပဲ။
နင့်ဘ၀ နင့်နာမည် နင့်အရှက်အတွက် ငါကာကွယ်ပါရစေ။နင်ငါ့ကို ဘယ်တော့မှ ပြန်မချစ်နဲ့ ကြိုင်
ရတယ်။ငါမတောင်းခံဘူး။နင့်ရှေ့ကနေ ကာကွယ်
ခွင့်လေးပဲပေး။ငါ့ကို လက်ထပ်ပါ။"
ကြိုင့် ငိုရှိုက်သံက ပို၍ပင် ကျယ်လောင်လာသည်။အလွမ်းမျက်ဝန်းမှ မျက်ရည်စများလည်း တသွင်
သွင်စီးဆင်းလျှက်။အလွမ်းသက် ထိုင်ချလိုက်ရင်း
ကြိုင့်ကို ဖက်ထားလိုက်မိကာ ညီညီ မျက်နှာအား
ငေးကြည့်နေမိသည်။အော် ချစ်တတ်လိုက်တာ ညီညီရယ်။ငါနင့်ကို မပိုင်ဆိုင်နိုင်တော့တာ သေချာသွားပေမယ့် ငါနင့်ကို မချစ်ပဲမနေနိုင်ဘူးညီညီ။
ငါနင့်ကို လေးစားတယ်။ကြိုင်ဟာ လည်း ငါချစ်
ရတဲ့ သူငယ်ချင်းမို့  ငါကျေနပ်ရပါတယ်ဟာ။ငါတို့ သုံးယောက် ကံကကို ဒီလိုဖြစ်ဖို့  လမ်းပါလာတယ်လို့ပဲ တွေးမိပါတယ်။ငါလည်း နင့်ကို သိပ်ချစ် ခဲ့တာပါ ညီညီရယ်။

ငိုရှိုက်နေသော သူငယ်ချင်းမလေးနှစ်ဦးကို ညီညီ
ဖက်ထားရင်း မိမိမျက်ဝန်းမှ မျက်ရည်တစ်စက်
ကြွေကျသွားလေသည်။သောကကိုယ်စီနှင့်အတူ
လျှောက်သင့်သော လမ်းများကိုသာ လျှောက်ရန် ဆုံးဖြတ်လိုက်ကြသော သူငယ်ချင်းသုံးဦးအား
ကံ့ကော်ပွင့်များက ငေးကြည့်နေသည့်ဟန် တစ်ပွင့်ပြီး တစ်ပွင့် ကြွေဆင်းလာကြသည်။လရောင်က ၀ိုးတ၀ါးပင် ဖြာကျဆဲ။ကံကြမ္မာဟာ ဒီထက်ပိုလှခဲ့ရင် သိပ်ကောင်းမယ်။
image

အခန်း ( ၃၂ )

သို့ 
အသက်သမျှ ချစ်ရပါသောကြိုင် ဆရာ
သတိရခြင်းများစွာနဲ့  စာရေးလိုက်ပါတယ်။ဆရာ
နေ့နေ့ညည ကြိုင့်ကို လွမ်းဆွတ်သတိရမိတယ်။
နောက်ဆုံး ဆရာ့ရဲ့ အလွမ်းတွေကို စာအဖြစ်သီကုံးပြီး ကြိုင့်ဆီဆက်သလိုက်ရပါတယ်။
ကြိုင်မှတ်မိသေးလား။ကြိုင်က အပင်မှာ ဝေနေတဲ့ ပန်းလှလှလေးတွေထက်ကြွေကျနေတဲ့ ပန်းခြောက် ကလေးတွေကို သနားစိတ်နဲ့  မြတ်နိုးရတယ်ဆို။ဆရာလည်း ကြိုင်နဲ့ စိတ်ချင်းတူလာပြီကြိုင်။
ဆရာရောက်နေတဲ့ ဆေးရုံဝန်းအတွင်းမှာ ကံ့ကော်ပင်ကြီးတစ်ပင်ရှိတယ်။ဆေးရုံဆိုလို့  လန့်မသွားနဲ့ အုံးကြိုင်။ဆရာမတော်တဆမှု တစ်ခုဖြစ်သေးတယ်။အခုတော့ သက်သာသွားပါပြီ။ ခြေထောက်ကတော့ အခု ဂျိုင်းထောက်ထောက်ထားရတယ်။
နောက်ဆယ်ရက်လောက်ကြာရင်တော့
ဂျိုင်းထောက် မလိုတော့ဘူးပြောတယ်ကြိုင်။
နောက်ဆယ်ရက်ရှိလို့ ဆေးရုံဆင်းတာနဲ့  ကြိုင့်ဆီကို ဆရာလိုက်လာခဲ့မယ်။ဒီစာကတော့ ရှေ့ပြေးပေါ့ကြိုင်ရယ်။စောနက စကားကို ဆက်အုံးမယ်ကြိုင်။ဆရာနေတဲ့ ဆေးရုံဝန်းထဲက ကံ့ကော်ပင်ကြီး
အကြောင်းပေါ့။ပူပြင်းခြောက်သွေ့တဲ့ နွေနေ့လည်ခင်းတွေဟာ ပျင်းစရာကောင်းသလို လွမ်းစရာလည်း ကောင်းလှတယ်ကြိုင်။ဆရာကြိုင့်ကို အရမ်းလွမ်းလာရင် ဘာလုပ်သလဲသိလား။ကံ့ကော်ပင်
ကြီးအောက်ကို သွားထိုင်တယ်ကြိုင်။အပင်ပေါ်က ဥသြလေးရဲ့ တွန်သံကို နားထောင်နေရင်း ကြိုင့်
မျက်နှာလေးကို မြင်ယောင်တယ်။ဆိုးဆိုးဝါးဝါး
လွမ်းဆွတ်မှု ဝေဒနာလေးတွေကို ခံစားလာရတဲ့
အချိန်မှာ ကံ့ကော်ပန်းကြွေလေးတွေကောက်
တယ်။ပြီးရင် စာအုပ်ထဲမှာညှပ်ပြီး သိမ်းထားတယ်။ ကံ့ကော်ပန်းတွေ လုံးဝခြောက်သွေ့သွားတဲ့ အချိန်မှာ ပန်းပွင့်လေးတွေပေါ်ကို စာလုံးလေး တစ်လုံးစီ တစ်လုံးစီလိုက်ရေးမိတယ်။ကြိုင် ......။
ဆရာ့အတွက် အဓိပ္ပါယ်ရှိလွန်းတဲ့ နာမည်လေး။
ဆရာ့ရဲ့ နေ့ရက်တိုင်းကို ဖမ်းစားနိုင်သူလေး။
ဆရာ ကြိုင့်ဆီလာတွေ့တဲ့အခါ အဲဒီအလွမ်းတွေကို ကြိုင့်အတွက် လက်ဆောင်အနေနဲ့  လှလှပပ
ထုတ်ပိုးပြင်ဆင်ခဲ့မယ်ကြိုင်။ဆရာ့ကို ကြိုနေမယ်မလား ဟင် ....
ချစ်ရတဲ့ ဆရာ

စာကို နှစ်ခေါက်ပြန်စစ်လိုက်ပြီး သပ်သပ်ရပ်ရပ်
ခေါက်ကာ စာအိတ်ပြာလေးထဲထည့်လိုက်သည်။ထို့နောက် နွေဦးမောင်မျက်နှာချောချောတွင် အပြုံးပန်းများဝေလာကာ သူငယ်ချင်းသီဟလက်ထဲသို့  စာကို ထည့်လိုက်လေသည်။
"မင်းအိမ်သိပြီးသားပဲ သီဟ။ဒီလောက်ကလေး
တော့ လုပ်ပေးပေါ့။"
သီဟက ရယ်၍ နွေဦးမောင် ပခုံးကို မနာအောင်
ခပ်ဖွဖွထိုးလိုက်သည်။
"လုပ်ပေးမှာပါ ဟကောင်ရ အခုမနက် ၉နာရီကား
နဲ့ငါလိုက်သွားမှာပါ။တကတည်း အဲဒါမျိုးကျ
မျက်နှာကြီးက ပြုံးဖြဲလို့။"
နွေဦးမောင် ရှက်ရယ်ရယ်လိုက်ရင်း သီဟကို
တွန်းလွှတ်လိုက်သည်။ပေစောင်းစောင်းကြည့်ရင်း အခန်းထဲမှ ထွက်ခွါသွားသော သီဟကျောပြင်ကို ကြည့်ကာ ကြိုင့်မျက်နှာလေးကို မြင်ယောင်လာမိသည်။ကြိုင်ရော ဆရာ့ကို လွမ်းနေမယ် မဟုတ်လားကွယ်။


ဆရာ့ကို ချစ်မိသလောက် ကြိုင့်အချစ်တွေက
နာကျည်းမှုဘက်သို့ ပြောင်းလဲခဲ့ရပါပြီ။မှန်ထဲတွင် ပေါ်နေသော မိမိမျက်နှာကို ကြိုင် ငေးကြည့်နေမိသည်။မျက်ဝန်းများမှာ အသက်မဲ့လျှက်။မနက်ဖြန်ဆို မိမိ ညီညီနှင့် လက်ထပ်ရတော့မည်။ဒီနေ့က
မင်္ဂလာဆောင် အ၀င်နေ့ဖြစ်၍ အိမ်ထဲတွင် လူများ စည်ကားနေကြသည်။မျက်နှာကို တစ်ခုခုလိမ်းကာ အောက်ဆင်းခဲ့ဖို့ အမေက ပြော၍ မှန်ရှေ့ထိုင်နေခဲ့သည်မှာ ကြာပြီ။အမေပြောသော စကားများကို
ပြန်လည်ကြားယောင်လာမိပြန်သည်။မနေ့က
ညနေစောင်းအချိန်တွင် အမေက မိမိနှင့် ညီညီ
နှစ်ဦးလုံးကို အခန်းထဲသို့ခေါ်ကာ အရေးကြီးသော စကားများပြောခဲ့သည်။ထိုစကားများမှာ အခြား
မဟုတ်။ကြိုင်က လက်ထပ်၍ မရသော မိန်းက
လေးဖြစ်သည်ဟူ၍ပင်။ကြိုင် က သိပ်မယုံကြည်ရုံမျှသာ ဖြစ်သော်လည်း ညီညီကတော့ လုံးဝပင် အယုံအကြည်မဲ့စွာ ခါးခါးသီးသီး ငြင်းခဲ့သည်။
သိုက်ဆိုတာ အရင်ဘ၀ဆိုတာကို ညီညီက အယုံအကြည်မရှိပါတဲ့။အရင်ကတော့ ကြိုင်လည်း အယုံအကြည်မရှိခဲ့ပါ။သို့သော် မိမိတစ်ယောက်တည်း
ခံရမည့် အန္တရာယ်ဆိုလျှင် လက်ခံနိုင်မိမည်
ဖြစ်သော်လည်း မိမိအိမ်ထောင်ဖက်ပါ ခံရမည်ဆို
တော့ ကြိုင် နောက်တွန့်သွားမိသည်။ညီညီက
မိမိအပေါ်တွင် အဆုံးစွန်ဆုံး ပေးဆပ်ထားသူ
တစ်ယောက်ဖြစ်၍ ညီညီဘေးဒုက္ခတွေ့မှာမျိုးကို
ကြိုင်မလိုလားပါ။သို့သော် ကြိုင့်အခြေအနေက
လည်း မယူလျှင် မဖြစ်သည့် အခြေအနေဖြစ်ပြီး
ညီညီကိုယ်နှိုက်ကလည်း ခေါင်းမာစွာရှေ့ဆက်တိုးခဲ့သည်။ကြိုင်ဘာတတ်နိုင်အုံးမှာလဲ။ကြိုင့်ဘ၀က နောက်ဆုတ်ရခက် ရှေ့တိုးခက် ရွေးစရာမရှိသည့် အခြေအနေမဟုတ်လား။
တစ်ခါတစ်လေတော့လည်း ဆရာ့ကို စူးစူးနစ်နစ် လွမ်းမိပါသည်။ထိုအခါမျိုး၌ အလွမ်း၏နောက်တွင် တစ်ခါတည်း အမုန်းတရားနှင့် နာကျည်းမှုက
ကပ်ပါလာစမြဲ။အသည်းနင့်အောင် ချစ်သလောက် နာကျည်းမေ့ပစ်ချင်လောက်အောင် မုန်းပါသည်။
မယုံကြည်နိုင်ခြင်းနှင့်အတူလုပ်ရက်လေခြင်း
ဟူသော ၀မ်းနည်းစိတ်က အခုချိန်ထိ ဆို့တက်နေတုန်း။မျက်နှာပေါ်သို့ သနပ်ခါးမှုန်မှုန်လေးတင်ကာ ဆံပင်ကို စုစည်းလိုက်ရင်း မှန်ရှေ့မှထလိုက်သည်။
အောက်သို့ဆင်းကာ စက်ရုပ်ဆန်သော အပြုံးများ
ဖြင့် လူများကို ဧည့်ခံရပေအုံးမည်။အပြုံးတုများကို
ကြိုင်မုန်းပါသည်။ထိုသို့ မိမိမုန်းသော အပြုံးတုများကို မိမိ မျက်နှာပြင်ဝယ် တင်ရသည့် အခါတွင်တော့ တစ်ယောက်သောသူကို ခွင့်မလွှတ်နိုင်လောက်
အောင် ပို၍ မုန်းမိသည်။

လူတွေပြောကြတာတော့ ခွင့်လွှတ်မှုဆိုတာ
ကိုယ်ခွင့်လွှတ်ပေးတဲ့လူအတွက်မဟုတ်ပါဘူး။
ကိုယ်ကိုယ်တိုင်အတွက် ခွင့်လွှတ်ပေးမှုတစ်မျိုးပါတဲ့ ။အဲဒီလိုပြောရတာသိပ်တော့ အဆင်မပြေပါဘူး
ခွင့်လွှတ်မှုဆိုတာ ထင်သလောက်မလွယ်ကူလို့
ပါပဲ။အိမ်အောက်ထပ်တွင်တော့ အသံချဲ့စက်မှ
သီချင်းသံကို လိုက်ငြီးရင်း ပျော်ရွှင်စွာ လုပ်ကိုင်နေကြသော ရွာသူရွာသားများဖြင့် ပြည့်နှက်လျှက်။
ဟို အဝေးက တစ်ယောက်သောသူကရော ဒီအချိန်ဆို သာယာသော ဘ၀အသစ်နှင့်အတူ ပျော်နေ
လေမည်လား။

ဆက်လက်ဖော်ပြပါဦးမည်။
အားလုံးကိုကျေးဇူးတင်ပါသည်။

Sort:  

အမ်း😳😳😳
ဖြတ်ချလိုက်ပြန်ပီဟ
ဖတ်ရတာ အရှိန်တက်ရင် ကြေငြာဝင်တော့တာပဲ😟😟

သည်းခံတော်မူးပါဗျာ

ဟာဗျာ မင်္ဂလာပွဲချိန်မှာ စာရောက်လာလို့ ဘယ်လိုဖြစ်သွားဦး
မလဲလို့ တွေးကြည့်နေတာ ဇာတ်လမ်းက တစ်ခန်းရပ်သွားတယ်

ဖတ်ရတဲ့သူအတွက်အရမ်းရှည်နေမှာဆိုးလို့ ရပ်လိုက်ရတာပါဗျ

ကောင်းခန်း​ရောက်​မှဗျာ

မျှောနေစေချင်လို့ပါလို့

​ ​​  ​​​​​​​... ​​​​​...

ဘာမှလည်းမြင်ရဘူးလို့

ဇာတ်ရှိန်တက်လာပြီဗျာ အားပေးနေပါတယ်

ဟုတ်ကဲ့ပါကိုစော

ဆက်​​စောင့်​​နေတယ်​အကို​ရေ

ဟုတ်ကဲ့ပါဗျာ

သိုက်က လာခေါ်မယ့်အကွက်ကိုပဲသိချင်နေတာ။
ဒီတစ်ခေါက်လည်းမပါလာသေးဖူးရယ်။
အကွက်ကြမ်းကြမ်းလား
အနုကြမ်းလား
ကြမ်းချောလားဘဒို :p

ချောချောလေးပဲပြန်လွှတ်မှာပါဗျ

အာ့ဆိုရင် စောင့်ဖတ်မယ်ဘဒိုရေ

ဟုတ်ကဲ့ပါအစ်ကိုကျေးဇူးပါ

ဟုတ်

သိုက်နဲ့ပတ်သတ်တဲ့ဇတ်လမ်းတွေဆို အငယ်ကတည်းက စိတ်ဝင်စားတာ မျှော်နေမယ်ဗျာ

ဟုတ်ကဲ့ပါbro ကျေးဇူးပါ

ဘယ်လိုများ ရှုပ်ပြီး ဇာတ်ရှိန်တက်ဦးမလဲဗျာ စောင့်နေပါတယ်

ရှုပ်ပေးလိကြ်ဦးမယ်ဗျာ နည်းနည်းလောက်တော့

အားပေးခဲ့တယ် ညီရေ

ဟုတ်ကဲ့ပါဗျ ကျေးဇူးပါ

နေရာတိုင်းမှာသိပ္ပံနဲ့တော့ယှဉ်တွေးလို့မရဘူးပေါ့

ဟုတ်ပါတယ်အစ်ကိုရေ

Coin Marketplace

STEEM 0.17
TRX 0.05
JST 0.022
BTC 16814.63
ETH 1229.91
USDT 1.00
SBD 2.09