အချစ်စစ်တို့မည်သည်…

in #myanmar5 years ago (edited)

image

"ဟဲ့ ယမုံ ဟိုမှာ နင့်လူကြီးလာပြီ"
သူငယ်ချင်း စုလတ် ၏ အမောတကော
စကားကြောင့် ယမုံနာ လှမ်းကြည့်လိုက်မိသည်။
ကျောင်းလွယ်အိတ်ကို Style ကျကျ လွယ်ကာ
အေးဆေးတည်ငြိမ်သော ခြေလှမ်းများ နှင့်
တစ်လှမ်းချင်း ၀င်လာသော ကိုထက်နောင်ကို
တွေ့လိုက်ရသည်။ ယမုံနာတို့ ကျောင်းတွင်
ဇွဲထက်နောင် ဆိုသည်ကို မသိသူမရှိ ပေ။
ဇွဲထက်နောင်ဆိုသည်မှာ တစ်ကျောင်းလုံးတွင် အားကစားအတော်ဆုံး၊အချောဆုံး King ရထား
သော ဒုတိယနှစ် E- major မှ ကျောင်းသား
တစ်ဦးဖြစ်ကာ စာတော်သည်ဟုလည်း နာမည်
ကြီးသူဖြစ်သည်။

ယမုံနာက ပထမနှစ် အင်္ဂလိပ်စာကျောင်းသူ။ ယမုံနာနှင့် စုလတ် က တက္ကသိုလ်တက်မှ
တွေ့ရ သော သူငယ်ချင်းများဖြစ်သည်။
အဆောင်တွင်တစ်ခန်းတည်းနေရန် အတူကျကာ
မေဂျာလည်းတူ အတန်းလည်းတူ၍ ယမုံနာနှင့်
စုလတ် တတွဲတွဲဖြစ်လာကာ ကျောင်းသွားအတူ စားအတူနှင့် ချစ်ခင်စွာ နေလာခဲ့သည်မှာ ယခု
၂လပင်ကျော်နေပေပြီ။

ယမုံနာကော စုလတ်ကောက နယ်ဘက်မှ
မိဘများမှ ပေါက်ဖွားလာပြီး မကွေးတက္ကသိုလ်တွင် အတူဆုံမိကြခြင်းပင်။၂ယောက်လုံးကရိုးသား
အေးဆေးပြီးစိတ်တူကိုယ်တူရှိကာ စာလည်း
အတူကျက်ကြသောကြောင့်တစ်ယောက်ကို
တစ်ယောက် သံယောဇဉ် တွယ်လေသည်။
ကျောင်းထဲသို့ ဝင်သွားသော ကိုထက်နောင်ကို
ကြည့်ကာလွန်ခဲ့သော၂လ ကျောင်းစဖွင့်ချိန်က
အဖြစ်အပျက်ကို ပြန်တွေးမိသွားသည်။
ယမုံနှင့်စုလတ် ကျောင်းသို့ စောစောရောက်လာ
မိသည်။ ကျောင်းစတက်သောနေ့ မို့ ဘယ်မှ
မသွားတတ်မလာတတ်ပေ။ ပထမစာသင်ချိန်
၂ချိန်ပြီးသောအခါ ဗိုက်တို့ မှာ ဆာလောင်လာ
သည်။
"ယမုံ ရေ့ ဒို့ ကန်တင်းသွားရအောင်။"
သူငယ်ချင်းစုလတ်စကားကြောင့် ယမုံနာ
စာအုပ်များကိုသိမ်းလိုက်ရင်း မေးလိုက်မိသည်။
"ကန်တင်းဘယ်မှာလဲနင်သိလို့ လား ။"
"အမလေးယမုံရယ် မေးမြန်းသွားမှာပေါ့ ။ "
စုလတ်မှာ မင်းဘူးနယ်ဘက်မှ လာသူဖြစ်၍
အရာရာတွင် သွက်လက်သလောက် ယမုံနာက
တော့ ထုံလေသည်။ စကားပြောလျှင်လည်း
အေးစိစိနှင့် လူဆိုလည်း အရမ်းကြောက်တတ်
သောကြောင့် အကိုများက ခဏခဏ ငေါက်ခံရ
တတ်သည်။
"အေးအေးစုလတ်ဒါဆိုသွားအောင်လေ။"
ယမုံ ရှေ့မှ ထလိုက်ကာ တံခါးပေါက်မှ အပြင်
ထွက်လိုက်သည်။

"ဘုန်း ..... အင့် "
ယမုံနာ လက်မှ လွယ်အိတ်အောက်သို့ 
လျှောကျသွားပြီး လူလည်း ဟပ်ထိုးလဲမလို
ဖြစ်သွားသည်။
"ရလား ယမုံနာ" လက်ကို ဖမ်းထိန်းထားရင်း
ထွက်လာသော အသံတစ်သံကြောင့် ယမုံနာ
မော့ကြည့်လိုက်မိသည်။ အေးဆေးကြင်နာ
တတ်ပုံရသော မျက်ဝန်းနက်နက်တို့ နှင့်ဆုံခိုက်
အမျိုးအမည်မသိသော ဝေဒနာ တစ်ရပ်ကို
ဘယ်ဘက်ရင်အုံမှ ခံစားလိုက်ရသည်။
ယမုံနာ အခန်းဝမှအထွက် တစ်ဖက်မှ လာသူနှင့် ၀င်တိုက်မိခြင်းပင်။ ထိုလူမှာ ပုဆိုးနက်ပြာ
ကွက်စိပ်ကိုဝတ်ထားပြီး အဖြူရောင်တီရှပ်
လက်ရှည်ကို လက်ခေါက်ဝတ်ထားသည်။
ဆံပင် ခပ်တိုတိုတွင် အရောင်ဆိုးထားခြင်းမရှိ
နက်မှောင်နေကာ ခေါင်းလိမ်းဆီ တစ်မျိုးလိမ်း
ထားပုံပေါ်ပြီး ဘီးနှင့် သပ်သပ်ရပ်ရပ် ဖီးတင်ထား
လေသည်။
မျက်ခုံးတို့ မှာ ထူထဲစိမ်းညို့ နေ၍ နှာတံပေါ်ကာ နှုတ်ခမ်းမှာလည်း တင်းတင်းစေ့ထားပြီး ယမုံနာ ကြည့်ဖူးသော Titanic ဇာတ်ကားထဲမှ မင်းသား လီယိုနာဒို၏နှုတ်ခမ်းများနှင့် ဆင်သည်ဟုထင်မိ သည်။တင်းတင်းစေ့ထားတာတောင် ပြုံးနေသည့်အသွင်ပေါ်နေသည်။ အထူးခြားဆုံးမှာ မျက်လုံးများဖြစ်သည်။ မျက်အိမ်ကျယ်၍ မျက်ဆံနက်ပြီး တစ်ဖက်လူ၏မျက်လုံးများထဲသို့ ထိုးဖောက်ကြည့် နေသလို စူးရှလှသည်။မျက်လုံးများ၏ညို့ ဓာတ်
တွင် ငြိကာယမုံနာ ဆွံ့ အ နေမိသည် ။
"ရလား " ထိုလူ ပါးစပ်မှ ဒုတိယမြောက်အသံ
ထပ်ထွက်လာသည်။
"အော် ဟုတ်ဟုတ် ရပါတယ်။"
အိပ် မက်မှ လန့် နိုးလာသူပမာ ယမုံအလန့် 
တကြားဖြေမိလိုက်သည်။ နောက်မှစုလတ်က
မှီလာကာ
"ဘာဖြစ်လို့ လည်း ယမုံ"
စုလတ်က အမေးစကားနှင့်အတူ သူနှင့် ယမုံကို ဝေ့ကြည့်လိုက်သည်။
"၀င်တိုက်မိသွားတာပါ။"
သူပြန်ဖြေနေပုံကိုငေးကြည့် နေမိသည်။
"ဘာမှမထိခိုက်မိရင်ကျွန်တော်သွားပါအုံးမယ်။"
လှည့်ထွက်သွားသော သူ့ ကျောပြင်ကို ကြည့်
ပြီး ရင်ထဲမှာ တစ်ခုခု လစ်ဟာ သွားသလို ခံစား
လိုက်ရသည်။
"ဟဲ့ယမုံ နင့်လက်တွေ အေးစက်နေပါ့လား။"
ဘေးနားမှ လမ်းတူတူလျှောက်ကာ လက်ကိုင်ပီး
မေးလိုက်သော စုလတ်စကားကြောင့် ယမုံနာ
စုလတ်ကိုလှည့်ပြုံးပြလိုက်ပြီး စကားစလိုက်သည်။ "စုလတ် ခုနကလူ တော်တော်ချောတယ်နော။"
"အေးဟုတ်ပါ့ ယမုံ ငါလည်းပြောမလို့ ပဲ
ချောတယ်ဆိုတာထက် တော်တော်ကြည့်
ကောင်းတယ်ဟ တည်တည်ငြိမ်ငြိမ်လေးရယ်။"
စုလတ်ပြောစကားကို ကျိတ်၍ ထောက်ခံလိုက်မိ သည်။
"စုလတ်သိလား ငါရင်ခုန်နေသလိုပဲ။"
"ဟမ် "မျက်လုံးများကိုပြူးကျယ်ကာအလန့်တကြား မော့ကြည့်လိုက်သော စုလတ်ပုံစံကြောင့် ယမုံပင် ရယ်ချင်သွားသည်။ စုလတ်မှာအရပ်ပုပုဆံပင်
ကုတ်ဝဲနှင့်ဖြစ်ကာ အသားဖြူစွတ်နေပြီး ချစ်စရာ
ကောင်းသလောက် မျက်လုံးများမှာ အတော်ပင် ကျယ်လေသည်။ကျယ်နေသောမျက်လုံးများ
ပြူးကာ အလန့် တကြား စကားပြောလျှင် ယမုံမှာ သူ့ စကားသံကို နားစိုက်ဖို့ ထက်ရယ်ချင်စိတ်ကို
ပိုဖြစ်လေသည်။ ယမုံပုံစံကတော့ စုလတ်နှင့်ခြားနားလှသည်။ ယမုံကအရပ်အတော်အသင့်ရှည်ပြီး ဆံပင်ကျောလည်ထိ ရှည်ကာ အသားမှာ စုလတ်
လောက်မဖြူပေ။ ယမုံ့ ရုပ်ရည်မှာ သာမာန်ထဲသာပါပြီး လူသတိထားမိနည်းသော ရုပ်ရည်မျိုးဖြစ်
သည်။ ယမုံကတော့ ကိုယ့်ကိုကိုယ် လှသည်ဟု
မထင်သော်လည်း ယမုံ့ မေမေကတော့ ယမုံ့ကို
လှသည်ဟုအမြဲပြောသည်။ အမေ့သမီးလေးက
ကြည့်လေကြည့်လေလှလေအလှမျိုးဟု မေမေခဏခဏပြောဖူးသော စကားကို သတိရကာ
ပြုံးမိသွားသည်။

ယမုံနှင့် စုလတ် ကန်တင်းတွင် စားသောက်ပြီးကာ အတန်းပြန်တက်ပြီး ညနေကျောင်းဆင်းတော့ အဆောင်ပြန်လာကြသည်။ အိမ်စာများကိုလုပ်ပြီး သောအခါ အိပ်ဖို့ အိပ်ယာထဲတွင်လှဲနေရင်း ယမုံ အိပ်မပျော်နိုင်။ နေ့ လည်ကဆုံခဲ့သော မျက်ဝန်းများကို ပြန်မြင်နေမိသည်။ ဒါ အချစ်များလား။

ဒုတိယအကြိမ် သူ့ ကို ပြန်တွေ့တာကကျောင်း
စဖွင့်တာတစ်လပြည့်သွားသော မောင်မယ်
သစ်လွင်ကြိုဆိုပွဲနေ့တွင်ဖြစ်သည်။ထိုနေ့တွင်မှ
သူ့ကိုအင်္ဂလိပ်စာဒုတိယနှစ် King မှန်းသိခဲ့ရ
လေသည်။သူ့ ကို စိတ်ဝင်စားနေမိသည့် အဖြစ်အား ယမုံစုလတ်ကို ရင်ဖွင့်မိသည်။ စုလတ်က
တော့ နှစ်သိမ့်လေသည်။

"ယမုံရယ် နင်သူ့ ကို စိတ်ဝင်စားနေတော့ကော
ဒို့ ဘာလုပ်လို့ ရနိုင်မှာလည်း ။ဒို့ ဘ၀ကမိန်းက
လေး လေ။ငါတို့ မိန်းကလေးတွေဘ၀သနားဖို့ 
ကောင်းပါ တယ်ဟာ။ပန်းကလေးတွေအတိုင်းပဲ။
ပန်းကလေး တွေက အပင်မှာအစွမ်းကုန်
ပွင့်လန်းနေပြီး ခူးမယ့်သူရဲ့လက်ကို မျှော်ရတယ်။ ကိုယ့်ကိုလာခူးသူက ကိုယ်မနှစ်သက်တဲ့သူ
ဖြစ်နေရင်တောင် ငါတို့ မှာ ငြင်းဆန်ခွင့်နည်း
တယ်။ကိုယ်ခူးစေချင်တဲ့လက်ပေါ်ညွှတ်ကျလိုက်
ဖို့ကလည်းသူကပန်းပွင့်လေးအပေါ် လက်လှမ်း
လိုက်အုံးမှလေ။ခုဆိုကိုဇွဲထက်နောင် က King ။
တစ်ကျောင်းလုံးမှာ လူသိအများဆုံး၊အချောဆုံး။
ဒို့ လို သာမာန်ဘ၀ကျောင်းသူလေးတွေကို သူသတိ ထားမိမှာမဟုတ်ပါဘူးယမုံရယ်။ဒါပေမယ့် ယမုံ သိလား နင်စိတ်ဓာတ်မကျနဲ့  နင်သူ့ ကို
ချစ်နေတယ်မလား ။တစ်ခါတစ်လေကျ အချစ်
ဆိုတာ သူ့ ဘေးနားမှာနေပြီး ပိုင်ဆိုင်နေရမှ
မဟုတ်ပါဘူး။ အဝေးကနေ တိတ်တိတ်လေးငေး
ကြည့်ပြီး ချစ်နေရတာလေးကလည်း အချစ်ရဲ့
အနှစ်သာရတစ်ခုပဲ လေဟာ။"

အပြင်စာဖတ်ခြင်းတွင် မွေ့ လျော်သော စုလတ် ၏အားပေးစကားများနှင့် ယမုံ ကိုထက်နောင်ကို ကွယ်ရာကသာ တိတ်တိတ်လေး ချစ်နေမိသည်။ ကိုထက်နောင်က နေ့ လည်ဘက် ၂နာရီ ကျောင်းခဏနားချိန်တွင် အမြဲပင်စာကြည့်တိုက်သို့ သွား လေ့ရှိသည်။ ယမုံလည်းသွားလေသည်။သူနှင့်တစ်ခုံကျော်လေးတွင် ထိုင်ကာ စာအုပ်ကို ကွယ်၍
သူ့ မျက်နှာကို ငေးကြည့်နေရသော ကြည်နူးမှုကို ဘာ နှင့်မှ အစားမထိုးနိုင်။ ယမုံအတွက် သူ့ ကိုချစ်သည့်အကြောင်းတွေကို နေ့စဉ် ဒိုင်ယာယီထဲတွင် ရင်ဖွင့်ခွင့်ရလေသည်။

ရာသီများ အလီလီပြောင်းခဲ့ပေပြီ။ နွေဦးကံ့ကော်များ ဝေကြွေပြီး မိုးတွင်ပွင့်သော စိန်ပန်းပြာများ တက္ကသိုလ်နယ်မြေတွင် ဆုတ်ခွာခဲ့ပြီ။ဆောင်းနှင်း မှုန်တို့ တစတစ ကျဆင်းလာကာ ချယ်ရီတို့ ပွင့်လာသည်နှင့်အပြိုင် ကိုထက်နောင်တို့ နောက်ဆုံးနှစ် စာမေးပွဲ ဖြေရက်သို့ ပင် ရောက်လာခဲ့ပေပြီ။ ယခုဆိုလျှင် ယမုံ တတိယနှစ် စာမေးပွဲဖြေရတော့မည် ဖြစ်ကာ ကိုထက်နောင်ကတော့ နောက်ဆုံးနှစ်ဖြေကာကျောင်းကြီးကို ခွဲခွာသွားပေတော့မည်။ ဒီနေ့ စာမေးပွဲ နောက်ဆုံးနေ့ ဖြေပြီးပြီ။စုလတ်က အခန်းတွင်းမှ ထွက်မလာသေးပေ။
စုလတ်ကို ကန်တင်းမှ စောင့်မည်ဟု လက်ဟန်
ခြေဟန်ပြကာ ယမုံတစ်ယောက်တည်း ထွက်လာ
ခဲ့သည်။ လက်ဖက်ထမင်း၂ပွဲနှင့် ကြက်ဥ ဟပ်ကို မှာ ပြီး ယမုံရင်ထဲ ၀မ်းနည်းနေမိသည်။
ကိုထက်နောင်ကို တွေ့ ချင်နေမိသည်။ ဒီနေ့ က
နောက်ဆုံးနေ့ ။ ဒီနေ့ပြီးလျှင်ဝေးရပေတော့မည်။

"ဒီဝိုင်းကထိုင်ခုံလေးတစ်လုံးလောက်ယူလို့ရလား" နားယဉ်နေသော အသံကြောင့် ယမုံ့ ကိုယ်လေး
ဆတ်ခနဲ တုန်သွား သည်။ ကိုထက်နောင်ရယ်လေ ခပ်ပြုံးပြုံးဖြင့် ယမုံ့ ကိုငုံ့ ကြည့်ပြီး ယမုံ့ ဝိုင်းမှ
ပိုနေသော ထိုင်ခုံကိုတောင်းနေခြင်းပင်။ ယမုံ့ 
ရင်တွေ တလှပ်လှပ်ခုန်လာသည်။လက်များလည်းတုန်လာမိသည်။
"ဟုတ် ရပါတယ် ယူပါ "
အသံကို မတုန်အောင်ကြိုးစား ၍ ထိန်းကာ
ပြောလိုက်သော်လည်း တုန်နေသည်ဟု ထင်မိ
သည်။ ယမုံ့ ဆုတောင်းပြည့်လေသည်။
အနည်းဆုံးတော့ မခွဲခွာခင် မျက်နှာလေးတော့
မြင်လိုက်ရသည် မဟုတ်လား။ ကျေနပ်ပါသည်
လေ။ကျောင်းတက်ခဲ့သော ၃နှစ်တာလုံး
ကိုထက်နောင် ရည်းစားမထားခဲ့ခြင်းကပင်
ယမုံ့ အတွက် ဘုရားပေးသော ဆုလဒ်တစ်ခုပင်။

တတိယနှစ်စာမေးပွဲများဖြေအပြီး ကျောင်းကြီးကို
ခွဲကာ အိမ်ပြန်ခဲ့ရသည်။ ကံ့ကော်များ ဝေေ၀ဆာဆာ ပွင့်နေသော စတုတ္ထနှစ်စတွင် ယမုံ့ကမ္ဘာမှာ
အလွမ်းများနှင့်ပြည့်နေခဲ့သည်။ စတုတ္ထနှစ်အောင်စာရင်း ထွက်သောအခါ ယမုံက မဟာတန်းကို
တက်ခွင့်ရ ပြီး သူငယ်ချင်းစုလတ်ကတော့ ရိုးရိုးသာအောင်ခဲ့ လေသည်။ကိုထက်နောင်၏အငွေ့
အသက် စုလတ် ခြေရာဟောင်းများဖြင့် မဟာ
တန်း၂နှစ်ကို အလွမ်းများဖြင့် ယမုံ ကျောင်းတက်
ခဲ့ရသည်။

ကိုထက်နောင်သွားနေကြနေရာများကို ပုံမှန်
အတိုင်းသွားသည်။ အတိတ်က သူ့ ပုံရိပ်များကို
လွမ်းဆွတ်မိလေသည်။ စုလတ်နှင့် ထိုင်နေကြ
ကန်တင်းသို့လည်း ၀တ္တရား မပျက် သွားပြီး
စုလတ်ကို လွမ်းရသည်။

နွေမှမိုး ၊ မိုးမှဆောင်းသို့  အဖန်ဖန် ပြောင်းခဲ့ပြီး
ပေပြီ။ ယခုဆိုလျှင် ယမုံ့ အသက်၂၇နှစ်အတွင်း ၀င်နေခဲ့ပြီ။ ကျောင်းပြီး၍ မကွေးတက္ကသိုလ်တွင်
ပင် ကျူတာပေါက်စလေးအဖြစ် ထမ်းဆောင်နေခဲ့သည်မှာ ၄နှစ်ကျော်ခဲ့ပြီ။မနှစ်ကထဲတွင်မှစုလတ်
အိမ်ထောင်ကျ၍မင်္ဂလာဆောင်သွားလိုက်ရသေး
သည်။

နှစ်တွေ တစ်နှစ်ပြီးတစ်နှစ်ပြောင်းသွားသော်လည်း ယမုံ့ရင်ထဲမှ ကိုထက်နောင်ကိုသတိရစိတ်၊ချစ်စိတ်မှာ မပြောင်းလဲခဲ့ပေ။ပို၍ပင်ချစ်နေလွမ်းနေမိသည်။

"သမီးရေမနက်ဖြန်မေမေ့သူငယ်ချင်း လှမေ
လာမယ်။ မေမေ့ကို မနက်ကြ ထမင်းချက်တာ
ဝိုင်းကူအုံးနော်"
မေမေ ဒေါ်မြယမုံ စကားကြောင့် စာအုပ်ဖတ်
နေရာမှ ယမုံအသံပြုလိုက်ရသည်။
"ဟုတ်မေမေ။ "
ယမုံနာ ကျောင်းပိတ်၍ မိမိဇာတိမြို့  မြို့ သစ်သို့
ပြန်ရောက် နေခြင်းဖြစ်သည်။
"သမီးရေ လှမေနဲ့ အတူ သူ့ သားလဲပါလာ
မယ်ပြောတယ်။သူ့ သားကလည်း မကွေက
ကျောင်းပြီးခဲ့တယ်ပြောတယ်။နာမည်တောင်
မေမေမေ့နေပြီ။ပြောတော့ပြောတယ်။"
"ဟုတ်ဟုတ် မေမေ မမှတ်မိရင်လည်း စဉ်းစား
မနေပါနဲ့ သမီးသိမှာ မဟုတ်ဘူး။
ကျောင်းမှာက လူတွေအရမ်းများတယ်မေမေ။"

နံနက်ခင်း ၏နေရောင်ခြည်က ခြံတွင်းသို့ ထိုးကျ နေသည်။ စံပယ်ပင် အချို့ နှင့် နှင်းဆီပင်များကို ရေလောင်းရင်း ယမုံ ပန်းပွင့်လေးများကို ကြည့်ကာ ကြည်နူးနေမိသည်။
"မြရေ"အိမ်ရှေ့ မှ ကားသံနှင့်အတူခေါ်သံကြောင့် ယမုံ ခေါင်းထောင်မိသွား သည်။
"ဟုတ် လာပြီ အန်တီ"
ယမုံ အပြေးလေးပင် တံခါးသွားဖွင့်လိုက်သည်။ ကားထဲမှာ အန်တီလှမေ ဆင်းလာလေသည်။ "ဟယ် သမီး သမီးလေးက ယမုံနာလား"
"ဟုတ်ပါတယ်အန်တီ။"
"အမလေးမြငယ်ငယ် ကအတိုင်းပဲ။သမီးကို သမီးအသက် ၁၃နှစ်လောက်ကပဲ နောက်ဆုံးတွေ့ 
လိုက်တာပြီးအန်တီတို့ လည်း မကွေးပြောင်းသွား
ခဲ့တာလေ။"
"အန်တီကတော့အရင်အတိုင်းလှဆဲပါပဲ။"
"အမလေးချစ်ဖို့ ကောင်းတဲ့သမီး လေး။
မြအိမ်ထဲမှာလား အန်တီသွားလိုက်အုံးမယ်။"
"ဟုတ်အန်တီ။"

"သားရေ ကိုထက် ကားနောက်ခန်းထဲက
လက်ဆောင်တွေပါ တစ်ခါတည်းယူခဲ့အုံး။"
စကားပြောရင်း ဒေါ်လှမေ အိမ်တွင်းသို့ ဝင်သွား
သည်။

ယမုံမှာ ဒေါ်လှမေနောက်ပြေးလိုက်ရမလား
ကားထဲကပစ္စည်းတွေ ကူချရမလား တွေးနေမိသည်။ ထိုအခိုက် ကားတံခါးပွင့်လာကာ လူရွယ်
တစ်ဦး ညင်သာစွာ ဆင်းလာလေသည်။

အိုး! !
ယမုံ့ 
တစ်ကိုယ်လုံးအေးစက်သွားသည်။
သူ…သူရယ်လေ။ ၅နှစ်ကျော်မျှ ရင်ထဲတွင် နေရာယူနေခဲ့သောကိုထက်နောင်ပါလား။
"ယမုံ ကိုယ့်ကို ပစ္စည်းတွေ ကူချပေးအုံး။"
"ဟင် "ယမုံ တုန်တုန်ရင်ရင်ဖြင့် ပစ္စည်းများကို
ကူသယ်ကာ အိမ်ထဲသို့ အတူလိုက်ဝင်ခဲ့သည်။ ခုနက ကိုထက်နောင် နှုတ်ဖျားမှ သူ့ ကို ယမုံဟု
ခေါ်လိုက်သည်ပဲ။နားကြားများမှားသလား။
ယမုံ တိမ်တွေပေါ်လမ်းလျှောက်နေရသလို
မေ့မေ့မူးမူး ဖြစ်နေမိသည်။

"သားတို့ ခြံထဲမှာ စကားပြောကြအုံး မေမေတို့ 
ဟင်းချက်တာလက်စသတ်ရင်း ရှေးဟောင်း
နှောင်းဖြစ်တွေ ပြောလိုက်အုံးမယ်။"
ဒေါ်မြယမုံ စကားကြောင့် ယမုံနှင့်ကိုထက်နောင်
ခြံတွင်းသို့ ဆင်းလာခဲ့သည်။

"ယမုံ " ကိုထက်နောင်နှုတ်မှ ခေါ်သံကြောင့်
ယမုံ မော့ကြည့်မိသည်။
"ကိုယ်အခုပြောမယ့်စကားတွေကို သေချာနား
ထောင်နော်။
"ကိုယ်ယမုံ့ ကို လက်ထပ်ချင်တယ်။"

အိုးးးးး
ယမုံ့ နှုတ်မှအံ့အားသင့်စွာ အသံထွက်သွားသည်။ကိုထက်နောင်က စကားကို ဖြည်းဖြည်းချင်း
စပြောသည်။
"ကိုယ်တက္ကသိုလ်ပထမနှစ် တက်နေတုန်းက
ယမုံမေမေက ယမုံနဲ့ သူ ရိုက်ထားတဲ့ ဓာတ်ပုံကို ကိုယ့်မေမေဆီ ပို့ ခဲ့ဖူးတယ်ယမုံ။
ကိုယ်အာ့ကတည်းက ပုံထဲက ယမုံ့ ကို မြင်ပြီး
ချစ်ခဲ့တာ။ ကိုယ်ဒုတိယနှစ် စတက်တော့ ယမုံ
ဒီကျောင်းမှာပဲ ပထမ နှစ်ဝင်ခွင့် ရတယ်ဆိုတာ
သိခဲ့တယ်။ဒါကြောင့်ကိုယ် ယမုံ့ ကို လာရှာတာ
တိုက်တိုက်ဆိုင်ဆိုင် ယမုံ နဲ့ဝင်တိုက်မိတာပဲ။
လူချင်းတွေ့ ပြီးတော့ ကိုယ် ယမုံ့ ကိုချစ်နေတယ်
ဆိုတာ ပိုသေချာသွားတယ် ။ဒါပေမယ့်
ကိုယ် ဖွင့်မပြောခဲ့ဘူး။ ဖွင့်မပြောပေမယ့် ယမုံ
ဘာလုပ်တယ်၊ဘယ်သွားတယ်ဆိုတာ အကုန်
စုံစမ်းထားတယ်ယမုံ။ ယမုံ မဟာတန်းပါပြီး
ဆရာမလုပ်နေတာလဲ ကိုယ်သိခဲ့တယ်။
ကိုယ်ယမုံ့ ကို လက်ထပ်ခွင့်တောင်းဖို့ 
စာမှန်မှန်လုပ် ကျောင်းပြီးအောင်လုပ် အလုပ်ကြိုးစားခဲ့တာ ခုဆို ကိုယ် ကိုယ့်ခြေထောက်ပေါ်ကို
ရပ်တည်နိုင်ပြီယမုံ။ကိုယ် ခု ယမုံ့ အဖြေကို
လာတောင်းတာပါယမုံ။"

ယမုံရင်ထဲတွင် လှိုင်းထန်ကာ မျက်ရည်များ
ကျလာလေသည်။
"ဘာလို့ ငိုသွားတာလဲယမုံ ။"
"ယမုံ ၀မ်းသာလို့ ပါ ကိုထက်နောင်။
ခဏစောင့်နော်။"
ယမုံအိမ်ထဲသို့ ပြေးဝင်ပြီး ဒိုင်ယာယီစာအုပ်
ကလေးကို ထုတ်လာခဲ့သည်။

ဒိုင်ယာယီစာအုပ်ကိုတစ်ရွက်ချင်းလှန်ဖတ်နေရင်း ကိုထက်နောင် မျက်နှာတွင် တဖြည်းဖြည်းပြုံးလာ လေသည်။ စာအုပ်ကို ပိတ်ရင်း ကိုထက်နောင်က ယမုံ့ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။
"ကိုယ်တို့ အချစ်တွေ စစ်မှန်လို့  ပေါင်းရတာပါ
ယမုံ။"
ယမုံ ရင်ထဲတွင် အတိုင်းမသိ ပျော်နေမိသည်။
ကိုယ် တစ်ဖတ်သက် ကျိတ်ချစ်ခဲ့ရတဲ့ ချစ်သူက
ကိုယ့် ကိုလည်းချစ်သည်တဲ့လေ။ဘယ်လောက်သာယာဖွယ် ကောင်းတဲ့ဘ၀ကြီးလည်း။
စုလတ်သိလျှင်လည်း ယမုံ့ ခံစားချက်တွေ
စစ်မှန်ခဲ့လို့ ဟုပြောပေလိမ့် မည်။
ချစ်သူ နှစ်ဦး၏မျက်နှာတွင်အပြုံးပန်းကိုယ်စီနှင့်
တစ်ဦးကို တစ်ဦး ပျောက်သွားမည့်အလား
ကြည့်နေမိကြသည်။

နေရောင်ခြည်က ခါတိုင်းထက် ပိုမို တောက်ပနေကာ ခြံတွင်းရှိပန်းများကလည်း ယခင်နေ့တွေထက်ပိုမွှေးနေခဲ့လေသည်။

                ပြီးပါပြီ။

အားလုံးကိုကျေးဇူးတင်ပါသည်။
image
Author-Soe Tha Khin
MSC-172

Sort:  

အရေးအသား သိပ်ကောင်းပါတယ်ဗျာ ... msc က မဂ္ဂဇင်းထုတ်ရန် သုံးသင့်တဲ့ ၀တ္ထုလေးပါ

msc မဂ္ဂဇင်းမှာတကယ်သာသုံးခဲ့ရင်အရမ်းပျော်မိမှာပါဗျာ

OMG ရေးသားချက်က ဟက်ထိတယ်ဗျ
ဒါနဲ့ ဒီpostထဲမှာ ကံ့ကော်တော့ပါပေမယ့် ဟိုကံ့ကော်လည်း မဟုတ်ဘူး😁😁

ဟုတ်တယ်အစ်ကိုရေဒီရက်ပိုင်းအလုပ်နည်းနည်းများနေလို့အရင်အခန်းဆက်ကံ့ကော်ကိုမရေးဖြစ်သေးတာပါဗျနောက်အပါတ်ကစပြီးပုံမှန်ပြန်တင်ပေးမှာပါကျေးဇူးတင်ပါတယ်ဗျ

မိုက်တယ်ဗျာ ဖက်ရတာ အားရစရာကြီး ပြီးသွားပြီဆိုတော့... နောက်ထပ် ဘာတွေ ဆက်ရေးအုံးမလည်းဆိုတာ စောင့်မျှော်နေပါ့မယ်.....

ဟုတ်ကဲ့ပါအစ်ကိုရေ အရင်အခန်းဆက်မှာအခါးတွေပဲအမြဲကျွေးနေခဲ့လို့နှစ်သစ်လေးမှာအခ်ျုလေးနဲ့happy endingလေးပုံဖော်လိုက်တာပါ နောက်အပါတ်တွေမှာအရင်အခန်းဆက်ဝတ္ထုရှည်ပြန်လည်တင်ဆက်ပါ့မယ်ဗျ

ရေးသားချက်ကတော့ အားကျတယ် အစ်ကိုရေ

ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗျ

အရေးသားကတော့အရမ်းအရမ်းကောင်းတယ်အကိုရာ

ဟုတ်ကဲ့ပါဗျာ ကျေးဇူးပါဗျ

ဇာတ်ပေါင်းခန်းလေးက သာယာလိုက်တာ...

နှစ်သစ်ကိုပျော်ရွှင်မှုနဲ့စချင်လို့ပါအစ်ကိုရေ

စစ်မှန်တဲ့ချစ်ခြင်းတရားရှိကြတဲ့သူတွေကို ပေါင်းဖက်ပေးလိုက်တာ ကောင်းပါပေ့ စာရေးဆရာ။ ဝတ္ထုတွေရေးရင် အောင်မြင်မယ်ဗျ။

steemitကြီးရှိနေသ၍ရေးဖြစ်နေဦးမှာပါဗျ

အရှည်တွေရေးတုန်းကလဲ အရှည်မို့ အတိုကလေးရေးတော့လဲ မိုက်တယ်ဗျာ

ဟုတ်ကဲ့ပါဗျာ ကျေးဇူးတင်ပါတယ်အစ်ကိုရေ

အရမ်းမိုက်တယ်ဗျာ
အရေးသားလေးတွေလဲကြိုက်တယ်
အမြဲအားပေးနေပါတယ် အကိုရေ

ဟုတ်ကဲ့ပါညီရေကျေးဇူးပါ

ဝတ္ထုရှယ်ရေးသားထားတာလေး ကျေနပ်အားရမိတယ်ဗျာ
အခုတော့ အလုပ်မအားလပ်သေးလို့ နောက်မှ
သေချာပြန်ဖတ်မယ်ဗျာ

ဟုတ်ကဲ့ပါအစ်ကိုရေဘယ်ချိန်မှာပဲဖတ်ဖတ်ပါကျေးဇူးတင်ပါတယ်

Coin Marketplace

STEEM 0.17
TRX 0.05
JST 0.022
BTC 16845.46
ETH 1234.44
USDT 1.00
SBD 2.08