ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်

in #myanmar5 years ago (edited)

 ![image]()

ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်

အပိုင်း ( ၂၀ )

အခန်း ( ၃၉ )

မိမိရှေ့မှအေးစက်နေသော ကော်ဖီခွက်ကို ကြည့်၍ ဒေစီလွင် ငိုင်နေမိသည်။နောင်တ တရားသည်တစ်ဖြည်းဖြည်းနှင့်နှိပ်စက်လွန်းလှ၏။လောကကြီးတွင်တစ်ချို့သောအရာများသည်ပုံသေတွက်၍မရသည့်အကြောင်းကိုမောင်ကမိမိအားသင်ပေးခဲ့လေပြီ။ရှေ့တွင်ထိုင်နေသော မင်းကျော်မျက်နှာကို မော့ကြည့်လိုက်သည်။ရင်ထဲတွင်အရမ်းမွန်းကြပ်လာသောအခါတစ်စုံတစ်ဦးကိုရင်ဖွင့်ချင်လာမိသည်။မိမိရွေးချယ်လိုက်မိသောသူသည်မင်းကျာ်ဖြစ်နေခြင်း အကြောင်းတရားကိုတော့ မိမိကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့ချေ။

"မင်းကျော် နင်အချစ်ကို ဘယ်လိုနားလည်သလဲ" မိမိ၏အမေးကိုမင်းကျော်ကအံ့အားသင့်ဟန်ဖြင့် မျက်လုံးလှန်ကြည့်သည်။ဒေစီလွင်လို မိန်းကလေးမျိုး၏နှုတ်မှအချစ်အကြောင်းကြားရသည်ကို သူလည်းအံ့သြပေလိမ့်မည်။မင်းကျော်က သောက်လက်စကော်ဖီကိုပြန်ချထားလိုက်ရင်း မိမိမျက်နှာဆီသို့တည့်တည့်ရင်ဆိုင်လိုက်သည်။

"နင်နားလည်အောင်ပြောရမယ်ဆိုရင် နင်ပင်လယ်ကိုရောက်ဖူးလားလွင်။" 

"အင်းရောက်ဖူးတယ် ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ခရီးထွက်တာ။"

"အေးအဲဒီပင်လယ်ကမ်းခြေတွေအနီးတစ်ဝိုက်မှာ ကျောက်တောင်တွေကိုလည်းနင်တွေ့မှာပေါ့။မြင့်မားမတ်စောက်ပြီး လှိုင်းတွေတစ်ဝုန်းဝုန်း ရိုက်ခတ်နေတဲ့ ကျောက်ဆောင်မျိုးလေ။" 

"အင်းရှိတယ်မင်းကျော် ငါတောင် အဲ့ဒီကျောက်ဆောင်ပေါ်ကနေ ပင်လယ်အလှကို ငေးဖူးတယ်။" 

"ငါ့အတွက်တော့ အချစ်ဆိုတာ ကျောက်ဆောင်တစ်ခုနဲ့ သဏ္ဍာန်တူတယ်လွင်။လှပတဲ့ ရေလှိုင်းတွေဖြစ်လာဖို့အတွက်ကျောက်ဆောင်ဟာ အနာခံပြီးအရိုက်ခတ်ခံရတယ်။ရေလှိုင်းတွေဟာ ကျောက်တောင်ရဲ့ရိုက်ခတ်အားကိုယူပြီးလှပစွာနဲ့ပင်လယ်ဘက်ကိုပြန်သွားကြတယ်။အရိုက်ခတ်ခံလိုက်ရတဲ့ ကျောက်ဆောင်ကြီးကတော့ တစ်ဖြည်းဖြည်းတိုက်စားပြီးသဲမှုန်လးတွေ ဖြစ်သွားခဲ့တယ်။ဒါပေမယ့် နောက်တစ်ဖန် ရေလှိုင်းတွေပြန်လာတဲ့ အချိန်မှာလည်း ကျောက်ဆောင်ကြီးဟာအရိုက်ခတ်ခံဆဲပဲ။သူ့ရဲ့သဘာဝကကိုပေးဆပ်သူသက်သက်ပဲ။သူအပျက်စီးခံပြီး လှပတဲ့ ရေလှိုင်းတွေဖြစ်လာအောင် ဖန်တီးပေးတယ်။အဲဒီလိုပဲလွင်။လူတစ်ယောက်က လူတစ်ယောက်ကို စစ်မှန်တဲ့မေတ္တာနဲ့ ချစ်တဲ့အချစ်မှာ ရယူလိုမှုမပါဘူး။ကိုယ့်ချစ်သူ အဆင်ပြေဖို့ ပျော်ရွှင်ဖို့အမြဲတွေးနေတော့တာ။ကိုယ့်ချစ်သူသာပန်းခင်းတဲ့လမ်းကိုလျှောက်ရမယ်ဆိုရင်ရင်ကွဲခံပြီးစွန့်လွှတ်ရပါစေပေးဆပ်နိုင်ကြတယ်။အချစ်ဆိုတာငြိမ်းချမ်းခြင်းပဲလွင်။ကိုယ့်ချစ်သူပျော်ရင်ကိုယ့်ကမ္ဘာကြီးလည်း သာယာငြိမ်းချမ်းတယ်မဟုတ်လား။"

ဒေစီလွင့်မျက်ဝန်းတွင်မျက်ရည်များဝေ့လာသည်။

"အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းမဟုတ်ဘူးလား

မင်းကျော်။သူ့ကိုသာအပိုင်ရရင်သူနဲ့သာအတူနေရရင်ပျော်ရွှင်ရမယ်လေ။ဒါ့ကြောင့်ပိုင်ဆိုင်နိုင်ဖို့ကြိုးစားတာကမှအချစ်မဟုတ်ဘူးလား။"

"ငါပြောမယ်လွင်။နင်ပြောတဲ့အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းဆိုတဲ့သီအိုရီကအခြေနေအားလုံးအတွက်မမှန်ကန်ဘူး။နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြလို့ဝေးမှာစိုးလို့ပိုင်ဆိုင်ဖို့ ကြိုးစားတယ်ဆိုရင်မှန်တယ်။ဒါပေမယ့် ကိုယ်ချစ်တဲ့သူတစ်ယောက်ဟာကိုယ့်အပေါ်လုံးဝမချစ်ဘဲသူ့နှလုံးသားက တစ်ခြားတစ်ယောက်အပေါ်မှာစူးစူးနစ်နစ် တွယ်တာနေချိန်မျိုးမှာအချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုတဲ့ သီအိုရီအမှားနဲ့ ပိုင်ဆိုင်ဖို့ လုယူခဲ့မယ်ဆိုရင် အဲဒါအချစ်မဟုတ်ဘူးလွင်။အဲဒါ ကိုယ့်ဖို့ကိုကြည့်တဲ့ အတ္တပဲဖြစ်တယ်။"

မျက်ရည်များကတားဆီးမရစွာကျလာခဲ့သည်။တစ်ကယ်တမ်းစဉ်းစားကြည့်မှကိုယ့်ကိုကိုယ် အတ္တသမားမှန်း ရုပ်လုံးပေါ်လာရသည်။

"ဟင် နင်ဘာဖြစ်လို့ ငိုနေတာလဲလွင်။"

မင်းကျော်က မိမိမျက်ရည်များကို အခုမှ သတိထားမိဟန်ဖြင့် ပျာသွားသည်။

"ငါငါမောင့်အပေါ်မှာအမှားကျူးလွန်မိတယ် မင်းကျော်ရယ်။နင်လည်း နည်းနည်းတော့ ရိပ်မိမှာပါ။ငါမောင့်ကိုချစ်ခဲ့မိတယ်။ဒါပေမယ့် မောင့်နှလုံးသားဟာတစ်ခြားမိန်းကလေးတစ်ဦးဆီမှာရှိနေတာသိတဲ့နောက်ပိုင်းငါအမှားတွေကျူးလွန်မိခဲ့တယ်။ငါဘာတွေလုပ်ခဲ့မိမှန်းကို မသိတော့ဘူးမင်းကျော်။ငါအမှားကြီးမှားခဲ့တယ်ဟာ ။"

မင်းကျော်မျက်ဝန်းတွင်စိတ်မကောင်းရိပ်များ ယှက်သန်းနေသည်။ 

"နင်ငိုချင်ရင် ငါ့ရင်ခွင်ထဲမှာ အားရအောင်ငိုပါလွင်။ ပြီးရင်တော့မောင့်ကိုတောင်းပန်ကြတာပေါ့။နင့်အမှားတွေကို ငါပါရောပြီး ပြန်ပြင်ပေးပါ့မယ်။ပြင်လို့ရတဲ့အမှားတွေဖြစ်ဖို့ပဲဆုတောင်းကြတာပေါ့ဟာ။နင်ငိုနေရင်ငါ့ရင်ထဲမှာလည်းမီးလိုပူလောင်ရပါတယ်လွင်။ကိုယ်ချစ်တဲ့မိန်းကလေးတစ်ဦးရဲ့မျက်ရည်တွေကိုရဲရဲကြီးဥပေက္ခာပြုနိုင်လောက်အောင် ငါအသည်းမမာဘူး။"


ဒေစီလွင် မင်းကျော်ရင်ခွင်ထဲခေါင်းတိုးကာ အားရပါးရငိုရှိုက်ပစ်လိုက်မိသည်။ထူးထူးဆန်းဆန်းပင်မင်းကျော်ရင်ခွင်သည်ဖြူစင်သော မေတ္တာများဖြင့်အေးမြနေလေသည်။မိမိလိုချင်မက်မောစွာတောင့်တမိနေသောမောင့်ရင်ခွင်လို မပူလောင်လှပါ။ဒါမှမဟုတ်မိမိကိုယ်တိုင်က အချစ်ကို လက်နက်ချကာအေးချမ်းသောရင်ခွင်တစ်ခုကိုတောင့်တနေခြင်းမျိုးပေလား။ဝေခွဲမရနိုင်သော နောင်တတရားနှင့်အတူ မောင်နှင့် ကြိုင်၏ ညိုးရော်သော မျက်နှာများက တစ်ရေးရေးပေါ်လာမိသည်။ သံယောစဉ်ကြိုးတွယ်မိပြီဆိုရင်တစ်ဦးရဲ့ဘ၀ထဲကိုတစ်ဦးဝင်လာတာပါပဲ။မင်းရဲ့ခန္ဒာကိုယ်တစ်ခြမ်းဟာ သူရဲ့ခန္ဒာကိုယ်တစ်ခြမ်းတို့ ပေါင်းစပ်ထားတာလည်းဖြစ်တယ်။ဒါပေမယ့်သူ့ကိုကြိုဆိုဖို့ဆိုတာတော့သိပ်မလွယ်ကူဘူး မဟုတ်ပါလား။


အခန်း ( ၄၀ )

"ဖြည်းဖြည်းလျှောက်ကြိုင်ငါ့လက်ကိုတွဲထားနော်အောက်ကမြေကနည်းနည်းချာ်ချင်တယ်။"

ကျောက်တုံးလေးတစ်ခုကိုကျော်ပြီးသည်နှင့်ဆုပ်ကိုင်ထားသောညီညီ့လက်ကိုကြိုင်လွှတ်လိုက်သည်။ကိုယ့်ကြောင့် သူ့ကိုဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ပေ။ညနေစောင်းဖြစ်၍ ကံ့ကော်ခြံထဲတွင်ရာသီဥတုသာယာနေလေသည်။မနေ့ညက လေတိုက်ထားသော်လည်း ယနေ့တွင်တော့ လေတိုက်မည့်အရိပ်အယောင်မရှိဘဲ ကောင်းကင်တစ်ခွင်တွင် တိမ်ကင်းစင်ကာ မိုးသားပြာပြာကို နောက်ခံထား၍ ညနေစောင်းနေခြည်နုနုလေးက ကျဆင်းနေလေသည်။အပြာနုရောင် ဗိုက်ဖုံးအင်္ကျီလေးဖြင့်လှပနုပျိုနေသောကြိုင့်ကိုမြတ်နိုးမ၀စွာ ငေးကြည့်မိရင်း မိမိလက်ကို ညီညီ အလိုက်တသိလွှတ်လိုက်သည်။

မိမိဆန္ဒအတိုင်းဆိုလျှင်တော့ကြိုင့်လက်ကို ဆုပ်ကိုင်ထားချင်သည်။သို့ သော် ကြိုင် အဆင်မပြေမှာစိုးသည်။ ကြိုင်က မလိုအပ်ဘဲ ဘယ်သူဆီကမှ အကူအညီ ယူတတ်သူမဟုတ်ချေ။

"ကြိုင်ဘာလိုလိုနဲ့နင်မီးဖွားမယ့်ရက်လည်း နီးလာပြီနော်။"

"အင်းဟုတ်တယ်ညီညီနှစ်ပတ်လောက်ပဲ လိုတော့တယ်။"

" ယောကျာ်းလေးလား မိန်းကလေးလား ဘာလေးဖြစ်မလဲလို့ နင်ရင်မခုန်ဘူးလားကြိုင်။"

"ငါတော့ ရင်ခုန်တယ်။"

"ရင်ခုန်တယ်ရယ်လို့လည်း မဟုတ်ပါဘူး ညီညီရယ် ဘာပဲဖြစ်ဖြစ် ရင်သွေးလေးမို့ချစ်မှာပါပဲ။"

ပြောနေရင်းနှင့်ကြိုင့်မျက်နှာပျက်သွားကာ ငေးခနဲဖြစ်သွားသည်။ မိမိသိလိုက်ပါပြီ ကြိုင်ဆရာ့ကို သတိရသွားသည်ဟူ၍။ ထိန်းချုပ်ထားသည့်ကြားက ညီညီ့ရင်ထဲတွင် နာကျင်လာရသည်။ ဆရာ့ကိုမမေ့နိုင်သေးဘူးလားကြိုင်ရယ်။ငါ့အပေါ်မှာနည်းနည်းလေးတောင် သံယောစဉ် ဖြစ်မပေးနိုင်ဘူးလား။ ဆရာ့ကို ချစ်တဲ့ အချစ်ရဲ့ ဆယ်ပုံတစ်ပုံလောက်ကလေး ငါရချင်မိတာဟာအရမ်းများ လောဘကြီးသွားလားကြိုင်။နှုတ်ဖျားမှ ဖွင့်ဟမေးရန် မ၀ံ့ရဲသောစကားတို့သည်ရင်ထဲတွင်သာ တိုးလျိုးပျောက်ကွယ်ကုန်ကြလေသည်။ပေးဆပ်သူသက်သက်ဖြင့် ကြိုင့်ဘေးတွင်ရပ်ကာ ကြိုင့်မျက်နှာလေးကို ငေးရင်းအသက်ရှင်ရသည့် ဘ၀က ပျော်စရာအတိပြီးခဲ့သော်လည်း နှလုံးသား ၏ တစ်ထောင့်တစ်နေရာမှ တုန့်ပြန်မေတ္တာကို မျှော်လင့်နေမိသည့်စိတ်ကတစ်ဖြည်းဖြည်းရှင်သန်ကြီးထွားလာခဲ့သည်။ရှေ့မှဖြည်းဖြည်းလေး လျှောက်နေသောကြိုင့်ကျောပြင်ကို ငေးနေမိသည်။ဘယ်ဘ၀က ရေစက်ကြောင့် ဤမိန်းကလေးကိုမိမိအသည်းနစ်အောင် ချစ်မြတ်နိုးနေရပါသနည်း။သူမမ်က်နှာပြုံးနေလျှင်မိမိဘ၀ကြီးကပြည့်စုံနေသည်သာဖြစ်သည်။ 

"ဂျွတ်ဂျွတ်"

"ဟာ" ညီညီ ထိတ်လန့် စွာဖြင့် ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။မိမိကိုယ်လုံးခန့်ရှိမည့် မန်ကျည်းပင်တစ်ခုကပင်စည်မှတအိအိလဲပြိုကျလာသည်။မနေ့ကတိုက်သောလေနီကြမ်းကတည်းက ပင်စည်ကျွတ်နေပုံပေါ်ပြီး ဘေးနားမှ ကံ့ကော်ပင်ကိုမှီကာ လဲမသွားခဲ့။အခုမှ လဲလာခြင်းဖြစ်သည်။မန်ကျည်းပင်စည်၏ ဦးတည်ရာက ကြိုင့်ဆီသို့ ။ရုတ်တရက် ညီညီ့ မျက်လုံးများပြာသွားသည်။ကြိုင်သည်လည်း မိမိဘက်လဲလာသော မန်ကျည်းပင်ကြီးကို ကြည့်ကာ ငေးကြောင်လျှက်။

"ကြိုင်……"

"မဖြစ်ဘူး"

ညီညီ့အသံကျယ်လောင်စွာထွက်ပေါ်လာကာ ကြိုင့်ဆီသို့ တစ်ဟုန်ထိုး ပြေးသွားသည်။

"၀ုန်း"

 " အားး"

မျက်သွားသောခြေကျင်းဝတ်ကိုဖိလျှက်ကြိုင် အနီးရှိသဲပုံပေါ်သို့  တစ်အိအိ လဲကျသွားသည်။

"ဟင် ညီညီ"

ကြိုင့်အသံကအဖျားခတ်ကာတုန်ယင်သွားလေသည်။အဖြစ်အပျက်ကမြန်ဆန်လွန်းလှသည်။မိမိဆီသို့ညီညီပြေးလာကာ ဘေးမှ သဲပုံဘက်သို့ခပ်ဖွဖွ တွန်းလွှတ်လိုက်သည်။အရှိန်နှင့်တွန်းလျှင် နှစ်ယောက်လုံးလွတ်မည်ဖြစ်သော်လည်း ညီညီက မိမိဗိုက်ထဲမှ ကလေးကို ထိခိုက်မည်ဆိုးကာ ခပ်ဖွဖွသာ တွန်းခဲ့ပုံပေါ်သည်။ကြိုင် မကြည့်ရက်စွာဖြင့် အော်လိုက်သည်။ 

"ဒီမှာ လာကြပါအုံး အမေ ၊ အဖေ ညီညီ သစ်ပင်ပိနေလို့ ။"

ညီစေမင်း၏ရင်ဘတ်ပေါ်မှကန့်လန့်ဖြတ်ကာ သစ်ပင်ပင်စည်က ပိနေသည်။ ညီညီ့မျက်လုံးများက မိမိဘက်သို့စိုးရိမ်တကြီးလှမ်းကြည့်ရင်း ပြုံးသွားသည်။ကြိုင်ညီညီရှိရာသို့ပြေးသည်။ မျက်နေသောခြေထောက်ကပို၍နာကျင်လာသည်။ကြိုင့်မျက်ဝန်းမှမျက်ရည်များစီးကျလာကာညီညီ့လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ 

"နင်ဘာဖြစ်လို့  ဒီလိုလုပ်ရတာလဲ ညီညီရယ်။"

ကြိုင့်အော်သံကြောင့်လူကြီးများ အမောတကော ပြေးလာကြလေသည်။ညီညီ့အပေါ်တွင်ပိနေသော သစ်ပင်ကို လူအားဖြင့် မရွှေ့ကြ၏။ညီစေမင်း၏ ရင်ဘတ်တစ်ပြင်လုံးတွင် သွေးများဖြင့် ရွှဲနစ်လျှက်။  "ညီညီ ဆေးရုံသွားရအောင်နော်ကြိုင်ပြောပြောဆိုဆိုဖြင့် ညီညီ့ ဦးခေါင်းကို မလိုက်သည်။

"အို "

မိမိလက်တွင်ပါလာသောစေးထန်းနီရဲသည့် သွေးများကိုကြောင်ကြည့်ကာကြိုင့်မျက်လုံးများ ပြူးကျယ်သွားသည်။မြင်ကွင်းကိုအကဲခတ်မိလိုက်သောဒေါ်ထားဆင့်မျက်ဝန်းများမှလည်း မျက်ရည်များ ဝေ့သီလာလေသည်။ညီညီ့ ဦးခေါင်းအောက်တွင် အင်ကျင်းကျောက်တုံး တစ်စွန်းတစ်စကထောင်နေသည်။ထိုကျောက်တုံးဖြင့်နောက်စေ့ကိုထိုးခွဲသလိုဖြစ်သွားခြင်းပင်။ 

"သား ညီညီ ဆေးရုံသွားရအောင်နော်"

" ဖိုးထောင်ရေ့ လှည်းကောက်ခဲ့သွား။"

လှည်းကောက်ခိုင်းလိုက်ရသော်လည်းအခြေအနေကို နားလည်နေသည့် ဦးထွန်းမြင့် အသံကြီးမှာ ငိုသံပါနေသည်။ညီညီကလက်ကာပြလိုက်ရင်း "ကျွန်တော်မနေရတော့ဘူးဦးလေး။"

ကြိုင့်ငိုရှိုက်သံတစ်စွန်းတစ်စထွက်ပေါ်လာသည်။သတင်းကြားသောကြောင့် ဦးညီမင်းနှင့်ဒေါ်ဖြူလေးအမောတကောပင် ရောက်လာ၏။ 

"သား. ....."

မြင်လိုက်ရသောမြင်ကွင်းကြောင့်ဒေါ်ဖြူလေးမျက်နှာသွေးဆုတ်သွားကာအရုပ်ကြိုးပျက် လဲကျသွားလေသည်။ဦးညီမင်းမှာလည်း သားကို တစ်ဖက်က ထိန်းကာ တစ်ဖက်မှလည်း ဇနီးဖြစ်သူကို တွဲထားရ၏။ညီညီ လက်အုပ်ချီလိုက်ရင်း 

"ဖေဖေနဲ့ မေမေကို ကျွန်တော်ချစ်တယ် ။"

"သား သား သားကိုလည်း အမေတို့ချစ်တယ် 

သား "ဒေါ်ဖြူလေးမှာ ပြောရင်း မေ့လဲသွားလေသည်။ 

ဦးညီမင်းမှာ ဒေါ်ဖြူလေးကို ပွေ့ထားရင်း မျက်ရည်ဖြိုင်ဖြိုင်ကျနေမိသည်။ညီညီကြိုင့်မျက်နှာကို ကြည့်မ၀စွာ ငေးနေမိသည်။ "ကြိုင် ငါလေ နင့်ကို အရမ်းချစ်တယ် သိလား။"

"ငါသိတယ် ညီညီ ငါသိတယ် နင်စကားတွေ အများကြီးမပြောနဲ့နော်။အားကုန်လိမ့်မယ်။"

ကြိုင့်မျက်ရည်များကညီညီ့လက်မောင်းပေါ်သို့စီးကျနေကာညီညီ့လက်ဖ၀ါးများကိုကြိုင်ကဆုပ်ကိုင်ထားလေသည်။

"ကြိုင် နင်ငါ့ကို ဆရာ့လို ချစ်လားဟင်။"

ညီညီ့အမေးကြောင့်ကြိုင့်ကိုယ်လေးတောင့်သွားသည်။ ညီညီမနေရတော့ဘူးဆိုတာ သိသော်လည်း ထွက်ခွါသွားရတော့မည့် လူတစ်ယောက်ကို မုသားမပြောနိုင်ပါ။

"ငါ  ..........."

ကြိုင့် အသံများက လည်ချောင်းဝမှာပင် ပျောက်ကွယ်ကုန်သည်။ တွေဝေနေသော ကြိုင့်မျက်နှာလေးကို ငေးကာ ညီညီပြုံးလိုက်သည်။ ထို့နောက် ကြိုင့်ကို စကားပြန်ပြောလေသည်။ ညီညီ့အသံမှာ တိုးနေသောကြောင့် ကြိုင် နားနားကပ်၍နားထောင်ရ၏။ 

"နောင်ဘ၀ကြရင် ငါတို့ပြန်တွေ့ ရအောင်ကြိုင်။ငါနင့်ကို အရမ်းချစ်တယ် ။"

မိမိလက်ထဲတွင် ဆုပ်ကိုင်ထားသော ညီညီ့လက်ဖ၀ါးများ ပြေလျော့သွားလေသည်။ မျှော်လင့်ချက် ကင်းမဲ့နေသော ညီညီ့မျက်ဝန်းများကို မမြင်ရက်စွာဖြင့် မိမိလက်ခုံဖြင့်မှိတ်ပေးလိုက်သည်။အဖိုးတန်ဆုံးသောအရာတစ်ခုဆုံးရှုံးသွားရခြင်းနှင့်အတူ ပြင်မရနိုင်သော နောင်တတရားက ကြိုင့်ရင်ထဲသို့ဝင်ရောက်လာသည်။ညီညီ့ရင်ဘတ်ပေါ်သို့မျက်နှာမှောက်ကာအူလှိုက်သည်းလှိုက် ငိုးကြွေးလိုက်မိသည်။ 

"ချစ်တယ် ညီညီ ငါနင့်ကို ချစ်တယ်လို့နင်ပြန်လာပြီး ငါ့စကားသံတွေကိုနားထောင်လှည့်ပါ။ နင်ဒီလိုကြီးထွက်မသွားရဘူးညီညီ နင်ပြန်လာခဲ့။" 

ကြိုင့် မျက်ဝန်းများမှ တစ်ဖြည်းဖြည်း အမှောင်ကို မြင်နေရကာ မူးဝေလာသည်။ ဒီတစ်ခါမေ့လဲခြင်းဟာဒီဘ၀ကနေတစ်ခါတည်း ထွက်ခွါခြင်းသာ ဖြစ်ရပါလိုတယ် ဘုရား။

တစ်စုံတစ်ယောက်ဟာ ကိုယ့်အတွက်ကာကွယ်ရင်း အသက်ပေး ခဲ့ရမယ်ဆိုတာ ကြိုသိခဲ့ရင် ဒီဘ၀ဒီခန္ဓာကိုမက်မောခဲ့မိမှာမဟုတ်ပါဘူး။ဒီဘ၀မှာနေလို့လည်းမပျော်တော့ဘူး။ကျေးဇူးပြုပြီး ၀ဋ်ကြွေးတွေရှိခဲ့ရင် ဒီဘ၀မှာ ဒီမျှနဲ့သာ ကြေပါစေတော့။

ဆက်လက်ဖော်ပြပါဦးမည်။

steemit အဖွဲ့သူအဖွဲ့သားများအား အစဉ်လေးစားလျက်။

![image]()

Authao-Soe Tha Khin

MSC-172



Sort:  

အချစ်ဆိုတာ အသွင်အမျိုးမျိုးနဲ့ အဓိပ္ပါယ်အဖုံဖုံရှိပါတယ်... နားလည်ရခက်ပါတယ်

ဟုတ်ပါတယ် ကိုအယ်ဒိုးရေ

ဟိုတစ်ယောက်က အသိဝင်လာပြီး အဖြစ်မှန်တွေ ဖွင့်ပြောတော့
မလား... တွေးနေတုန်း ဒီတစ်ယောက်က သေရပြီ...
ဇာတ်တွေနာပြီးရင်တော့...

နာပြီးရင်းပဲနာခိုင်းတော့မယ်ဗျာ

အင်း ဒီဇာတ်လမ်းမှာ ပေးဆပ်ရသူတွေအတော်များတာပဲ
အရမ်းကိုမှကောင်းမွန်တဲ့ဇာတ်လမ်းချိတ်ဆက်ဖန်တီးမှုပဲဗျာ။
စိတ်တော့လောတော့ပါဘူး နောက်ထပ်လာမယ့် အပိုင်းဆက်ကိုပဲမျှော်နေပါတော့မယ်ဗျာ

ဟုတ်ကဲ့ပါကိုမိုး ကျေးဇူးပါဗျာ

Congratulations @soethakhin! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes
Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

ဇာတ်ကတော့ ရင်မောစရာ ပိုကောင်းလာပြီ

ရင်မောစရာကောင်းလာရင်းနဲ့ပဲ အဆုံးသတ်ပေးရပါတော့မယ်ဗျာ

ညီညီတစ်ယောက် အချစ်အတွက် ပေးဆပ်ခဲ့တာ
ရင်ထဲကို နာသွားတာပဲ...
ပိုင်သာပိုင်ပြီး မဆိုင်ခဲ့ရတဲ့ဘဝ ရင်နာလိုက်တာဗျာ

ဒါလဲအချစ်ပါပဲဗျာ

ဇာတ်တွေတော့နာကုန်ပြီ ဘာတွေဖြစ်ကြဦးမှာလဲ

နားပြီးရင် နာခိုင်းရမလားစဉ်းစားနေတာကိုသန့်ရေ

ညီညီခမျာ ...

စိတ်မကောင်းလိုက်တာနော်

ဆက်လက်စောင့်မျှော်ပါဦးမည်။

ဟုတ်ကဲ့ပါကိုထွေး

ဇာတ်​နာပြီလားမသိဘူး ဖက်​ရင်းနဲ့ တစ်​မျိုးကြီးပဲ

ဒါကကို ခံစားမှုရသကိုခံစားလိုက်တာပဲဗျာ ကျေးဇူးပါကိုလင်း

ဇာတ်လမ်းကိုအများကြီးရေးနိုင်တာ ချီးမွမ်းရပါတယ်
ခင်ဗျ

ဟုတ်ကဲ့ပါဗျာ ကျေးဇူးတင်ပါတယ်

ကျွန်တော့်ဝတ္ထုဇာတ်ကောင်ကတော့
ခုထိအချစ်ဆိုတာနားမလည်သေးဘဲ
အဖြေရှာနေတုန်း
အသည်းအသန်ဖြစ်နေချိန်မေးမှ
ပွင့်ထွက်လာမလားတော့မသိဘူး

အချစ်ဆိုတာကလည်း ချက်ချင်းကြီးဝုန်းဒိုင်းဆိုပြီးဖြစ်ပေါ်လာတဲ့အရာမဟုတ်ပါဘူးဗျာ

အိမ်း ရင်​​မောစရာကြီး

ဇာတ်လမ်းကကို အာ့လိုဖြစ်နေတာဗျို့

Coin Marketplace

STEEM 0.18
TRX 0.05
JST 0.022
BTC 16979.14
ETH 1271.02
USDT 1.00
SBD 2.16