မ ချစ်တဲ့ မောင်

in #myanmar6 years ago (edited)

"တီ …… တီ …… တီ ………" ကားဟွန်းတီးသံဖြစ်သည်။
မနိုင်မနင်းနှင့်သံချောင်းသုံးခုတွဲကိုင်ထမ်းထားသော ကောင်ကလေးတစ်ယောက် လမ်းဖြတ်ကူခြင်းဖြစ်သည်။
"ဟေး … ကြောင်တောင်တောင်နဲ့ ကားလာတာမမြင်ဘူးလား ကားဟဲ့ … တိုက်ရင်သေတတ်တယ် " ထိုစကားကြောင့် ကောင်လေးသည် ကားခေါင်းထဲသို့ လှမ်းကြည့်လိုက်မိသည်။ "အို …… မိုးပေါ်ကနတ်သမီးလေး လူယောင်ဖန်ဆင်း၍ ငါ့ရှေ့များရောက်နေသလားနော် " အခုလို မိန်းမချောလေးနှင့် တွေ့ဆုံခွင့်ပေးသော မိုးနတ်မင်းကို စိတ်ထဲကပင်ကျေးဇူးတင်မိလိုက်သေးသည်။
" အလို မိုးနတ်မင်းကြီး အတိတ်ကံမကုန်သေးလိုသာ အခုလိုဆင်းဆင်းရဲရဲ အလုပ်လုပ်ရပေမယ့် အခုလို မိုးနတ်သမီးလေး ဖန်ဆင်းပေးတာကျေးဇူးတင်လိုက်တာဗျာ"
ကောင်ကလေးခဗျာ ထိုအတွေးတွေဖြင့်သာ ကောင်မလေးရန်ထောင်နေသည်ကို ပင် ပန်းနဲ့များပေါက်နေသလား အောင့်မေ့မိသည်။ ကိုလူကြမ်းကြီးရဲ့ အသဲစိုင်ကို လှုပ်ခါသွားရပြီလေ။
"တီ……တီ……ဗွမ်……" ကားဟွန်းသံကြောင့် အတွေးများပင် မိုင်ပေါင်းထောင်ချီ လွင့်စင်မတတ်ဖြစ်သွားရသည်။
" ဟေး …… ဖယ်လေ … ဖယ်၊ ပြောနေတာမကြားဘူးလား …… "
" အော် …… ဟုတ်ကဲ့ … ဟုတ်"
ဝင်းပပရွန်းလဲ့သာသော သူမရဲ့မျက်နှာရှေ့မှပင် ထွက်ခွာမပေးလိုသော်လည်း ရွှေမျက်နှာတော် ညှိုးနေပြီဖြစ်၍ ဖယ်ပေးလိုက်ရသည်။
ကြောင်တောင်တောင်နဲ့ရပ်နေသော ကောင်လေးကို ဒေါသမီးတောက်လောင်နေသောမျက်နှာနီကြီးနဲ့ မျက်စောင်းလေး ထိုးလို့ ကားမောင်းကာ ထွက်သွားပြီဖြစ်သည်။
သို့သော် ကောင်လေးရဲ့ နှလုံးခိုင်မှာတော့ အချစ် ဆူးကြီးကြီးတစ်ချောင်း နက်ရှိုင်းစွာနစ်ဝင်သွားခဲ့ချေပြီ။

  " 🎤 ကိုလူကြမ်းကြီးပေမယ့်          အသဲကတော့နုပါတယ်       ချစ်တတ်တဲ့မိန်းကလေးရယ် အစွဲလမ်းကကြီးလွန်းတယ် လူကြမ်းကြီးအသဲကတော့မခိုင်ပါတယ်……ကြွေပြီကွယ် … ကြွေပြီကွယ် မိန်းကလေးရယ် ငါ့ကိုသနားပါကွယ် … 🎶 " 

" ‎ဟာ … ကျွဲကြီး သီချင်းလေး တစာစာနဲ့ပါလားကွ"
‎သယ်ချင်း မောင်ခင်မောင်ရင်၏ အသံကြောင့် လှည့်ကြည့်လိုက်မိသည်။ ကျွဲဟုခေါ်ခြင်းမှာလည်း အသားမဲသောကြောင့်ခေါ်ခြင်သာဖြစ်သည်။နာမည်အရင်းက မောင်ရဲနောင် ။ ရုပ်သာဆိုးတာနာမည်တော့
‎လှသားဗျ။ သူ့အလုပ်က သူများဆိုင်မှာ အငှား လုပ်သမား။
‎" အေးကွ ငါဒီနေ့ နတ်သမီးလေးနဲ့တွေ့ခဲ့တယ်ကွ "
‎" ဘယ်လို … ဘယ်လို … မိုးပေါ်ကနတ်သမီးကို အပြင်မှာတွေ့ခဲ့တယ်ဟုတ်လား … မဖြစ်နိုင်တာကျွဲကြီးကွာ " သူငယ်ချင်းမှ မယုံဟန်ဖြင့်။
‎"မင်းကလည်း တုံးလိုက်တာ ငါအရမ်းချော အရမ်းလှတဲ့ ဆော်လေးတွေ့ခဲ့တယ်လို့ပြောတာကွ"
‎" အော်အဲ့လိုလား …… မင်းကြွေနေတဲ့ဆော်ဘယ်လိုလေးလဲကွ "
" အသားလေးကဖြူဖွေးဝင်းအိနေတာပဲ။
‎မျက်လုံးလေးတွေဆိုရင်ပုလဲလုံးလေးတွေသီထားသလားအောင့်မေ့ရတယ်။ ‎ဆံပင်လေးကလည်းကွာ မတိုမရှည် မဟော်ဂနီယောင်လေးနဲ့။ သူ ငါ့ကို ဒေါသဖြစ်နေတာလေးများ ကွာ အကြင်နာလေးများပေးသနားလေးလားထင်ရတယ် "
‎သူငယ်ချင်း ခင်မောင်ရင်က " အဲ့လောက်ကြီးလည်း အမွန်းတင်မနေပါနဲ့ကွာ တနှာရူးပြီ … ဟား … ဟား"
‎အမွန်းတင်မယ်ဆိုလည်းတင်လောက်စရာပင်ဖြစ်သည်။ကောင်မလေးမှာ ပစ္စည်းဥစ္စာဆို ပြောစရာမလိုအောင်ချမ်းသာသည်။မိဘတွေကလည်း ပညာတတ်အသိုင်းအဝိုင်း သိုင်းကြီးဝိုင်းကြီးတွေဖြစ်သည်။ ကောင်မလေးမှာ ဆယ်တန်းအောင်လို့ စီးပွားရေး တက္ကသိုလ် နောက်တုံးနှစ်ဖြစ်သည်။ တစ်ကျောင်းလုံးရဲ့ Queen သာမက မုံရွာတစ်မြို့လုံးရဲ့ ဂုဏ်သရေဆောင် Miss တစ်ယောက်လည်းဖြစ်သည်။ထိုကောင်မလေးရဲ့ နာမည်မှာ နန်းမွှေရတီခင် ဖြစ်သည်။မာနလည်းအလွန်ကြီးတယ်။ သူကိုလိုက်တဲ့ကောင်လေးတွေဆိုရင် စစ်ဗိုလ်သား၊ Hotel ပိုင်ရှင်သား၊ ဆေးကျောင်းသား အဆင့်တန်းမြင့်တဲ့သူတွေချည်းဖြစ်သည်။ သို့သော် ကပ်လာသမျှ ကောင်းလေးတိုင်းကို ခါးခါးသီးသီး ငြင်းပါယ်ခဲ့သည်ချည်းပင်။ မာနကြီးမယ်ဆိုလည်းကြီးလောက်ပါတယ်လေ။

‎"အေးသားကြီး … မင်းကြွေတာလည်း အပစ်မပြောပါဘူးကွာ၊ ဒါပေမယ့် မင်းလက်လျော့လိုက်တော့ ၊ မင်းကြွေနေတဲ့ဆော်က မာနကကြီးသေး ပစ္စည်းဥစ္စာ ပညာရေးရော ပြောစရာမလိုအောင်ပြီးပြည့်စုံတယ်ကွ၊ ဟိုကမင်းလိုကောင်ကို ပြန်ကြိုက်မှာ မဟုတ်ပါဘူးကွာ" သူငယ်ချင်းက စေတနာ ဗလပွနဲ့ပြောခြင်းသာဖြစ်သည်။
‎" ဟျောင် ……… လောကမှာ မဖြစ်နိုင်ဘူးဆိုတာမရှိဘူးကွ၊ ငါရအောင်လိုက်ပြမယ် မင်းနဲ့ငါလောင်းမလား ကွာ " ကိုယ့်ကိုယ်တော့ ယုံကြည်မှုအပြည်နဲ့။
‎" ဟား… မင်းလို အသားမဲမဲ မျက်နှာဆိုးကြီကို ပြန်ကြိုက်ပြန်ကြိုက်မယ်ဆိုရင် မင်းအဲ့ကောင်မလေးကို လိုက်ကတည်းက ကုန်ကျစရိတ် အကုန်ခံမယ်ကွာ … မင်းအဖြေရတဲ့အထိပေါ့ ဘယ်လိုလဲ " သူငယ်ချင်းကစိန်ခေါ်လိုက်ခြင်းဖြစ်သည်။
‎" ကြိုက်သွာပြီး ဒါမျိုးမှလုပ်လိုက်ချင်းစမ်းပါဘိ…
‎မနက်ဖန်ကစပြီး ငါ့မဟေသီလေးရဲ့ အချစ်ကိုရဖို့ အစွမ်းကုန် ကြိုးစားပြီဟေ့ … ဟား … ဟား ……"
‎" အေးပါ စောင့်ကြည့်ရသေးတာပေါ့ကွာ၊ ဟင်း … ဟင်း … ဟင်း ………"

‎ပထမနေ့နံနက်ခင်းတွင် ကောင်လေးသည် ကောင်မလေးကျောင်း လာရာလမ်းကနေ ထိုင်ခုန်တစ်လုံးဖြင့် ကျကျနန ထိုင်ကာစောင့်နေတော့သည်။ ကောင်မလေးသည် ကျောင်းနဲ့ အိမ်မှာ သိပ်မဝေလှသောကြောင့် လမ်းလျောက်၍သာသွားသည်။ ကောင်လေးမှာ ဘာမမပြောပဲ ထိုင်ခုန်ပေါ်ပင်ထိုင်လျက် အစိမ့်စိမ့်ကြည့်သည်။ နောက်တစ်နေ့တွင်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ထိုနည်းအတိုင်း ဆယ်ရက်ကြာအောင် ကောင်မလေး အလာကို ထိုင်ကြည့်သည်။ ကောင်မလေးလည်းတစ်နေ့မဟုတ်တော့ သတိထားမိလာသည်။ ကောင်လေးကလည်း ‎ကောင်းမလေးသူ့ကိုသတိထားမိလာမှ တဆင့်တက်ခါ စကားသွားပြောသည်။
‎" ဒီမှာ … ဒီမှာခဗျ " ၊ ကောင်မလေးလည်းလှည့်ကြည့်လိုက်သည်။
‎" ကျွန်တော် မကို ချစ်တယ်ဗျာ "
‎ကောင်မလေးသည် ကောင်လေး၏ စကားကြောင့်ဒေါသဖြစ်သွားသည်။
‎" ဖျန်း………" ပါရိုက်ထည့်လိုက်ခြင်းပင်။
‎" ကျွန်မလို အဆင့်တန်းနဲ့ ရှင်လိုလူနဲ့တန်လို့လား၊ အနူလက်နဲ့ ရွှေခွက်နှိုက်ချင်သေးတယ် " ဒေါနဲ့မောနဲ့ပင်ကောင်လေးရှေ့မှထွက်သွားတော့သည်။ နောက်နေ့ပေါင်းများစွာ ကောင်လေးသည် ထိုနည်းတူစွာပင် ကောင်မလေးကို ချစ်စကားပြောသည်။ ကောင်လေးပြောသည့်အခါတိုင်း ကောင်မလေးက ပါးရိုက်မြဲရိုက်ဆဲဖြစ်သည်။ ထိုနည်းနှင့် တစ်လကြာသွားခဲ့ပြီဖြစ်သည်။ နောက်တစ်နေ့ နံနက် ကောင်မလေး ကျောင်းကိုလာရာလမ်းမှာ ကောင်လေးကို မတွေ့တော့ပေ။ ထိုအခါမှပင်ကောင်မလေးစိတ်ထဲ တစ်ခုခုကို စိုးရိမ်မိသလိုဖြစ်နေတော့သည်။
‎" အို … ဟိုလေ …… ဟိုကောင်လေး ဒီနေ့မလာပါလားနော်၊ ငါ့ကိုများ စိတ်နားသွားပြီလားမသိဘူး၊ ဟာ …… ငါဘာတွေတွေးနေတာလဲ သူလာလာ မလာလာ ငါနဲ့ဘာဆိုင်တာမှတ်လို့၊ အို … ငါဘာတွေများဖြစ်နေပြီလဲ … အို့ … ဟင့်အင် ဟင့်အင် အဲ့လိုမဖြစ်ရပါဘူး … မဖြစ်ရဘူး"
‎ကောင်မလေးရဲ့ စိတ်ထဲမှာတော့ သံယောစဉ်တစ်ပိုင်းတစ်စလေး အမြစ်သန်လို့လာပြီပေါ့။ နောက်တစ်ရက်ကျောင်းသွားလည်း ကောင်လေးက ရှိမနေခဲ့ဘူး။ ဒီလိုနဲ့ ကောင်မလေးဟာ အရမ်းတွေ့ခြင်မြင်ခြင်စိတ်တွေဖြစ်ပေါ်လို့နေတယ်။
‎" ဒီတခါ သူငါ့ကိုချစ်တယ်ပြောရင် ငါလက်ခံလိုက်တော့မယ် … အင်း ငါတကယ်လက်ခံတော့မယ်"
‎တပတ်လောက်နေတော့ ကောင်လေးက ပေါ်လာပါပြီ။ ကောင်မလေးကို သူစောင့်ခဲ့တယ်။ လွယ်အိပ်ကလေး ပခုံးထက်မှာ ချိတ်လို့ လာနေပြီ။ ဒီတစ်ခါကောင်လေးက သူ့ကိုကြည့်မနေခဲ့ပါဘူး။
‎" ကောင်လေး …… ဟိတ်…… ဒီကြည့်လေ… ဟိတ်"
‎ကောင်မလေးရဲ့စိတ်ထဲမှာ ကောင်လေးကိုလိုလားနေပြီ။ ကောင်မလေးကျော်သွားတော့မှ ကောင်လေး နောက်ကနေစကားလိုက်ပြောတော့သည်။
‎" မ……ကျွန်တော်လေ မကို အရမ်းချစ်တယ်
မောင့်ကို ပြန်ချစ်ပါနော်"
ဒီတစ်ခါမှာတော့ " မ လည်း မောင့် ကိုချစ်ပါသတဲ့တော်"

image

Credit by google image

မနဲ့မောင် ဇတ်လမ်းစခဲ့သည်မှာ ခုဆိုငါးလပြည့်တော့မည်ဖြစ်သည် ။ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြသည်မှာ ပိုတယ်ပင်အောင့်မေ့မိသည်။
" နန်း ငါတို့ နင့်ကောင်လေးကို Ocean မှာ ကောင်မလေးတစ်ယောက်နဲ့တွေ့ခဲ့တယ်"
" ဟာ နင်တို့မဖြစ်နိုင်တာမပြောနဲ့ မောင်ကအဲ့လိုမဟုတ်ဘူး နင်တို့ငါတို့ကိုပြတ်စေချင်လို့ပြောတာမလားပြော "
နောက်တော့ သူငယ်ချင်းများက ပြောပါများလာတော့
" ငါတို့ နင့်ကောင်လေးကို ပန်းခြံထဲမှာတွေ့ခဲ့တယ် နင်မယုံရင်လိုက်ကြည့် "
ကောင်မလေးလည်း ပြောပါများတော့ လိုက်ကြည့်မိတော့သည်။
‎" အို … မောင်မှို့လား ဟုတ်ပါတယ် မောင်ပါ မောင်သိပ်ရက်စက်တာပဲကွာ "
‎တစ်ဖြည်းဖြည်းနဲ့ ကောင်လေးတို့နှစ်ယောက် ထိုင်နေသော ထိုင်ခုန်အနားသို့ ကပ်လာပြီဖြစ်သည်။ စိတ်ထဲမှာတော့ဒေါသမီလျှံတွေတောက်လောင်လို့ပေါ့။
‎စိတ်မထိန်းနိုင်တော့ဘဲ ဘေးမှာရှိတဲ့ ကျောက်ခဲအကြီးကြီးနဲ့ ထုနှပ်လိုက်လေတော့သည်။
‎" ဟင် … မ … အာ့ … အား " မြေပေါ်သို့လဲကျသွားလေတော့သည် ။ သို့သော်ကောင်မလေးမှာ မရပ်မနား ကောင်လေး၏ ဦးခေါင်း ကို တစ်လဆက် ထုနှက်နေတော့သည်။
သူတစ်ချက်သတိဝင်လာမှ ‎" ဟာ … သွားပြီ ငါလူသတ်မိပြီ " အိင်္ကျီမှာလည်း သွေးတွေပေကျန်လို့နေသည်။ ကောင်မလေးလည်း ကြောက်ကြောက်လန့်လန်နှင့်အိမ်သို့ ပြေးလာခဲ့သည်။
အိမ်မှာလည်း တစ်ယောက်မှ မရှိကြပါ။ ညဈေးတန်း ထွက်ကာ မုန့်စားထွက်ကြခြင်းဖြစ်သည်။ သူတစ်ယောက်တည်း အိမ်ပေါ်သို့ ပြေးတက်လာခဲ့သည်။
" မဖြစ်ဘူး မဖြစ်ဘူး ငါ့အိင်္ကျီက အစွန်းတွေ လျှော်မပဲ တော်ကြာလူတွေ သိကုန်လို့ ဘယ်ဖြစ်မလဲ "
ရေချိုးခန်း ထဲသို့ ဝင်ပြီး သဲကြီးမဲကြီး အဝတ်လျှော်နေတော့သည်။ ထိုအချိန်မှာ မီးပြတ်သွားသည်။ ကောင်မလေးမှာ ဘာလုပ်ရမှန်းလည်းမသိ မီးကလည်းပြတ် အမှောင်တည်းမှာ တစ်ယောက်တည်းပေါ့။ သူဖယောင်းတိုင်ရှာကာ မီးညှိပြီးကာ အဝတ်ဆက်၍လျော်သည်။ အဝတ်လျော်လိုက် ပြောင်ပြီထင်လို့ ဖယောင်တိုင်မီးနဲ့ကပ်ကြည့်လိုက်နဲ့ တစ်ယောက်တည်း အလုပ်ရှုပ်လို့နေသည်။ ထိုအချိန်မှာ ပင် ဖယောင်တိုင်မီးကလည်း ဖြတ်ကနည်း ငြိမ်းသွားတော့သည်။ သူဖယောင်းတိုင် ပြန်ထွန်းတော့ သူ့နောက်မှ အသံကြားလိုက်ရသည်။ အမှောင်ထဲမှ သူ့ကို စကားလာပြောခြင်းဖြစ်သည်။

" လျှော်လို့ရလား ………… "
" လျှော်လို့ရလား ………… "
" ဒါ …… ဒါ မောင့်အသံပါ " " မောင် မကို မ… မခြောက်ပါနဲ့နော် ဟင့် … ဟင့် "
‎ငါနောက်ဆုံးမေးမယ်
‎" လျှော်လို့ရလား ………" ‎" မောင် လျှော် … လျှော်လို့မရဘူး မောင် အဟင့် … အဟင့် "
‎ဘယ်လျှော်လို့ရမလဲ OMO မှမသုံးတာ

image

Credit by google image

Writer by Zwe Bo Bo( @soesandar) from myanmar

MSC-161

Sort:  

V 100% $0.073 > V n C Done, @poe/thi

OMO ​​ကြော်​ညာ ပဲ အဟီးးးး

OMO က ကျော်ငြာကြေးပေးလို့ပါ လို့စ်😂😂

မိုက်​မိုက်

Ok တယ်

ဟုတ်ကဲ့အကို ဆက်ပြီးကြိုးစားပါ့မယ်

ကြွေပြီကွယ်

ကျေးဇူးပါအကို

Nice post.

Thank you bro

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 66167.46
ETH 3530.53
USDT 1.00
SBD 3.15