Money (part-1)

in #myanmar8 years ago (edited)

အပိုင်း-၁ (လူနဲ့​ငွေ)
အပိုင်း-၂ (​ငွေရဲ့သုခ)
အပိုင်း-၃ (​ငွေရဲ့ဒုက္ခ)
အပိုင်း​-၄ (​ငွေရဲ့​ကျေးကျွန်​)
အပိုင်း-၅ (​​ငွေရဲ့ဂုဏ်​)
အပိုင်း-၁
လူနဲ့​ငွေဆိုတဲ့အ​ကြောင်း​လေး​ရေးချင်​ပါတယ်​။ ​ငွေဆိုတာဘာလဲ အလွယ်​နည်း​ပြောရရင်​ ​ငွေဆိုတာ အစားအစာ အသုံးအ​ဆောင်​ ​ပျော်​ရွှင်​မှု ဒါ​တွေကိုလဲလှယ်​တဲ့အရာ​ပေါ့။ ​ယ​နေ့​ခေတ်​ဆိုရင်​ဖြင့်​ ​ငွေ​ဆိုတာ ​လောကြမှာ မရှိမဖြစ်​လိုအပ်​တဲ့အရာဖြစ်​လာပြီ​လေ။ ဘာလို့လဲ ​​ငွေကို လူ​တော်​​တော်​များက ဒုတိယ ဘုရားအဖြစ်​​တောင်​သတ်​မှတ်​ထားကြတယ်​​လေ။
ငွေဆိုတဲ့အရာကို လူတိုင်းကသုံးကြတယ်​ပဲ​လေ။ ဒါပင်​​မဲ့ငွေရဲ့ ဂုဏ်​သတ္တိက မ​ပြောင်းလဲပင်​မဲ့ သုံးတဲ့သူ​တွေအတွက်​​တော့​ပြောင်းလဲ​နေပါတယ်​။ ဥပမာ-​ငွေငါး​ထောင်​ကျပ်​ရှိပါတယ်​ဆိုပါစို့။ အဲ့​ငွေငါး​ထောင်​က အရမ်းချမ်းသာတဲ့သူ အတွက်​​တော့ အ​အေးဆိုင်​တစ်​ခါထိုင်​တာ တဲ့ ပိုက်​​ဆံ​လောက်​​တောင်​မရှိပါဘူး။ ဒါပင်​မဲ့ အဲ့​ငွေငါး​ထောင်​က ဆင်းရဲတဲ့ မိသားစုတစ်​စုအတွက်​​တော့ တစ်​ရက်​နှစ်​ရက်​​လောက်​ ထမင်းဟင်းနဲ့ ဝဝလင်​လင်​ စားရတယ်​​လေ။
image
လူတိုင်းက​ငွေကိုသုံးစွဲဖူးကြတာပဲ။ ဒါပင်​မဲ့​ငွေရဲ့ဂုဏ်​သတ္တိ​တွေကို​တော့လူတိုင်းကမသိပါဘူး။ လူ​တွေရဲ့တစ်​​နေ့တာ လှုပ်​ရှားမှု​တွေက ​ငွေမပါရင်​မပြည့်​စုံပါဘူး။ ဆိုကြပါစို့ လူတစ်​​ယောက်​ မနက်​မိုးလင်းပြီဆိုတာနဲ့ အိပ်​ယာထ မျက်​နှာသစ်​ပြီး လက္ဘ်​ရည်​ဆိုင်​သွားတယ်​ပဲထား။ လက္ဘ်​ရည်​​သောက်​ပြီးတာ နဲ့​ငွေစသုံးကတာပဲ။ အလုပ်​သွားမယ်​ဆိုရင်​ ဆင်းရဲတဲ့သူ​တွေအဖို့​တော့ bus ကားစီးပြီးသွားရတာမို့ bus ကားခကုန်​ပြန်​​ရော။ ချမ်းသာတဲ့သူ​တွေလဲ ​ငွေကိုသုံးကြတာပဲ​လေ။ သူတို့က bus ကားမစီးပင်​မဲ့ ကိုယ်​ပိုင်​ကားအတွက်​ ဆီဖိုးကုန်​ကြပြန်​ပါတယ်​။
တစ်​ချို့က​ပြောကြတယ်​ ​ငွေဟာအရမ်း ပ​ဟေဠိ ဆန်​တယ်​တဲ့။ အဲ့တာကလဲ တကယ့်​အမှန်​တရားပဲ​လေ။ လူတစ်​​ယောက်​ဟာ​နေ့စဉ်​ ရှင်​သန်​ဖို့အတွက်​ ဝမ်းစာကိုဖြည့်​တင်းကြတယ်​​လေ။ အဲ့အတွက်​လဲ​ငွေကုန်​တာပဲ။ ​ငွေဆိုတဲ့အရာက ဘယ်​​လောက်​ပင်​ရှာရှာ ဘယ်​​လောက်​ပင်​ခက်​ခက်​ခဲခဲရ​အောင်​ကြိုးစားထားလဲ အချိန်​ခဏ​လေးအတွင်းမှာပဲ အဲ့​ငွေ​တွေကို တဖန်​ပြန်​သုံးကြတယ်​​လေ။
ငွေကမျက်​လှည့်​လဲဆန်​တယ်​ မုန့်​လုံး​ရေ​ပေါ်​လို ​ပေါ်လိုက်​​ပျောက်​လိုက်​ပဲ​လေ။ ဆင်းရဲ့တဲ့သူ​တွေက ချမ်းသာမှုကိုလိုချင်​ကြတယ်​။ အဲ ချမ်းသာသွားကြည့်​ပါလား အဲ့လူ​တွေက ချမ်းသာတဲ့ဒဏ်​ကို မခံနိုင်​ကြဘူး။ ချမ်းသာတဲ့သူ​တွေကလဲ ဆင်းရဲ့ဒဏ်​ကိုမခံနိုင်​ကြဘူး။
ငွေဆိုတဲ့ ပ​ဟေဠိ ဆန်​တဲ့ အရာအ​ကြောင်းကို အစမှာ အနည်းငယ်​ပျိုးထားချင်​ပါတယ်​။
နောက်​​လေးပိုင်းမှာ ​ငွေရဲ့ဂုဏ်​သတ္တိ​တွေကို​ဖော်​ပြသွားပါ့မယ်​။ဆက်​လက်​အား​ပေးပါဦး​နော်​။
မရှိလို့လဲ မဖြစ်
ရှိ​တော့လဲ မျက်​လှည့်​ဆန်
ပေါ်လာခဏ ​ပျောက်​စဉ်​အမြဲ
ဒီ​လောက ဒီသံသရာမှာ
ငွေ၏​ကောင်းကျိုး
ငွေ​ကြောင့်​​ပျော်​ရွှင်
ငွေ​ကြောင့်​ဝမ်းသာ
သို့​သော်​ညားလဲ
တစ်​ဖက်​တွင်​မူ
ငွေ​ကြောင့်​ စိတ်​ဒုက္ခ
ဝမ်းနည်းပူ​ဆွေး
သောက​တွေနဲ့
လောဘစိတ်​ထား
တစ်​ခါမှားလဲ
အမှန်​မသိနိုင်
ငွေရဲ့ဂုဏ်​သတ္တိ
ငွေ​ကြောင့်​ဖုံးလွှမ်း
ကိုယ့်​မျက်​ဝန်းစုံ
မိတ်​​ဆွေကိုလဲ​ငွေ​ကြောင့်​မမြင်
မိဘ​ကိုလဲ​ငွေ​ကြောင့်​မမြင်
ပတ်​ဝန်းကျင်​ကိုလဲ​ငွေ​ကြောင့်​မမြင်
မျက်​စိစုံလုံးမကန်း​စေဖို့
ငွေ၏ ပ​ဟေဠိ မှာမ​မျော​စေဖို့
လူတိုင်း မျက်​လုံးပွင့်​ကြစို့။
image

   @smileking
Sort:  

ချမ်းသာတဲ့လူ​တွေအတွက်​​ငွေငါး​ထောင်​ဟာ ဘာမှမဟုတ်​​သော်​လည်း ဆင်းရဲချို့တဲ့သည့်​လူ​တွေအတွက်​က​တော့ ​တော်​​တော်​​လေးကိုအသုံးဝင်​ပါတယ်​ဆိုတာ​တော်​အမှန်​ဘဲ bro
နောက်​အပိုင်းဆက်​​လေး​တွေလည်းအား​ပေး​နေပါမယ်

ဟုကဲ့

ဟုကဲ့

Congratulations! This post has been upvoted from the communal account, @minnowsupport, by smileking from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.101
BTC 63878.83
ETH 1853.68
USDT 1.00
SBD 0.38