မိဘ​ကျေးဇူးဆပ်​ဖို့ သားသမီးတိုင်းမှာတာဝန်​ရှိသည်

in #myanmar6 years ago (edited)

မိဘ​ကျေးဇူးဆပ်​ဖို့ သားသမီးတိုင်းမှာတာဝန်​ရှိသည်

    မိဘဆိုတာက သားသမီးတိုင်း ရို​သေ​လေးစားချစ်​ခင်

ရတဲ့ အနန္တ ဂိုဏ်းဝင်​​ကျေးဇူးရှင်​​တွေပါပဲ။ မိခင်​​တွေက

ကိုယ့်​သားသမီးငယ်​စဉ်​ အချိန်​ကပင်​ မိမိက​လေး ​ရောဂါဝင်

မှာစိုးလို့ အစား​ရှောင်​ပြီးနို့ရည်​တိုက်​​ကျွေးခဲ့တာပါ။ ဖခင်

တွေဆိုတာကလဲ မိမိသားသမီး လူ​တောတိုးနိုင်​​အောင်

သူ၏​ချွေးစက်​​တွေက ရတဲ့ဝင်​​ငွေနဲ့ တင့်​​တောင်းတင့်​တယ်

ထား​နေတာပါ။ မိဘ​တွေရဲ့ရည်​ချက်​က​တော့ တစ်​ခုတည်းပါ

ပဲ မိမိသားသမီးပညာတတ်​ကြီး ဖြစ်​​စေချင်​တာပါပဲ။

မိဘတိုင်းက​တော့ ကိုယ့်​သားသမီးကို အမြဲချစ်​ပြီး

အလိုလိုက်​ကြပါတယ်​။ မိသားစုအဆင်​မ​ပြေလည်​ရင်

တောင်​ကိုယ့်​သားသမီးကို လူတစ်​လုံးသူတစ်​လူဖြစ်​​အောင်

ပြုစုကြပါတယ်​။ ကိုယ့်​သားသမီးကိုလဲအမြဲဂရုစိုက်​တတ်

ကြတယ်​။ ငယ်​စဉ်​အချိန်​အခါက ကိုယ့်​မိဘကဆူတာ​တွေ

ရိုက်​​တာ​တွေက ကိုယ့်​ကိုမချစ်​လို့လို့ ထင်​ခဲ့ဖူးပါတယ်​။

တကယ်​တန်း​တော့ အဲ့လိုဆုံးမခဲ့မှု​တွေ​ကြောင့်​ ကျွန်​​တော်

တို့​တွေလူ​တောတိုးနိုင်​ခဲ့တာပါ။ မိဘ​တွေက

မိမိသားသမီးကို ဆူလိုက်​မိတိုင်း ရိုက်​ပြီးတဲ့အချိန်​တိုင်း

သူတို့ရင်​ထဲမှာ အသည်း​ကျွေကျမတတ်​ခံစား​နေရပါတယ်​။

မိဘတိုင်းက ကိုယ့်​သားသမီးကို မှည့်​တစ်​​ပေါက်​မစွန်းရ

အောင်​ ပြုစုတတ်​ကြပါတယ်​။ သားသမီး​တွေက 

ခြေရာတူလာလို့ ရှိရင်​ မိဘကို ပြန်​ခံ​ပြောတတ်

လာကြတယ်​။ (​ခြေရာတူ= ၁၆ ၁၇ ၁၈ အရွယ်​)။ တစ်

ခါတစ်​​လေ မိဘ​က ဆုံးမတဲ့စကား​တွေကို ရှိတယ်​လို့

တောင်​ မထင်​​အောင်​ ဥပက္ခာ ပြုတတ်​ကြတယ်​။ ​ခေတ်

တွေ အလီလီ​ပြောင်း လာသည်​နှင့်​ နည်းပညာ

တွေတိုးတတ်​လာတယ်​၊ လူ​တွေရဲ့ အကျင့်​စရိုက်​​တွေကလဲ 

ပြောင်းလဲလာကြတယ်​။ ​ကောင်းတဲ့အရာ​တွေလဲ

ပေါများလားသလို မ​ကောင်းတဲ့အရာ​တွေလဲ အချိန်​နှင့်​အမျှ

ပေါ်​ပေါက်​လာ​နေတယ်​။ အခု​ခေတ်​ဟာဆိုရင်​ဖြင့်

အရာတစ်​ခုကဘယ်​​လောက်​ပဲမှန်​​နေပါ​စေ အမှားကို

ထောက်​ခံတဲ့သူများသွားတာနဲ့ အများဆိုတဲ့အရာကြီးက

အမှန်​ဖြစ်​သွားတတ်​ပါတယ်​။ ခု​ခေတ်​လူငယ်​​တော်​​တော်

များများက မိဘကိုကျွန်​တစ်​​ယောက်​လိုဆက်

ဆံလာကြတယ်​။ ဝဠ်​လည်​တဲ့ဆိုတဲ့ အရာက ဗုဒ္ဓမြတ်

စွာဘုရားကပင်​ ​ဟောကြား​တော်​မူခဲ့တာပါ။ မိဘမျက်​ရည်

တစ်စက်​ကျရင်​ သားသမီးတစ်​သက်​ စိတ်​ဆင်းရဲတတ်

ပါတယ်​။ ကိုယ်​ကသာ မိဘကိုမိဘလိုမဆက်​ဆံရင်​ မိမိ​မွေး

သော ကိုယ့်​က​လေးက ကိုယ့်​ကို​ကောဘာ်​လိုဆက်

ဆံမလဲဆိုတာ မသိနိုင်​ဘူး​လေ။ မိဘတိုင်းက ကိုယ်

့သားသမီးကို မင်းသားမင်းသမီး​တွေလို အိမ်

မှာထားကြတယ်​​။ မိမိသားသမီး​တွေ အသက်​အရွယ်

ရလာတဲ့အခါကျရင်​ မဆူကြ​တော့ဘူး။ မိမိသားသမီးအရှက်

ရမှာကို မလိုလားကြပါဘူး။ မသင့်​​တော်​လို့ ဆူမိရင်

သားသမီး​တွေက ပြန်​​ပြောတတ်​ကြတယ်​။ အဲ့​တော့ အ

မေအိုကြီးခဗျာ ငို​​နေရရှာတယ်​​။ မိဘတို့ အသက်​အရွယ်

ကြီးရင့်​လာလို့ ကိုယ့်​သားသမီးအိမ်​မှာ​နေရင်​​တောင်

အလကားထိုင်​မစားကြပါဘူး။ ကိုယ်​လုပ်​တတ်​ရာကိုလုပ်

နေကြတာပါ။ တစ်​ချို့ဆိုရင်​ ကိုယ်​က​အောင်​မြင်​လာပြီး

ကိုယ့်​ချစ်​သူက ချမ်းသာတဲ့မိသားစု​တွေကဆို ငယ်​စဉ်​က

ကျွေး​မွေး​စောက်​​ရှောက်​လာတဲ့ ​သွေး​တွေ​ချွေး​တွေ​ကြောင့်

စားခဲ့ရတဲ့ ထမင်းအလုပ်​တိုင်းကို​မေ့ပြီး မိမိမိဘကိုယ်

တောင်​ ကိုယ့်​အိမ်​ကကျွန်​သဖွယ်​ ​ပြောဆိုပြီး မိမိ ချစ်​သူ​ရှေ့

တွင်​ ​လှောင်​ရယ်​​နေတတ်​ကြတယ်​။ တစ်​ချို့ဆိုရင်​ မိမိရဲ့

အနန္တဂိုက်းဝင်​ ​ကျေးဇူးရှင်​ မိနဲ့ဖကို အသက်​အရွယ်​ ကြီးရင်

့လာတာနဲ့ ဘိုးဘွားရိပ်​သာသို့ပို့​ဆောင်​ကြတယ်​။

အဲ့လိုမျိုးမိဘ​တွေ​တွေ့ရင်​ အရမ်းဝမ်းနည်းဖို့​ကောင်းပါတယ်

။ တစ်​ချို့ကြ​တော့လဲ လမ်း​ဘေးနား​တွေမှာ မိမိအရှက်​ကို

မမူ​တော့ပဲ မိမိဝမ်းစာအတွက်​ ​တောင်း​နေရရှာတယ်​။

အဲ့လိုမိဘ​တွေက မိမိငယ်​စဉ်​က မိဘမဲ့​ဂေဟာကို

ပို့ခဲ့လို့လား။ ကိုယ့်​သားသမီးမျက်​နှာငယ်​ရ​အောင်​ အတတ်

နိုင်​ဆုံးမကြိုးစားခဲ့လို့လား။ မိဘ​တွေက ငယ်​စဉ်​အခါက

မဆုံးမခဲ့လို့လား။ မိဘ​တွေက မိမိတို့်​ကို အငတ်

ထားခဲ့လို့လား။ စဉ်းစားကြည့်​လိုက်​စမ်းပါ။ မိဘ

တွေအသက်​အရွယ်​ ကြီးရင့်​လာတဲ့အချိန်​ကြရင်​ ပြန်

ပြီးပြုစုလုပ်​​ကျွေးကြပါ။ မိဘ​တွေ ဆုံးပါးသွားမှ ငိုတဲ့မျက်

ရည်​ထက်​ မိဘ​​တွေရှိစဉ်​ မိဘ​ကျေးဇူးကိုဆပ်​ပြီး မိဘ

တွေဆုံးပါးသွားသည့်​အခါ ပြုံး​နေတဲ့အပြုံးက ပိုပြီး မွန်​မြတ်

ပါ​တယ်​။ သင်​တို့သည်​ မိဘ​တွေကို​ ​ကျွေး​မွေးမပြုစုချင်

တဲ့စိတ်​​တွေဖြစ်​လာရင်​ မိမိငယ်​စဉ်​အချိန်​ခါကို စဉ်

းစားလိုက်​ပါ။
image
image
image

Crd---facebook photo

အနာဂါတ်​ရဲ့ကြယ်​တစ်​ပွင့်

အ​တွေးများရဲ့ ပုံရိပ်​သခင်

Writer---@smileking
MSC----255

Sort:  

မိဘကတော့မွေးရကြိုးနပ်ပါပီ

မိဘ​တွေအ​ပေါ် နားလည်​​စေချင်​​အောင်​​ရေးထားတာ​လေး ​ကောင်းပါတယ်​ဗျာ

ရည်​ရွယ်​ချက်​​လေးအထ​မြောက်​​စေချင်​လို့ပါ

တကယ်တော့ ကိုယ်တွေလည်း အဲ့အသက်အရွယ်ရောက်လာရင် အဲ့လိုဖြစ်လာမယ်ထင်တာပဲ ဟီး

မိဘကို စိတ်​ချမ်းချမ်းသာသာနဲ့ ​ကျွေး​မွေးပြုစုတဲ့သူ​တွေကို နမူနာယူရမှာ​ပေါ့ဗျာ

ရေးထားတာ အရမ်းတန်​ဖိုးရှိပါတယ်​ဗျာ ..
မိဘ​ကျေးဇူးကို မြင်​နိုင်​ကြပါ​​​စေ ..

အတတ်​နိုင်​ဆုံး ဆပ်​နိုင်​​အောင်​ကြိုးစားကြရမှာပါပဲ

မိဘကို စိတ်​ချမ်းသာပါ​စေ

ဟုပါတယ်

အမှန်ပဲဗျာ။မိဘကျေးဇူးဆပ်ဖို့သားသမီးတိုင်းမှာတာဝန်ရှိသည်။ကြွေးဟောင်းတွေမဆပ်ပဲကြွေးသစ်တွေချနေတာကခပ်များများဖြစ်နေသည်။

ဒါပင်​မ့ဲ မိဘ​တွေက​တော့ ​ဗွေမယူတတ်​ကြဘူး​လေ

သားသမီးမိုက်တွေဟာ မိဘတွေ အသက်အရွယ်ကြီးရင့်လာတဲ့အခါ မပြုစုချင်တော့ဘူး ဖြစ်သလိုပစ်ထားတတ်ကြတယ်ဗျာ

အဲ့လို သားသမီးမဖြစ်​​အောင်​ မိဘ​တွေကို ရှိတုန်းစိတ်​ချမ်းသာ​စေချင်​တာပါ

right and good ပါ

မိဘမေတ္တာဆိုတာ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့ မရအောင်ကြီးမားလှပါတယ်

ဟုတာ​ပေါ့ဗျာ

မိဘအပေါ် ကျေးဇူးသိတတ်တာ သားလိမ္မာ တစ်ယောက်ပဲ၊ သားလိမ္မာ တစ်ယောက်သာဖြစ်ချင်တယ်။သားမိုက်တစ်ယောက်တော့ မဖြစ်ချင်ပါ။ မိဘ ကျေးဇူးကို ပေါ်လွင်အောင် ရေးထားတာ ကောင်တယ် ညီ။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 57971.70
ETH 2448.51
USDT 1.00
SBD 2.34